Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.8K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တိဗက်ရှိ အခြေခံအဆောက်အအုံများကို တရုတ်က ရည်ရွယ်ချက် ၂ မျိုးဖြင့် အသုံးပြုရန် စီစဉ်ထား

တရုတ်၏ အခြေခံအဆောက်အအုံဆိုင်ရာ အစီအစဉ်သစ်ဖြစ်သော ၂၀၂၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည့် ကီလိုမီတာ ၄ ၀ဝ၀ အရှည်ရှိ ရထားလမ်းဖောက်လုပ်ခြင်းနှင့် ၂၀၃၅ ခုနှစ်အမီ အပြီးတည်ဆောက်မည့် လေဆိပ်အသစ် ၅၉ ခုနှင့် ရဟတ်ယာဉ်ကွင်း ၃၀ဝ တို့သည် တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တစ်ဝန်းတွင် အကောင်အထည်ဖော်မည်ဖြစ်ကာ ယင်းအဆောက်အအုံများသည် တရုတ်တပ်ဖွဲ့များကို လျှင်မြန်စွာ တပ်ဖြန့်နိုင်မည်ဖြစ်သလို တိဗက်ယဉ်ကျေးမှုအား တရုတ်ဇာတ်သွင်းခြင်းမဟာဗျူဟာကို အားဖြည့်ပေးမည်ဖြစ်သောကြောင့် ရည်ရွယ်ချက် နှစ်မျိုးရှိနေကြောင်း Tibet Right Collective က ဖော်ပြသည်။
👍8🔥1
​​တရုတ်၏ အတိုးမဲ့ချေးငွေထောင်ချောက်ကို အာဖရိကနိုင်ငံများ သတိထားနေရ

သီရိလင်္ကာ၏ စီးပွားရေးအကျပ်အတည်း နမူနာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီးနောက် တရုတ်နိုင်ငံ၏ အတိုးမဲ့ချေးငွေထောင်ချောက်ထဲတွင် ကျရောက်နေသည့် အာဖရိကနိုင်ငံများသည် တရုတ်က ၎င်းတို့အား ငွေကြေးအကျပ်အတည်းမှ မကယ်တင်မည်ကို စိုးရိမ်နေကြသည်ဟု Pardafas.com ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
❤4👍4🔥1
​​Dark Shadow UG တပ်ဖွဲ့အမည်ကိုအသုံးချပြီး လိမ်လည်အလှူခံမှုများရှိနေဟုဆို

ဂန္ဓမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Dark Shadow UG အဖွဲ့၏ အမည်ကိုအသုံးချကာ လိမ်လည်အလှူခံမှုများရှိကြောင်း ယင်းအဖွဲ့၏သတင်းပြန်ကြားရေးတာဝန်ခံ စီဂျီ က မဇ္ဈိမသို့ ပြောသည်။
“ Dark Shadow အဖွဲ့အနေနဲ့ အလှူခံတာမျိုးလည်းရှိသလို၊ ကျနော်တို့လက်အောက်က အဖွဲ့အစည်းဆို ပြီး လိမ်ညာအလှူခံတာမျိုးတွေရှိပါတယ်။ ကျနော်တို့အခုလက်ရှိ ဘယ်အဖွဲ့အစည်းနဲ့မှ မဟာမိတ်မဖွဲ့ သလို ချိတ်ဆက်ထားခြင်းလည်းမရှိပါဘူး ”ဟု ၎င်းကဆိုသည်။
ယခုကဲ့သို့ တပ်ဖွဲ့အမည်ကိုအသုံးချကာ လိမ်လည်နေမှုများရှိနေသည်ကို အသိရဲဘော်ရဲဘက်များနှင့် ပြည်သူများထံမှတစ်ဆင့် ပြန်လည်သိရှိခဲ့ခြင်းဟု တာဝန်ခံစီဂျီက ပြောသည်။ ထိုသူများသည် Dark Shadow UG အတွက် အမြဲကူညီပေးနေသူများဖြစ်သောကြောင့် လိမ်လည်နေသောအဖွဲ့အစည်းမှာ Dark Shadow အဖွဲ့၏ လက်အောက်ခံအဖွဲ့ ဟုတ်၊ မဟုတ် အတည်ပြုရာမှ သိရှိရကြောင်းဆိုသည်။
“ကျွန်တော်တို့ကိုယ်တိုင်လည်း ဘယ်သူ့လက်အောက်မှမဝင်ပါဘူး။ ကျနော်တို့ရဲ လုပ်ဆောင်ချက်တိုင်း က စစ်အာဏာရှင်စနစ်ကျဆုံးဖို့ပါပဲ။ ဒီတော်လှန်ရေးပြီးရင် ကျွန်တော်တို့နဲ့ သက်ဆိုင်ရာအလုပ်တွေ ပြန် လုပ်မယ်။ ကျောင်းတတ်တဲ့သူက ကျောင်းပြန်တတ်မယ် ဒါပါပဲ။ ကျနော်တို့ Dark Shadow ကို အမြဲ ယုံယုံ ကြည်ကြည်နဲ့ထောက်ပံ့ပေးနေတဲ့ ပြည်သူတွေရဲ့အင်အားနဲ့ပဲ သွားနေတာပါ ” ဟု သတင်းပြန်ကြားရေး တာဝန်ခံက ဆက်ပြောသည်။
