Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်
သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီသီဟတင်စိုး နှလုံးရောဂါဖြင့် ကွယ်လွန်
====================

ဝေဟင်စိုး
မဇ္ဈိမ။ ။တော်လှန်ရေးဇာတ်ကားများဖြင့် ပရိသတ်အခိုင်အမာရရှိခဲ့သော သရုပ်ဆောင် ဒါရိုက်တာ အကယ်ဒမီ သီဟတင်စိုးသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွား ကြောင်း သိရသည်။

သီဟတင်စိုးသည် ကွယ်လွန်ချိန်တွင် အသက်(၅၅)နှစ်အရွယ်ရှိပြီဖြစ်ကာ နှလုံးရောဂါကြောင့် ၎င်းနေထိုင် ရာ သာကေတမြို့နယ်နေအိမ်မှ သင်္ကန်းကျွန်းစံပြဆေးရုံသို့ပို့ဆောင်စဉ် လမ်းတွင်သေဆုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အမောဖောက်လာလို့ ဆေးရုံတင်ဖို့ဖုန်းဆက်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းက သွားရောက်ကူညီခဲ့တာ။ စံပြဆေးရုံကိုပို့တဲ့အချိန်မှာပဲ လမ်းမှာတင်ဆုံးသွားပါတယ်။ သူ့ (သီဟတင်စိုး)‌ ရုပ်အလောင်းကို ဘယ်မှာ ထားမယ်ဆိုတာတော့မိသားစုရဲ့သဘောဆန္ဒပါ၊ လောလောဆယ်တော့ မသိရသေးပါဘူး”ဟု သီဟတင်စိုး နှင့်နီးစပ်သူ အနုပညာရှင်တစ်ဉီးက ဆိုသည်။

“ထပ်ဆင့်အကယ်ဒမီ ကိုသီဟတင်စိုး နှလုံးရောဂါနဲ့ ယနေ့ကွယ်လွန်သွားကြောင်းသိရလို့ ကျန်ရစ်သူ မိသားစုဝင်တွေနဲ့အတူ အထူးဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ သွားနှင့်တော့ကိုသီဟရေ။ အကိုနဲ့ ချိန်းထားတာတောင် မတွေ့ဆုံရတော့ဘူးပေါ့။ ကောင်းရာသုဂတိလားပါစေ။ ပြုမိသမျှကုသိုလ် အမျှဝေ လိုက်ပါတယ်။ သာဓုခေါ်ပါ အကို။" ဟု ဝေဠုကျော်ဖောင်ဒေးရှင်းက လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာမှ အသိပေးမျှဝေထားသည်။

အကယ်ဒမီသီဟတင်စိုးသည် ၂၀၀၀ ပြည့်နှစ်က ငရဲသားရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်ဆုနှင့် ဒါရိုက် တာဆုကို ပူးတွဲရရှိခဲ့သူဖြစ်သည်။ သီဟတင်စိုး မကွယ်လွန်မီ နောက်ဆုံးနေထိုင်ခဲ့သည့်နေအိမ်မှာ သာကေတမြို့နယ် (၈) ရပ်ကွက် ၊ ရွှေအုတ်ဂူ( ၃ ) လမ်း၊ တိုက် (၃၆) အခန်းအမှတ်(၂၀၁) ဒုတိယထပ်ဖြစ်ပြီး၊ သဂြိုဟ်မည့်ရက်နှင့် အချိန်ကို ထပ်မံကြေညာပေးမည်ဖြစ်ကြောင်း ဝေဠုကျော်ဖောင်းဒေးရှင်းက အသိပေးထားသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#သီဟတင်စိုး
#အကယ်ဒမီ
#နှလုံးရောဂါ
#ကွယ်လွန်
😢4👍3
မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း ၃ ခုကို ကာကွယ်ရေးတပ်ဖွဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် 
==================

စိုင်းခန့်

(မဇ္စျိမ)။ ။ရှမ်းပြည်နယ် မြောက်ပိုင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်း သုံးခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း NUG တပ်ရင်း အမှတ် (၁၂၂၂) သတင်းပြန်ကြားရေးတာဝန်ရှိသူထံမှ သိရသည်။

မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်၏ တပ်ရင်း အမှတ် (၂၂၃)၊ (၂၇၆)၊ (၃၄၈) စသည့် တပ်ရင်းများကို ဖေဖော်ဝါရီလ ၂၀ ရက် နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် မိုးကုတ်ဗျူဟာတပ်ရင်း (၁၂၂၂) နှင့် မိုးကုတ်ဗျူဟာ လက်နက်ကြီး အဖွဲ့တို့ပူးပေါင်းကာ ၆၀ မမ လက်နက်ကြီး လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်က ကျသွားတဲ့ ကျွန်တော်တို့ရဲဘော် ကိုပက်ဂျီအတွက် လက်စားချေတိုက်ခိုက်တာ ဖြစ်ပါတယ်။” ဟု NUG တပ်ရင်း အမှတ် (၁၂၂၂) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်ရာတွင် စစ်ကောင်စီတပ်ရင်း (၂၂၃) နှင့် (၂၇၆) ကြားတွင် တစ်ကြိမ်၊ ဂိတ်စခန်းနှင့် ဗျူဟာရုံးအနီးတွင် တစ်ကြိမ်စီ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်ကျဆုံးမှု အခြေအနေကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်က ဖေဖော်ဝါရီလ ၂၀ ရက် ညနေ ၃ နာရီအချိန်အထိ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“သူတို့တပ်ရင်းတွေထဲကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပြန်ပစ်တာတွေရှိခဲ့ပေမယ့် ကျွန်တော့်တို့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု NUG တပ်ရင်း (၁၂၂၂) တာဝန်ရှိသူက ဆက်ပြောသည်။

NUG တပ်ရင်း အမှတ် (၁၂၂၂) သည် ၄င်းတို့ တပ်ရင်းမှ ကျဆုံးခဲ့သည်ကာကွယ်ရေးရဲဘော်အတွက် PDF တစ်ယောက် စကစ ၁၀၀ အမည်ဖြင့် စစ်ဆင်ရေးပြုလုပ်ကာ စိုးမိုးလှုပ်ရှားရာ နယ်မြေတစ်ဝိုက်ရှိ စစ်ကောင်စီတပ်ဖွဲ့များကို နည်းမျိုးစုံဖြင့် တိုက်ခိုက်လျက်ရှိသည်။

https://youtu.be/5zUvPAg6j4w

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မိုးမိတ်မြို့
#စစ်ကောင်စီတပ်ရင်း
#ဗျူဟာရုံး
#NUG
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤7👍5🔥1😁1
​​ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်
========================

မှော်ဆရာလို့ ချစ်စနိုးခေါ်ကြတဲ့ ရီးယဲလ်မက်ဒရစ် ဂန္တဝင်ကစားသမားကြီး အမန်စီယို အမာရိုဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း ကလပ်အသင်းက အင်္ဂါနေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ညာတောင်ပံကစားသမားဟာ ၁၉၆၂ ဒီပို့ဒီဗိုကနေ ရီးယဲလ်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၉၇၆ မှာ အနားမယူခင် မက်ဒရစ်မှာ လိဂ်ဖလား ၉ လုံးနဲ့ ဥရောပဖလားတစ်လုံး ရယူနိုင်ခဲ့ပါတယ်။

အမန်စီယိုဟာ ၁၉၈၄-၈၅ ဘောလုံးရာသီမှာ အသင်းကို နည်းပြအဖြစ် မကိုင်တွယ်ခင် မက်ဒရစ်အတွက် ၄၇၁ ပွဲကစား ၁၅၅ ဂိုး သွင်းယူပေးခဲ့ပါတယ်။
🔥1😢1
​​ကလေးမြို့တွင် စစ်ဆေးရေးဂိတ် အနီးကပ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၄ ဦး သေဆုံး
========================

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မြို့လှရပ်ကွက် စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားလေးဦးသေဆုံးခဲ့ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ကြေညာ ထားသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီက မြို့လှရပ်ကွက် (၁၂) မြို့ပတ်လမ်းမပေါ်တွင် ဂိတ်စောင့်နေ သော အစောင့်သုံးဦးအား စနိုက်ပါ၊ မောင်းပြန်များဖြင့် မီတာ ၁၂၀ အကွာခန့်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားသုံးဦးလုံးသေဆုံးသွားပြီး ပစ်ခတ်သံကြောင့် ရပ်ကွက် အတွင်းတပ်စွဲထားသည့်နေရာမှ ခြောက်ဦးရောက်ရှိလာသဖြင့် ဆက်လက်ပစ်ခတ်ရာ တစ်ဦးထပ်မံသေ ဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပြောက်ကျား စစ်ဆင်ရေးလုပ်ခဲ့တာပါ၊ ပုံမှန်အားဖြင့်တော့ အင်အား ၂၀ လောက်ရှိတတ်တယ်၊ ကျနော် တို့ပစ်တဲ့အချိန်မှာ သုံးယောက်ပဲရှိနေတာ။ အဲဒီဂိတ်က အဓိကအားဖြင့် လမ်းသွားလမ်းလာတွေကို စစ်ဆေးတာနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ ချထားတာပါ” ဟု ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ ဦးဆောင်သူ ကိုရန်မင်းနိုင်က မဇ္စျိမကိုပြောသည်။

