Business Round Up (February 20)
- တရုတ်အစိုးရက စစ်ကောင်စီကို အထူးရန်ပုံငွေစီမံကိန်း ၉၂ခု ပေးအပ်
- FATF ၏ အကြံပြုချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိလာ
- ကြက်စာများဈေးတတ်နေခြင်းကြောင့် ကြက်ဥတစ်လုံးကျပ် ၃၀၀ အထိဈေးမြင့်တက်လာ
- ထိုင်းနိုင်ငံသို့ သွားရောက်မည့် နိုင်ငံခြားခရီးသည်များ ဇွန်လမှစ၍ ဝင်ကြေးကောက်ခံမည်
- Google က စင်ကာပူရှိ ဝန်ထမ်းအရေအတွက် ၁၉ဝ ခန့်ကို အလုပ်ထုတ်ပယ်ခဲ့
https://youtu.be/4KyVnXny58w
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Business Round Up (February 20)
Business Round Up (February 20)
-----------------
- တရုတ်အစိုးရက စစ်ကောင်စီကို အထူးရန်ပုံငွေစီမံကိန်း ၉၂ခု ပေးအပ်
- FATF ၏ အကြံပြုချက်အတိုင်းဆောင်ရွက်ခဲ့၍ငွေလွှဲလုပ်ငန်းအဆင့်သတ်မှတ်ချက် တိုးမြှင့်ရရှိလာ
- ကြက်စာများဈေးတတ်နေခြင်းကြောင့် ကြက်ဥတစ်လုံးကျပ်…

👍4🔥2
ကဘူးလ်မြို့ရှိ အိုင်အက်စ်အဖွဲ့ ခိုအောင်းရာနေရာကို တာလီဘန်တို့ ဝင်ရောက်စီးနင်း
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ညဘက် စစ်ဆင်ရေးတစ်ခုအတွင်း တာလီဘန်တပ်ဖွဲ့ဝင်များသည် အစ္စလာမ္မစ်နိုင်ငံတော်-ခိုရာဆန်ပြည်နယ် (ISKP) အဖွဲ့မှ စစ်သွေးကြွ ၃ ဦးကို သုတ်သင်ရှင်းလင်းလိုက်သည်။
http://www.mizzimaburmese.com/article/124178

😁2🔥1
သထုံတွင် စစ်ကောင်စီနှင့် KNLA ပူးပေါင်းတပ်များကြားတိုက်ပွဲဖြစ်ရာ နှစ်ဖက်ကျဆုံးမှုရှိ
JC
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ သထုံမြို့နယ် မြို့သစ်နှင့် ကြာပန်းဂိတ်ကြားတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့နှင့် တပ်မဟာ(၁) တပ်ရင်း(၁) မှ KNLA ၊ PDF ပူးပေါင်းတပ်များကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် ကျဆုံးမှုရှိခဲ့ကြောင်း KNUတပ်မဟာ(၁)နယ်မြေရှိ သထုံခရိုင်ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃) ထောက် လှမ်းရေးမှူး ကိုရဲမင်းပိုင်ထံမှ သိရသည်။
သထုံမြို့အထွက် မြို့သစ်နှင့် ကြာပန်းဂိတ်ကြားတွင် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ရဲနှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ KNLA နှင့် PDF ပူးပေါင်းတပ်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သထုံခရိုင်ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း(၃) ထောက်လှမ်းရေးမှူးက အတည်ပြုပြောသည်။
“သထုံကနေဘားအံဘက်အထွက် သုဝဏ္ဏဝတီမြို့သစ်နဲ့ကြာပန်းကြားက လေးတိုင်နားမှာ မစ်ရှင်လုပ်ရင်း နဲ့ ထိတွေ့မှုဖြစ်ခဲ့တာပါ။ ကျနော်တို့ဘက်က ရဲဘော်တစ်ယောက်ရဲ့ညီ ထောက်ပို့ရဲဘော်ထိတယ်၊ နှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက်ကျသွားတယ်” ဟု ကိုရဲမင်းပိုင်က မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်အတွင်းရှိ မိုးကောင်း ဘုရားနှင့် ဖော်ဖကျေးရွာအနီးတွင် ကင်းစောင့်ရန် လာသော စစ်ကောင်စီတပ်သားများအား KNLA ၊ Hawk Revolution Squad-HRS နှင့် PDF ပူးပေါင်းတပ်များက နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား လေးဦးသေဆုံးခဲ့ပြီး စစ်ကားတစ်စီး ပျက်စီးခဲ့ကြောင်း HRS အဖွဲ့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#မွန်ပြည်နယ်
#KNU
#KNLA
#PDF
#HawkRevolutionSquad-HRS
#တိုက်ပွဲဖြစ်ပွား

