Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​ဆန်အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ စျေးတက်နေ
=========================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ ပြည်တွင်းတွင် ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်ကာ ဆန်အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ စျေးတက်နေကြောင်း စျေးကွက်အတွင်း စုံစမ်းသိရှိရသည်။

ဇန်နဝါရီလ နောက်ဆုံးအပတ်မှစတင်ကာ တဖြည်းဖြည်းမြင့်တက်လာသည့် ဆန်စျေးနှုန်းများမှာ ဖေဖော်ဝါရီလ တတိယပတ်တွင် ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တစ်အိတ်လျှင် ၈၇,၀၀၀ ကျပ်မှ ၉၅,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၁၄,၀၀၀ မှ ၁၃၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင်) တစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်မှ ၈၅,၀၀၀ ကျပ်၊ ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) တစ်အိတ်လျှင် ၆၅,၀၀၀ ကျပ်ကျော်မှ ၇၂,၀၀၀ ကျပ် အထိ အသီးသီးရှိကြောင်းသိရသည်။

“ ဇန်နဝါရီလဆန်းအထိ ဆန်စျေးတွေက ဒီလောက်မတက်သေးဘူး။ အခုက ဆန်အသစ်ပေါ်တဲ့ အချိန်ဆိုတော့ ဆန်ဟောင်းရှားတဲ့အချိန်လည်းဖြစ်တဲ့အပြင် စျေးကွက်အတွင်းမှာ ဆန်လှောင် ထားသူတွေနဲ့ ဆန်ကုန်သည်တွေစျေးကစားခြင်းကြောင့် စျေးတွေတက်နေတာပါ” ဟု ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပြင် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်တို့တွင်လည်း နယ်မြေမတည်ငြိမ်မှုများနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ဆန်တစ်အိတ်လျှင် နေရာဒေသပေါ် မူတည်ကာ ကျပ် ၁၀,၀၀၀ ကျော်မှ ၂၀,၀၀၀ ဝန်းကျင်အထိ စျေးတက်နေသည်။

“ စပါးအများဆုံးစိုက်ပျိုးတဲ့ စစ်ကိုင်းဘက်မှာကလည်း တိုက်ပွဲတွေပြင်းထန်တဲ့အတွက် အဲ့ဒီဘက်ကတောင်သူတွေက စပါးကိုလက်ထဲမထားရဲကြတော့ အကုန်ရောင်းချတဲ့အခါ ကုန်သည်တွေကဝယ်လှောင်ပြီး စျေးကစားတဲ့အပြင်၊ ကျန်တဲ့ဒေသတွေမှာလည်း စိုက်ပျိုးစရိတ်များတာရယ်ကြောင့် ထင်သလောက်စျေးမရကြဘူး။ ဒီအချိန်မှာ ကုန်သည်တွေ စိတ်ကြိုက်ဖြစ်နေတာပေါ့” ဟု မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်းမှ စပါးစိုက် တောင်သူတစ်ဦးက ဆိုသည်။

ဆန်စျေးနှုန်းများမှာ ဇန်နဝါရီလဆန်းပိုင်းတွင် ရွှေဘိုပေါ်ဆန်း (ဆန်အသစ်) တစ်အိတ်လျှင် ၇၁,၀၀၀ ကျပ်မှ ၈၂,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၉၅,၀၀၀ မှ ၁၁၀,၀၀၀ ကျပ်ဝန်းကျင်၊ ဆန်ချော (ဧရာဝတီပေါ်ဆန်းအုပ်စုဝင်) တစ်အိတ်လျှင် ၆၂,၀၀၀ ကျပ်မှ ၇၀,၀၀၀ ကျပ်၊ ဆန်ကြမ်းအဟောင်း (ငစိန်၊ ဇီယာ အုပ်စုဝင် ) တစ်အိတ်လျှင် ၅၈,၀၀၀ ကျပ်ကျော်မှ ၆၅,၀၀၀ ကျပ် အထိ အသီးသီးရှိခဲ့ကြောင်းသိရသည်။