ယင်းသို့ပစ်ခတ်တိုက်ခိုက်နေချိန် မြို့လှရပ်ကွက်အတွင်း နှစ်ထပ်အိမ်တစ်အိမ်၌တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်ရောက်ရှိလာပြီး ပစ်ခတ်သဖြင့် ၎င်းတို့တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရ ကြောင်း ဆိုသည်။

စစ်အာဏာရှင်အဖွဲ့ကို ၂၀၂၃ ခုနှစ်မကုန်ခင် အမြစ်ပြတ်ချေမှုန်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မိဘ ပြည်သူများကို အသိပေးလိုကြောင်း အဖွဲ့ဦးဆောင်သူက ပြောသည်။

မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များ၊ ရဲ ၊ ပျူစောထီးများ သွားလာလှုပ်ရှားရာနေရာများ၊ ၎င်းအဖွဲ့များ နေထိုင်အခြေချရာနေရာများ၊ ၎င်းတို့ ယာဉ်တန်းများရှိရာနေရာများတွင် အသွားအလာ ဆင်ခြင်ကြရန် ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့က ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် တိုက် တွန်းနိုးဆော်ထားသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် အချိန်နှင့်တပြေးညီ စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ထောက်တိုင်များအား ရှင်းလင်း သွားမည်ဖြစ်သဖြင့် သတိပေးချက်အား မလိုက်နာမှုကြောင့်ဖြစ်ပေါ်လာမည့် မည်သည့်ပြဿနာကိုမဆို တာဝန်ယူသွားမည် မဟုတ်ကြောင်း ကလေးမြို့ မြို့ပြစီမံချက် UG အဖွဲ့ မှ သတိပေးထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#ကလေးမြို့
#စစ်ကောင်စီတပ်
#ကလေးမြို့မြို့ပြစီမံချက်UG
#တိုက်ခိုက်မှု
❤8👏6👍2😁2
ရောဂါခံစာနေရသည့် ကလေးငယ်များ၏ဓါတ်ပုံဖြင့် အလှူငွေ လိမ်လည်ကောက်ခံနေ
====================

ဂျူချန်း
မဇ္ဈိမ ။ ။ရောဂါဝေဒနာခံစားနေရသည့် ကလေးငယ်များ၏ ဓာတ်ပုံများအားအသုံးပြုကာ ဖေ့စ်ဘုတ် အကောင့်တုများဖြင့် အလှူငွေကောက်ခံခြင်းများ ပြုလုပ်လျက်ရှိနေသည်။

“Daw Ya Min” အမည်ရှိ ဖေ့စ်ဘုတ်အကောင့်မှ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် “အမည် ဘုန်းလျှံထွဋ်၊ မိဘအမည် ဦးနှင်းမောင်*ဒေါ်ယမင်းနွယ် ရန်ကုန်ကိုဆေးလာကုသရင်း ရွှေတောင်ဘုန်းတော်ကြီးကျောင်း မှာ ခဏတာတည်းခိုနေရပါတယ်” ဟုဆိုကာ ဗဟန်း၊ ရွှေဂုံတိုင် ဗန်ဒါပင်မှတ်တိုင်အနီး ရွှေတောင်ကျောင်း သို့ လာရောက်လှူဒါန်းနိုင်ကြောင်းနှင့် ဦးနှင်းမောင်အမည်ရှိ Kpay အကောင့်နှင့်အတူ ရောဂါခံစားနေရ သည့် ကလေးငယ်၏ဓာတ်ပုံများဖြင့် အလှူခံထားသည်။ အဆိုပါ ပို့စ်အား မျှဝေသူ ၃,၀၀၀ ကျော်ရှိနေပြီး ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အလှူငွေတောင်းခံကာ ရရှိကြောင်းပိုစ့်များလည်း ဖြန့်ဝေထားသည်။

အဆိုပါကလေးငယ်အကြောင်း မဇ္ဈိမမှစုံစမ်းခဲ့ရာ ၎င်း၏အမည်မှာ ဘုန်းလျှံထွဋ်(၆ နှစ်)ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တည်းက ဆုံးသွားပြီဖြစ်ကြောင်း ဖခင်နှင့်အဒေါ်ဖြစ်သူထံမှ သိရသည်။ ကလေး၏ ဖခင်အမည်မှာလည်း ဦးနှင်းမောင် မဟုတ်ဘဲ ဦးဖြိုးကိုကို ဖြစ်သည်။

