Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_22 Seg_2 | တို့ဟူးနွေ
Watch more detail - https://youtu.be/kyev2VkXv3U
#thecookingguy #mizzimatv #reels #shorts #cooking

👍1💩1
ထိုင်ဝမ်ကမ်းလွန်ကျွန်းငယ်ပေါ်တွင် တရုတ်မိုးလေဝသပူဖောင်း အပျက်အစီးများ တွေ့ရှိ
=======================
ထိုင်ဝမ်စစ်တပ်သည် တရုတ်နိုင်ငံအနီး ကမ်းလွန်ပင်လယ်ပြင်ရှိ ကျွန်းငယ်တစ်ခုပေါ်တွင် တရုတ်မိုးလေဝသပူဖောင်းအပျက်အစီးဟု ယူဆရသည့်အရာကို ဖေဖော်ဝါရီလ ၁၆ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်သည်။
ထိုင်ဝမ် လီယန်ချန်းကောင်တီအုပ်ချုပ်မှုအောက်ရှိ မာ့ဆုကျွန်းစု၏ အစိတ်အပိုင်းဖြစ်သော ဒုန်ယင်ကျွန်းငယ်အား စောင့်ကြပ်နေသည့် ထိုင်ဝမ်စစ်တပ်ဒုန်ယင်နယ်မြေကွပ်ကဲမှုအဖွဲ့မှ တာဝန်ရှိသူများက တရုတ်မှ လွှင့်တင်လိုက်သည်ဟု ယူဆရသည့် မိုးလေဝသပူဖောင်း၏ အပျက်အစီးများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ ကီလိုမီတာ ၄၀ ခန့်အကွာတွင်ရှိသော အဆိုပါ ကျွန်းငယ်သည် တရုတ်နိုင်ငံနှင့် အနီးကပ်ဆုံး ထိုင်ဝမ်ထိန်းချုပ်နယ်မြေများထဲမှ တစ်ခုဖြစ်သည်။

🔥1🤬1
ပါကစ္စတန်၏ လက်ရှိအကျပ်အတည်းနှင့် အကြမ်းဖက်မှုများက အစိုးရမူဝါဒအားနည်းချက်ကြောင့်ဟု လုံခြုံရေးဖိုရမ် ထောက်ပြ
===================
ပါကစ္စတန်တွင် အဆင်မ်မူနား စစ်ဦးစီးချုပ်ဖြစ်လာပြီးနောက် နိုင်ငံအတွင်း တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများသည် အဆိုးရွားဆုံးသောစီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းကိုရင်ဆိုင်နေရသည့် ပါကစ္စတန်အတွက် အဓိက ပြဿနာကြီးဖြစ်လာပြီး ထိုသို့ဖြစ်ရခြင်းမှာ မူဝါဒဖွဲ့စည်းပုံတွင် လစ်ဟာမှုများရှိခြင်းနှင့် အာဏာရှိသူများက အကြမ်းဖက်မှုကို အထောက်အပံ့ပြုနေခြင်းကြောင့် ဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လုံခြုံရေးဖိုရမ် (IFFRAS) မှ ဖော်ပြထားသည်။
တီရစ်-အီ-တာလီဘန်ပါကစ္စတန် (TTP) နှင့် ၎င်း၏အဖွဲ့ဝင်များသည် ပြီးခဲ့သည့် ၃ လအတွင်း တိုက်ခိုက်မှုအကြိမ်ပေါင်း ၁၆၀ ပြုလုပ်ခဲ့ကာ လူပေါင်း ရာနှင့်ချီ၍ သေဆုံးခဲ့သလို ၎င်းဖြစ်ရပ်များက အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ဆောင်မည့် နိုင်ငံကာကွယ်ရေးစနစ်၏ အားနည်းချက်များကို ပြသနေသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
ပါ့ရှ်ဝါရဲစခန်းဝင်းအတွင်းရှိ ဗလီတွင် ဝတ်ပြုနေကြစဉ်အတွင်း အသေခံ ဗုံးခွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁၀၃ ဦး သေဆုံး၍ ၂၀၀ ခန့် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ကို ကိုးကား၍ တိုရွန်တိုအခြေစိုက် အကျိုးအမြတ်မယူသော လွတ်လပ်သည့် အကြံပေးအဖွဲ့ IFFRAS က ဖော်ပြခဲ့သည်။

👍3👏1😁1
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထားခရီးစဉ် | VOA on Mizzima
=====================
