https://www.youtube.com/watch?v=uW6w4D-6EzA
မေလ ၁၉ ရက်နေ့ ၊ ညနေ ၅ နာရီထိ နောက်ဆုံးရ စျေးနှုန်းများ

YouTube

#marketprice
#နောက်ဆုံးရစျေးနှုန်းများ
#MizzimaBurmeseNews
#မဇ္ဈိမသတင်းဌာန
-----------------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ Mizzima YouTube Channel တွင် မန်ဘာဝင်ခြင်း နှင့် ဖေ…

👍4❤1
https://www.youtube.com/watch?v=MvKfVsSbFAE
မေလ ၁၉ ရက်နေ့၊ ညနေ ၅ နာရီထိ နောက်ဆုံးရငွေစျေးနှုန်းများ

Full Video Link – https://youtu.be/uW6w4D-6EzA#marketprice#reels...
👍4
https://www.youtube.com/watch?v=vKOZnxzYgz0
မေလ ၁၉ ရက်၊ ည ၇ နာရီ ၊ The Mizzima Primetime မဇ္စျိမ သတင်းအစီအစဥ်

ကျောက်ဖြူတွင် လက်နက်ကြီးကြောင့် သေဆုံးမှု၊ ဆိုင်ပြင်ရဲစခန်းသိမ်းတိုက်ပွဲနှင့် နောက်ဆုံးရသတင်းများ | Mizzima Primetime - May 19
ဒီကနေ့ရဲ့ ထိပ်တန်းသတင်းများ -
• ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနေဗီမှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် သက်ကြီးအမျိုးသမီးတစ်ဦး…

❤2🍌2🤬1
https://www.youtube.com/watch?v=FAJ_KpuEcZg
မေလ ၁၉ ရက်နေ့ အင်္ဂါနေ့ ညပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

ပခုက္ကူတွင် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် သွေးဆုံးခြင်းဆိုင်ရာ ကျန်းမာရေးဗဟုသုတများ
ဒီမဇ္ဈိမရေဒီယို၏ မေလ ၁၉ ရက်၊ အင်္ဂါနေ့ ညပိုင်းအစီအစဉ်ကို တင်ဆက်ပေးလိုက်ပါသည်။
ဒီကနေ့ရဲ့ သတင်းထူးများအနေနဲ့ -
- ပခုက္ကူတွင် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းများ…

👍3😁1
https://www.youtube.com/watch?v=QOWp24oDiuo
May 19 [ 7 PM ] The Mizzima Primetime
May 19 [ 7 PM ] The Mizzima Primetime
YouTube
May 19 [ 7 PM ] The Mizzima Primetime
Mizzima Headline News#7pmnews #themizzimaprimetime #MizzimaBur...
😁3👎2
“ဂရိတ်နီကိုဘာကျွန်းစီမံကိန်းဟာ မဟာဗျူဟာကျပြီး ကာကွယ်ရေးနဲ့အမျိုးသားရေးအတွက် အရေးပါတယ်။ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း ရေကြောင်းနဲ့လေကြောင်းဆက်သွယ်မှုတွေအတွက် ဒီဒေသကို ဗဟိုအချက်အချာဒေသအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်တယ်” ဟု ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ က စက်တင်ဘာလ က ပြော ကြားခဲ့သည်။
ကျွန်းပေါ်ရှိ ဌာနေတိုင်းရင်းသားများအတွက် ‘မဟာဖွံ့ဖြိုးရေးစီမံကိန်း’ ဆိုသည့်ခေါင်းစဉ်အောက်တွင် ‘မျိုး တုံးသတ်ဖြတ်မှု’ ကို ရင်ဆိုင်ကြရလိမ့်မည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Survival International က သတိပေးထားသည်။

