Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍5😁4
ကျောက်မျက်တောင်ပေါ်မှ စစ်ကောင်စီတပ်စခန်းကို ကာကွယ်ရေးတပ်များ သိမ်းပိုက်၊ လက်နက်များ သိမ်းဆည်းရရှိ

MTO
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အကြားရှိ ကျောက်မျက်တောင်ပေါ် တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းတစ်ခုကို ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ကာကွယ် ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ပြီးနောက် စခန်းနှင့်လက်နက်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း Dragon Brother Task Force- DBTF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောသည်။
“အဲဒီစခန်းကို ဝင်တိုက်တာ တစ်နာရီခွဲလောက်ကြာတယ်။ သူတို့ဘက်မှာ ထိခိုက်ဒဏ်ရာရရှိတာတွေ တော့ရှိတယ်။ သူတို့က စခန်းကို စွန့်ပြီးထွက်ပြေးသွားကြတာ။ စခန်းကို သိမ်းလိုက်နိုင်တယ် ခဲယမ်းမီး ကျောက်တွေလည်း သိမ်းလိုက်နိုင်တယ်” ဟုပြောသည်။
တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦးကျဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသေဆုံးမှု နှင့် ပတ်သက်၍ မျက်မြင်တွေ့ ရှိခဲ့ရခြင်းမရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိမှု များပြားနိုင်ကြောင်း ကိုဂျော်ဒန်က ဆိုသည်။
ယင်းအပြင် စစ်ကောင်စီတပ်စခန်းအတွင်း ရှိ M-14 နင်းမိုင်း အလုံး ၄၀၊ စနက်တံပါ MG-1 ပလပ်စတစ် လက်ပစ်ဗုံး အလုံး ၃၀၊ MM-5 ရှေ့ထွက်မိုင်း အလုံး ၅၀၊ Anti Drone Gun တစ်လက် သိမ်းဆည်းရမိခဲ့ ကြောင်း DBTF အဖွဲ့က ထုတ်ပြန်ထားသည်။
ကျောက်မျက်တောင်စခန်းသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့်နေရာတစ်ခုဖြစ်ပြီး ၎င်းတို့တပ်စွဲထားသည်မှာ ရက်သတ္တ သုံးပတ်ခန့် ရှိပြီဖြစ်ကြောင်း ကိုဂျော်ဒန်က ရှင်းပြသည်။
ယခုတိုက်ပွဲကို နဂါးညီနောင်အထူးတပ်ဖွဲ့(DBTF) နှင့်အတူ KLG တပ်မဟာ၊ Alpha Special Force၊ Triple Two Force၊ ချင်းတွင်းဂဠုန်ရာဇာ၊ Yinmarbin Local PDF ၊ B 21 PDF ၊ Double K တပ်ခွဲ၊ ဗျတ္တညီနောင်၊ ရတနာပုံတပ်ဖွဲ့၊ ချင်းတွင်းတိုက်ဂါး(Force)၊ ချင်းတွင်းတိုက်ဂါး(LPDF)၊ ထန်းတပင် (LPDF)၊ ချိုမိုင်မိုင်၊ ဗိုလ်နှုတ်ခမ်းမွေးနှင့်သူ၏ရဲဘော်များ၊ ဗိုလ်မုတ်ဆိတ် တပ်ခွဲ၊ Yinmarbin PDA ၊ Next Generation Hope၊ မြောက်ယမားတပ်ဖွဲ့၊ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ မဟာမိတ်တပ်ပေါင်းစုများနှင့် အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#ဆားလင်းကြီးမြို့နယ်
#ကျောက်မျက်တောင်
👍25❤4😁2
မြန်မာနှင့်ရုရှား မိတ်ဖက်ဆောင်ရွက်မှု နွေးထွေးနီးကပ်နေကြဆဲဟု စစ်ခေါင်းဆောင်ဆို

https://youtu.be/1VzMPPlGsQw
👍3❤1👏1🖕1
​​၂၀၃၂ အိုလံပစ်ကျင်းပမယ့် နေရာတွေအတွက် ဒေါ်လာ ၄.၈ ဘီလီယံ သုံးစွဲမယ့် သြစတြေးလျ

သြစတြေးလျက ၂၀၃၂ ဘရစ္စဘိန်း အိုလံပစ်ကျင်းပမယ့် နေရာတွေအတွက် သြစတြေးလျဒေါ်လာ ၇.၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၈ ဘီလီယံ) သုံးစွဲမယ်လို့ သောကြာနေ့ (ဖေဖော်ဝါရီ ၁၇ ရက်)က ပြောကြားပြီး ထိုင်ခုံ ၁၇,၀၀၀ ဆံ့ အားကစားကွင်းအသစ်နဲ့ Gabba အားကစားကွင်းကို ပြန်လည်မွမ်းမံပြင်ဆင်မှုတို့အပါအဝင်ဖြစ်ပါတယ်။
👍3🔥2
ဖေဖော်ဝါရီ (၂၀) ရက်၊ ညနေ ၄ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

01:06−(၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အခမ်းအနားကို NUG ယာယီသမ္မတ တက်ရောက်အမှာစကားပြောကြားတဲ့သတင်း

02:43− ရေတာရှည်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကာကွယ်ရေးတပ် ဗျူဟာမှုး ဗိုလ်မှုးတစ်ဦးပါသေဆုံးသွားတဲ့သတင်း

