စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ရှမ်းကိုးရွာဒေသခံ ၁၆ ဦး ပျောက်ဆုံးနေ
===================
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ) ။ ။ မြန်မာ-ထိုင်းနယ်စပ်၊ ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ရှိ ရှမ်းကိုးရွာဒေသမှ ဒေသခံ ၁၆ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးခဲ့ပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။
ရှမ်းကိုးရွာဒေသတွင် PDF များမှ နယ်မြေစိုးမိုးမှုမပြုလုပ်နိုင်သေးစဉ် ဖေဖော်ဝါရီလ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့၌ ၎င်းတို့ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်ကာ တစ်ပတ်နီးပါးကြာသည်အထိ ပျောက်ဆုံးနေသည်။
“ စစ်တပ်က ဆီအုန်းကုမ္ပဏီတစ်ခုက ကား နှစ်စီးနဲ့ အင်အား ၁၀၀ ကျော်နဲ့ ရွာတွေကို လှည့်လည်စစ်ဆေးပြီး ဖမ်းဆီးသွားတာ ဖြစ်တယ်”ဟု ကော့သောင်းအခြေစိုက် PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။
ဖမ်းဆီးခံရသူများထဲတွင် အောင်ချမ်းသာရွာမှ ငါးဦး၊ ဆိပ်ဖူးရွာက တစ်ဦး၊ ဖော့သုပ်ရွာက တစ်ဦးနှင့် ခရီးသွားဧည့်သည် ကိုးဦး၊ စုစုပေါင်း ၁၆ ဦးဖြစ်သည်။
“ လက်ရှိ အချိန် အထိတော့ ပြန်လွတ်လာပြီးလား၊ မလွတ်သေးဘူးဆိုတာ တိတိကျကျ ပြောရဖို့ ခက်နေတယ်။ သေချာတာက လုံး၀ အဆက်သွယ်မရသေးဘူး” ဟု လုံးဖောကျေးရွာဒေသခံ တစ်ဦးကလည်း ပြောသည်။
ဒေသခံများကိုဖမ်းဆီးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် ရှမ်းကိုးရွာဒေသနှင့် နှစ်နာရီကျော် နီးပါးသွားရသည့် အေးမြသာယာရွာ ဘုန်းတော်ကြီးကျောင်းတွင်အခြေကုပ်ယူကာ တပ်စွဲထားသည်။
“ ရွာမှာ PDF တွေ ရှိနေတယ်အထင်နဲ့ အကြောင်းပြပြီး ရောက်လာကြတယ်လို့ သိရတယ်။ တကယ်တန်းကျတော့ စစ်တပ်က သူနဲ့အဆင်မပြေတဲ့ စည်းပွားရေးသမားတွေနဲ့ NLD အမာခံတွေကို အဓိကထား စစ်ဆေးဖမ်းဆီးဖို့ ရောက်လာတာ ဖြစ်နိုင်တယ်” ဟု PDF ရဲဘော်တစ်ဦးက သုံးသပ်သည်။
လက်ရှိတွင် ရှမ်းကိုးရွာဒေသရှိ ဝိုင်ဒင်း၊ အေးမြမင်္ဂလာ၊ တပ်ဦးမြိုင် သာယာကျေးရွာတို့ကိုမူ KNU၊ KTLA နှင့် PDF ပူးပေါင်း တပ်ဖွဲ့က နယ်မြေစိုးမိုး ထိန်းသိမ်းထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ် (၁) တပ်ရင်းက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ နယ်မြေစိုးမိုးထားနိုင်သည့် ရှမ်းကိုးရွာဒေသအတွင်းမှ ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေ၍ ဒေသခံအချို့ ထိုင်းဖက်သို့ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
ရှမ်းကိုးရွာဒေသဆိုသည်မှာ ရှမ်းကိုးရွာ၊ အောင်ချမ်းသာ၊ ဆိပ်ဖူး၊ မာရမ်း၊ ဖော့သုပ်၊ အေးချမ်းသာနှင့် လုံးဖောရွာ အပါဝင် ရွာ ကိုးရွာကို ပေါင်းထားခြင်းဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်နှင့် ထိစပ်နေသော ရွာများဖြစ်သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ထိုင်း_မြန်မာနယ်စပ်