ယူကရိန်းစစ်ပွဲ အစောပိုင်းကာလတွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ဥရောပတစ်ခွင် အခမဲ့ခရီးသွားလာခွင့်ရခဲ့ပါတယ်။ စစ်ပွဲ တနှစ်ကြာလာတဲ့အခုချိန်ထိ နိုင်ငံတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို စေတနာ့ဝန်ထမ်းတွေပြေးဆွဲပေးနေတဲ့ ပိုလန်-ဂျာမနီ အခမဲ့ ရထားခရီးစဉ်တွေလည်း ဆက်ရှိနေတာပါ။ Henry Ridgwell သတင်းပေးပို့ထားပါတယ်။
https://youtu.be/-NFjy4rwEEg
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ယူကရိန်းဒုက္ခသည်တွေအတွက် အခမဲ့ ရထားခရီးစဉ် | VOA on Mizzima
ယူကရိန်းစစ်ပွဲ အစောပိုင်းကာလတွေအတွင်း အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ဥရောပတစ်ခွင် အခမဲ့ခရီးသွားလာခွင့်ရခဲ့ပါတယ်။ စစ်ပွဲ တနှစ်ကြာလာတဲ့အခုချိန်ထိ နိုင်ငံတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ ရှိနေသေးသလို စေတနာ့ဝန်ထမ်းတွေပြေးဆွဲပေးနေတဲ့ ပိုလန်…
👍4😁2
ယူကရိန်းလက်နက်ထပ်ပေးဖို့ ၅၄ နိုင်ငံပြင်ဆင် | VOA on Mizzima
=======================
ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေပါတယ်။ ဗီအိုအေ သံတမန်ရေးရာသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။
https://youtu.be/BJqgPMN5UWM
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး မဟာမိတ်အဖွဲ့ အနေနဲ့ ယူကရိန်း လိုအပ်တဲ့ လက်နက်ခဲယမ်း၊ လောင်စာနဲ့ အပိုပစ္စည်းတွေ ဖြည့်ဆည်းပေးဖို့ အာရုံစိုက်နေပါတယ်။ ဗီအိုအေ သံတမန်ရေးရာသတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ဆက်ထားပါတယ်။
https://youtu.be/BJqgPMN5UWM
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ယူကရိန်းလက်နက်ထပ်ပေးဖို့ ၅၄ နိုင်ငံပြင်ဆင် | VOA on Mizzima
ယူကရိန်းလက်နက်ထပ်ပေးဖို့ ၅၄ နိုင်ငံပြင်ဆင် | VOA on Mizzima
ရုရှားတပ်တွေကို ယူကရိန်းတပ်တွေက နွေဦးပေါက်လောက်မှာ တန်ပြန်ထိုးစစ်ဆင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကပြောကြားလိုက်ပြီး နိုင်ငံပေါင်း ၅၄ နိုင်ငံပါဝင်တဲ့ ယူကရိန်းကာကွယ်ရေး…

👍4❤1🤮1
စွန့်ပစ်စစ်လက်နက်ကနေ ပြောင်းလဲထားတဲ့ ပရိဘောဂများ | VOA on Mizzima
=======================
တနှစ်နီးပါး စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက စွန့်ပစ် စစ်မြေပြင်သုံးပစ္စည်းတွေကို ပရိဘောဂအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒီပစ္စည်းတွေရောင်းရငွေကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
https://youtu.be/7dlbrvYnfIQ
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
--------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
တနှစ်နီးပါး စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက စွန့်ပစ် စစ်မြေပြင်သုံးပစ္စည်းတွေကို ပရိဘောဂအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒီပစ္စည်းတွေရောင်းရငွေကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
https://youtu.be/7dlbrvYnfIQ
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
--------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စွန့်ပစ်စစ်လက်နက်ကနေ ပြောင်းလဲထားတဲ့ ပရိဘောဂများ | VOA on Mizzima