“စျေးကွက်ထဲမှာ ဒီလိုစျေးကစားသူတွေနဲ့ ကုန်သည်တွေကြောင့် ဆန်စျေးတွေတက်တဲ့အခါ အလွန်အကျွံမဝယ်မိကြဖို့လိုတယ်။ စိုးရိမ်စိတ်နဲ့လိုက်ဝယ်ကြတဲ့အခါ ဆန်စျေးက ဒီထပ်ပိုကောင်းလေဖြစ်လိမ့်မယ်” ဟု မဇ္ဈိမ၏ သတင်းရင်းမြစ်တစ်ဦးကဆိုသည်။

စာတည်း ။ ။ Alden

#ဆန်ဈေးတက်
#ဆန်ဈေးကွက်
#ဆန်
#ဈေးတက်
👍9🥴6👎1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်ထုတ်လွှင့်မှုများ
=====================

https://youtu.be/AR_l_OJUGjI

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤8👍3😁3
​​တရုတ်၏ထောက်လှမ်းရေးစွမ်းရည်များကို ပိုမို စမ်းစစ်ရန် အမေရိကန်အစိုးရ ကြိုးပမ်းနေ
=======================

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ရာထူးတာဝန်စတင်ယူပြီးနောက် တရုတ်၏ ထောက်လှမ်းရေးစွမ်းရည်ကို ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ရန် ထောက်လှမ်းရေးအသိုင်းအဝိုင်းအား ညွှန်ကြားခဲ့သည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

အမေရိကန်တွင် မကြာသေးမီရက်များအတွင်း တရုတ်မိုးပျံပူဖောင်း ၃ လုံး တွေ့ရှိခဲ့သည်။ တောင်ကယ်ရိုလိုင်းနားကမ်းလွန်တွင် သံသယဖြစ်ဖွယ်တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းတစ်လုံးကို အမေရိကန်စစ်တပ်က ပစ်ချခဲ့ပြီး တစ်ပတ်အကြာနှင့် အလာစကာရေပြင်အနီးတွင် အလားတူအရာဝတ္ထုအား ပစ်ချပြီး တစ်ရက်အကြာတွင် အမေရိကန် F-22 တိုက်လေယာဉ်က ကနေဒါဝေဟင်၌ ဆလင်ဒါပုံသဏ္ဍာန် အမျိုးအမည်မသိ အရာဝတ္ထုတစ်ခုကို ဖေဖော်ဝါရီလ ၁၁ ရက်က ပစ်ချခဲ့သည်။ 

တရုတ်တွင် ထောက်လှမ်းရေးသတင်းအချက်အလက်စုဆောင်းမှုအတွက်အမြင့်ပျံ မိုးပျံပူဖောင်းအစီအစဉ်တစ်ခု ရှိပြီး ယင်းက တရုတ်စစ်တပ်နှင့် ဆက်စပ်နေကြောင်းကို မိမိတို့ ဆုံးဖြတ်နိုင်ခဲ့သည်ဟု မဟာဗျူဟာ ဆက်သွယ်ရေး ညှိနှိုင်းရေးမှူး ဂျွန်ကာဘီက ပြောကြားသည်။
👍16🔥1👏1
​​တရုတ်က ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များ ပံ့ပိုးနိုင်ဖွယ်ကြောင်း အမေရိကန်ပြော
========================

တရုတ်ကုမ္ပဏီများသည် ရုရှားအား လူကိုမသေစေနိုင်သော အကူအညီများ ပေးနေခဲ့ပြီး ထပ်မံရရှိသည့် သတင်းအချက်အလက်များအရ တရုတ်အစိုးရသည် လူသတ်လက်နက်များလည်း ထောက်ပံ့နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်န်က ပြောကြားခဲ့သည်။

ထိုကဲ့သို့ ထပ်တိုးထောက်ပံ့လျှင် တရုတ်အနေဖြင့် ဆိုးရွားသည့် အကျိုးဆက်များနှင့် ကြုံတွေ့ရမည်ဟု ဘလင်ကင်န်က သတိပေးခဲ့သည်။ 

“အကျပ်ကိုင်မှုနဲ့ ဖိအားပေးမှုတွေ အသာထား။ တရုတ်နဲ့ ရုရှား ဆက်ဆံရေးအပေါ် အမေရိကန်ရဲ့ စွပ်စွဲပြစ်တင်မှုတွေကို မိမိတို့ လက်မခံပါဘူး" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်းက ဖေဖော်ဝါရီလ ၂၀ ရက်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
👏7👍3😱2🔥1
​​တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် ကာဇက်စတန်လူမျိုး ဂီတပညာရှင်အား ရှင်ကျန်းရဲတပ်ဖွဲ့ ဖမ်းဆီး 
========================

တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်သည့် ကာဇက်စတန်လူမျိုး ဂီတပညာရှင်တစ်ဦးအား စိတ်ရောဂါကု ဌာနသို့ ခေါ်ဆောင်သွားမည့် အန္တရာယ်ရှိနေကြောင်း ကာဇက်စတန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က သတိ ပေးပြီးနောက် သီတင်းပတ်များအကြာတွင် ရှင်ကျန်းမြို့တော် အူရမ်ချီမြို့မှ အာဏာပိုင်များက ၎င်းကို ထိန်းသိမ်း လိုက်သည်။

အူရမ်ချီမြို့ ရှာယိဘတ်ခရိုင်မှ ပြည်နယ်လုံခြုံရေးရဲများက AP သတင်းထောက်ဆိုသူ၏ လူတွေ့မေးမြန်းမှုဆောင်းဆိုချက်ကို လက်ခံခဲ့သော အသက် ၄၇ နှစ်အရွယ် ဇန်နာဂယ်ဇူမာတီအား ဖေဖော်ဝါရီ ၁၀ ရက်က နေအိမ်မှ ခေါ်ဆောင်သွားခဲ့ကြောင်း ကာဇက်စတန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Atajurt က ပြောကြားခဲ့သည်။

 ပြည်နယ်လုံခြုံရေးရဲများက ဇန်နာဂယ်ကို ဖေဖော်ဝါရီ ၁၀ ရက် ညနေ ၅ နာရီ ၄၀ မိနစ်တွင် ဖမ်းဆီးသွားခဲ့ကြောင်း Atajurt အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ နူဘတ်က RFA သို့ ပြောကြားခဲ့သည်။
👍3👏2🤬1
​​ဝက်ဖို့ဒ်နည်းပြဟောင်း ဂျာဗီဂရေစီယာကို နည်းပြအဖြစ် လိဒ်ယူနိုက်တက် ခန့်အပ်
========================

လိဒ်ယူနိုက်တက်အသင်းဟာ ဝက်ဖို့ဒ်နည်းပြဟောင်း ဂျာဗီ ဂရေစီယာကို ဂျက်ဆီမာ့ခ်ျရဲ့ နည်းပြနေရာ အစားထိုးဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။

မာ့ခ်ျဟာ ဖေဖော်ဝါရီ ၆ ရက်က ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း လိဒ်ဟာ သူ့ရဲ့နေရာမှာ အစားထိုးဖို့ ကြိုးပမ်းမှုမှာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အသင်းကိုတော့ အသက် ၂၁ နှစ်အောက် နည်းပြ မိုက်ကယ်စကူဘာလာက ယာယီတာဝန်ယူခဲ့တာပါ။

အသက် ၅၂ နှစ်အရွယ် စပိန်သား ဂရေစီယာဟာ ၂၀၁၉ မှာ အက်ဖ်အေဖလားဖိုင်နယ်သို့ ဝက်ဖို့ဒ်ကို ပို့ဆောင်ခဲ့ပြီး ဗလင်စီယာနဲ့ ကာတာကလပ် အယ်လ်ဆက်ဒ်တို့ကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။
🔥5
ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲပြီးရလဒ်
=========

လီဗာပူးလ် ၂-၅ ရီးယဲလ်မက်ဒရစ်
=====

ဒါဝင်နူနက်ဇ် ၄'၊ ဆာလာ ၁၄' | ဗင်နီစီယပ်စ် ၂၁'၊ ၃၆ '၊ မီလီတို ၄၇'၊ ဘန်ဇီမာ ၅၅'၊ ၆၇'

ဖရန့်ဖတ် ဝ-၂ နာပိုလီ
======

အိုဆင်မန် ၄၀'၊ ဒီလော်ရန်ဇို ၆၅'

Photos: EPA
#ChampionsLeague
👍7🔥1
​​တရုတ်စစ်တပ်နှင့်ပတ်သက်သည့် သုတေသနရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကနေဒါက ကြေညာ 
======================

