မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်−မယ်ဆိုင် ချစ်ကြည်ရေးတံတားအမှတ်(၁) ပြန်လည်ဖွင့်လှစ်
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ကိုဗစ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ်ဂိတ်တစ်ခု ဖြစ်သော တာချီလိတ်−မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ်(၁)ကို ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၇ နာရီ အချိန်တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တာချီလိတ်−မယ်ဆိုင်တံတားသည် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်တစ်ခု ဖြစ်သည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်အခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ တစ်ဦးက “ဟုတ်ပါတယ်၊ ဂိတ်ကတော့ ဒီမနက်ကပဲ ပြန်လည်ဖွင့်လှစ်လိုက်တာပါ။ အဝင်/ထွက်ကတော့ ဘာမှ မသိရသေးဘူး နှစ်ဖက် ဒေသအာဏာပိုင်တွေအလုပ်ရှုပ်နေကြလို့ ဒေသခံတွေအနေနဲ့ သွားသွားလာလာ မလုပ်သေးတာ ဖြစ်နေတယ်”ဟု ပြောသည်။
တာချီလိတ်−မယ်ဆိုင်တံတား ပြန်လည်ဖွင့်လှစ်ချိန်တွင် တံတားစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာသူ များကို စစ်ကောင်စီဖက်က X−ray စက်သုံးပြီး စစ်ဆေးရန်စီစဉ်နေကြောင်း ဒေသခံ ခရီးသွားအေဂျင်စီ များထံမှ သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မြန်မာ-ထိုင်းနယ်စပ်
#တာချီလိတ်−မယ်ဆိုင်
#ချစ်ကြည်ရေးတံတားအမှတ်(၁)