ထို့ကြောင့် တော်လှန်ရေးဗန်းပြ အလှူခံသည်သူများ နေရာတိုင်းတွင်ရှိသည့်အတွက် အထူးသတိထားစေ လိုပြီး ပြည်သူများအနေဖြင့် သေချာသည့်အဖွဲ့အစည်းကို စုံစမ်းပြီးမှ တိုက်ရိုက်ထောက်ပံ့ပေးစေလို ကြောင်းဆိုသည်။
Dark Shadow UG တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အတွင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ တစ်နှစ်ကျော်ကာလအတွင်း စစ်ရေးတိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ပြုလုပ်နိုင်ခဲ့ကြောင်း ၎င်းတို့အဖွဲ့၏ တစ်နှစ်တာလုပ်ဆောင်ချက် တွင်ထည့်သွင်းထုတ်ပြန်ခဲ့သည်။
Dark Shadow UG အဖွဲ့အမည်ဖြင့် လိမ်လည်အလှူခံနေမှုများကိုတွေ့ရှိ၍ သတင်းပေးလိုပါက @CGDarkShadowYgnUG အမည်ရှိ တယ်လီဂရမ်အကောင့်သို့ ဆက်သွယ်နိုင်ကြောင်းလည်း အသိပေး ထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#Dark_Shadow_UG
#တော်လှန်ရေး
#အလှူငွေ
#လိမ်လည်
👍7😁2
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_14 seg_1

Watch more detail - https://youtu.be/wHoHbletOsw

#myanmardramaseries #lovestory #BLSeries #reel
👍1🍌1
​​စစ်အုပ်ချုပ်ရေးကြေညာထားသော နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

ရွှေနွယ်
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ မန်ကျည်းပင်ရွာဘက်မှ တောလမ်းအတိုင်း တက်လာသော အင်အား ၃၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ရစ်ကွင်းကျေးရွာအနီးတွင် မိုင်းဆွဲတိုက် ခိုက်ခဲ့သည်ဟု သာယာဝတီခရိုင် တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
နတ်တလင်းမြို့နယ် ရစ်ကွင်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ သုံးဦးပြင်းထန်ဒဏ်ရာရသွားသည်ဟု ထုတ်ပြန်ချက် အရ သိရသည်။
“ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက် ၁၁ နာရီလောက်က ကျောရှည်ဘက်ကနေ ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီ တပ် တွေတက်လာပါတယ်။ တောင်ညိုဆည်အတွင်း ဒေသခံတွေရဲ့ ကြက်တွေဘဲတွေကိုလည်း ရိုက်ယူသွား တယ်၊ ပိုက်ဆံ ၁၃၀,၀၀၀ နဲ့ ဖုန်းနှစ်လုံးလည်းပါသွားတယ်လို့ ဒေသခံတွေကပြောတယ်” ဟု နတ်တလင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် လက်ရှိတွင် ဆပ်သေမြောင်၌ စခန်းချနေထိုင်နေသည်ဟု ဒေသခံများ၏ပြောဆိုချက်အရ သိရကြောင်းလည်း ဆိုသည်။
စစ်ကောင်စီတပ်များသည် နတ်တလင်းမြို့အရှေ့ဘက် တောင်ညိုဆည်အနီးတွင် အထိုင်ချတပ်စွဲထားပြီး နတ်တလင်းဘက်မှ တောင်ညိုဆည်ဘက်သို့ အင်အားဖြည့်ရန်လာသည်များရှိသကဲ့သို့ တောင်ညိုဆည် အနီးတပ်စခန်းများမှတဆင့် PDF များရှိသည်ဟု သတင်းရရာနေရာများသို့ စစ်ကြောင်းထိုးခြင်းများလည်း ရှိသည်ဟု ဒေသခံများက ပြောသည်။
“ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ တောင်ညိုဆည် မကျီးပင်လှေဆိပ်မှာ စစ်ကောင်စီတပ်တွေ အရင်ကတည်း ကတပ်စွဲထားပါတယ်၊ ခုတက်လာတဲ့စစ်ကောင်စီတပ်တွေက မကျီးပင်ကနေတဆင့် လာတယ်လို့ သိရ ပါတယ်” ဟု နတ်တလင်းဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆိုသည်။
“တိုက်ပွဲတွေက ရိုးမတောင်ခြေအစပ်နဲ့ ရွာတွေဘက်မှာဖြစ်တာများတယ် မြို့ထဲမှာတော့ မင်္ဂလာ အဆောင် မပျက်ကြပါဘူးဗျာ” ဟု နတ်တလင်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နတ်တလင်းမြို့အပါအဝင် ပဲခူးတိုင်းအတွင်းရှိ မြို့နယ် ငါးမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။
ထိုကဲ့သို့ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ဖေဖော်ဝါရီလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က နတ်တလင်းမြို့မှ မန်ကျည်းပင်ရွာသို့ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကားနှစ်စီးအား သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၁)၊ တပ်ခွဲ (၂) Phoenix DF(Nattalin PDF) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပဲခူးတိုင်းစစ်ဒေသခွဲ လက်အောက်တွင် တောင်ငူခရိုင်၊ ပြည်ခရိုင်၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်ဟူ၍ ခရိုင်လေးခုဖွဲ့စည်းလှုပ်ရှားနေပြီး တပ်ရင်း (၃၈၀၁) သည် သာယာဝတီ ခရိုင်တပ်ရင်းဖြစ်ကာ နတ်စစ်သည်တပ်ဖွဲ့သည် ယင်းတပ်ရင်း၏ လက်အောက်ခံတပ်ခွဲတစ်ခုဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း တပ်ရင်း (၃၈၀၁) တပ်ခွဲ (၃) နတ်စစ်သည်တပ်ဖွဲ့သည် မဟာမိတ် တပ်ဖွဲ့များဖြစ်သော သာယာဝတီခရိုင် တပ်ရင်း(၃၈၀၁)တပ်ခွဲ (၁) Zigon PDF ၊ တပ်ခွဲ (၂) Phoenix DF ၊ တပ်ခွဲ (၄) MRF Nattalin တို့နှင့်အတူ နတ်တလင်းမြို့နယ်အတွင်း၌ စစ်ကောင်စီစစ်ကြောင်းကို နှစ်ကြိမ် တိုင်တိုင်မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံးခဲ့ပြီး ကိုးဦးအပြင်း အထန် ဒဏ်ရာရရှိခဲ့သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ပဲခူးတိုင်း
#နတ်တလင်းမြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
👍10🔥1👏1🥱1
​​ပါကစ္စတန်ရှိ ကောင်စစ်ဝန်ဌာနကို တရုတ်သံရုံးက ယာယီပိတ်သိမ်း

ပါကစ္စတန်တရုတ်သံရုံးက အစ္စလာမာဘတ်မြို့ရှိ ကောင်စစ်ဝန်ဌာနကို ဖေဖော်ဝါရီ ၁၃ ရက်မှ စတင်၍ နောက်ထပ်ကြေညာချက်တစ်စုံတစ်ရာမထုတ်ပြန်မချင်း ခေတ္တ ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာထားသည်။
🔥1
❤6🔥1
ဒီးမော့ဆို ကုန်းသာကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၆ ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

Ko Zarni
