Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာလူထုသပိတ်ပြုလုပ်
❤2🔥1😁1
ဆားလင်းကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး အညာလူထုသပိတ်ပြုလုပ်
==================

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၀ ရက် နေ့က အညာပစ်တိုင်းထောင်လေးများအဖွဲ့မှဦးဆောင်ကာ စစ်အာဏာရှင်အလိုမရှိကြောင်း လူထုသပိတ် ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူတစ်ဦးက “နွေဦးတော်လှန်ရေးကို ပြန်လည်အသက် သွင်းတဲ့အနေနဲ့ ဖော်ဆောင်ခဲ့တာပါ။ အရင်လို နွေဦးအစမှာ လူထုတွေစုစုစည်းစည်းနဲ့ သပိတ်တွေပြန် လည်ထွက်ရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဖော်ဆောင်ခဲ့ခြင်း ဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ လူထုသပိတ်လှုပ်ရှားမှုကို နွေဦးအစမှာ နွေဦးတော်လှန်ရေးကို ပြန်လည်အသက်သွင်းသည့်အနေ ဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့နှင့် ယင်းမာပင်ခရိုင် တပ်ရင်း(၂၈) ဓားမဆိုင်းတပ်မတော်တို့က ပူးပေါင်း၍ ပြုလုပ်ခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။

#စစ်ကိုင်းတိုင်း
#ဆားလင်းကြီးမြို့နယ်
#နွေဦးတော်လှန်ရေး
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍4🔥1😁1
ဖေဖော်ဝါရီ 21 ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
======================

01:05 -သမ္မတဟောင်း ဦးထင်ကျော် ဂုဏ်ထူးဆောင်ဘွဲ့ ကိုယ်စား လက်ခံရယူသည့်ပုံ စစ်ကောင်စီဖော်ပြတဲ့ သတင်း

04:30 -ကျောက်မဲမှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ ၁၅ ဦးကျဆုံးတဲ့ သတင်း

02:27 - ကြက်စာတွေဈေးတက်နေတာကြောင့် ကြက်ဥတစ်လုံးကျပ် ၃၀၀ အထိဈေးမြင့်တက်လာတဲ့သတင်း

06:09 - ထိုင်းနိုင်ငံသို့ သွားရောက်မယ့် နိုင်ငံခြားခရီးသည်တွေ ဇွန်လမှစပြီး ဝင်ကြေးကောက်ခံမယ့် သတင်းအပါအဝင် အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေနဲ့ အရေးကြီး သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/MUQ7fgztmpw

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🤮2😁1
Hungarian Foreign minister Szijjarto meets China's top diplomat Wang Yi
=========================

The Hungarian Minister of Foreign Affairs Peter Szijjarto welcomes China's top diplomat Wang Yi to Budapest. During their meeting, Szijjarto declares the "prolonging" of the war in Ukraine to be "against the interests of the national security of Hungary", adding that he agrees with the Chinese position regarding "peace as soon as possible."

https://youtu.be/080T_-vVshg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥3👍2
နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံ
=======================

နိုင်ငံကိုတည်ငြိမ်အောင် မထိန်းနိုင်သေးဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ခြောက်လ သက်တမ်းတိုးထားတဲ့ စစ်ကောင်စီဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၀ ရက်မှာလည်း တည်ငြိမ်မှုနဲ့အလှမ်းဝေးနေဆဲပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နိုင်ငံ့အကျိုးကို ပစ်ပယ်ပြီး မိမိအာဏာရရှိရေးအတွက် အတ္တရှေ့တန်းတင်နေသူများကြောင့် နိုင်ငံတည်ငြိမ်မှုနှင့် အလှမ်းဝေးနေဆဲဖြစ်သည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ အခုလိုပြောဆိုခဲ့တာပါ။

စစ်ကောင်စီက နိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာအောင်ကြိုးပမ်းနေပေမယ့် ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်ပသြဇာခံအဖွဲ့အစည်းတွေက အလုံးစုံပျက်စီးရေးကို ဆောင်ရွက်နေတာကြောင့် နိုင်ငံဟာ တည်ငြိမ်အေးချမ်းမှုနဲ့ အလှမ်းဝေးနေရတာလို့ စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

ချင်းပြည်နယ်ဟာ သဘာဝအလှအပ၊ ရိုးရာယဉ်ကျေးမှုတွေနဲ့ တည်ငြိမ်အေးချမ်းစွာ ရှိခဲ့ရာကနေ လက်ရှိမှာတော့ ဆူပူအကြမ်းဖက်မှုနဲ့ တရားဥပဒေချိုးဖောက်မှုတွေက နိုင်ငံအတွက် အလွန်အန္တရာယ်ကြီးမားနေပြီလို့ သူက ဆိုပါတယ်။

https://youtu.be/zQpKuZTYnWA

#politicalnews
#newsfeature

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁15👍4🤮1
China to release a paper on the solution of Ukraine crisis
====================