တနှစ်နီးပါး စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံက စွန့်ပစ် စစ်မြေပြင်သုံးပစ္စည်းတွေကို ပရိဘောဂအဖြစ် ပြောင်းလဲဖန်တီးထားပါတယ်။ ဒီပစ္စည်းတွေရောင်းရငွေကို ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့အတွက် ရန်ပုံငွေအဖြစ် ထောက်ပံ့မှာ ဖြစ်ပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော်…
👍1🔥1
နျူးကလီးယားလက်နက် START စာချုပ်သစ်နဲ့ ရုရှားလုပ်ရပ် | VOA on Mizzima
========================
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား နှစ်နိုင်ငံကြား နောက်ဆုံး ကျန်နေသေးတဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက် START စာချုပ်သစ်ကို ရုရှားဘက်က ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောဆိုထားပါတယ်။ START သဘောတူညီချက်အရ လိုက်နာဆောင်ရွက်ရမယ့် နျူကလီးယား စက်ရုံ စစ်ဆေးမှုတွေကို ရုရှားက ပြီးခဲ့တဲ့သြဂုတ်လက စပြီး ရပ်ဆိုင်းခဲ့တာပါ။ ဗွီအိုအေ အကြီးတန်း သံတမန် သတင်းထောက် Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
https://youtu.be/50CvcAlegz0
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား နှစ်နိုင်ငံကြား နောက်ဆုံး ကျန်နေသေးတဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက် START စာချုပ်သစ်ကို ရုရှားဘက်က ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောဆိုထားပါတယ်။ START သဘောတူညီချက်အရ လိုက်နာဆောင်ရွက်ရမယ့် နျူကလီးယား စက်ရုံ စစ်ဆေးမှုတွေကို ရုရှားက ပြီးခဲ့တဲ့သြဂုတ်လက စပြီး ရပ်ဆိုင်းခဲ့တာပါ။ ဗွီအိုအေ အကြီးတန်း သံတမန် သတင်းထောက် Cindy Saine ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
https://youtu.be/50CvcAlegz0
#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
နျူးကလီးယားလက်နက် START စာချုပ်သစ်နဲ့ ရုရှားလုပ်ရပ် | VOA on Mizzima
အမေရိကန်ပြည်ထောင်စုနဲ့ ရုရှား နှစ်နိုင်ငံကြား နောက်ဆုံး ကျန်နေသေးတဲ့ နျူကလီးယား လက်နက်ဆိုင်ရာ သဘောတူညီချက် START စာချုပ်သစ်ကို ရုရှားဘက်က ချိုးဖောက်နေတယ်လို့ အမေရိကန်အစိုးရက ပြောဆိုထားပါတယ်။ START သဘောတူညီချက်အရ လိုက်နာဆောင်ရွက်ရမယ့် နျူကလီးယား စက်ရုံ စစ်ဆေးမှုတွေကို…
👍3😁1
စစ်ကောင်စီကို လှည့်စားနိုင်တဲ့ ပြည်တွင်းထောက်ပို့တွေ (ဆောင်းပါး)
======================
နွေဦးတော်လှန်ရေး နှစ်နှစ်ကျော် ကာလမှာ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို ဖြုတ်ချလိုတဲ့ ဆန္ဒတွေ ပြင်းပြနေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း အင်တိုက်အားတိုက် ရှာဖွေနေတာ ကမ္ဘာကတောင် အံ့သြ ချီးကျူးရတဲ့ အထိပါပဲ။တော်လှန်ရေးရန်ပုံငွေကို နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေတာ မြန်မာတစ်နိုင်ငံတည်း တွေ့ဖူးသေးကြောင်းကို အမေရိကန်နိုင်ငံက တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေး သုတေသနပြုသူ ပါမောက္ခတစ်ဦးက