“ကလေးမဆုံးခင်မှာတော့ ကျနော့်အကောင့်ကနေ အလှူခံခဲ့တာရှိပါတယ်။ ဒါပေမယ့် သားမဆုံးခင်မှာပဲ အလှူခံတာ ရပ်ခဲ့ပါတယ်။ သားက ရန်ကုန်ကနေရွာကိုအပြန်လမ်းမှာ ဆုံးသွားတုန်းကလည်း ကျနော့် အကောင့်မှာ လိုက်ဖ်လွှင်ထားတာရှိတယ်။ ကလေးလည်းဆုံးသွားပြီမို့ ခုလိုလိမ်ပြီး အလှူခံနေတာရပ်ကြ ပါတော့။ ကျနော်တင်ထားတဲ့ ပုံတွေနဲ့စာတွေကို အကုန်ကော်ပီယူပြီးတင်နေကြတာ။ သူတို့လုပ်စားနေ တာက နောက်ဆုံး ကျနော်တို့ပဲ မကောင်းဘူးဖြစ်နေတာ။ လိမ်နေတာတွေကိုလည်း ထိထိရောက်ရောက် လေးဖြစ်အောင် လုပ်စေချင်တယ်။ ကျနော်တို့လည်း ဘယ်သူ့ကိုသွားတိုင်လို့ တိုင်ရမှန်း မသိဘူး” ဟု ဘုန်းလျှံထက်၏ ဖခင်ဖြစ်သူမှ မဇ္ဈိမသို့ပြောကြားသည်။

မောင်ဘုန်းလျှံထက်မှာ ရန်ကုန်ကလေးအထူးကုဆေးရုံကြီး(ဟယ်လ်ပင်ဆေးရုံ)တွင် ၂၀၂၁ ခုနှစ် ဇူလိုင် လမှ စတင်ကာ ၂၀၂၂ ဇူလိုင်လအထိ တစ်နှစ်နီးပါးဆေးကုသမှုခံယူခဲ့ပြီး ၂၀၂၂ ခုနှစ် မေလ၌လည်း အိန္ဒိယ သို့ သွားရောက်ဆေးကုသခဲ့ရသေးကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီးမှ ရောဂါအခြေအနေကြောင့် ဆေးကုသရန်လက်လျှော့ခဲ့ရပြီး ရွာသို့အပြန်လမ်းတွင်ပင်ဆုံးပါးခဲ့သည်ဟု ၎င်း ၏ဖခင်က ဆိုသည်။

ကလေးငယ်ဆုံးခဲ့သည့်ဖြစ်စဉ်အားလည်း ဖခင်ဖြစ်သူမှ လိုက်ဖ်လွှင့်ထားခဲ့သည်။ လင့် https://bit.ly/3SahdXo

ယခု ကလေးပုံများဖြန့်ဝေနေသည့်အကောင့်သည် ကလေး၏အမေဖြစ်သူ ဒေါ်ယမင်း၏အမည်ဖြင့် အကောင့်ဖြစ်သည်။ သို့သော် ကလေး၏မိခင်မှာ ဖေ့စ်ဘုတ်မသုံးကြောင်းနှင့် ဖခင်ဖြစ်သူမှာလည်း ကလေးအမည်ဖြင့်သာ ဖေ့စ်ဘုတ်သုံးကြောင်းဆိုသည်။

ကလေး၏ အဒေါ်ဖြစ်သူမှလည်း “ပထမတော့ လူလိမ်တွေက ကလေးအဖေရဲ့ ဖေ့စ်ဘုတ်နာမည်နဲ့ တစ်ပုံ စံတည်းလိုက်ဖွင့်ပြီး တင်သမျှပို့စ်တွေ ကူးတင်တယ်။ အဲဒီတုန်းကတည်းက ကလေးအဖေကလည်း ခဏ ခဏ လူလိမ်အကောင့်ပါဆိုပြီးတင်ပါတယ်။ နောက်ပိုင်း အမတို့ကပါ ဝိုင်းပြောကြတော့ ကလေးအမေ နာမည်နဲ့ လုပ်ပြန်ရော။ အမတို့လည်း ကလေးလည်း ဆုံး။ လူလိမ်ကိုလည်း မပြောနိုင်တော့ဘူး” ဟု မဇ္ဈိမ ကို ပြောသည်။