#ရှမ်းကိုးရွာဒေသ
#ဖမ်းဆီးခံရ
#ပျောက်ဆုံး
#ဒေသခံ

Facebook
#ထိုင်း_မြန်မာနယ်စပ် – Explore
explore #ထိုင်း_မြန်မာနယ်စပ် at Facebook
😁2👍1
မင်းကင်းမြို့နယ်အတွင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးဟုဆို
======================
ဂျူနို
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပုထိုးလုံးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်တာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားသုံးဦးသေဆုံးကြောင်း သိရသည်။
ပုထိုးလုံးရွာတွင် တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် စစ်ကိုင်းတိုင်း၊ ကလေးခရိုင် အမှတ်(၁၁)တပ်ရင်း၊ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်တပ်ရင်း(၂)၊ ပြည် သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
အဆိုပါသုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး တစ်ဦးမှာ စနိုက်ပါထိမှန်သေဆုံးကာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၁၀ ဦး မင်းကင်းဆေးရုံတွင်တင်ထားရ ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)ထံက သိရသည်။
လက်ရှိအချိန်တွင်လည်း နှစ်ဖက်စစ်ရေးတင်းမာမှုအနေထားရှိပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထပ်မံစစ်ကြောင်းထိုးလာနိုင်၍ ချင်းတွင်းမြစ်အတွင်း မော်တော်အစုန်အဆန်များ သတိပြုသွားလာကြရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂) က သတိပေးထားသည်။
မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)အား ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့က တည် ထောင်ခဲ့ပြီး လက်ရှိတွင် အင်အား ၂၀၀ ကျော်ဖြင့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိကြောင်း အဖွဲ့ထံကသိရသည်။
တပ်ရင်းကုဒ် P-12111 ဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) မှ ပေးအပ် သော တပ်ရင်းအတည်ပြုကုဒ် ရထားသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)မှာ မင်းကင်းတပ်ရင်းများထဲမှ မင်းကင်းမြို့အနီးအထိ ခြေ ကုပ်ယူထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့နှင့်မကြာခဏထိတွေ့တိုက်ပွဲများဖြစ်ပွားသည်ဟု တပ်ရင်း (၁၁)၊ မင်းကင်းမှ တပ်ရေးဗိုလ်ကြီးထံက သိရသည်။
ထို့ပြင် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ရန် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)မှ RPG 7 နှင့် ထိပ်ဖူးများကမ်ပိန်း အစီစဉ်တစ်ခုပြုလုပ်ထားကြောင်းလည်း သိရသည်။
“စခန်းသိမ်းတိုက်ပွဲဖော်ဆောင်ဖို့ဆိုရင် RPG လို လက်နက်ကြီးမျိုးမပါဘဲ ရန်သူ့အခိုင်အမာ ခြေကုပ်ထား တဲ့ဘန်ကာကို ခွင်းလို့မရနိုင်ပါဘူးဗျ။ အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးပါပြီ။ လက်နက်ကြီးအားကြောင့်ပဲ နောက် ဆုတ်ထားရပါတယ်။ ဒါကြောင့် ဒီကမ်ပိန်းလေးအောင်မြင်ဖို့ အားလုံးဝိုင်းဝန်းကူညီပေးစေလိုပါတယ်။ သေရဲတဲ့ကောင်တွေ တိုက်နေတဲ့ပွဲမှာ လှူရဲတဲ့လူတွေ လှူဖို့လိုပါတယ်” ဟု တပ်ရင်း (၁၁) ၊ မင်းကင်းမှ တပ်ရေးဗိုလ်ကြီး ကိုကျားကြီးက မဇ္စျိမကိုပြောသည်။