ပြောခဲ့ဖူးပါတယ်။အဲဒီလို တော်လှန်ရေးရန်ပုံငွေ ရှာဖွေကြရမှာ ပြည်ပရောက်မြန်မာတွေရဲ့ အားက မသေးလှပါဘူး။ ဈေးရောင်းပွဲ၊ လေလံတင်ပွဲ အစရှိတဲ့ ပွဲတွေလုပ်ပြီး ရှာဖွေကြသလို ဖျော်ဖြေပွဲတွေကျင်းပပြီး ရန်ပုံငွေရှာဖွေတာတွေလည်း ရှိပါတယ်။ထူးထူးခြားခြားပုံစံမျိုးတွေနဲ့ ရန်ပုံငွေရှာတာတွေလည်း တွေ့ရပါတယ်။ နွေဦးထီရောင်းတာ၊ ပြည်တွင်းက စစ်ကောင်စီသိမ်းထားတဲ့ မြေကွက်တွေ ရောင်းတာ၊ ကွန်ဒိုတွေ ကြိုရောင်းတာမျိုး၊ PDF ဂိမ်းတီထွင်ပြီး အဲဒီကနေရှာတာ၊ ကလစ်ရုံနဲ့ ငွေရတာ စတဲ့ ရန်ပုံငွေ ရှာဖွေတဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး တော်လှန်ရေး အတွက် ရန်ပုံငွေကို ရှာကြပါတယ်။
https://youtu.be/oHB0R1Vf9J0
#newsfeature
#politics
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
နွေဦးတော်လှန်ရေး နှစ်နှစ်ကျော် ကာလမှာ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို ဖြုတ်ချလိုတဲ့ ဆန္ဒတွေ ပြင်းပြနေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း အင်တိုက်အားတိုက် ရှာဖွေနေတာ ကမ္ဘာကတောင် အံ့သြ ချီးကျူးရတဲ့ အထိပါပဲ။တော်လှန်ရေးရန်ပုံငွေကို နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေတာ မြန်မာတစ်နိုင်ငံတည်း တွေ့ဖူးသေးကြောင်းကို အမေရိကန်နိုင်ငံက တော်လှန်ရေးရန်ပုံငွေ ရှာဖွေရေး သုတေသနပြုသူ ပါမောက္ခတစ်ဦးက ပြောခဲ့ဖူးပါတယ်။အဲဒီလို တော်လှန်ရေးရန်ပုံငွေ ရှာဖွေကြရမှာ ပြည်ပရောက်မြန်မာတွေရဲ့ အားက မသေးလှပါဘူး။ ဈေးရောင်းပွဲ၊ လေလံတင်ပွဲ အစရှိတဲ့ ပွဲတွေလုပ်ပြီး ရှာဖွေကြသလို ဖျော်ဖြေပွဲတွေကျင်းပပြီး ရန်ပုံငွေရှာဖွေတာတွေလည်း ရှိပါတယ်။ထူးထူးခြားခြားပုံစံမျိုးတွေနဲ့ ရန်ပုံငွေရှာတာတွေလည်း တွေ့ရပါတယ်။ နွေဦးထီရောင်းတာ၊ ပြည်တွင်းက စစ်ကောင်စီသိမ်းထားတဲ့ မြေကွက်တွေ ရောင်းတာ၊ ကွန်ဒိုတွေ ကြိုရောင်းတာမျိုး၊ PDF ဂိမ်းတီထွင်ပြီး အဲဒီကနေရှာတာ၊ ကလစ်ရုံနဲ့ ငွေရတာ စတဲ့ ရန်ပုံငွေ ရှာဖွေတဲ့ နည်းလမ်းပေါင်းစုံ သုံးပြီး တော်လှန်ရေး အတွက် ရန်ပုံငွေကို ရှာကြပါတယ်။
https://youtu.be/oHB0R1Vf9J0
#newsfeature
#politics
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ကောင်စီကို လှည့်စားနိုင်တဲ့ ပြည်တွင်းထောက်ပို့တွေ (ဆောင်းပါး)
နွေဦးတော်လှန်ရေး နှစ်နှစ်ကျော် ကာလမှာ ပြည်သူလူထုအနေနဲ့ စစ်ကောင်စီကို ဖြုတ်ချလိုတဲ့ ဆန္ဒတွေ ပြင်းပြနေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း အင်တိုက်အားတိုက် ရှာဖွေနေတာ ကမ္ဘာကတောင် အံ့သြ ချီးကျူးရတဲ့ အထိပါပဲ။တော်လှန်ရေးရန်ပုံငွေကို နည်းလမ်းမျိုးစုံသုံးပြီး ရှာဖွေတာ…
👍18❤3😁1
မြေအောက် သတင်းသမား
==============
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားပါတယ်။
သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ သတင်းလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းမိခဲ့ရင် အသက်သေတဲ့အထိ နှိပ်စက် ညှင်းပန်းကြပါတယ်။ မသေခဲ့ရင်လည်း ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အသက်နဲ့ဘဝကို ရင်းပြီး လျှို့ဝှက်လုပ်ကိုင်နေကြရတဲ့ ပြည်တွင်းက သတင်းသမားတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၂နှစ်အတွင်း ရုန်းကန်ရှင်သန်နေရတဲ့ အခြေနေတွေကို အခုမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/7EVSe5wULkA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
==============
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားပါတယ်။
သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ သတင်းလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းမိခဲ့ရင် အသက်သေတဲ့အထိ နှိပ်စက် ညှင်းပန်းကြပါတယ်။ မသေခဲ့ရင်လည်း ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်စွဲချက်တင်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အသက်နဲ့ဘဝကို ရင်းပြီး လျှို့ဝှက်လုပ်ကိုင်နေကြရတဲ့ ပြည်တွင်းက သတင်းသမားတွေရဲ့အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ အာဏာသိမ်းပြီး ၂နှစ်အတွင်း ရုန်းကန်ရှင်သန်နေရတဲ့ အခြေနေတွေကို အခုမှတ်တမ်းရုပ်ရှင်မှာ ကြည့်ရှုနိုင်ပါပြီ။
https://youtu.be/7EVSe5wULkA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မြေအောက် သတင်းသမား
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်မှာ သတင်းလွတ်လပ်ခွင့် ပျောက်ဆုံးသွားပါတယ်။
သူတို့ရဲ့ ခွင့်ပြုချက်မရဘဲ သတင်းလုပ်ငန်းလုပ်ကိုင်သူတွေကို ဖမ်းမိခဲ့ရင် အသက်သေတဲ့အထိ နှိပ်စက် ညှင်းပန်းကြပါတယ်။ မသေခဲ့ရင်လည်း ပုဒ်မအမျိုးမျိုးနဲ့ အမှုဖွင့်စွဲချက်တင်ပြီး န…

❤12👍1🥴1
ဖေဖော်ဝါရီလ 21 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

🔥3👍1
Non CDM များ CNO/CNDF ထိန်းချုပ်နယ်မြေထဲမှ အမြန်ထွက်ကြဖို့ သတိပေးစာထုတ်
========================
ယောလင်းထန်း
မဇ္ဈိမ ။ ။ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDFထိန်းချုပ်နယ်မြေအတွင်းရှိ Non-CDM များကို အရေးယူတော့မှာဖြစ်သည့်အတွက် ယခုလ ဖေဖော်ဝါရီမကုန်ခင် CNO/CNDF ထိန်းချုပ်နယ်မြေထဲကနေ ထွက်ခွာကြဖို့ CNO/CNDF က ဖေဖော်ဝါရီ ၁၂ ရက်နေ့က သတိပေးစာထုတ်ပြန်ထား ရှိကြောင်းသိရသည်။
‘’Non-CDM တွေကို အရေးယူတော့မှာမို့ အခုလဖေဖော်ဝါရီမကုန်ခင် CNO/CNDF ထိန်းချုပ်နယ်မြေထဲကနေ ထွက်ကြဖို့ CNO/CNDF ကသတိပေးစာထုတ်ပြန်ထားရှိပြီးဖြစ်တယ်။ အကယ်၍CNO ထိန်းချုပ်နယ်မြေကနေ မထွက်ရင်တော့ ဖမ်းမယ်။ ပြီးရင် တရားရေးဘက်မှာ ပို့မှာပေါ့။ ကျန်တာတော့ Judiciary Department ရဲ့ လက်ထဲမှာပေါ့။’’ဟု ချင်းအမျိုးသားအဖွဲ့ချုပ် မှအထွေထွေအတွင်းရေးမှူးဆလိုင်းဝီလီယံချင်း ကပြောသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၆ရက်မှ ၉ရက်နေ့အထိ ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် CNDF Conference တွင်လည်း ‘’အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်းမရှိရန် CNO/CNDF မှ လုံးဝတားမြစ်သည်။