👎4👍1
မဇ္ဈိမ။ ။ ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းပိုက်ထိန်းချုပ်ထားသော ထိုင်း-မြန်မာနယ်စပ်ရှိ တနင်္သာရီမြို့နယ်၊ မောတောင်မြို့အတွင်းသို့ စစ်အုပ်စုတပ်က ပြန်လည်ဝင်ရောက် နေရာယူထားကြောင်း သတင်းရင်းမြစ်နှင့် ဒေသခံထံက သိရသည်။
မြို့အနီးထိ ရောက်ရှိနေသည့် စစ်အုပ်စုတပ်က ယနေ့ (မေလ ၁၉ ရက်နေ့) တွင် မောတောင်မြို့အတွင်း နေရာများသို့ ပြန်လည်ဝင်ရောက်နိုင်သွားခြင်းဟု သိရသည်။
“ အမှန်ပါပဲ။ ကျွန်တော်တို့ ကြည့်နေရတယ်၊ ပစ်မယ်ဆိုရင် ပြည်သူလူထု ဒုက္ခရောက်မှာစိုးလို့ ထိုင်ပဲကြည့်နေရပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
မောတောင်မြို့ခံတဦးကလည်း “ တော်လှန်ရေးတပ်တွေက ဆုတ်ကုန်ပြီ။ သူတို့တွေ မရှိတော့တာ လေးရက်လောက်ရှိပြီ။ သူတို့အလံတွေပါ သိမ်းသွားပြီ။ မောတောင်မြို့ထဲ စစ်ကြောင်းက ရောက်နေပြီ” ဟု ဆိုသည်။
မောတောင်မြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုတပ်က ထိုမြို့ကိုပြန်ရရေး နှစ်ဝက်ခန့်ကြာ မြေပြင်၊ လေကြောင်း ထိုးစစ်များဖြင့် စစ်ကြောင်းထိုးပြီးနောက် ယနေ့တွင် ပြန်လည်ဝင်ရောက်သွားနိုင်ခြင်းဖြစ်သည်။

👎6❤2🔥2😁1
ကဖင်းဓာတ်၏ သက်ရောက်မှုသည် လူတဦးချင်းစီ၏ ပုံမှန်ရှိတတ်သော သွေးပေါင်ချိန်အပေါ်တွင်လည်း မူတည်သည်။ သင့်တွင် သွေးတိုးရောဂါအခံရှိခြင်း၊ နှလုံး သို့မဟုတ် အသည်းရောဂါရှိနှင့်ပြီးသားဆိုလျှင် သွေးပေါင်ချိန်မြင့်တက်လာမှုက အန္တရာယ်ပိုရှိနိုင်သဖြင့် မိမိ၏ကော်ဖီသောက်သုံးမှု ပမာဏနှင့်ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်သည်။
လေ့လာမှုအရ ပြင်းထန်သွေးတိုးရောဂါရှိပြီး တနေ့လျှင် ကော်ဖီ နှစ်ခွက် သို့မဟုတ် နှစ်ခွက်ထက်ပို၍ သောက်သုံးသူများသည် ကော်ဖီမသောက်သူများနှင့် နှိုင်းယှဉ်ပါက နှလုံးလုပ်ဆောင်ချက် ရုတ် တရက်ရပ်ဆိုင်းခြင်း သို့မဟုတ် လေဖြတ်ခြင်းအပါအဝင် နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဖြင့် သေဆုံးနိုင်ခြေ နှစ်ဆခန့် ပိုမိုမြင့်မားနေကြောင်း တွေ့ရှိရသည်။

👍6
ရုရှားက ယူကရိန်းကို ကျူးကျော်မှုကြောင့် ဖြစ်ပွားခဲ့သည့် စစ်ပွဲ အဆုံးသတ်ရေးအတွက် ဥရောပက သံတမန်ရေးရာ ကြိုးပမ်းမှုများ ပိုမိုလုပ်ဆောင်သင့်ကြောင်း ဂျာမနီအဓိပတိဟောင်း အန်ဂျလာ မာကဲလ် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
ဥရောပက "သံတမန်ရေးရာ စွမ်းဆောင်ရည်များကို ကောင်းစွာ အသုံးမချနိုင်ခြင်း" အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်းနှင့် ရုရှားနှင့် ဆွေးနွေးမှုများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တဦး တည်းအပေါ်တွင်သာ ပုံအပ်မထားသင့်ကြောင်း မာကဲလ်က ပြောကြားခဲ့သည်။