👍6🔥1
မိုးညင်းတွင် စစ်ကောင်စီထောက်တိုင်များကို သတ်ဖြတ်သူဟုဆိုကာ KPDF တပ်ဖွဲ့ဝင်၏ဓာတ်ပုံကို ထုတ် ပြန်ထား
အဂမ်
မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ နမ္မားမြို့မှ ရာအိမ်မှူးနှင့် မိုးညှင်းမြို့မှ စစ်ကောင်စီသတင်းပေးဆိုသူတို့ကို သတ် ဖြတ်သူဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)ဝင် လူငယ်တစ်ဦး၏ပုံအား စစ်ကောင်စီက မိုးညင်းမြို့အတွင်းရှိ လူသွားလူလာများသည့်နေရာများတွင် ချိတ်ဆွဲကာ ဝရမ်းထုတ်ထားကြောင်း ဒေသခံ များထံမှ သိရသည်။
နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်နှင့် မိုးညှင်းမြို့ အုတ်ကျင်းရပ်ကွက်မှ ဆိုင်ကယ်ပြင်သူ စိုင်းစောလင်း အောင်တို့ကို သတ်ဖြတ်သွားသည့်တရားခံ၏ပုံဟုဆိုကာ ကချင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF) ဝတ်စုံဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး၏ပုံကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် များက မိုးညှင်းမြို့ရှိ လူစည်ကားရာနေရာများတွင် ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“နမ္မားမြို့က ရာအိမ်မှူး ဦးတင်ညွှန့်နဲ့ မိုးညှင်းမြို့က ဆိုင်ကယ်ပြင်တဲ့ စိုင်းစောလင်းအောင်တို့ကိုသတ် သွားတဲ့တရားခံဆိုတဲ့ဆိုင်းဘုတ်ကို မြဝတီဘဏ်နားမှာ ဝရမ်းထုတ်ထားတဲ့ပုံကြီးကို တွေ့ခဲ့ရတယ်။ နေရာ တကာ စစ်သားတွေကလည်းရှိနေတာဆိုတော့ သေချာတောင် မကြည့်ခဲ့ရဘူး”ဟု ဆိုင်းဘုတ်ကို တွေ့ရှိခဲ့ သည့် မိုးညှင်းဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဓါတ်ပုံကို မိုးညှင်းမြို့၊ မြို့မရပ်ကွက်ရှိ အင်းဝဘဏ်၊ မြို့မစျေးထောင့်၊ အုတ်ကျင်းရပ်ကွက်နှင့် နားခါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတို့တွင် ချိတ်ဆွဲထားသည်ဟု ဒေသခံများက ဆိုကြသည်။
စစ်ကောင်စီတပ်ဖွဲ့ မြို့အတွင်း၌ ထောင်ထားသည့်ဆိုင်းဘုတ်တွင် KPDF ပြောက်ကျားဝတ်စုံ ဝတ်ဆင် ထားသည့် အသက် ၂၀ ခန့်အရွယ် လူငယ်တစ်ဦး၏ ပုံဖြစ်ပြီး အဆိုပါပုံတွင် အမည်ဖော်ပြထားခြင်း မရှိဟု ဆိုသည်။
ဓာတ်ပုံတွင်ပါရှိသည့် လူငယ်အမျိုးသား၏အမည်ကို မဇ္ဈိမအနေဖြင့်လည်း ဆက်လက်စုံစမ်းနေဆဲဖြစ် သည်။
နမ္မားမြို့မှ ရာအိမ်မှူးဦးတင်ညွှန့်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက်ပိုင်းက လက်ဖက်ရည် ဆိုင်၌ သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သတ်ဖြတ်ခံရခြင်းဖြစ်သည်။ ဦးတင်ညွှန့်မှာ ၂၀၂၀ ပြည့်နှစ် အထွေ ထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇)တွင် ရှမ်းနီတိုင်းလျှန် သွေးစည်းညီညွတ်ရေးပါတီ (SSP) ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူလည်း ဖြစ်သည်။
စစ်ကောင်စီသတင်းပေးဆိုသည့် ဆိုင်ကယ်ပြင်သူ စိုင်းစောလင်းအောင်သည် ၂၀၂၂ ခုနှစ် ဩဂုတ် လ ၃၁ ရက်နေ့ ညနေပိုင်းတွင် မိုးညှင်းမြို့ အ.ထ.က (၃) အနီး၌ ဆိုင်ကယ်စီးလာစဉ် လူငယ်နှစ်ဦးကအနီးကပ် လုပ်ကြံသတ်ဖြတ်ခဲ့သူဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင်းမှ လမ်းထောင့်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးတင်းကြပ်စွာ ချထားကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကချင်ပြည်နယ်
#နမ်းမားမြို့
#မိုးညှင်းမြို့
#KPDF

😁5👍4
ဖေဖော်ဝါရီလ 20 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:10 - ဝါရှင်တန်ဒီစီတွင်ပြုလုပ်သော ချင်းအမျိုးသားနေ့မှာ NUG ဝန်ကြီးတက်ရောက်တဲ့ သတင်း
02:53 - အင်အားကြီးနိုင်ငံအချို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျ ခွဲခြားဆက်ဆံခံတာတွေ ရှိနေပေမယ့် မြန်မာနဲ့ ရုရှား မိတ်ဖက်ဆောင်ရွက်မှု နွေးထွေးနီးကပ်နေကြဆဲလို့ စစ်ခေါင်းဆောင်ပြောတဲ့ သတင်း
07:38 - မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံမယ်ဆိုတဲ့ အင်ဒိုနီးရှားရဲ့ ပြောကြားချက် အမေရိကန် အစိုးရထောက်ခံ ကူညီမယ်လို့ ပြောလိုက်တဲ့ သတင်း
10:42 - ဗြိတိန်မှာ ထူးဆန်းစွာပျောက်ဆုံးသွားတဲ့ အမျိုးသမီးအလောင်းကို မြစ်ထဲမှာပြန်တွေ့တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/9iqqUi90v14