တားမြစ်သည့်ကြားမှ ထိုရွေးကောက်ပွဲ အထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည် ‘’ဟုလည်း ညီလာခံအစည်းအဝေး ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားရှိသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)၊ စစ်ဌာနချုပ်ရုံး (War Office), Camp Rihli, Chinram ၌ လေးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်မြောက် CNDF Conference တွင် CNO Defense Council, War Office နှင့် တပ်မဟာ လေးခုမှ ညီလာခံ ကိုယ်စားလှယ် ၆၀ ဦးနှင့် စောင့်ကြည့်လေ့လာသူ ၃၀ ဝန်းကျင်ခန့်၊ စုစုပေါင်း ၉၀ ဦးခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#CNDFConference
#ချင်းအမျိုးသားအဖွဲ့ချုပ်
#NonCDM
#သတိပေးစာ
ပုံ - CNO/CNDFထိန်းချုပ်နယ်မြေအတွင်း ကျင်းပခဲ့သည့် ပညာရေးစုံညီပွဲတော်
------------------------

👍9😁1
ကမာစိုင်ရွာသစ်အနီး စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ စစ်သား ၇ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
👍6😁2
ကမာစိုင်ရွာသစ်အနီး စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ စစ်သား ၇ ဦးသေဆုံး ၄ ဦးဒဏ်ရာရ
===================
YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ရွာသစ်အနီး ရန်ကုန်- မော်လမြိုင် ကားလမ်းမကြီးပေါ်၌ စစ်ကောင်စီတပ်၏ သုံးစီးတွဲယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ခုနစ်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရပြီး စစ်ကား သုံးစီး ပျက်စီးသွားကြောင်း သိရသည်။
" ကားသုံးစီးတွဲကိုမိုင်းဆွဲတာ။ ယာဉ်တန်းက သုံးစီးပဲလာတာလို့တော့ ပြောလို့မရဘူး။ နောက်ပိုင်း စစ်ကောင်စီတပ်က တိုက်ခိုက်ခံရတာများလာတော့ အတန်းလိုက်သွားတာမျိုးတွေ မလုပ်ကြတော့ဘူး။ နှစ်စီးတွဲ၊ သုံးစီးတွဲ အဲ့ဒီလိုမျိုးတွေပဲ သွားကြတော့တာ။ အရှေ့က ကားတွေ အတိုက်ခံရပြီဆို ကျန်တဲ့ကားတွေက ပြန်လှည့်သွားတတ်ကြတယ်" ဟု Hawk Revolutionary Squad- HRS အဖွဲ့၏ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၇ နာရီ ၃၆ မိနစ်အချိန်တွင် ကမာစိုင်ရွာသစ်အနီး၌ KNLA၊ PDF တပ်ခွဲ (၃)၊ HRS၊ ဘီးလင်း ပ.က.ဖ တို့ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်၏ သုံးစီးတွဲယာဉ်တန်းအား ရှေ့ထွက်မိုင်းနှင့် ၂၀ ကေဂျီ (20kg) မိုင်း စုစုပေါင်း မိုင်းသုံးလုံးဆွဲ တိုက်ခိုက်ခဲ့ပြီး ၄၀ မမ လက်နက်ကြီးဖြင့် ငါးချက်တိတိ ပစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဘက်မှ နာရီဝက်ခန့်အထိ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအပြင်းအထန်ရကာ စစ်ကောင်စီတပ် အသုံးပြုလာသော ကားသုံးစီး ပျက်စီးသွားခဲ့ကြောင်း သိရသည်။ သေဆုံးသူများနှင့် ဒဏ်ရာရသူများအား ညတွင်းချင်း လူနာတင်ယာဉ်လေးစီးဖြင့် ဘီးလင်းမြို့ဘက်သို့ သယ်ယူသွားကြပြီး၊ ပျက်စီးသွားသော ကားသုံးစီးအနက် တစ်စီးအား ညတွင်းချင်း ဆွဲယူသွားကြောင်းသိရသည်။
