Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​မဇ္ဈိမ ။ ။ စစ်အုပ်စု ကျင်းပခဲ့သည့် "အတုအယောင်" ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြင်းထန်စွာ ချိုးဖောက်ခံခဲ့ရပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်၍ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂၁၅ ဦးအထိ ရှိခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် အသံ (Athan) အဖွဲ့၏ အစီရင်ခံစာအရ သိရသည်။

ယမန်နေ့(မေ ၁၉) တွင် ထုတ်ပြန်လိုက်သည့်အစီရင်စာတွင် ထိုသို့ဖော်ပြထားခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ ကောက်ယူထားသည့် စာရင်းများအရ ယင်းဖမ်းဆီးမှုများကို စစ်အုပ်စုကသာမက အခြားသော လက်နက်ကိုင်အဖွဲ့အစည်းများကပါ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။

“ဖမ်းဆီးအရေးယူမှုများကို လုပ်ဆောင်ခဲ့သည့် အစုအဖွဲ့များကို လေ့လာရာတွင် ရွေးကာက်ပွဲကို ဆန့်ကျင်မှု (သို့မဟုတ်) ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်မှုကြောင့် အရေးယူမှုများကို ပြုလုပ်သူသည် အာဏာသိမ်းစစ်တပ် တဦးတည်းမဟုတ်ဘဲ အခြားစုအဖွဲ့များဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် လက်နက်ကိုင် အဖွဲ့အစည်းများပါ ပါဝင်နေသည်ကို တွေ့ရသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်အုပ်စု၏ ဖမ်းဆီးအရေးယူမှုက ၁၈၂ ဦးအထိ အများဆုံးရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ၂၆ ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ငါး ဦးနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့က နှစ် ဦးတို့ကို အသီးသီး ဖမ်းဆီးခဲ့ကြောင်း အသံအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ စစ်အုပ်စုထံ ဖမ်းဆီးခံရသူ ၁၈၂ ဦးအနက် ၁၀၈ ဦးမှာ ဆက်လက် ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၆၂ ဦးမှာ ဝရမ်းထုတ်ခံထားရကာ ၁၁ ဦးမှာ ပြစ်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။

စစ်အုပ်စုသည် လူထု၏ နိုင်ငံရေးအမြင်နှင့် ဝေဖန်မှုများကို ချေမှုန်းရန် "ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ" ကို အဓိက လက်နက်သဖွယ် အသုံးပြုခဲ့သည်။ ဖမ်းဆီးမှုများသည် ဩဂုတ်လတွင် စတင်ခဲ့ပြီး နိုဝင်ဘာလတွင် ၇၄ ဦးအထိ အမြင့်ဆုံးစံချိန်တင် ဖမ်းဆီးခံခဲ့ရသည်။ ဖမ်းဆီးခံရသူ အများစုကို ရွေးကောက်ပွဲကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၃(က) ဖြင့် (၁၀၆) မှု အပါအဝင် အခြားသော ပုဒ်မခွဲများဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဖမ်းခံရသူများထဲတွင် သာမန်အရပ်သားပြည်သူ ၁၂၀ ဦးအထိ အများဆုံး ပါဝင်နေပြီး နိုင်ငံရေးသမား ၅၂ ဦးနှင့် အနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်သည်။ ဖမ်းဆီးခံရသည့် ဒေသများတွင် ရန်ကုန်တိုင်းမှ ၄၅ ဦးဖြင့် အများဆုံးဖြစ်ပြီး ပဲခူးတိုင်းမှ ၃၇ ဦး ဒုတိယနှင့် ကရင်ပြည်နယ်မှ ၃၅ ဦး တတိယ အများဆုံး ဖမ်းဆီးခံခဲ့ရသည်။

ထို့ပြင် စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များသည် ရွေးကောက်ပွဲကို ဝေဖန်သူများ၏ ကိုယ်ရေးအချက်အလက်များနှင့် နေရပ်လိပ်စာများကို အတိအကျဖော်ပြကာ ပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် စနစ်တကျ လှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် သာမန်မှတ်ချက်ပေးခြင်း၊ ရီအက်(Like) ပေးခြင်းနှင့် စနောက်သည့် ဖော်ပြချက်များအား မျှဝေသူများကိုပင် စစ်အုပ်စုက ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။