👍10🔥1🥰1😁1😢1
ထိုင်း-မြန်မာနယ်စပ်ရှိ ရှမ်းကိုးရွာဒေသမှကျေးရွာအချို့ကို နယ်မြေစိုးမိုးထားနိုင်ကြောင်း PDF ထုတ်ပြန်
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ထိုင်း-မြန်မာနယ်စပ်၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ် ရှမ်းကိုးရွာဒေသ အတွင်းမှကျေးရွာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က နယ်မြေစိုးမိုးမှုရယူထားနိုင်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ထုတ်ပြန်သည်။
နယ်မြေထိန်းချုပ်ထားနိုင်သည့်ကျေးရွာများမှာ ထိုင်း-မြန်မာနယ်စပ်၊ ခမောက်ကြီးမြို့နယ် အတွင်းရှိ ဝိုင်းဒင်း၊ အေးမြမင်္ဂလာနှင့် တပ်ဦးမြိုင်သာယာကျေးရွာတို့ဖြစ်သည်။
အဆိုပါကျေးရွာများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကောသောင်းခရိုင် အမှတ်(၁)တပ်ရင်းနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူလေးအာမီအစရှိသည့် မဟာမိတ်အဖွဲ့များမှ ထိန်းချုပ်ထား ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် စစ်ကောင်စီတပ်ဘက်ကလည်း အင်အား ၁၀၀ နီးပါးဖြင့် အေးမြသာယာဘုန်းကြီးကျောင်း တွင် စခန်းချခြေကုတ်ရယူထားထားကာ စစ်ကြောင်းထိုးနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
“ လက်ရှိ အနေအထားအရကတော့ PDF တွေက နယ်မြေစိုးမိုးထားတဲ့အချိန်မှာ စစ်တပ်ဖက်က သူတို့ ခြေကုတ်ယူထားတဲ့နေရာကနေ လက်နက်ကြီးတွေနဲ့ ပစ်နေတာမျိုးတော့ရှိနေတယ်”ဟု ရှမ်းကိုးရွာ ဒေသခံတစ်ဦးက ပြော သည်။
လက်ရှိအချိန်အထိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“ အခုချိန်မှာတော့ နှစ်ဖက် စစ်ရေးတင်မာနေတာ မျိုးတော့ရှိတယ်။ ဘယ်ချိန် အပြန်အလှန် ပစ်မလဲတော့ မသိသေးဘူး။ နှစ်ဖက်စလုံးကတော့ တိုက်ပွဲဖော်ဆောင်လာနိုင်တဲ့ အခြေအနေရှိနေတယ်” ဟု အဆိုပါ ဒေသခံက သုံးသပ်သည်။
ရှမ်းကိုးရွာဒေသဆိုသည်မှာ ရှမ်းကိုးရွာ၊ အောင်ချမ်းသာ၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုပ်၊ အေးချမ်းသာနှင့် လုံးဖောရွာ အပါဝင် ရွာကိုးရွာကို ပေါင်းထားခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ထိစပ်နေသော ရွာများ ဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထိုင်း_မြန်မာနယ်စပ်
#ရှမ်းကိုးရွာဒေသ
#နယ်မြေစိုးမိုး
#စစ်ကြောင်းထိုး
#စစ်ရေးတင်းမာ

👍10❤1🔥1😁1
တိဗက်ရှိ အခြေခံအဆောက်အအုံများကို တရုတ်က ရည်ရွယ်ချက် ၂ မျိုးဖြင့် အသုံးပြုရန် စီစဉ်ထား
တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်သစ်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် ကီလိုမီတာ ၄ ၀ဝ၀ အရှည်ရှိ ရထားလမ်းဖောက်လုပ်ခြင်းနှင့် ၂၀၃၅ ခုနှစ်အမီ အပြီးတည်ဆောက်မည့် လေဆိပ်အသစ် ၅၉ ခုနှင့် ရဟတ်ယာဉ်ကွင်း ၃၀ဝ တို့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တစ်ဝန်းတွင် အကောင်အထည်ဖော်မည်ဖြစ်ကာ ယင်းအဆောက်အအုံများသည် တရုတ်တပ်ဖွဲ့များကို လျှင်မြန်စွာ တပ်ဖြန့်နိုင်မည်ဖြစ်သလို တိဗက်ယဉ်ကျေးမှုအား တရုတ်ဇာတ်သွင်းခြင်းမဟာဗျူဟာကို အားဖြည့်ပေးမည်ဖြစ်သောကြောင့် ရည်ရွယ်ချက် နှစ်မျိုးရှိနေကြောင်း Tibet Right Collective က ဖော်ပြသည်။