❤5👍3
စစ်တပ်အကြီးအကဲ မင်းအောင်လှိုင်က အဆိုပါပတ္တမြားကြီးကို နေပြည်တော် ၎င်းရှိရာဆီ သယ် ဆောင်လာစေပြီး ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုစစ်ဆေးခဲ့သည်။ ထိုလုပ်ရပ်ကပင် မြန်မာနိုင်ငံ၌ ကျောက်မျက်ရတနာများနှင့် ပတ် သက်လာလျှင် အမြဲတမ်း ပါဝင်ပတ်သက်နေသည့်အရာကို ပုံဆောင်ပြသနေခြင်းပဲ ဖြစ်သည်။ ထိုအရာမှာ အလွန်တန်ဖိုးကြီးမားသော တွင်းထွက်သယံဇာတများအပေါ် နိုင်ငံရေးအာဏာနှင့် နိုင်ငံတော်၏ ထိန်းချုပ်ထားမှုပဲ ဖြစ်သည်။
မြန်မာ့ပတ္တမြားတလုံး၏ ဈေးကွက်ကွင်းဆက်မှာ လက်လီအရောင်းဆိုင်သို့ မရောက်ရှိမီ မန္တလေးမှ ပွဲစား၊ ဘန်ကောက်မှ ကျောက်သွေးရုံ၊ ဟောင်ကောင်မှ ကုန်သွယ်ရေးကုမ္ပဏီနှင့် နယူးယောက်မှ လက်ကားဒိုင်တို့အထိ ပါဝင်ပတ်သက်ပြီး၊ အဆင့်တိုင်းတွင် စာရွက်စာတမ်းအသစ်များပြုလုပ်ခြင်း သို့မဟုတ် အတုအယောင်ပြုလုပ်ခြင်းများ ရှိနေသည်။

👎7😁4❤1😱1
အဆိုပါ အလိုအလျောက်မောင်းနှင်နိုင်သည့် ရေယာဉ်တစီးစီသည် ပေါလ်လွင်၏ ပရိုဗီဒင့်စ်မြို့အခြေ စိုက် Havoc ကုမ္ပဏီမှ ထုတ်လုပ်သော အလျား ၁၄ ပေရှိ အထူးထုတ် "Rampage" လှေများဖြစ်ကြပြီး သီအိုရီအရ လူတဦးတည်းကပင် လှေအစီးပေါင်းထောင်ချီကို တပြိုင်နက်တည်းထိန်းချုပ်နိုင်မည့် နည်းပညာများကို တပ်ဆင်ထားခြင်း ဖြစ်သည်။ အသက် ၄၀ အရွယ် ပေါလ်လွင်နှင့် ၎င်း ၏တွဲဖက်တည်ထောင်သူ အသက် ၄၂ အရွယ် ဂျိုးတာနာတို့သည် အမေရိကန်ရေတပ်အရာရှိဟောင်းများဖြစ်ကြပြီး ၎င်းတို့သည် မကြာသေးမီက လေကြောင်းနှင့် ကုန်းတွင်းပိုင်းသုံး ဒရုန်းကုမ္ပဏီအသေးစားအချို့ကို ဝယ်ယူခဲ့ပြီးနောက် မောင်းသူမဲ့ရေယာဉ်များအတွက်သာမက နယ်ပယ်အားလုံးအတွက် အမေရိကန်စစ်တပ်က အဓိကအားထားရမည့် အထူးပြုဆော့ဖ်ဝဲလ် ထုတ်လုပ်သူများဖြစ်လာရန် ရည်မှန်းထားကြသည်။
👍9❤2
ခေတ်သစ်စစ်ပွဲများတွင် AI နှင့် အလိုအလျောက်စနစ်နည်းပညာများ၏ အခန်းကဏ္ဍ ကြီးထွားလာနေချိန်တွင် ထိုင်းဘုရင့်တပ်မတော်ဌာနချုပ်က ကြည်း၊ ရေ၊ လေ၊ အာကာသနှင့် ဆိုင်ဘာနယ်ပယ်အား လုံး လွှမ်းခြုံသည့် "နယ်ပယ်စုံစစ်ဆင်ရေး" ဗျူဟာမျှော်မှန်းချက်ကို ချပြခဲ့သည်။ ယင်းဗျူဟာသည် စစ်ဆင်ရေးများတွင် တိကျမှုကို မြှင့်တင်ရန်၊ စစ်သည်များ ထိခိုက်သေဆုံးမှုကို လျှော့ချရန်နှင့် စစ်ဆင်ရေးများကို အဆက်မပြတ် ဆောင်ရွက်နိုင်ရန် ရည်ရွယ်သည်။
အသစ်ဖွဲ့စည်းမည့် JCC ဖွဲ့စည်းပုံအောက်တွင် ပူးတွဲအလိုအလျောက်မောင်းနှင်မှုစနစ်များနှင့် လေ ကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တခုကို ဖွဲ့စည်းပြီးဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ထို့ ပြင် ကာကွယ်ရေးနည်းပညာပိုင်းတွင် ရေရှည်ကိုယ်ထူကိုယ်ထရပ်တည်နိုင်ရေး ရည်မှန်းချက်ဖြင့် ပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းများ၊ ချူလာလောင်ကွန်းတက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်နှင့် ချင်းမိုင်တက္ကသိုလ် အပါအဝင် ထိပ်တန်းပညာရေးအဖွဲ့အစည်းများနှင့်လည်း အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