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းတပ်စွဲထားသော စစ်ကောင်စီ တပ်ဖွဲ့ ကင်းပတ်ရန်ထွက်‌ခွာနေစဥ် ကယား(ကရင်နီ)တပ်ပေါင်းစု(KRU)နှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့သည်ဟု သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၅ နာရီ မှ ၆ နာရီအထိ ဖြစ်ပွားခဲ့‌သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ခြောက်ဦးခန့်သေဆုံးပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိသည်ဟု KRU က ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“တိုက်ပွဲမှာ ရန်သူဘက်က ခြောက်ဦးခန့်သေဆုံးတဲ့အပြင် MA-1 သေနတ်တစ်လတ်၊ ကျည်ဘောက် သုံးဘောက်၊ ကျည် ၂၂၅ တောင့် ရယူနိုင်ခဲ့တယ်” ဟု KRU အဖွဲ့ က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီး အသုံးပြုတိုက်ခိုက်သော်လည်း တပ်ပေါင်းစုအဖွဲ့ဘက်မှ တစ်စုံတရာ ထိခိုက်မှုမရှိကြောင်းလည်း ထုတ်ပြန်ထားသည်။
ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU)သည် ကရင်နီဒေသအတွင်း စစ်ကောင်စီတပ်ကို အဆုံး ထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ကောင်စီတပ်
#KRU
#တိုက်ပွဲဖြစ်ပွား
👍15😁2🔥1
​​ဘင်္ဂလားဒေ့ရှ် အဓိကအတိုက်အခံသတင်းစာ ထုတ်ဝေခွင့် အပိတ်ခံရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိကအတိုက်အခံပါတီ၏ တစ်ခုတည်းသော သတင်းစာကို ထုတ်ဝေခွင့် ရပ်ဆိုင်းခိုင်းသည့် အစိုးရညွှန်ကြားချက်တစ်ရပ် အတည်ပြုထွက်ပေါ်ပြီးနောက် ဖေဖေါ်ဝါရီ ၂၀ ရက်တွင် အဆိုပါသတင်းစာ၏ ထုတ်ဝေမှု ရပ်ဆိုင်းသွားခဲ့သည်။ ယင်းက အဆိုပါတောင်အာရှနိုင်ငံတွင် သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1😁1
​​ကျောက်မဲတွင် စစ်ကောင်စီနှင့် TNLA တိုက်ပွဲဖြစ်၊ စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရ
---------
ရှမ်းပြည်မြောက်​ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးကာ ငါးဦး ဒဏ်ရာရခဲ့သည်။
ယနေ့မနက် ၇ နာရီက စစ်ကောင်စီ စကခ(၁၆)နှင့် ခလရ(၆၈) အင်အား (၆၀)ခန့်သည် TNLA တပ်ဖွဲ့ရှိရာ နန်းခုံနှင့် လမ်းဆုံရွာကြား ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်ဟု TNLA က ယနေ့ညနေ၌ ထုတ်ပြန်ထားသည်။
​တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရဟတ်ယာဥ် အသုံးပြုပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
TNLA ၏အရာရှိတစ်ဦးက စစ်ကောင်စီဘက် စတင်ထိုးစစ်ဆင် တိုက်ခိုက်လာသောကြောင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အတည်ပြု ပြောဆိုထားသည်။
တိုက်ပွဲသည် နှစ်နာရီ​​ကျော်ကြာ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ သေနတ် နှစ်လက်၊ စက်သေနတ် တစ်လက်၊ RPG တစ်လက်၊ လက်ပစ်ဗုံးနှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားသည်။
TNLA သည် စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ခြင်း မရှိသည့်အပြင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ဖော်ပြောဆိုထားဖူးသည်။