အဆိုပါ RPG 7 နှင့်ထိပ်ဖူးများအတွက် ပါဝင်ကူညီလိုသူများအတွက် MacBook Air 13”၊ iPad Air 5 နှင့် Airpods များ ကံစမ်းမဲထည့်သွင်းထားကြောင်း သိရသည်။
ကံစမ်းမဲလက်မှတ်များကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ရောင်းချသွားမည်ဖြစ် ကြောင်း သိရသည်။
ကံစမ်းမဲလက်မှတ်တစ်စောင်လျှင် ၁၅,၀၀၀ ကျပ်နှုန်းဖြင့် လက်မှတ်အစောင်ရေ ၃,၀၀၀ ရောင်းချမည် ဖြစ်ပြီး Minkin People’s Defence Force-Mkpdf-2 ၏ Page မက်ဆင်ဂျာတွင် ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။
https://youtu.be/UDQQnKJRKLI
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မင်းကင်းမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ပွဲဖြစ်ပွား
#ကမ်ပိန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မင်းကင်းမြို့နယ်အတွင်း ၃ ရက်တာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃ ဦးသေဆုံးဟုဆို
ဂျူနို
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ပုထိုးလုံးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၊ ပျူစောထီးပူးပေါင်းအဖွဲ့နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ သုံးရက်တာတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားသုံးဦးသေဆုံးကြောင်း သိရသည်။
ပုထိုးလုံးရွာတွင်…

❤8🔥1😁1
စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော ရဲဘော် ၉ ဦးအား အလေးပြုခြင်းအခမ်းအနား CDF-Kanpetlet ပြုလုပ်
👍5🔥1😁1
စစ်အာဏာရှင်ကိုတော်လှန်ရင်း ကျဆုံးသွားသော ရဲဘော် ၉ ဦးအား အလေးပြုခြင်းအခမ်းအနား CDF-Kanpetlet ပြုလုပ်
===================
ကိုခင်မောင်
(မဇ္ဈိမ)။ ။ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၌ စစ်အာဏာရှင်ကို ခုခံတော်လှန်ရင်း ကျဆုံးသွားသော Chin Defence Force - Kanpetlet (CDF-Kanpetlet)တပ်ရင်းမှ ရဲဘော်ကိုးဦးအား အောက်မေ့အလေးပြုခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း CDF - Kanpetlet က ယနေ့ဖေဖော်ဝါရီလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။
ကျဆုံးသွားသောရဲဘော်များအား ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ရက်တွင် ကျရောက်သော ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့တွင် အလေးပြုခြင်းအခမ်းအနား ပြုလုပ်ကြသည်ဟု CDF- Kanpetlet မှ ဒုတပ်မဟာမှူးထံမှ သိရသည်။
“CDF ကန်ပက်လက်ရဲ့ တပ်ရင်း ခုနစ်ခုလုံးမှာ လုပ်တာဖြစ်တယ်။ တပ်ရင်းအားလုံးမှာရှိတဲ့ ကျတော်တို့ရဲ့ ရဲဘော်တွေအားလုံးက ရှေ့တန်းမှာရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ပြီးတော့မှ ကျဆုံးသွားတဲ့ ကျတော်တို့ရဲ့ ရဲဘော်ရဲဘက်တွေကို အလေးပြုနိုင်ဖို့အတွက် စီစဉ်ထားတာဖြစ်တယ်” ဟု ယင်းအဖွဲ့ ဒုတပ်မဟာမှူးက မဇ္ဈိမကိုပြောသည်။