ရှမ်းပြည်နယ် အေးသာယာမြို့မှ ကိုနေသွေးမှာ လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုကြောင့် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃(က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခုနစ် နှစ် ချမှတ်ခံခဲ့ရသည်။ အလားတူ ဒါရိုက်တာ မိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ် နှင့် ဟာသသရုပ်ဆောင် အုန်းဒိုင်း စသည့် အနုပညာရှင်များကိုလည်း ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတိုအား ဝေဖန်မှုဖြင့် ထောင်ဒဏ် ခုနစ် နှစ်စီ ချမှတ်ခဲ့သည်။

ယင်းအပြင် အသက် ၁၈ နှစ်အောက် လူငယ် သုံးဦး အပါအဝင် ရန်ကုန်နှင့် ကရင်နီမှ လူငယ် ကိုး ဦး ဖမ်းဆီးခံရမှုနှင့် မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ရွေးကောက်ပွဲဆန့်ကျင်ရေး လက်ကမ်းစာစောင် ဖတ်ရှုမိသည့် လူငယ်သုံးဦး ဖမ်းဆီးခံရကာ နှစ်ဦးမှာ စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်သွားခံရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လွတ်လပ်သော မီဒီယာများဖြစ်သည့် AAMIJ News နှင့် ခေတ်သစ်မီဒီယာတို့လည်း ရွေးကောက်ပွဲ သတင်းဖော်ပြမှုများကြောင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ရသည်။

ဤကဲ့သို့ ဖမ်းဆီးမှုများသည် ရွေးကောက်ပွဲလုံခြုံရေးအတွက် မဟုတ်ဘဲ နိုင်ငံရေးသဘောထားကွဲလွဲသူများကို နှုတ်ဆိတ်စေရန်နှင့် နိုင်ငံရေးအမြင်ဖော်ပြမှုကို ရာဇဝတ်မှုအဖြစ် ပြောင်းလဲသတ်မှတ်ကာ ဥပဒေကို အသုံးချခဲ့ခြင်းဖြစ်ကြောင်း အသံအဖွဲ့က သုံးသပ်ထားသည်။

ထို့အပြင် အကြောက်တရားဖြင့် ဖိနှိပ်ကာ လွတ်လပ်စွာ ဝေဖန်ခွင့်မရဘဲ ကျင်းပခဲ့သည့် ဤလုပ်ငန်းစဉ်သည် စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် ပြုလုပ်သည့် "အတုအယောင်" ရွေးကောက်ပွဲသာ ဖြစ်ကြောင်း အစီရင်ခံစာက ကောက်ချက်ချထားသည်။

စာတည်း။ ။ နောင်နောင်
ဓာတ်ပုံ - စစ်အုပ်စု ကျင်းပခဲ့သည့် "အတုအယောင်" ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ပြင်းထန်စွာ ချိုးဖောက်ခံခဲ့ရပြီး ရွေးကောက်ပွဲနှင့် ဆက်စပ်၍ နိုင်ငံတဝန်း ဖမ်းဆီးခံရသူ ၂၁၅ ဦးအထိ ရှိခဲ့ကြောင်း လွတ်လပ်သော သုတေသနအဖွဲ့ဖြစ်သည့် အသံ (Athan) ၏ အစီရင်ခံစာအရ သိရသည်။
👎6❤5👍2😁1
​​အက်စတိုနီးယား၌ ယူကရိန်းဒရုန်း ပစ်ချခံရမှုနှင့် ပတ်သက်ပြီး ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟီယောဟီ တီခီက “ရုရှားဟာ သူတို့ရဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး (Electronic warfare) ကို အသုံးပြုပြီး ယူကရိန်း ဒရုန်းတွေကို ဘောလ်တစ်နိုင်ငံတွေဘက် ရောက်သွားအောင် လမ်းကြောင်းပြောင်းတာတွေ ဆက်လုပ်နေပါတယ်” ဟု X လူမှုမီဒီယာပေါ်တွင် ပြောသည်။ “ဒီလိုမျိုး ရည်ရွယ်ချက်မရှိဘဲ ဖြစ်သွားရတဲ့ ဖြစ်စဉ်တွေအတွက် အက်စတိုးနီးယားနဲ့ ကျွန်တော်တို့ရဲ့ ဘောလ်တစ်မိတ်ဆွေနိုင်ငံအားလုံးကို တောင်းပန်ပါတယ်” ဟုလည်း ရေးသည်။