ကလေးအတွက် အလှူငွေကောက်ခံစဉ်ကအသုံးပြုသည့် Kapy အမည်မှာလည်း ဦးဖြိုးကို ဖြစ်ပြီး ဦးနှင်းမောင်အမည်မှာ လိမ်လည်နေခြင်းသာဖြစ်ကြောင်းလည်း ဆိုသည်။

မော်ဒယ်၊ သရုပ်ဆောင် မေပန်းချီကလည်း ၎င်း၏ဖေ့ဘုတ်အကောင့်တွင် အဆိုပါ ဒေါ်ယမင်းအကောင့်မှ ဦးနှင်းမောင်အမည်ရှိ Kpay ဖြင့် လိမ်လည်အလှူခံနေကြောင်းနှင့် ၎င်းမှ ကလေးအားကြည့်လို၍ ဖုန်းခေါ် ချိန်တွင် မကိုင်ဘဲဘလော့သွားကြောင်းလည်း ဆိုထားသည်။ လင့် - https://bit.ly/3kbMwUV

အဆိုပါ ဦးနှင်းမောင်အမည်ရှိ Kpay နှင့် Wave အကောင့်များဖြင့်ပင် ရောဂါခံစားနေရသည့် အခြား မိန်းကလေးငယ် တစ်ဦး၏ပုံဖြင့် ဒေါ်ယဉ်မြအကောင့်မှ အလှူခံထားသေးသည်။

ဒေါ်ယဉ်မြအကောင့်မှ မိန်းကလေးငယ်တစ်ဦး၏ပုံများဖြင့် သမီးလေးနှင်းဧကရီသည် သွားဖုံးကင်ဆာအား ကုသနိုင်ရန် ငွေလိုအပ်သဖြင့် အလှူငွေကောက်ခံကြောင်း သွားဖုံးကင်ဆာရောဂါဝေဒနာ ခံစားနေရသည့် မိန်းကလေးငယ်တစ်ဦး၏ဓာတ်ပုံများဖြင့် ဖြန့်ဝေထားသည်။ ပိုစ့်တွင် အလှူငွေလွှဲရန် ဦးနှင်းမောင် အမည် ဖြင့် K pay နှင့် Wave pay (09758389844) အ‌ကောင့်နံပါတ်များကို ဖော်ပြထားသည်။ ထို wave account ၏ အမည်မှာ နှင်းမောင်ဖြစ်ပြီး ထိုနံပါတ်ဖြင့် Kapy တွင် အကောင့်မရှိချေ။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Fraud
👍4🤬2🔥1
​​ရှေးဟောင်း သရဖူလက်ဝတ်ရတနာများအား ကမ္ဘောဒီးယားထံ ဗြိတိန် ပြန်လည်ပေးပို့ 
=======================

ကမ္ဘောဒီးယားနိုင်ငံမှ ခိုးယူသွားပြီး တော်တော်များများမှာ ပြည်သူများ မည်သည့်အခါကမျှ မတွေ့မမြင်ဘူးသည့် အန်ကောခေတ် သရဖူလက်ဝတ်ရတနာ ဒါဇင်များစွာအား လန်ဒန်တွင် တွေ့မြင်ရရှိပြီးနောက် ကမ္ဘောဒီးယားနိုင်ငံဆီ ပြန်လည်ပေးပို့ကြောင်း ကမ္ဘောဒီးယား ယဉ်ကျေးမှု ဝန်ကြီးဌာနက တနင်္လာနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1😁1
​​ရုံးတင်စစ်ဆေးမှုမပြုလုပ်ရသည့် ဖမ်းဆီးခံ တရုတ်သတင်းထောက် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေ 
==================

တရုတ်နိုင်ငံတွင် ၁၈ လနီးပါး ရုံးတင်စစ်ဆေးခြင်းမပြုလုပ်ရဘဲ အကျဉ်းချခံနေရသော တက်ကြွလှုပ်ရှားသူ တရုတ်သတင်းထောက်တစ်ဦးသည် အရေးပေါ်ဆေးကုသမှုခံယူရန် လိုအပ်နေကြောင်း ရှေ့နေများက ပြောကြားသည်။

သတင်းထောက် ဟွမ်ရွှေ့ချင်နှင့် အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူ ဝမ်ကျားဘင်တို့သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ထိန်းသိမ်းခံရကာ ၁ လအကြာတွင် တရားဝင်ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့သည် နိုင်ငံတော်အာဏာကို အဖျက်အမှောင့်လုပ်ရာတွင် လှုံ့ဆော်သည်ဟု စွပ်စွဲခံထားရပြီး မိသားစု သို့မဟုတ် ရှေ့နေများနှင့် တွေ့ခွင့်မရဘဲ ကွမ်ကျိုးတွင် ထိန်းသိမ်းထားခံထားရသည်။