ယင်းနေ့တွင် CDF- Kanpetlet စခန်းမှ ရဲဘော်များအတွက် ဘော်လုံးပြိုင်ပွဲကျင်းပပေးခဲ့သည်ဟုလည်း သိရသည်။
ထို့အပြင် ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ NUG လက်အောင်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ချင်းအမျိုးသားတပ်ဦး (CNF/CNF) စသည့်အဖွဲ့များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်ကို ဆက်လက်တိုက်ထုတ် တွန်းလှန်သွားမည်ဖြစ်ကြောင်း ဆိုသည်။
“ကိုယ့်အဖွဲ့အစည်းမတူရင်တောင်မှဘဲ ဘုံရန်သူကို တိုက်ထုတ်တဲ့သူတွေဟာ ရန်သူ့ရဲ့ ရန်သူက မိတ်ဆွေအဖြစ်နဲ့ ကျတော်တို့က အမြဲတမ်း သဘောထားတာဖြစ်တဲ့အတွက်ကြောင့် အကုန်လုံးပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ကြိုးစားမယ်။ အခုထိလည်း ကျတော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တယ်၊ တိုက်ပွဲပေါင်း မြောက်များစွာကိုလည်း ကျတော်တို့အတူတကွတိုက်လာခဲ့ကြတယ်။ ရှေ့ဆက်ပြီးတော့မှလည်း ဒီပုံစံနဲ့ တိုက်ပွဲဝင်သွားမှာလည်းဖြစ်တယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် မစ်ရှင်(mission)တွေလည်း အများကြီးရှိတယ်။ ဒီအစီစဉ်တွေကို အကောင်အထည်ဖော်လာပြီးမှ ပြည်သူတွေကို ချပြသွားမှာပါ” ဟုလည်း ဒုတပ်ရင်းမှူးက ဆက်ပြောသည်။
Chin Defence Force – Kanpetlet ကို ၂၀၂၁ခုနှစ်၊ မေလ ၁၃ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး Chinland Joint Defense Committee (CJDC) အဖွဲ့အဝင်လည်းဖြစ်သကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ချင်းပြည်နယ်
#ကန်ပက်လက်မြို့နယ်
#CDF-Kanpetlet
#တော်လှန်ရေး
#အောက်မေ့ဖွယ်အခမ်းအနား

#ချင်းပြည်နယ် – Explore
explore #ချင်းပြည်နယ် at Facebook
👍6🔥1😁1
ငါန်းဇွန်တွင် စစ်ကောင်စီတပ်ကင်းလှည့်နေစဉ် တိုက်ခိုက်ခံရပြီး ဗိုလ်ကြီးအပါအဝင် ၄ ဦးသေဆုံး
==========================
ဂျူနို၊ 007
(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၌တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ကင်းလှည့်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးနန္ဒာမင်းဆိုသူ အပါအဝင် စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ၊ ခြောက်ဦးဒဏ်ရာရရှိသွားပြီး MA 2 အမျိုးအစား သေနတ်တစ်လက်နှင့် ဖုန်းတစ်လုံးသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကောင်စီတပ်သားများ ကင်းပတ်ထွက်လာ စဉ် ရွာလယ်ဘုရားအရောက်၌ ဒေသကာကွယ်ရေးအဖွဲ့ဝင်များမှ စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားကြောင်း TGYR.(LPDF)မှ အဖွဲ့ခေါင်းဆောင်ထံက သိရသည်။