👍8🔥1
တရုတ်၏ အတိုးမဲ့ချေးငွေထောင်ချောက်ကို အာဖရိကနိုင်ငံများ သတိထားနေရ
သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်း နမူနာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ အတိုးမဲ့ချေးငွေထောင်ချောက်ထဲတွင် ကျရောက်နေသည့် အာဖရိကနိုင်ငံများသည် တရုတ်က ၎င်းတို့အား ငွေကြေးအကျပ်အတည်းမှ မကယ်တင်မည်ကို စိုးရိမ်နေကြသည်ဟု Pardafas.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

❤4👍4🔥1
Dark Shadow UG တပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံမှုများရှိနေဟုဆို
ဂန္ဓမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Dark Shadow UG အဖွဲ့၏ အမည်ကိုအသုံးချကာ လိမ်လည်အလှူခံမှုများရှိကြောင်း ယင်းအဖွဲ့၏သတင်းပြန်ကြားရေးတာဝန်ခံ စီဂျီ က မဇ္ဈိမသို့ ပြောသည်။
“ Dark Shadow အဖွဲ့အနေနဲ့ အလှူခံတာမျိုးလည်းရှိသလို၊ ကျနော်တို့လက်အောက်က အဖွဲ့အစည်းဆို ပြီး လိမ်ညာအလှူခံတာမျိုးတွေရှိပါတယ်။ ကျနော်တို့အခုလက်ရှိ ဘယ်အဖွဲ့အစည်းနဲ့မှ မဟာမိတ်မဖွဲ့ သလို ချိတ်ဆက်ထားခြင်းလည်းမရှိပါဘူး ”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ တပ်ဖွဲ့အမည်ကိုအသုံးချကာ လိမ်လည်နေမှုများရှိနေသည်ကို အသိရဲဘော်ရဲဘက်များနှင့် ပြည်သူများထံမှတစ်ဆင့် ပြန်လည်သိရှိခဲ့ခြင်းဟု တာဝန်ခံစီဂျီက ပြောသည်။ ထိုသူများသည် Dark Shadow UG အတွက် အမြဲကူညီပေးနေသူများဖြစ်သောကြောင့် လိမ်လည်နေသောအဖွဲ့အစည်းမှာ Dark Shadow အဖွဲ့၏ လက်အောက်ခံအဖွဲ့ ဟုတ်၊ မဟုတ် အတည်ပြုရာမှ သိရှိရကြောင်းဆိုသည်။
“ကျွန်တော်တို့ကိုယ်တိုင်လည်း ဘယ်သူ့လက်အောက်မှမဝင်ပါဘူး။ ကျနော်တို့ရဲ လုပ်ဆောင်ချက်တိုင်း က စစ်အာဏာရှင်စနစ်ကျဆုံးဖို့ပါပဲ။ ဒီတော်လှန်ရေးပြီးရင် ကျွန်တော်တို့နဲ့ သက်ဆိုင်ရာအလုပ်တွေ ပြန် လုပ်မယ်။ ကျောင်းတတ်တဲ့သူက ကျောင်းပြန်တတ်မယ် ဒါပါပဲ။ ကျနော်တို့ Dark Shadow ကို အမြဲ ယုံယုံ ကြည်ကြည်နဲ့ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေရဲ့အင်အားနဲ့ပဲ သွားနေတာပါ ” ဟု သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
ထို့ကြောင့် တော်လှန်ရေးဗန်းပြ အလှူခံသည်သူများ နေရာတိုင်းတွင်ရှိသည့်အတွက် အထူးသတိထားစေ လိုပြီး ပြည်သူများအနေဖြင့် သေချာသည့်အဖွဲ့အစည်းကို စုံစမ်းပြီးမှ တိုက်ရိုက်ထောက်ပံ့ပေးစေလို ကြောင်းဆိုသည်။
Dark Shadow UG တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ တစ်နှစ်ကျော်ကာလအတွင်း စစ်ရေးတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် တွင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။
Dark Shadow UG အဖွဲ့အမည်ဖြင့် လိမ်လည်အလှူခံနေမှုများကိုတွေ့ရှိ၍ သတင်းပေးလိုပါက @CGDarkShadowYgnUG အမည်ရှိ တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေး ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#Dark_Shadow_UG
#တော်လှန်ရေး
#အလှူငွေ
#လိမ်လည်