ဟွမ်ရွှေ့ချင်နှင့် ဝမ်ကျားဘင်တို့ကို ဖမ်းဆီးခြင်း မပြုသင့်ကြောင်း ရှေ့နေများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောကြားခဲ့သည်။ အထူးသဖြင့် ဟွမ်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ကြားသိရသည်ဟု ရှေ့နေများက သီတင်းပတ်တွင် ပြောကြားခဲ့သည်။
👍3🔥2
​​ရှင်ကျန်းပြည်နယ်အုပ်ချုပ်ရေးမှူးက အငြင်းပွားဖွယ် ဗြိတိန်ခရီးစဉ်ကို ဖျက်သိမ်း 
=========================

ဗြိတိန်တာဝန်ရှိသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများ၏ ပြင်းထန်သော ဝေဖန်မှုများကြောင့် တရုတ်နိုင်ငံ၊ ရှင်ကျန်းပြည်နယ်အုပ်ချုပ်ရေးမှူးသည် ယခုသီတင်းပတ်အတွင်း သွားရောက်ရန် စီစဉ်ထားသည့် ဗြိတိန်ခရီးစဉ်ကို ဖျက်သိမ်းလိုက်သည်။

ဗြိတိန်အစိုးရက ဖိတ်ကြားထားခြင်း မရှိသည့် အာကင်တူနီယက်ဇ်သည် လန်ဒန်ခရီးစဉ်အား ပယ်ဖျက်ရန် ဆုံးဖြတ်လိုက်ကြောင်း ဗြိတိန်အရာရှိနှင့် ယင်းခရီးစဉ်ကို ဆန့်ကျင်သည့်တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။

တူနီယက်ဇ်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသည့် ပြင်သစ်နှင့် ဘယ်လ်ဂျီယံ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။

ရှင်ကျန်းရှိ ဝီဂါများအပေါ် တရုတ်အစိုးရ၏ လူမဆန်စွာဆက်ဆံပုံနှင့် ပတ်သက်၍ တင်ပြမည့် နိုင်ငံခြားရေးရုံး (FCDO) အရာရှိများနှင့် တူနီယက်ဇ်က တွေ့ဆုံရန် စီစဉ်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူးနက်၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီလ ၁၃ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
👍4👏1
​​FATF မှ အမည်ပျက်စာရင်း ထည့်သွင်းခံထားရသော်လည်း ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ခဲ့ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌဆို
=====================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း ၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောဆိုခဲ့သည်။

ဗဟိုဘဏ်ဦးဆောင်သည့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (Financial Intelligence Unit - FIU) နှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းကျင်းပသည့် “ဆုံးရှုံးနိုင်ခြေမြင့်မားသည့် မှုခင်းများနှင့် ဆက်နွယ်သည့် ငွေကြေးခဝါချမှုအန္တရာယ်များ ဖော်ထုတ်ခြင်း ဆွေးနွေးပွဲ” တွင် ၎င်းကထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် “ငွေရေးကြေးရေးကဏ္ဍကို အသုံးပြုတဲ့ ငွေကြေးခဝါချမှုအန္တရာယ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးသာမက ပြည်သူတစ်ရပ်လုံးရဲ့ အကျိုးစီးပွားကိုပါ ထိခိုက်စေမှာပါ” ဟု ၎င်းက ဆိုသည်။

ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်းထည့်သွင်းလိုက်‌ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများ ဆက်တိုက်ကျဆင်းနေခြင်းဖြစ်သည်။

FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။

“ငွေလွှဲလုပ်ငန်းတွေ တိုးတက်လာတယ်ဆိုတာဘယ်စံချိန်စံညွှန်းနဲ့ပြောလဲဆိုတာတော့ မသိရဘူး။ လက်ရှိမှာ ကျပ်ငွေတန်ဖိုးကျဆင်းနေသလို ငွေလွှဲလုပ်ငန်းတွေအားလုံးအရင်လို ပုံမှန်မလည်ပတ်နိုင်တာတော့ အမှန်ပဲ” ဟု ကျောက်တံတားမြို့နယ်မှ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ဆိုသည်။

မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍမှ တင်ပို့မည့် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ရက်နေ့မှစတင်ကာ ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ငွေကြေးအဖွဲ့အစည်းလုပ်ကိုင်သူများတွင် ငွေကြေးခဝါချသူများ မပါဝင်စေရန်နှင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်များမှ ကောလဟာလသတင်းများဖြန့်ကာ ဒေါ်လာစျေးဆွဲတင်နေမှုကို အရေးယူမည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သတိပေးချက်ထုတ်ပြန်ထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဗဟိုဘဏ်
#သတ်မှတ်နှုန်း
#စစ်ကောင်စီ
#FATF
👍4❤1🤮1
​​ချက်သမ္မတအသစ်ကြောင့် တရုတ်နှင့်သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိဟု GeoPolitica.info က ဖော်ပြ
==================

ချက်သမ္မတအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး ပီတာပါဗဲလ် ရွေးကောက်ခံရခြင်းက ချက်သမ္မတနိုင်ငံနှင့် တရုတ် နိုင်ငံအကြား သံတမန်ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလာကြောင်း GeoPolitica.info က ဖော်ပြလိုက်သည်။

အနောက်နိုင်ငံများနှင့် ယူကရိန်းကို ထောက်ခံသူဟု ယူဆထားသည့် ပီတာပါဗဲလ်သည် တရုတ်က ယင်း၏ ပိုင်နက်တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း စွပ်စွဲထားသည့် ထိုင်ဝမ်ကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူဖြစ်သည်။

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့(နေတိုး) ၏ စစ်ဘက်ကော်မတီ ဥက္ကဋ္ဌဟောင်းနှင့် စစ်ဗိုလ်ချုပ်ကြီးဖြစ်သူ ပါဗဲလ်က ချက်သမ္မတနိုင်ငံသည် ထိုင်ဝမ်နှင့် နယ်ပယ်အားလုံးတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး ကြိုးပမ်းမည်ဟု ပြောခဲ့သည်။ 
ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်သည် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် ချက်နိုင်ငံ၏ ယုံကြည်စိတ်ချရသော မိတ်ဖက်ဖြစ်ကြောင်း ပါဗဲလ်က ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
👍13🔥1
သံတောင်မြို့တွင် နေအိမ် ၅ လုံးအပါအဝင် ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
🔥1😁1🤬1
သံတောင်မြို့တွင် နေအိမ် ၅ လုံးအပါအဝင် ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
======================

YT
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်အနီးရှိ နေအိမ်ငါးလုံး၊ ကားတစ်စီးနှင့် ဆိုင်ကယ်တစ်စီးအား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးသွားကြောင်း သံတောင်မြို့ခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် သံတောင်မြို့ ၁၃ မိုင်အတွင်းသို့ ဝင်ရောက်ပြီး ရပ်ကွက်(၁) (ယခင် ရပ်ကွက် ၅ အဟောင်း)ရှိ ပြည်သူများ၏ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဟုဆို သည်။

“PDF တွေကို အကြို၊ အပို့လုပ်နေတယ်ဆိုပြီး မီးရှို့သွားတာ။ အဲဒါက အရပ်သားအိမ်နဲ့ ကားပါပဲ”ဟု ဒေသခံကမဇ္ဈိမသို့ပြောသည်။ မီးရှို့ခံရသည့်အိမ်တစ်လုံးနှင့် ကားတစ်စီးသည် KNU၊ PDF တို့နှင့် ပတ် သက်သည်ဟု စစ်ကောင်စီတပ်ဘက်မှစွပ်စွဲထားသော်လည်း ၎င်းကငြင်းဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေပိုင်းက စစ်ကောင်စီတပ်နှင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှ သံတောင်မြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေး သည်။

သံတောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ဇန်နဝါရီလ ၂၇ ရက်နေ့ ကတည်းကတိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ ဦးရေ ၈,၀၀၀ ကျော်နေအိမ်စွန့်ခွာခဲ့ရသည်မှာ တစ်လနီးနီး ရှိပြီဖြစ်သည်။

“ကျွန်မတို့က မြို့ထဲမှာအပစ်အခတ်ငြိမ်သွားပြီဆိုတော့ အိမ်ပြန်မလို့လုပ်နေတာ။ ဒီနေ့ ဒီလို မီးရှို့တာတွေ ထပ်ကြားရတော့ မပြန်ရဲသေးဘူး” ဟု ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သည့် သံတောင်မြို့၌ ဖေဖော်ဝါ ရီလ ၄ ရက်နေ့က KNU-KNLA/PC အရာရှိဟောင်းတစ်ဦး၏ နေအိမ်၊ KNU အရာရှိတစ်ဦး၏နေအိမ်အပါ အဝင် KNU နှင့်ပတ်သက်နေသည်ဟုယူဆသည့် နေအိမ်တစ်လုံးအား စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#သံတောင်မြို့
#မီးရှို့
#၁၃_မိုင်
#KNU_KNLA
🤬5👍2🔥2❤1👏1
ဖေဖော်ဝါရီ (၂၁) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
========================