“ဗိုလ်ကြီး နန္ဒာမင်းအပါအဝင် စစ်ကောင်စီတပ်သားလေးယောက်သေတာ မျက်မြင်တွေ့ခဲ့တာပါ။ ကျန်တဲ့ သူတွေကတော့ ဒဏ်ရာရကြတယ်”ဟု TGYR(LPDF)အဖွဲ့ခေါင်းဆောင် ကိုအီးစီအိုက မဇ္စျိမကိုပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်ခန်းအား ကာကွယ်ရေးတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်လေးချက်ဖြင့် ပစ်ခတ်ခဲ့ရာ အသေအပျောက်ရှိနိုင်ပြီး အရေအတွက်ကိုမူအတည်မပြုနိုင်သေးကြောင်းTGYR(LPDF)ထံမှ သိရသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကြိုတင်သတင်းအရ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ နှစ် ဘက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး၊ မိနစ် ၂၀ ခန့်ကြာသည့်တိုက်ပွဲအတွင်း၊ စစ်ဗိုလ်တစ်ယောက် အပါအ၀င် စစ်ကောင်စီဘက်မှ လေးယောက်သေဆုံးခဲ့ကြောင်း Local People’s Defense Force SINTGAING(LPDF-Sintgaing)ကလည်း မဇ္စျိမသို့ပြောသည်။
တိုက်ခိုက်မှုကို TGYR - Youth Guerrilla Counter Revolution(LPDF) ၊ ငါန်းဇွန်မြို့နယ် ပကဖ ၊MN PDF MyitNge ၊ မာန်စွယ်ကျားပြည်သူ့ကာကွယ်ရေတပ်ဖွဲ့၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့၊ LPDF-Sintgaing ၊ ကျောက်ဆည်ပကဖ၊ ငါန်းဇွန်တပ်ရင်း(၆) အစရှိသည့် မဟာမိတ်တပ်ဖွဲ့များမှပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာတွင် PDF ကို စိန်ခေါ်သည့် စစ်ကောင်စီတပ်သားများအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံး ကြောင်း TGYR(LPDF) အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။
https://youtu.be/lIr7bvKe_s8
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးတိုင်း
#ငါန်းဇွန်မြို့နယ်
#သားကြင်ရွာ

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ သားကြင်ရွာ၌တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ ကင်းလှည့်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးနန္ဒာမင်းဆိုသူ အပါအဝင် စစ်ကောင်စီတပ်သားလေးဦးသေဆုံးကာ၊ ခြောက်…

👍6❤4😁2
ပုလဲမြို့နယ်တွင် ဒေသခံများစစ်ဘေးရှောင်နေသည့် တောအတွင်းသို့ စစ်ကောင်စီတပ်က မီးလိုက်ရှို့
🤬4🔥1👏1

=========================
ရွှေနွယ်
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးကျေးရွာမှ စစ်ဘေးရှောင်များတိမ်းရှောင်နေသော တော အတွင်းမှတဲများကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ပျူစောထီးနှင့် စစ်ကောင်စီတပ်များမှ မီးလာ ရှို့သွား၍ တဲ ၁၅ လုံး မီးလောင်ကျွမ်းခဲ့ရသည်ဟု စစ်ဘေးရှောင်များက မဇ္ဈိမကိုပြောသည်။
ပုလဲမြို့နယ် ချောင်းဦးကျေးရွာမှ ဒေသခံများသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရွာလုံး ကျွတ်နီးပါး မီးရှို့ခံလိုက်ရသည့်အတွက် နီးစပ်ရာတောထဲတွင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်မူ အဆိုပါနေရာသို့ စစ်ကောင်စီတပ်များမှ မီးလာရှို့သွားခြင်းဖြစ်သည်။