အက်စတိုနီးယားစစ်တပ်ကလည်း “အခု ဖြစ်စဉ်ဟာ ရုရှားဘက်ကနေ ဒရုန်းတွေကို GPS လမ်းကြောင်းမှားအောင်လုပ်ခြင်း (Spoofing) နဲ့ လိုင်းနှောင့်ယှက်ခြင်း (Jamming) တွေ အပါအဝင် ပြင်းထန်တဲ့ အီလက်ထရွန်နစ်စစ်ဆင်ရေး အခြေအနေတွေအောက်မှာ ဖြစ်ပွားခဲ့တာပါ” ဟု ပြောခဲ့သည်။
👍7❤2😁1
​​အွန်လိုင်းငွေလိမ်လည်မှုစခန်းများအကြောင်း အမေရိကန်လွှတ်တော် ကြားနာပွဲ နှင့် မြန်မာ့တော်လှန်ရေး(ဆောင်းပါး)
James Shwe | အမေရိကန်လွှတ်တော် ကြားနာပွဲ
အမေရိကန်လွှတ်တော် ကြားနာပွဲဆိုသည်မှာ လွှတ်တော်ကိုယ်စားလှယ်များက ပညာရှင်များကို ခေါ်ယူမေးမြန်းပြီး သက်သေအထောက်အထားများကို စုဆောင်းသုံးသပ်သည့် တရားဝင်အစည်းအဝေး ဖြစ်သည်။ မူဝါဒများကို ချက်ချင်းမပြောင်းလဲနိုင်သော်လည်း လာမည့် ဥပဒေများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် အရေးယူမှုများအတွက် အဓိကလမ်းညွှန်ချက်ဖြစ်လာစေမည် ဖြစ်သည်။

ထိုကြားနာပွဲတွင် တရုတ်ကွန်မြူနစ်ပါတီဆိုင်ရာ အမေရိကန် အထူးလွှတ်တော်ကော်မတီသည် အမေရိကန်ပြည်သူများထံမှ တနှစ်လျှင် ဒေါ်လာ ဆယ်ဘီလီယံကျော် လိမ်လည်ခိုးယူနေပြီး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှတလွှား လူကုန်ကူးမှုများကျူးလွန်နေသည့် နိုင်ငံဖြတ်ကျော် ငွေလိမ်လည်မှုစခန်းများအကြောင်း အစီရင်ခံစာသစ်ကို သုံးသပ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ(စစ်အုပ်စု)၏ ပါဝင်ပတ်သက်မှု

နယ်ခြားစောင့်တပ်များနှင့် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များသည် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ ငွေလိမ်လည်မှုစခန်းများအတွက် မြေနေရာ၊ လက်နက်ကိုင်လုံခြုံရေးနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးလျက်ရှိနေသည်။
အဆိုပါစခန်းများက မှီခိုနေရသော ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းနှင့် လူဝင်မှုကြီးကြပ်ရေးယန္တရားများကို စစ်တပ်(စစ်အုပ်စု)က ချုပ်ကိုင်ထားပြီး ငွေလိမ်လည်မှုမှရသော ဝင်ငွေများသည် စစ်ကောင်စီ(စစ်အုပ်စု) နှင့်ခရိုနီများက နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုများကို ရှောင်ကွင်းရန်နှင့် ပြည်သူလူထုအပေါ် စစ်ပွဲဆင်နွှဲရန် ငွေကြေးထောက်ပံ့ပေးလျက်ရှိသည်။
မြန်မာပြည်တွင်းရှိ ငွေလိမ်လည်မှုစခန်းများတွင် သုံးစွဲနေသော ဂြိုဟ်တုအင်တာနက်စက်များကို သိမ်းဆည်းရန်အတွက် အမေရိကန်အာဏာပိုင်များက အမိန့်စာထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