👍7😁2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (ဖေဖော်ဝါရီလ ၂၀ ရက် ၂၀၂၃ ခုနှစ်) | VOA on Mizzima
https://youtu.be/XB1d4h8Tcj4

ယူကရိန်းနိုင်ငံက အဂတိလိုက်စားမှုပြတိုက်အကြောင်း ကမ္ဘာတလွှားခရီးသွားအစီအစဉ်ကနေ တင်ဆက်ပေးမယ့်အပြင် သတင်းထဲက အင်္ဂလိပ်စာ၊ အာရှစီးပွားရေးကဏ္ဍမှာ တင်ဆက်ထားတာကို ဖေဖော်ဝါရီလ ၂၀ ရက်၊…

👍2🤮1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_14 seg_1
Watch more detail - https://youtu.be/wHoHbletOsw
#myanmardramaseries #lovestory #BLSeries #reel

👍1🍌1
စစ်အုပ်ချုပ်ရေးကြေညာထားသော နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မန်ကျည်းပင်ရွာဘက်မှ တောလမ်းအတိုင်း တက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ရစ်ကွင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နတ်တလင်းမြို့နယ် ရစ်ကွင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦးပြင်းထန်ဒဏ်ရာရသွားသည်ဟု ထုတ်ပြန်ချက် အရ သိရသည်။
“ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်က ကျောရှည်ဘက်ကနေ ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ် တွေတက်လာပါတယ်။ တောင်ညိုဆည်အတွင်း ဒေသခံတွေရဲ့ ကြက်တွေဘဲတွေကိုလည်း ရိုက်ယူသွား တယ်၊ ပိုက်ဆံ ၁၃၀,၀၀၀ နဲ့ ဖုန်းနှစ်လုံးလည်းပါသွားတယ်လို့ ဒေသခံတွေကပြောတယ်” ဟု နတ်တလင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် လက်ရှိတွင် ဆပ်သေမြောင်၌ စခန်းချနေထိုင်နေသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရကြောင်းလည်း ဆိုသည်။
စစ်ကောင်စီတပ်များသည် နတ်တလင်းမြို့အရှေ့ဘက် တောင်ညိုဆည်အနီးတွင် အထိုင်ချတပ်စွဲထားပြီး နတ်တလင်းဘက်မှ တောင်ညိုဆည်ဘက်သို့ အင်အားဖြည့်ရန်လာသည်များရှိသကဲ့သို့ တောင်ညိုဆည် အနီးတပ်စခန်းများမှတဆင့် PDF များရှိသည်ဟု သတင်းရရာနေရာများသို့ စစ်ကြောင်းထိုးခြင်းများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
“ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ တောင်ညိုဆည် မကျီးပင်လှေဆိပ်မှာ စစ်ကောင်စီတပ်တွေ အရင်ကတည်း ကတပ်စွဲထားပါတယ်၊ ခုတက်လာတဲ့စစ်ကောင်စီတပ်တွေက မကျီးပင်ကနေတဆင့် လာတယ်လို့ သိရ ပါတယ်” ဟု နတ်တလင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
“တိုက်ပွဲတွေက ရိုးမတောင်ခြေအစပ်နဲ့ ရွာတွေဘက်မှာဖြစ်တာများတယ် မြို့ထဲမှာတော့ မင်္ဂလာ အဆောင် မပျက်ကြပါဘူးဗျာ” ဟု နတ်တလင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နတ်တလင်းမြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က နတ်တလင်းမြို့မှ မန်ကျည်းပင်ရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကားနှစ်စီးအား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF(Nattalin PDF) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပဲခူးတိုင်းစစ်ဒေသခွဲ လက်အောက်တွင် တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်ဟူ၍ ခရိုင်လေးခုဖွဲ့စည်းလှုပ်ရှားနေပြီး တပ်ရင်း (၃၈၀၁) သည် သာယာဝတီ ခရိုင်တပ်ရင်းဖြစ်ကာ နတ်စစ်သည်တပ်ဖွဲ့သည် ယင်းတပ်ရင်း၏ လက်အောက်ခံတပ်ခွဲတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း တပ်ရင်း (၃၈၀၁) တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့သည် မဟာမိတ် တပ်ဖွဲ့များဖြစ်သော သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)တပ်ခွဲ (၁) Zigon PDF ၊ တပ်ခွဲ (၂) Phoenix DF ၊ တပ်ခွဲ (၄) MRF Nattalin တို့နှင့်အတူ နတ်တလင်းမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ် တိုင်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#နတ်တလင်းမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်

👍10🔥1👏1🥱1