“ကျွန်တော်တို့ရွာ မီးရှို့ခံရတာ တစ်နှစ်ပြည့်ပြီ၊ အခုတစ်နှစ်ပြည့်တဲ့အချိန်မှာ စစ်ဘေးရှောင်နေတဲ့ နေရာ အထိပါ မီးလာရှို့သွားတာ။ ကျွန်တော်တို့ စစ်ဘေးရှောင်နေတဲ့နေရာအနီးတဝိုက်မှာ စစ်ရှောင်တဲ အလုံး ၉၀ လောက်ရှိပါတယ်။ အခုက ကျွန်တော်တို့ရွာအစု တဲ ၃၅ လုံးလောက်ရှိတဲ့အစုကို လာရှို့သွားတာပါ။ ၁၅ လုံး မီးလောင်သွားပါတယ်” ဟု ဒေသခံစစ်ဘေးရှောင်မှ ပြောသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းကတည်းက စစ်ကောင်စီတပ်နှင့် ပျူစောထီးများလာသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် စခန်းမှရှောင်တိမ်းနေရပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ နံနက်တွင် စစ်ကောင်စီ တပ်နှင့်ပျူစောထီးများက တဲများကို မီးရှို့ခဲ့ကြသည်ဟု ဆိုသည်။
“ ဒီနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းအထိ မီးငြှိမ်းနေရဆဲပါ။ နွားစာတွေက တငွေ့ငွေ့လောင်နေ သေးတယ်။ မီးရှို့သွားတာက ဇီးဖြူကုန်းကလာတဲ့ ပျူနဲ့စစ်သားတွေပါ။ ကျွန်တော်တို့ဘက်ကိုလာတော့ အင်အား ၆၀ လောက်ပါတယ်၊ ဒီနားမှာအခု ဘာကာကွယ်ရေးတပ်မှလည်းမရှိပါဘူး” ဟု ဒေသခံစစ်ဘေး ရှောင်တစ်ဦးကပြောသည်။
အဆိုပါနေရာတွင် ပုလဲမြို့နယ်အတွင်းမှ ချောင်းဦး၊ နွယ်အင်း၊ နှောရိုး၊ ညောင်ပင်စောက်နှင့် တောသာရွာ အပါအဝင် ကျေးရွာပေါင်း ရှစ်ရွာခန့်မှ ဒေသခံ ၃,၅၀၀ ကျော် စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။
စစ်ကောင်စီတပ်များနှင့် ပျူစောထီးများမီးလာရှို့သည့်အချိန်တွင် စစ်ဘေးရှောင်တဲများအနီး၌ မည်သည့် ကာကွယ်ရေးတပ်မှမရှိနေဘဲ စစ်ရှောင်တဲများကို တမင်သက်သက် မီးလာရှို့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်တွေကို ဒီမနက်အထိ သူတို့အထိုင်ချထားတဲ့ ဇီးဖြူကုန်းရွာဘက်ကနေ လက်နက်ကြီး တွေနဲ့ပစ်နေဆဲပါ၊ ကျွန်တော်တို့ရွာကို မီးလာရှို့သွားတဲ့အဖွဲ့ကတော့ မရိုးကုန်းရွာရဲ့အရှေ့မှာရှိနေဆဲဖြစ် တဲ့အတွက် ကျွန်တော်တို့တဲတွေဘက်ကို ပြန်လို့မရသေးပါဘူး” ဟု စစ်ဘေးရှောင်များကပြောသည်။
စစ်ကောင်စီတပ်များ၏ မီးရှို့မှုကြောင့် တဲ ၁၅ လုံးအပြင် စပါးနှင့်အဝတ်အထည်များလည်း ပါသွားသည့် အတွက် စားရေးသောက်ရေးနေထိုင်ရေးမှအစ အခက်အခဲများစွာကြုံတွေ့နေရသည်ဟု ဒေသခံစစ်ဘေး ရှောင်များ၏ ပြောဆိုချက်အရသိရသည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ချောင်းဦးကျေးရွာအား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် စစ်ကောင်စီတပ်များမှ ရွာလုံးကျွတ်နီးပါးမီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင် ဆုံးရှုံးခဲ့ရကာ ထိုအချိန်မှစ၍ ဒေသခံရွာသူရွာသားများသည် နီးစပ်ရာ တောထဲတွင် စစ်ဘေးရှောင်နေကြ ရခြင်းဖြစ်သည်။
Data For Myanmar ၏ထုတ်ပြန်ချက်များအရ ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းတွင် နေအိမ်ပေါင်း ၅၅,၄၈၄ လုံးကို စစ်ကောင်စီတပ်များမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုအထဲတွင် စစ်ကိုင်းတိုင်းမှ နေအိမ်ပေါင်း ၄၃,၂၉၂ လုံး၊ မကွေးတိုင်းမှ ၈,၈၆၃ လုံး၊ ချင်းပြည်နယ်မှ ၁,၄၈၄ လုံးနှင့် အခြားသောပြည်နယ်နှင့်တိုင်းများမှ ၁,၈၄၅ လုံးပါဝင်ကြောင်းသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#စစ်ဘေးရှောင်