တော်လှန်ရေးအတွက် အကျိုးကျေးဇူးများ

အမေရိကန်အစိုးရက ဤငွေလိမ်လည်မှုစခန်းပြဿနာကို သာမန်ရာဇဝတ်မှုအဖြစ်မဟုတ်ဘဲ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လိုက်ပါက စစ်ကောင်စီ၊ ပြည်သူ့စစ်များနှင့် ခရိုနီများအပေါ် ပိုမိုပြင်းထန်သော ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်လာနိုင်သည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် နိုင်ငံတကာ၏ တရားဝင်မိတ်ဖက်အဖွဲ့အစည်းများအဖြစ် နေရာရလာနိုင်မည် ဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံရေးပွဲစားများ

ငွေလိမ်လည်မှုစီးပွားရေးတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေသော်လည်း စစ်ကောင်စီသည် အမေရိကန်နိုင်ငံတွင် နိုင်ငံရေးဩဇာလွှမ်းမိုးရန် ကြိုးပမ်းသူများကို ငွေပေးငှားရမ်းပြီး အမေရိကန်အစိုးရနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိရန် ကြိုးစားနေသည်။ သို့သော် ယခုအစီရင်ခံစာက စစ်ကောင်စီသည် အမေရိကန်ပြည်သူများကို ထိခိုက်စေသော ရာဇဝတ်မှုများ၏ အဓိကလက်သည်ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပြီ ဖြစ်သည်။

လွှတ်တော်အတွင်းရှိ ဥပဒေကြမ်း နှစ်ရပ်နှင့် အထူးနှိမ်နင်းရေးတပ်ဖွဲ့
အောက်ပါယန္တရားများဖြစ်ကြသည့်
၁။ ပြည်ပငွေလိမ်လည်မှုဂိုဏ်းများ ဖျက်သိမ်းရေး ဥပဒေကြမ်း (အမှတ်စဉ် ၅၄၉၀)
၂။ လွှတ်တော်အမတ်များ ပူးပေါင်းတင်သွင်းသော ငွေလိမ်လည်မှုတိုက်ဖျက်ရေး ဥပဒေကြမ်း (အမှတ်စဉ် ၂၉၅၀)
၃။ တရားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အောက်တွင် ဖွဲ့စည်းထားသော ငွေလိမ်လည်မှုစခန်းများ အထူးနှိမ်နင်းရေးတပ်ဖွဲ့
တို့ကမြန်မာနိုင်ငံကို ရာဇဝတ်မှုအားပေးကူညီသော နိုင်ငံအဖြစ် သတ်မှတ်ပေးနိုင်ပြီး ပိုမိုပြင်းထန်သော ငွေကြေးပိတ်ဆို့မှုများ ဖြစ်ပေါ်လာစေနိုင်ပါသည်။

ထို့ကြောင့် မြန်မာ့တော်လှန်ရေးအင်အားစုများနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများက မိမိတို့ဒေသခံ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များကို ဆက်သွယ်၍ အထက်ပါဥပဒေကြမ်းများကို အတည်ပြုရန်နှင့် မြန်မာနိုင်ငံကို ရာဇဝတ်မှုအားပေးကူညီသောနိုင်ငံအဖြစ် သတ်မှတ်ရန် တောင်းဆိုရမည်ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စာရေးသားပေးပို့ပြီး စစ်ကောင်စီနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းသည် ရာဇဝတ်အစိုးရကို အသိအမှတ်ပြုရာရောက်သဖြင့် အမေရိကန်၏ အကျိုးစီးပွားနှင့် မကိုက်ညီကြောင်း သတိပေးရန်ဖြစ်သည်။
ရာဇဝတ်မှုနှိမ်နင်းရေးတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများကိုသာ မိတ်ဖက်အဖြစ် ဦးစားပေးရန် တိုက်တွန်းရမည်ဖြစ်သည်။
စစ်ကောင်စီငှားရမ်းထားသော နိုင်ငံရေးပွဲစားများသည် မြန်မာပြည်သူများကို ကိုယ်စားမပြုကြောင်း လွှတ်တော်ရုံးအဖွဲ့ဝင်များ၊ သတင်းဌာနများနှင့် မူဝါဒရေးရာ သုတေသနအဖွဲ့များကို အသိပေးရမည်ဖြစ်သည်။
ပြည်တွင်းမှ ပြည်သူများကလည်း ငွေလိမ်လည်မှုစခန်းများ၏ တည်နေရာ၊ ပြည်သူ့စစ်စစ်ဆေးရေးဂိတ်များ၊ ကားနံပါတ်များနှင့် ဆက်သွယ်ရေးတပ်ဆင်မှုများကို မိမိလုံခြုံရေးဦးစားပေး၍ မှတ်တမ်းတင်ထားရမည်။
👍6❤1🔥1
ပင်တဂွန်သည် “ဥရောပတွင်တာဝန်ချထားသည့် တပ်မဟာတိုက်ခိုက်ရေးတပ်ဖွဲ့များ (BCTs) ကို လေးခုမှ သုံးခု သို့လျှော့ချခဲ့သည်” ဟု ကြေညာချက်တွင်ဖော်ပြထားသည်။ BCT တခုလျှင် တပ်ဖွဲ့ဝင်အင်အား ၄,၀၀၀ မှ ၄,၇၀၀ အထိရှိကြောင်း ကွန်ဂရက်လွှတ်တော်အစီရင်ခံစာအရ သိရသည်။