04:58−အုပ်ချုပ်ရေးမှုးနဲ့ စစ်ကောင်စီသတင်းပေးကို သတ်ဖြတ်ခဲ့တဲ့လို့ဆိုကာ လူငယ်တစ်ဦးရဲ့ ဓါတ်ပုံကို မိုးညင်းမြို့တွင်းက လူသွားလူလာများတဲ့ နေရာတွေမှာ ချိတ်ဆွဲထားတဲ့သတင်း နဲ့

11:38− ယူကရိန်းစစ်ပွဲမှာရုရှားအတွက် တရုတ်ကလက်နက်တွေပေးအပ်ဖို့ လုပ်နေကြောင်း အမေရိကန်ပြောကြားလိုက်တဲ့သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေ နဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/3p5ePqIuK4A
❤4👍1😁1🤮1
​​ခရီးသွားလုပ်ငန်း ပြန်လည်အသက်ဝင်လာမှုက ထိုင်း စီးပွားရေးကို မြှင့်တင်ပေးသော်လည်း ပို့ကုန်တင်ပို့မှုက လေးလံနှေးကွေးနေ

ခရီးသွားလုပ်ငန်း ပြန်လည်နိုးထလာမှုနှင့် စားသုံးသူ (သုံးစွဲသူ) ယုံကြည်မှု အားကောင်းခြင်းတို့ကြောင့် ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ယမန်နှစ်က ၂ ဒသမ ၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည် ဆိုသော်လည်း ပို့ကုန်တင်ပို့မှုပိုင်း နှေးကွေးနေမှုက စီးပွားရေးတိုးတက်မှုကို ဆွဲချနေကြောင်း ထိုင်းတာဝန်ရှိသူများက ဖေဖေါ်ဝါရီ ၁၇ ရက်တွင် ပြောသည်။

http://www.mizzimaburmese.com/article/124176
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
KNU ထိန်းချုပ်နယ်မြေတွေထဲ စစ်ဘေးရှောင် ၅ သိန်းကျော်အထိ ရှိလာ

https://youtu.be/fDI4vHM6TTE
😢6👍2😁1
👍1
ဖေဖော်ဝါရီလ 20 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေဈေး၊ ရွှေဈေး၊ စက်သုံးဆီဈေး၊ စားအုန်းဆီဈေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3
သတင်းအမှားများကို တိုက်ဖျက်ခြင်း | Misinformation Buster S3| Ep.54

https://youtu.be/b8dCikIH58s
👍2🤮1
Business Round Up (February 20)

- တရုတ်အစိုးရက စစ်ကောင်စီကို အထူးရန်ပုံငွေစီမံကိန်း ၉၂ခု ပေးအပ်

- FATF ၏ အကြံပြုချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိလာ

- ကြက်စာများဈေးတတ်နေခြင်းကြောင့် ကြက်ဥတစ်လုံးကျပ် ၃၀၀ အထိဈေးမြင့်တက်လာ

- ထိုင်းနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားခရီးသည်များ ဇွန်လမှစ၍ ဝင်ကြေးကောက်ခံမည်

- Google က စင်ကာပူရှိ ဝန်ထမ်းအရေအတွက် ၁၉ဝ ခန့်ကို အလုပ်ထုတ်ပယ်ခဲ့

https://youtu.be/4KyVnXny58w
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥2
​​ကဘူးလ်မြို့ရှိ အိုင်အက်စ်အဖွဲ့ ခိုအောင်းရာနေရာကို တာလီဘန်တို့ ဝင်ရောက်စီးနင်း

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ညဘက် စစ်ဆင်ရေးတစ်ခုအတွင်း တာလီဘန်တပ်ဖွဲ့ဝင်များသည် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့မှ စစ်သွေးကြွ ၃ ဦးကို သုတ်သင်ရှင်းလင်းလိုက်သည်။

http://www.mizzimaburmese.com/article/124178
😁2🔥1
​​သထုံတွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ရာ နှစ်ဖက်ကျဆုံးမှုရှိ

JC
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ သထုံမြို့နယ် မြို့သစ်နှင့် ကြာပန်းဂိတ်ကြားတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့နှင့် တပ်မဟာ(၁) တပ်ရင်း(၁) မှ KNLA ၊ PDF ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် ကျဆုံးမှုရှိခဲ့ကြောင်း KNUတပ်မဟာ(၁)နယ်မြေရှိ သထုံခရိုင်ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) ထောက် လှမ်းရေးမှူး ကိုရဲမင်းပိုင်ထံမှ သိရသည်။
သထုံမြို့အထွက် မြို့သစ်နှင့် ကြာပန်းဂိတ်ကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA နှင့် PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင်ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း(၃) ထောက်လှမ်းရေးမှူးက အတည်ပြုပြောသည်။
“သထုံကနေဘားအံဘက်အထွက် သုဝဏ္ဏဝတီမြို့သစ်နဲ့ကြာပန်းကြားက လေးတိုင်နားမှာ မစ်ရှင်လုပ်ရင်း နဲ့ ထိတွေ့မှုဖြစ်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ရဲ့ညီ ထောက်ပို့ရဲဘော်ထိတယ်၊ နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက်ကျသွားတယ်” ဟု ကိုရဲမင်းပိုင်က မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်အတွင်းရှိ မိုးကောင်း ဘုရားနှင့် ဖော်ဖကျေးရွာအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်သားများအား KNLA ၊ Hawk Revolution Squad-HRS နှင့် PDF ပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား လေးဦးသေဆုံးခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း HRS အဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#KNU
#KNLA
#PDF
#HawkRevolutionSquad-HRS
#တိုက်ပွဲဖြစ်ပွား
👍10🔥1🥰1😁1😢1