Beijing says China will release a position paper on political settlement of the Ukraine war upon the upcoming first anniversary of the Russian invasion.

https://youtu.be/TggpkQE-GuQ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1
Beijing slams 'false' US claims that China may arm Russia
=======================

Beijing slams US for spreading false information after US accused China of considering arming Russia in the Ukraine war. "It's the US and not China that is endlessly shipping weapons to the battlefield," says Wang Wenbin, Chinese foreign ministry spokesperson.

https://youtu.be/YweYxQzImgg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
​​ဆင်ကော်ရဲစခန်း လောင်ချာဖြင့်ပစ်ခတ်ခံရ၊ စစ်ကူလာသောတပ်ဖွဲ့ပါ မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၈ ဦးသေဆုံး
======================

ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ သရက်မြို့နယ်အတွင်းရှိ ဆင်ကော်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ လောင်ချာဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကူလာသည့်တပ်ဖွဲ့ကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်‌ကောင်စီတပ်သား ရှစ်ဦး သေဆုံးကြောင်း သရက်ခရိုင်အမှတ်(၄) တပ်ရင်း (Eagle Force) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အင်အား ၁၅ ဦးခန့်ရှိသည့် ဆင်ကော်ရဲစခန်းကို ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ရဲစခန်းအတွင်းသုံး နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဆိုသည်။

ယင်းသို့ ပေါက်ကွဲမှုကြောင့် စခန်းမှူး၊ ဒုရဲအုပ်နှင့် ဒုတပ်ကြပ်တို့ သုံးဦးသေဆုံးပြီး အခြားရဲတပ်ဖွဲ့ဝင်သုံးဦး ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိုသို့တိုက်ခိုက်ခဲ့ပြီးနောက်တွင် ကပစ(၁၂) မှ အင်အား ၂၅ ဦးခန့်ဖြင့် စစ်ကူလာသော လိုက်ထရပ်(Light truck)ကားအား ပုဏ္ဏားရွာနှင့်တွင်းလည်ရွာအကြားတွင် ကာကွယ်ရေးပူးပေါင်းအဖွဲ့က မိုင်းဆွဲပြီး နှစ်ဖက် ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းထိပြီး ကားပက်လက်လန်သွားချိန် မောင်းပြန်များဖြင့် ငါးမိနစ်ခန့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်သား ငါးဦးသေဆုံးသွားကြောင်း ဆိုသည်။

“ကျနော်တို့က ကြိုတင်ပြင်ဆင်ထားတာပါ။ အဲဒီရဲစခန်းကို တိုက်မယ်ဆိုရင် အခုလိုစစ်ကူလာမယ်ဆိုတာ ကြိုသိတဲ့အတွက် ဒီသရက်မြို့နယ်ထဲက ပုဏ္ဏား၊ တွင်းလည်၊ ဆင်ကော် ကျေးရွာချင်းဆက်လမ်းနေရာ တခုမှာ မိုင်းကြိုပြင်ပြီးတော့ အသင့်စောင့်နေခဲ့တာပါ” ဟု သရက်ခရိုင်အမှတ်(၄) တပ်ရင်း (Eagle Force) ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မဇ္စျိမကိုပြောသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်မှ ၄၀ မမ အပါအဝင် လက်နက်ငယ်များဖြင့် ပြန် လည်ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို သရက်ခရိုင်အမှတ်(၄)တပ်ရင်း (Eagle Force)နှင့်အတူ မိုးကြိုးပြောက်ကျား တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်မှ ၎င်းတို့ ထိခိုက်သေဆုံးမှုကို သတင်းဖုံးဖိရန်အတွက် ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)မှ ဝန်ထမ်းများ၏လက်ကိုင်ဖုန်းများကို သိမ်းဆည်းနေသည်ဟု သိရှိရကြောင်း ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

စစ်ကူလာသည့် စစ်ကောင်စီကားမှာ အရပ်သားကားကို ချောဆွဲလာခြင်းဖြစ်ပြီး ကားမောင်းပေးသည့် အရပ်သားတစ်ဦးလည်း တိုက်ခိုက်မှုအတွင်းသေဆုံးသွားကြောင်းသိရသဖြင့် ၎င်းတို့၏မိသားစုနှင့်ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်း ကိုမြတ်က ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#မကွေးတိုင်း
#သရက်မြို့နယ်
#စစ်ကောင်စီတပ်
#မိုင်းဆွဲတိုက်ခိုက်
❤8👍5😁1