- စစ်အရာရှိတွေအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၇ ခုကို EU က ပိတ်ဆို့အရေးယူမှုတွေနဲ့ ချမှတ်လိုက်တဲ့သတင်း

- နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အလှမ်းဝေးနေဆဲဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဝန်ခံတဲ့သတင်း

- သမ္မတဟောင်း ဦးထင်ကျော် ဂုဏ်ထူးဆောင်ဘွဲ့ ကိုယ်စား လက်ခံရယူသည့်ပုံ စစ်ကောင်စီဖော်ပြတဲ့သတင်း

- မြဝတီ-မဲဆောက် အမှတ် ၁ တံတားမှာ ကိုဗစ်ဆေး၃ ကြိမ် အပြည့်ထိုးနှံပြီးသူတွေကိုပဲ ဖြတ်သန်းသွားလာခွင့်ပြုတဲ့သတင်း

- ဇန်နဝါရီလဆန်းကစပြီး ၁ လကျော်ကြာပိတ်ထားသည့် နိုင်ငံကူးလက်မှက်ရုံးများ ရက်ပိုင်းအတွင်း ဖွင့်မယ်ဆိုတဲ့သတင်း

- အမေရိကန်က တူရကီကိုF-16 တိုက်လေယာဉ်တွေပေးအပ်ဖို့ ကတိပြုလိုက်တဲ့သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://www.youtube.com/live/mGgL9yCwEyU?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍1😁1
ဖေဖော်ဝါရီလ (၂၁) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်
=====================

သမ္မတဟောင်းဦးထင်ကျော်ဟာ စစ်ကောင်စီက ပေးအပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့ကို ဖခင်ဖြစ်သူကိုယ်စား လက်ခံရယူခဲ့တဲ့သတင်းနဲ့အတူ

စစ်အရာရှိတွေအပါအဝင် လူပုဂ္ဂိုလ် ၉ ဦးနဲ့ အဖွဲ့အစည်း ၇ ခုကို EU က ပိတ်ဆို့အရေးယူမှုတွေ ထပ်မံချမှတ်လိုက်တဲ့ သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်နဲ့အတူ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

https://youtu.be/GCEiNGF1FqA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2👍1🥰1
မုံရွာမြို့ ဇလုပ်အဝိုင်းမှ စစ်ကောင်စီဂိတ် အလစ်ဝင်ရောက်တိုက်ခိုက်ခံရ
====================

ပါခွီး
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ကျောက္ကာလမ်းရှိ ဇလုပ်အဝိုင်းမှစစ်ကောင်စီဂိတ်ကို ကားဖြင့် ရှောင် တခင်အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှစ်ဦးထိမှန်ခဲ့ကြောင်း မုံရွာနတ်ဆိုးတပ်ဖွဲ့ထံ မှသိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြတ်သန်းသွားလာသော ကား၊ ဆိုင်ကယ်များကို ဆက်ကြေးတောင်းနေသော စစ်ကောင်စီဂိတ်ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီဂိတ်မှာ စခ(စစ်ကောင်စီတပ်သား) လေးယောက်ရှိတာ ၊ နှစ်ယောက် ထိမှန်သွားပါတယ်၊ သေမသေ ကိုတော့အတည်မပြုနိုင်သေးပါဘူး” ဟု မုံရွာနတ်ဆိုးအဖွဲ့တာဝန်ရှိသူတစ်ဦးက မဇ္စျိမကိုပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာနတ်ဆိုးအထူးကွန်မန်ဒိုအဖွဲ့ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၃) ကနောင်မင်းသားကြီး ၊ နတ်ဆိုးတပ်ရင်း တပ်ခွဲ(၄) နောင်ရိုးတပ်ခွဲနှင့် မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက် ညနေ ၆နာရီ ၃၀ မိနစ်ဝန်းကျင်ကလည်း အိမ်စီးကားဖြင့် ဗောဓိတစ်ထောင်မှ ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား မြို့ရှောင်လမ်းအရောက်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

https://youtu.be/fWLnUghO5a0

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#ကျောက္ကာလမ်း
#ဇလုပ်အဝိုင်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10❤3😁2