❤3🔥3🥱2👍1
ကိုယ်လုံးတီးပွေးတူကြွက် (Naked Mole Rat) များသည် အမြင်မလှသော်လည်း ယင်းတို့၏ ဇီဝကမ္မဗေဒ က အသက်အရွယ်အိုမင်းမှုဆိုင်ရာ သုတေသနပိုင်းတွင်မူ စိတ်ဝင်စားစရာအကောင်းဆုံးသတ္တဝါများထဲမှ တခုဖြစ်သည်။
အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော ယင်းကြွက်ငယ်များသည် ဆယ်စုနှစ်နှင့်ချီ၍ အသက်ရှည်နိုင်ကြပြီး ကင်ဆာရောဂါဖြစ်ခဲလှသည့်အပြင် ပုံမှန်အားဖြင့် အသက်ကြီးလာလျှင် ဖြစ်ပွားတတ်သော ရောဂါများစွာမှလည်း ထူးထူးခြားခြား ကာကွယ်မှုရရှိထားပုံပေါ်သည်။
ယင်းဇီဝကမ္မဆိုင်ရာ အားသာချက်များထဲမှ တခုကို အခြားသောနို့တိုက်သတ္တဝါတကောင်ထံသို့ ကူးပြောင်းပေးနိုင်ကြောင်း ရိုချက်စတာတက္ကသိုလ်မှ သုတေသီများက သက်သေပြခဲ့သည်။