ဝါရှင်တန်သည် ဂျာမဏီတွင်ရှိသော တပ်ဖွဲ့ဝင် ၅,၀၀၀ ကိုပြန်လည်ရုပ်သိမ်းမည်ဖြစ်ကြောင်း ပင်တဂွန်က မေလအစောပိုင်းကပင် ကြေညာထားခဲ့သည်။
👍7😁2
သူ၏လူမှုကွန်ရက် Truth ပေါ်တွင် ထရမ့်က ကာတာ၊ ဆော်ဒီအာရေးဗီးယား နှင့် အာရပ်စော်ဘွားများပြည် ထောင်စုနိုင်ငံတို့မှခေါင်းဆောင်များက “အီရန်အစ္စလမ်မစ်သမ္မတနိုင်ငံအပေါ်ဆင်နွှဲရန်စီစဉ်ထားသည့် မနက် ဖြန်တွင်စတင်မည့်ထိုးစစ်ကို ဆိုင်းငံ့ထားရန်မေတ္တာရပ်ခံလာခဲ့ပြီး ယခုဆွေးနွေးပွဲများစတင်ပြုလုပ်နေပါပြီ”ဟု ရေးသားထားခဲ့သည်။

မည်သို့ပင်ဖြစ်စေ အီရန်နိုင်ငံကမူ သူတို့၏တောင်းဆိုချက်များကို အခိုင်အမာဆက်လက်ကိုင်စွဲထားသည်။ ထို အထဲတွင် သိမ်းဆည်းထားသောပိုင်ဆိုင်ခွင့်များပြန်လည်ထုတ်ပေးရေး၊ တိုင်းပြည်အပေါ် ကြာမြင့်စွာကတည်း ကချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကိုရုပ်သိမ်းပေးရေးနှင့် စစ်လျော်ကြေးပေးရေးတို့ပါဝင်သည်။
👍8❤3🔥1👏1
တရုတ်စစ်တပ်က ထိုင်ဝမ်အနီးတွင် စစ်ရေးလေ့ကျင့်မှုများ ထပ်မံပြုလုပ်နေကြောင်း ထိုင်ဝမ်ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချိန်တွင် တရုတ်၏ ဆက်တိုက်လုပ်ဆောင်နေသော စစ်ရေးလှုပ်ရှားမှု များက ဒေသတွင်းမတည်ငြိမ်မှုနှင့် စိုးရိမ်ပူပန်မှုများအတွက် အဓိကအကြောင်းရင်းဖြစ်ကြောင်း ထိုင်ဝမ် ဝန်ကြီးချုပ် ချိုရွန်ထိုင်က အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို မိမိပိုင်နက်အဖြစ် ရှုမြင်ထားသည့် တရုတ်က စစ်ရေး နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး သမ္မတ လိုင်ချင်တယ်ကို "ခွဲထွက်ရေး သမား" ဟု တံဆိပ်ကပ်ကာ ၎င်း၏ ဆွေးနွေးပွဲပြုလုပ်ရန် ထပ်တလဲလဲ ကမ်းလှမ်းချက်များကိုလည်း ပယ်ချခဲ့သည်။
👍9👎2👏1
ဟောင်ကောင်ဒီမိုကရေစီအရေးလှုပ်ရှားသူ ကျန်းရှင်းယန်ကို ထိုင်းအစိုးရက ချက်ချင်းပြန်လွှတ်ပေးရန် နှင့် သူမ၏ ဘေးကင်းလုံခြုံရေးကို အာမခံပေးရန်၊ ပြင်းထန်သော ညှဉ်းပန်းနှိပ်စက်မှု၊ မတရားစီရင်မှုနှင့် ဖမ်းဆီးထိန်းသိမ်းမှုများနှင့် ရင်ဆိုင်ရနိုင်သည့် သူမ၏ ဇာတိနိုင်ငံဖြစ်သော တရုတ်သို့ ပြန်လည်မပို့ရန် Fortify Rights အဖွဲ့က ပြောကြားလိုက်သည်။