ကနေဒါအစိုးရက တရုတ်စစ်တပ်နှင့်လုံခြုံရေးအဖွဲ့အစည်းများဆိုင်ရာ သုတေသနရန်ပုံငွေ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတွင်းရှိ ပြည်နယ်များနှင့် တက္ကသိုလ်များအနေဖြင့် အလားတူ နိုင်ငံတော်လုံခြုံရေးအစီအမံများချမှတ်ရန် တိုက်တွန်းခဲ့ကြောင်း The Globe and Mail သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် အခြားရန်လိုသောနိုင်ငံများဆိုင်ရာ အရေးပါသော သုတေသနများတွင် ပူးပေါင်းဆောင်ရွက်နေသော ကနေဒါတက္ကသိုလ်များမှ ရန်ပုံငွေတောင်းခံမှုများကို စစ်ဆေးရန် ကနေဒါ ဆန်းသစ်တီထွင်မှုဖောင်ဒေးရှင်းနှင့်ဖက်ဒရယ်သုတေသနငွေကြေးထောက်ပံ့ရေးဆိုင်ရာ ကောင်စီများကို ကနေဒါအစိုးရက ညွှန်ကြားထားကြောင်း ဆန်းသစ်တီထွင်မှုဝန်ကြီး ဖရန်ဆွာဖိလစ်ရှန်ပိန်က ဖေဖော်ဝါရီလ ၁၄ ရက်က ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြားရန်လိုသော နိုင်ငံများလက်သို့ နည်းပညာများ ရောက်ရှိခြင်းကို ကာကွယ်ရန် နိုင်ငံတော်လုံခြုံရေး စည်းမျဉ်းသစ်များကို ပြဋ္ဌာန်းမည်ဟု ပြီးခဲ့သည့်လတွင် ရှန်ပိန်က ကတိပြုခဲ့သည်။
👍13😁2
ဖေဖော်ဝါရီလ ၂၂ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းကိုးရွာဒေသခံ ၁၆ ဦး ပျောက်ဆုံးနေတဲ့ သတင်းနဲ့ အတူ

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်ကနေ စစ်ကောင်စီတပ်ရဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ သတင်းတွေအပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/Sb2togCwkLw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🤮1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_23 Seg_1 | ပုဇွန်ဆီပြန်ဟင်းနှင့် ငါးကျည်းချဉ်ပေါင်ရည်

Watch more detail - https://youtu.be/z0FcpZLSQzo

#thecookingguy #mizzimatv #reels #shorts #cooking
👍3💩1
​​ဥရောပက တရုတ်၏ Tiangong အာကာသစခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်တော့မည်မဟုတ် 
====================

ဥရောပသည် တရုတ်၏ ထျန်ဂေါင်အာကာသစခန်းသို့ အာကာသယာဉ်မှူးစေလွှတ်ရေးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း များမကြာမီကာလအတွင်း စေလွှတ်တော့မည်မဟုတ်ကြောင်း ဥရောပအာကာသစခန်း၏ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်ဟု နယူးယောက်အခြေစိုက် NTD သတင်းက ဖော်ပြသည်။

ဥရောပအာကာသအေဂျင်စီသည် ဥရောပအာကာသအစီအစဉ်ကို စီမံခန့်ခွဲကာ တရုတ်အာကာသယာဉ်မှူးများကိုပါ လေ့ကျင့်ပေးလျက်ရှိသည်။ ၂၀၂၂ ခုနှစ် မှစတင်၍ တရုတ်အာကာသစခန်းများသို့ ဥရောပအာကာသယာဉ်မှူးများ စေလွှတ်ရန် ၂၀၁၇ က ရည်မှန်းချက်ထားခဲ့သည်။ 

လက်ရှိ နိုင်ငံတကာအာကာသစခန်းသည် ၂၀၃၀ ခုနှစ်တွင် အနားယူရန် စီစဉ်ထားသည်။ ၎င်းတွင် အဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဥရောပနှင့် ကနေဒါတို့ ပါဝင်သော်လည်း ရုရှားသည် ၎င်း၏ကိုယ်ပိုင် အာကာသစခန်းကို တည်ထောင်ရန် ၂၀၂၄ ခုနှစ်တွင် အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း NTD က ဖော်ပြခဲ့သည်။
👍2😁2👏1