👍8❤1
ယခုအစီအစဉ်သစ်အရ ယခင်ကဗီဇာရဖူးပြီး ရှန်းကန်းဗီဇာကို ဥပဒေနှင့်အညီ စည်းကမ်းတကျအသုံးပြုခဲ့သူ များ ဤဗီဇာသစ်ကိုလျှောက်ထားနိုင်ကြမည်ဖြစ်သည်။
ခရီးသွားလာရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပညာရေး နှင့် ကျွမ်းကျင်လုပ်သားများရွှေ့ပြောင်းအလုပ်လုပ် ခွင့်ရရေးတို့ကိုမြှင့်တင်ရန်အတွက် ထိုင်းနိုင်ငံသားများ ရှန်းကန်းဗီဇာကင်းလွတ်ခွင့်ရရေးရေရှည်ရည်မှန်းချက် အတွက် ဝန်ကြီးဌာနက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းပင်လယ်ပြင်၌ ရပ် တန့်ထားသည့် စစ်အုပ်စုတပ်၏ နေဗီသင်္ဘောတစီးက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံးကာ ကျောင်းထိုင်ဘုန်း ကြီး တပါး နှင့် လူခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၁၇ ရက်၊ ည ၁၀ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၄၂ မိနစ်ခန့်အထိ ဇင်ချောင်းပင်လယ်ပြင်ရှိ စစ်အုပ်စုနေဗီမှ အရပ် သားပြည်သူများ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး ခြောက်လုံးထက်မနည်းကို ဦးတည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးများသည် ရွာသစ်ကေကျေးရွာ၊ ပေါက်ပြင်ကျေးရွာနှင့် ဇင်ချောင်းကုန်ဘွေရွာများသို့ ကျရောက်ပေါက်ကွဲခဲ့ကာ ရွာ သစ်ကေကျေးရွာမှ ဒေါ်စံအေးနု (၆၃နှစ်) မှာ လက်နက်ကြီးကျည်စ ထိမှန်ကာ နေရာတွင်ပင် သေဆုံးသွားခဲ့ရသည်။
ကျောက်ဖြူဒေသခံတဦးက “အဲဒီညက နေဗီကနေ လှမ်းပစ်တာ အချက်ပေါင်းမနည်းဘူး။ ရွာတွေထဲကို တည့်တည့်ကျတာ။ အိပ်နေတဲ့အချိန်ကြီးဆိုတော့ ပြည်သူတွေမှာ ဘာမှပြင်ဆင်ချိန်မရဘဲ ထိခိုက်သေဆုံးကြရတာ။ ခုလည်း ရွာထဲကလူတွေ အကုန်လုံး ထိတ်လန့်နေကြရတယ်” ဟု မဇ္ဈိမကို ပြောသည်။

🤬7👎1😁1
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ စိုင်ပြင်နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် ကလေးငယ်တဦး အပါအဝင် ရဲမိသားစုဝင်များကို လူ့အခွင့်အရေးနှင့်အညီ “ကောင်းမွန်စွာ” ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမသို့ ပြောသည်။
အဆိုပါ စိုင်ပြင်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ စစ်အင်အား ၆၀ ဦးဖြင့် "Operation OTT" စစ်ဆင်ရေးအဖြစ် မေလ ၁၄ ရက်နေ့တွင် လက်ဦးမှုရယူ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် မေလ ၁၆ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် စခန်းတခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားနေစဉ် စစ်အုပ်စုတပ်လက်အောက်ခံ စခန်းမှူး ဒုရဲအုပ် ဝင်းဇာနည်အောင် သည် ၎င်း၏ ကွပ်ကဲမှုအောက်ရှိ ကျဆုံး၊ ဒဏ်ရာရသူများနှင့် အသက်ငါးနှစ်အရွယ် ကလေးငယ်တဦး အပါအဝင် မိသားစုဝင်များကို စွန့်ပစ်ကာ ကိုယ်လွတ်ရုန်း ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