၂၀၂၆ ခုနှစ်၊ မေလ ၇ ရက် နံနက်ပိုင်းတွင် ဟောင်ကောင်ဒုက္ခသည်တဦးဖြစ်သူ ကျန်းရှင်းယန်သည် ထိုင်းလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေကို ချိုးဖောက်ကာ ဗီဇာသက်တမ်းကျော်နေထိုင်မှု၊ ခွင့်ပြုချက် မရှိဘဲ အလုပ်လုပ်ကိုင်မှု စသည့်စွဲချက်များဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ထို့နောက် သူမကို ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းသို့ ပြောင်းရွှေ့ခဲ့သည်။
👍9😁1
https://www.youtube.com/watch?v=bfmVLTgTrmA
တိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ပါက ‘စစ်မျက်နှာသစ်ဖွင့်သွားမယ်’ လို့ အမေရိကန်ကို အီရန် သတိပေး
👍5👏1
https://www.youtube.com/watch?v=gAgz-yisFeI
တိုက်ခိုက်မှုတွေ ပြန်လည်ပြုလုပ်ပါက ‘စစ်မျက်နှာသစ်ဖွင့်သွားမယ်’ လို့ အမေရိကန်ကို အီရန် သတိပေး
👍5👏1
https://www.youtube.com/watch?v=OxOpyOq-CkE
ဆန်ဒီယေဂို ဗလီမှာ ဆယ်ကျော်သက် ၂ ဦး ဝင်ရောက်ပစ်ခတ်လို့ ၃ ဦး သေဆုံး
👍2❤1👎1👏1
https://www.youtube.com/watch?v=sFieFu-c0Oc
Cuba's students struggle with blackouts and remote learning
👍3
တရုတ်အစိုးရက ထိုင်ဝမ်ရေလက်ကြား၏ "လက်ရှိအနေအထား" ကို နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းပြီး၊ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ကို တရုတ်အကျိုးစီးပွားအတွက် အသုံးချနေကြောင်း ထိုင်ဝမ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများမဟာမိတ်ဖောင်ဒေးရှင်း (MPAT) က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ (၇၉) ကြိမ်မြောက် နှစ်ပတ်လည် ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) ကို မေလ ၁၈ရက်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် စတင်ကျင်းပခဲ့သည်။ ထိုင်ဝမ်သည် ၂၀၁၆ ခုနှစ်က ယင်းညီလာခံသို့ လေ့လာသူအဖြစ် နောက်ဆုံးတက်ရောက်ခဲ့ပြီးနောက်ပိုင်း ယခုနှစ်အပါအဝင် ၁၀ နှစ်ဆက်တိုက် ဖိတ်ကြားခြင်း မခံခဲ့ရပေ။

ညီလာခံတွင် ထိုင်ဝမ်ပါဝင်ခွင့်ပြုရေးနှင့် ပတ်သက်ပြီး စုံညီကြားနာပွဲတရပ် ပြုလုပ်ခဲ့ရာ တရုတ်နှင့် ပါကစ္စတန်တို့က ထိုင်ဝမ်အား ဆက်လက်ချန်လှပ်ထားရန် ပြောကြားခဲ့သော်လည်း ထိုင်ဝမ်၏ မဟာမိတ် ပလောနှင့် ပါရာဂွေးနိုင်ငံတို့က ထိုင်ဝမ်ပါဝင်ခွင့်ရရှိရေးအတွက် ထောက်ခံခဲ့သည်။
👍7