YouTube
ဖေဖော်ဝါရီလ 20 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:10 - ဝါရှင်တန်ဒီစီတွင်ပြုလုပ်သော ချင်းအမျိုးသားနေ့မှာ NUG ဝန်ကြီးတက်ရောက်တဲ့ သတင်း
02:53 - အင်အားကြီးနိုင်ငံအချို့ရဲ့ အနိုင်ကျင့်ဗိုလ်ကျ ခွဲခြားဆက်ဆံခံတာတွေ ရှိနေပေမယ့် မြန်မာနဲ့ ရုရှား မိတ်ဖက်ဆောင်ရွက်မှု နွေးထွေးနီးကပ်နေကြဆဲလို့ စစ်ခေါင်းဆောင်ပြောတဲ့…

👍10❤2😁2
ယင်းမာပင်မြို့နယ်မှ အမှတ်(၂၈) ရဲတပ်ရင်းတိုက်ခိုက်ခံရပြီး ရဲတပ်သား ၂ ဦး ဒဏ်ရာရ
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မုံရွာ-ပုသိမ်လမ်းမအနီးရှိ အမှတ်(၂၈) ရဲတပ်ရင်းကို Regional Friend Fighters (RFF) တိုက်နယ် (၂) ပ.က.ဖ များက ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အမှတ်(၂၈)ရဲတပ်ရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ အချိန်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း (RFF) အဖွဲ့တာဝန်ခံက ဆိုသည်။
“စစ်သားနဲ့ရဲတွေက ညဖက်ကြီးမှာ သီချင်းတွေဖွင့်ပြီး သောက်စား၊ အော်ဟစ်၊ သေနတ်ဖောက်တာတွေ လုပ်နေကြတာ။ အဲဒီအချိန်မှာ ကျနော်တို့က ဗုံးသီးလေးလုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာ နှစ်လုံးကတော့ ဆိုင်ကယ်တွေထားတဲ့နေရာကျပြီး ပေါက်ကွဲသွားတယ်။ ကျန်နှစ်လုံးထဲကတစ်လုံးကတော့ ရဲတွေအနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသွားတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Regional Friend Fighter (RFF) နှင့်အတူ ဒေသခံမဟာမိတ်တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ယင်းမာပင်မြို့နယ်
#ရဲတပ်ရင်း
#ဒရုန်း
#တိုက်ခိုက်

❤11👍2😁1🥱1
ယင်းမာပင်မြို့နယ် နဘူးတောကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ပျူစောထီးဆိုသူများ အများစုနေထိုင်ကြသည့် ဘန့်ဘွေး ကျေးရွာမှထွက်ခွာလာသော စစ်ကောင်စီတပ်သားများကို ကာကွယ်ရေးတပ်ဖွဲ့များက နဘူးတောကျေး ရွာအနီးတွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်က လက်နက်ငယ်များဖြင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Golden Triangle Force တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Golden Triangle Force တပ်ဖွဲ့မှတာဝန်ရှိသူ ကိုမင်းခေါင်ကပြော သည်။
“စစ်သားတွေလာမယ့်လမ်းကို ကျနော်တို့ ကင်းပုန်းဝပ်ပြီး စောင့်နေခဲ့တာ။ အချိန်အတော်ကြာ ပစ်ခတ်မှု ဖြစ်ပွားတာမရှိလို့ ယာယီစခန်းဆောက်ပြီး တစ်ညနားပါတယ်။ ယာယီစခန်းကို စစ်တပ်ဘက်က ပစ်မှတ် ထားပြီးလာဝိုင်းတယ်လို့ တန်ပြန်သတင်းရတဲ့အတွက် သေသေချာချာပြင်ဆင်ပြီး တိုက်ပွဲဖော်ဆောင်ခဲ့ တာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
အဆိုပါ တိုက်ခိုက်မှုကို Golden Triangle Force တပ်ရင်း နှင့် နယ်မြေခံ မဟာမိတ်အဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘန့်ဘွေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်းပတ်ရွာနှင့် နဘူးတောကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများပြုလုပ်လေ့ရှိသည်ဟု Golden Triangle Force တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍10😁1🥴1