❤7👍2🥴1
မဇ္ဈိမ။ ။မကွေးတိုင်း၊ ပခုက္ကူခရိုင် အနောက်ခြမ်းတွင် စစ်အုပ်စုတပ်က ကုန်ပစ္စည်းသယ်ယူခွင့်များ ကန့်သတ်ထားခြင်းကြောင့် ကုန်သွယ်ရေးယန္တရားထိခိုက်မှုရှိပြီး ကုန်ဈေးနှုန်းများ မြင့်တက်နေသည်ဟု ဒေသခံများထံက သိရသည်။
အခြေခံစားသောက်ကုန်ဈေးနှုန်းများသည် တနိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်းအထိ မြင့်တက်နေပြီး မကွေးတိုင်းတွင် ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံးမြင့်တက်နေသည်ဟု ကုလသမဂ္ဂ (UN) က ယမန်နေ့ (မေလ ၁၈ ရက်)တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မေလ ၈ ရက်နေ့မှ စတင်၍ ပခုက္ကူခရိုင် အနောက်ခြမ်းမြို့နယ်များကို ကုန်ပစ္စည်းသယ်ယူမှု ပိတ်ဆို့ခဲ့ခြင်းဖြစ်ပြီး တပတ်ကျော်အတွင်း ကုန်ဈေးနှုန်းများ သိသိသာသာမြင့်တက်လာသည်ဟု ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်သူက မဇ္ဈိမကိုပြောသည်။
“တပတ်ကျော်အတွင်း ကုန်ဈေးနှုန်းတွေက ဆေးလ်ိပ်ကအစ ဆန်အထိ ရိုက်ခတ်မှုတွေရှိတယ်။ အဓိက အခြေခံလိုအပ်ချက်ဖြစ်တဲ့ စားဆီ ပိဿာလိုက်ဈေးတွေ တက်သွားတယ်။ စပိတ်တဲ့နေ့ကစလို့ နောက်နေ့ချက်ချင်းပဲ ၁၃,၀၀၀ ရှိတဲ့ စားအုန်းဆီက ၁၆,၀၀၀ ဖြစ်သွားတယ်။ ခုနောက်ပိုင်းဆိုရင်တော့ ပိုပြီးတော့ တက်လာတယ်” ဟု ဆိုသည်။

👍5🔥2👎1
https://www.youtube.com/watch?v=KC9axakQe5Y
မေလ ၂၀ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်ပိုင်း မဇ္ဈိမရေဒီယိုအစီအစဉ်

၂၀၂၆ ခုနှစ် မေလ ၂၀ ရက်နေ့ မဇ္ဈိမရေဒီယို မနက်ပိုင်းအစီအစဉ်တွင် တင်ဆက်ပေးမည့် သတင်းများ -
- စစ်ကိုင်းတိုင်း၊ တပည့်ရင်းမြို့နယ်ရှိ ဆိုင်ပြင်နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့
- ပခုက္ကူတွင် ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံရမှုကြောင့်…

👍7❤2🔥1
'အာရက္ခအိပ်မက်' သို့မဟုတ် 'ရက္ခိတလမ်းစဉ်' ဟူသော ရည်မှန်းချက်နှင့်အတူ အာရက္ခတပ်တော် (AA) ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်လုပ်ပိုင်ခွင့် ရှာဖွေမှုသည် ယခုအခါ အဆင့်သစ်တခုသို့ ကူးပြောင်းရောက်ရှိလာပြီ ဖြစ်ကာ AA သည် မိမိကိုယ်ကိုယ် စစ်အုပ်စုအားကို ဆန့်ကျင်တိုက်ခိုက်နေသည့် တော်လှန်ရေးအဖွဲ့တဖွဲ့အဖြစ်သာမကဘဲ အရပ်ဘက် အုပ်ချုပ်ရေးယန္တရားများနှင့် အခြေခံအဆောက်အအုံများကို တည်ဆောက်ကာ နိုင်ငံရေးအရ တရားဝင်မှုကို ရယူခြင်းဖြင့် မြန်မာ့နယ်စပ်ဒေသတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပတ်သက်သူ တဦးအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလာသည်။
၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲ ရလဒ်များ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် လမ်းကြောင်းသည် ဗဟိုချုပ်ကိုင်မှုအာဏာစနစ်ဆီသို့ ပြန်လည်ရောက်ရှိသွားမည့် အလားအလာမရှိပေ။ ရခိုင်ပြည်နယ်ကဲ့သို့သော နယ်စပ်အစွန်အဖျားဒေသများသည် အာဏာလုပွဲများအောက်တွင် ဆက်လက်တည်ရှိနေဦးမည်ဖြစ်ပြီး အထူးသဖြင့် အုပ်ချုပ်ရေးယန္တရားများနှင့် တွက်ချက်လုပ်ဆောင်သော ပြင်ပဆက်ဆံရေးများမှတဆင့် အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှုများကို တစိုက်မတ်မတ် အကောင်အထည်ဖော်နေသည့် AA ၏ လက်အောက်တွင်သာ ဆက်ရှိနေမည် ဖြစ်သည်။

❤9👍2🥴1