👍21❤1🔥1🥱1
​​PSDA ကို ဖျက်သိမ်းပြီး မူဆယ်ဗျူဟာအဖွဲ့ ပြန်လည်ဖွဲ့စည်း
-------
မူဆယ် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ (PSDA)ကို ဖျက်သိမ်းပြီး မူဆယ်ဗျူဟာ (Tactic Of Muse)အဖြစ် ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။
PSDA သည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီ ၂၅ ရက်က ဒေါနသံလွင်က ဦးဆောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလ ၄ ရက်တွင် ဒေါနသံလွင်က နမ့်ဖာတန်း တိုက်ပွဲ၌ ကျဆုံးခဲ့ပြီး ရွှေလီခေါ် အေးမင်းဇော်က ဗဟိုတာဝန်ခံအဖြစ် တာဝန်ထမ်း​ေဆာင်ခဲ့သည်။
ရွှေလီ ဦးစီးသည့်ကာလအတွင်း PSDA တပ်တွင်း စည်းလုံးညီညွတ်မှု လျော့နည်းလာသောကြောင့် တပ်တွင်းဆူပူမှု ဖြစ်ပွားခဲ့ကြောင်း တပ်ဖွဲ့ထဲ တာဝန်ထမ်းဆောင်ခဲ့ဖူးသူတစ်ဦးက ပြောသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီခွဲတွင် နော်ဝမ်းခေါ် ဝေယံလင်းက တပ်ဖွဲ့ဝင်တချို့ ဦးဆောင်ပြီး PSDA တပ်ဖွဲ့မှ တရားဝင် နုတ်ထွက်သွားသည့် တပ်ဖွဲ့ဝင် ၁၄ဦးကို ရွှေလီ၏ ညွှန်ကြားမှုဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ပစ်ခတ်မှုကြောင့် အခင်းဖြစ်ပွားသည့်နေရာမှာတင် တပ်ဖွဲ့ဝင် ခြောက်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီးတော့ လေးဦး ဖမ်းဆီးခံရကာ ကျန် လေးဦးက ဒဏ်ရာနှင့် ထွက်ပြေးလွှတ်မြောက်သွားသည်။
ရွှေလီနှင့် အပေါင်းအပါကို အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန (MoD)နှင့် EROs က ပူးပေါင်းအရေးယူခဲ့သည်။
မူဆယ်ဗျူဟာ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒိုးက "ကျနော်တို့ ရန်ပုံငွေ သိန်းထောင်ချီ ရှိတယ်လို့ ကျနော် ကြားမိတယ်။ အဲအချိန်တုန်းက ရှေ့တန်းကြီးပဲ ထွက်နေရတော့ မသိဘူး။ ကြားတော့ ကြားနေရတယ်။ ဒါပေမဲ့ ရှေ့တန်းမှာ စားနေရတာကြတော့ ရှူးရှဲ၊ စွန်ထန် တခါတလေ ရိက္ခာတောင် ရောက်မလာဘူး။ နီးစပ်ရာ ရွာတွေမှာဘဲ အလှူခံပြီး စားနေရတယ်" ဟု ၎င်းက ပြောသည်။
လက်ရှိ မူဆယ်ဗျူဟာအနေနှင့် PSDA ဖြစ်စဥ်အား အကောင်းဆုံး သင်ခန်းစာယူပြီး ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း မူဆယ်ဗျူဟာ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဒိုးက ပြောပါသည်။
“အခုကြတော့ ပြန်လည်ဖွဲ့စည်းလိုက်တဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက် ညီအစ်ကိုလို မိသားစုလို ဆက်လက်ပြီးသွားမယ်။ ငွေရေးကြေးရေး အရှုပ်တော်ပုံ ဖြစ်မလာအောင် စည်းကမ်းချက်တွေ သတ်မှတ်ပြီး ဘဏ္ဍာရေးမှူး၊ ရုံးအုပ်၊ တာဝန်ခံအနေနဲ့ သူ့အတိုင်းအတာနဲ့ ပြန်လည်ဖြေရှင်းပေးနိုင်ရမယ်”
မူဆယ်ဗျူဟာအား ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်က ပြန်လည်ဖွဲ့စည်းပြီးနောက် ထွက်ပြေးသွားကြသည့် PSDA တပ်ဖွဲ့ဝင်ဟောင်းတချို့ ပြန်လည်ပူးပေါင်းမှု ရှိခဲ့သည်ဟု ဆိုသည်။
👍14🤮1🥴1