#စစ်ကိုင်းတိုင်း – Explore
explore #စစ်ကိုင်းတိုင်း at Facebook
🤬5👍3🔥2😁1
'ကြားနေ' ရုရှားအားကစားသမားတွေနဲ့ ပတ်သက်လို့ ရှင်းလင်းချက်ပေးဖို့ IOC ကို နိုင်ငံပေါင်း ၃၀ က တောင်းဆို
=====================
နိုင်ငံပေါင်း ၃၀ ကျော်က အစိုးရတွေဟာ ၂၀၂၄ ပါရီ အိုလံပစ်မှာ ရုရှားနဲ့ ဘီလာရုစ် အားကစားသမားတွေကို ကြားနေအားကစားသမားတွေအဖြစ် ဘယ်လိုပုံ ယှဉ်ပြိုင်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ "ရှင်းလင်းချက်"ပေးဖို့ IOC ကို တနင်္လာနေ့က တောင်းဆိုခဲ့ပါတယ်။
ရုရှားရဲ့ မဟာမိတ် ဘီလာရုစ်ဟာ သူတို့နယ်မြေကို မော်စကိုက ယူကရိန်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ကျူးကျော်ဝင်ရောက်ချိန်မှာ ဒုံကျည်ပစ်လွှတ်တဲ့ နေရာအဖြစ် အသုံးပြုခွင့်ပေးထားတဲ့ စစ်ပွဲစတင်ကတည်းက ရုရှားနဲ့ ဘီလာရုစ်တို့ကို အိုလံပစ်အားကစားနည်းအများစုကနေ ပိတ်ပင်ထားခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲမှာ ကြားနေသူတွေအဖြစ် ရုရှားပါဝင်ယှဉ်ပြိုင်ဖို့ အမေရိကန် ထောက်ခံ
ရုရှားအားကစားသမားတွေ ပါဝင်ပါက ပါရီအိုလံပစ်ပြိုင်ပွဲကို ယူကရိန်း သပိတ်မှောက်နိုင်
ရုရှားအားကစားသမားတွေ ၂၀၂၄ ပါရီအိုလံပစ်မှာ မယှဉ်ပြိုင်သင့်ဘူးလို့ ဇယ်လင်စကီး ပြော
နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) က ရုရှားနဲ့ ဘီလာရုစ် ပြိုင်ပွဲဝင်ကစားသမားတွေကို ပါရီအားကစားပြိုင်ပွဲမှာ ကြားနေအလံအောက်မှာ ပါဝင်ခွင့်ပြုဖို့ "လမ်းကြောင်း"ကို ရှာဖွေနေတာဖို့ ယူကရိန်းဘက်က ဒေါသတကြီး ဖြစ်နေတာပါ။

👍4😁2
တာဂျစ်ကစ္စတန်နှင့် အာဖဂန်နယ်စပ်အနီး အိုင်အက်စ်အဖွဲ့ဝင် ၄ ၀၀၀ ခန့် တပ်စွဲထားကြောင်း ရုရှားဗိုလ်ချုပ်ကြီး ပြောကြား
====================
အစ္စလာမ္မစ်နိုင်ငံတော်–ခိုရာဆန်ပြည်နယ် (ISIS-K) အဖွဲ့မှ တိုက်ခိုက်ရေးသမား ၄ ၀၀၀ ခန့်သည် ယခုအခါ အာဖဂန်နစ္စတန်နှင့် တာဂျစ်ကစ္စတန် နယ်စပ်အနီးတွင် တပ်စွဲထားကြောင်း ရုရှားဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားလိုက်သည်။
ရုရှားဦးဆောင်သော စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ (CSTO) ၏ ပူးတွဲစစ်ဦးစီးချုပ် အနာတိုလီဆီဒိုရော့ဗ်က ထုတ်ပြန်သည့် သတိပေးချက်ကို အာဖဂန်အခြေစိုက် The Khaama Press သတင်းတွင် ဖော်ပြခဲ့သည်။
အဆိုပါ စစ်သွေးကြွအုပ်စုသည် ဗဟိုအာရှနှင့် တောင်အာရှလုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ဆီဒိုရော့ဗ်က ပြောသည်။ ရုရှားနှင့် အီရန် နှစ်နိုင်ငံစလုံးမှ တာဝန်ရှိသူများက ၎င်းတို့၏ရင်းနှီးသော မဟာမိတ် အာဖဂန်နစ္စတန်တွင် အမေရိကန်က မတည်ငြိမ်မှုများ ဖြစ်နေစေချင်သည်ဟု ယူဆရကြောင်း မကြာသေးမီက သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။

👍2🔥1👏1