" သေဆုံးနဲ့ ဒဏ်ရာရစာရင်းကို အနီးစပ်ဆုံးသတင်းပေးနေတဲ့အတွင်းလူ၊ ကားလမ်းမအနီးမှာ ဒေသခံ၊ လူမှုကယ်ဆယ်ရေးအသင်းတွေ ပေးတဲ့ အချက်အလက်တွေနဲ့ အတည်ပြုထားပါတယ်။" ဟု HRS ၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားနေရာ၌ ကျန်ရှိနေသော စစ်ကောင်စီသုံးကားအပျက်နှစ်စီးအား ပြန်ယူရန်လာသော စစ်သားများအား ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ၆၀ မမ အမျိုးအစား ဗုံးသီးရှစ်လုံးပစ်ကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားများမှ လက်နက်ငယ်များဖြင့် ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်းသိရသည်။ အထိအခိုက် အကျအဆုံးအား အတိအကျမသိရသေးကြောင်း HRS ထံမှ သိရသည်။
ဒါ့အပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကမာစိုင်ရွာသစ်အနီး မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့သောနေရာ၌ အသီးအရွက်များတင်လာသော
ဟိုင်းလက်ကား (Hilux) တစ်စီးအားတွေ့ရှိရပြီး ယာဉ်မောင်း ကိုမင်းထွန်း(ခ) ဝက်ကလေး သေဆုံးနေကြောင်း သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ HRS အဖွဲ့တာဝန်ခံက "ကျွန်တော်တို့ရထားတဲ့ သတင်းအရ ၂၀ ရက်နေ့ မနက်ပိုင်း ကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့က ဒရုန်း(Drone) နဲ့ တိုက်ခိုက်တဲ့အချိန် စစ်တပ်က လက်နက်ငယ်တွေနဲ့ ပြန်ပစ်တော့ အရပ်သားကားတစ်စီးကို ထိတယ်ဗျ။" ဟု ပြောသည်။
၎င်းဟိုင်းလက် (Hilux) ကားသည် သထုံမြို့မှ ဘီးလင်းမြို့ဘက်သို့ အသီးအရွက်များ နေ့စဉ်တင်ပို့နေသောကားဖြစ်ပြီး ယာဉ်မောင်း ကိုမင်းထွန်းသည် သထုံမြို့ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် HRS ပါဝင်သော ပူးပေါင်းတပ်ဖွဲ့မှ ကောင်စီတပ်သားများနှင့် တိုက်ပွဲဖြစ်ပွားမှု၊ ကင်းပုန်းများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကောင်စီတပ်သား
#သထုံမြို့နယ်
#ကမာစိုင်ရွာ
#ဒရုန်း

❤3👍1😁1🥴1
New 6.4 magnitude quake hits Turkey and Syria
====================
A 6.4-magnitude earthquake on Monday rocked Turkey's southern province of Hatay and northern Syria, killing multiple people and sparking fresh panic after a February 6 tremor that left nearly 45,000 dead in both countries.
https://youtu.be/OtAXduWMbxg
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
====================
A 6.4-magnitude earthquake on Monday rocked Turkey's southern province of Hatay and northern Syria, killing multiple people and sparking fresh panic after a February 6 tremor that left nearly 45,000 dead in both countries.
https://youtu.be/OtAXduWMbxg
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
New 6.4 magnitude quake hits Turkey and Syria
A 6.4-magnitude earthquake on Monday rocked Turkey's southern province of Hatay and northern Syria, killing multiple people and sparking fresh panic after a February 6 tremor that left nearly 45,000 dead in both countries.
-------------------------------…
-------------------------------…
👍6😁1🤮1