Mizzima
✔
47.9K subscribers
33.8K photos
2.57K videos
36 files
76.5K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မဇ္ဈိမ ။ ။ ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံမြို့မှ ယမန်နေ့ (မေလ ၁၉ ရက်) ညနေပိုင်းတွင် ဆုတ်ခွာပေးခဲ့ရကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမသို့ ပြောသည်။

“ သူတို့ကလေကြောင်းနဲ့ ဒရုန်းတော်တော်သုံးတယ် ၊ စစ်ကြောင်းလေးကြောင်းနဲ့ ခွဲပြီးဝိုင်းတဲ့ ပုံစံမျိုး ဝင်လာတယ်၊ လူနေအိမ်တွေလည်းပျက်စီးပြီးမခံနိုင်တဲ့အတွက် မနေ့က ညနေပိုင်းမှာ ကျနော် တို့ မြို့ကနေဆုတ်လိုက်တယ်” ဟုဆလိုင်းထက်နီ က မဇ္ဈိမ ကို ယနေ့ (မေလ ၂၀ရက်) တွင် ပြောသည်။

အဆိုပါ တွန်းဇံမြို့သိမ်းတိုက်ပွဲကို စစ်အုပ်စုတပ်နှင့် ZRA ပူးပေါင်းအင်အား ၃၀၀ ခန့်ဖြင့် မေလ ၁၁ ရက်နေ့ကတည်းက တီးတိန်နှင့် ကျီခါးမြို့ဘက်မှ ချီတက်ဝိုင်းရံခဲ့ခြင်းဖြစ်ပြီး၊ နှစ်ဖက်အပြန်အလှန် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြကာ မေလ ၁၄ ရက်နေ့တွင် မြေပြင်တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် စစ်အုပ်စုဘက်က မြို့ကို ပြန်လည်ထိန်းချုပ်သွားခြင်း ဖြစ်သည်။
❤6👎2🔥1
တရုတ်နိုင်ငံ၏ ဟိုက်ပါဆိုးနစ် (အသံထက်မြန်) လက်နက်များ သုတေသနကဏ္ဍတွင် ဦးဆောင်သူတဦးဖြစ်ပြီး တခါတရံ အငြင်းပွားဖွယ်ရာဖြစ်သူ ဖိန့်တိန်နင်းသည် ယခုနှစ်အစောပိုင်းက ကွယ်လွန်ခဲ့ကြောင်း တရုတ်သိပ္ပံအကယ်ဒမီ (CAS) က အင်္ဂါနေ့တွင် ထုတ်ပြန်သည့် နာရေးသတင်း၌ အတည်ပြုခြင်း ဖြစ် သည်။

၂၀၂၂ က ပညာရပ်ဆိုင်ရာ အစည်းအဝေးတရပ်အား တိုက်ရိုက်ထုတ်လွှင့်ပြသသည့် ရုပ်သံတွင် အမျိုး သမီးငယ်တဦးက ဖိန့်၏မျက်နှာကို ထပ်တလဲလဲနမ်းနေသည့် ဗီဒီယိုဖိုင် ပျံ့နှံ့သွားခဲ့ပြီးနောက် ၎င်းမှာ အများပြည်သူ၏ အာရုံ စိုက်ခြင်းခံခဲ့ရပြီး နောက်ပိုင်း၌ ၎င်း၏ တက္ကသိုလ်နှင့် CAS တို့က စည်းကမ်းပိုင်းဆိုင်ရာ အရေးယူခဲ့ကြသည်။
👏4🔥1😢1
၁၉၇၉ ခုနှစ် ထိုင်ဝမ်ဆက်ဆံရေးအက်ဥပဒေအရ အမေရိကန်သည် ထိုင်ဝမ်အား မိမိကိုယ်ကို လုံလောက်စွာခုခံကာကွယ်နိုင်မည့် စစ်လက်နက်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန်လိုအပ်ပြီး တရုတ်က ယင်းလုပ်ရပ်သည် ၎င်းတို့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဟု ရှုမြင်သည်။ လက်နက်ရောင်းချမှုတိုင်း၊ လွှတ်တော်အမတ်များ၏ လာရောက်မှုတိုင်းနှင့် ထိုင်ဝမ်ရေလက်ကြားကို စစ်သင်္ဘောများ ဖြတ်သန်းမှုတိုင်းက ငုပ်လျှိုးနေသောတင်းမာမှုများကို ပြန်လည်နိုးထစေသည်။

ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်လာနိုင်သည်ဆိုသော ရှီကျင့်ဖျင်၏ သတိပေးချက်သည် စကားလုံးသက်သက်မဟုတ်ပေ။ လက်နက်လွှဲပြောင်းမှု၊ သံတမန်ရေးရာ အသိအမှတ်ပြုမှု သို့မဟုတ် စစ်ရေးလှုပ်ရှားမှုများတွင် ခြေလှမ်းအမှားတခုခုရှိခဲ့ပါက အခြေအနေကို ပိုမိုဆိုးရွားသွားစေနိုင်သည်။
😁4👍1🔥1
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများ ကြောင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် တွန်းဇံမြို့မှ ယမန်နေ့ (မေလ ၁၉ ရက်) ညနေပိုင်းတွင် ဆုတ်ခွာပေးခဲ့ရကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္ဈိမသို့ ပြောသည်။
🔥3👍2
အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသသည် စစ်ပွဲနှင့် ငြိမ်းချမ်းရေးအကြား အရေးကြီးသော လမ်းဆုံလမ်းခွသို့ ရောက်ရှိနေကြောင်းနှင့် ရန်လိုတိုက်ခိုက်မှုအားလုံးကို ချက်ချင်းရပ်တန့်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်က မေလ ၂၀ ရက်တွင် တောင်းဆိုလိုက်သည်။

ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများမြင့်တက်နေချိန်တွင် မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရေးအတွက် တရုတ်သို့ ရောက်ရှိနေသည့် ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံစဉ် ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
💩3❤1👍1👎1🤣1