Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲပြီးရလဒ်
=========

လီဗာပူးလ် ၂-၅ ရီးယဲလ်မက်ဒရစ်
=====

ဒါဝင်နူနက်ဇ် ၄'၊ ဆာလာ ၁၄' | ဗင်နီစီယပ်စ် ၂၁'၊ ၃၆ '၊ မီလီတို ၄၇'၊ ဘန်ဇီမာ ၅၅'၊ ၆၇'

ဖရန့်ဖတ် ဝ-၂ နာပိုလီ
======

အိုဆင်မန် ၄၀'၊ ဒီလော်ရန်ဇို ၆၅'

Photos: EPA
#ChampionsLeague
👍7🔥1
​​တရုတ်စစ်တပ်နှင့်ပတ်သက်သည့် သုတေသနရန်ပုံငွေ ထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကနေဒါက ကြေညာ 
======================

ကနေဒါအစိုးရက တရုတ်စစ်တပ်နှင့်လုံခြုံရေးအဖွဲ့အစည်းများဆိုင်ရာ သုတေသနရန်ပုံငွေ ထောက်ပံ့မှုအားလုံးကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး နိုင်ငံတွင်းရှိ ပြည်နယ်များနှင့် တက္ကသိုလ်များအနေဖြင့် အလားတူ နိုင်ငံတော်လုံခြုံရေးအစီအမံများချမှတ်ရန် တိုက်တွန်းခဲ့ကြောင်း The Globe and Mail သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံနှင့် အခြားရန်လိုသောနိုင်ငံများဆိုင်ရာ အရေးပါသော သုတေသနများတွင် ပူးပေါင်းဆောင်ရွက်နေသော ကနေဒါတက္ကသိုလ်များမှ ရန်ပုံငွေတောင်းခံမှုများကို စစ်ဆေးရန် ကနေဒါ ဆန်းသစ်တီထွင်မှုဖောင်ဒေးရှင်းနှင့်ဖက်ဒရယ်သုတေသနငွေကြေးထောက်ပံ့ရေးဆိုင်ရာ ကောင်စီများကို ကနေဒါအစိုးရက ညွှန်ကြားထားကြောင်း ဆန်းသစ်တီထွင်မှုဝန်ကြီး ဖရန်ဆွာဖိလစ်ရှန်ပိန်က ဖေဖော်ဝါရီလ ၁၄ ရက်က ကြေညာခဲ့သည်။

တရုတ်နိုင်ငံနှင့် အခြားရန်လိုသော နိုင်ငံများလက်သို့ နည်းပညာများ ရောက်ရှိခြင်းကို ကာကွယ်ရန် နိုင်ငံတော်လုံခြုံရေး စည်းမျဉ်းသစ်များကို ပြဋ္ဌာန်းမည်ဟု ပြီးခဲ့သည့်လတွင် ရှန်ပိန်က ကတိပြုခဲ့သည်။
👍13😁2
ဖေဖော်ဝါရီလ ၂၂ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့ ရှမ်းကိုးရွာဒေသခံ ၁၆ ဦး ပျောက်ဆုံးနေတဲ့ သတင်းနဲ့ အတူ

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်ကနေ စစ်ကောင်စီတပ်ရဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိတဲ့ သတင်းတွေအပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။

https://youtu.be/Sb2togCwkLw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6😁1🤮1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_23 Seg_1 | ပုဇွန်ဆီပြန်ဟင်းနှင့် ငါးကျည်းချဉ်ပေါင်ရည်

Watch more detail - https://youtu.be/z0FcpZLSQzo

#thecookingguy #mizzimatv #reels #shorts #cooking
👍3💩1
​​ဥရောပက တရုတ်၏ Tiangong အာကာသစခန်းသို့ အာကာသယာဉ်မှူးများ စေလွှတ်တော့မည်မဟုတ် 
====================

ဥရောပသည် တရုတ်၏ ထျန်ဂေါင်အာကာသစခန်းသို့ အာကာသယာဉ်မှူးစေလွှတ်ရေးအတွက် ပြင်ဆင်ထားပြီးသားဖြစ်သော်လည်း များမကြာမီကာလအတွင်း စေလွှတ်တော့မည်မဟုတ်ကြောင်း ဥရောပအာကာသစခန်း၏ ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်ဟု နယူးယောက်အခြေစိုက် NTD သတင်းက ဖော်ပြသည်။

ဥရောပအာကာသအေဂျင်စီသည် ဥရောပအာကာသအစီအစဉ်ကို စီမံခန့်ခွဲကာ တရုတ်အာကာသယာဉ်မှူးများကိုပါ လေ့ကျင့်ပေးလျက်ရှိသည်။ ၂၀၂၂ ခုနှစ် မှစတင်၍ တရုတ်အာကာသစခန်းများသို့ ဥရောပအာကာသယာဉ်မှူးများ စေလွှတ်ရန် ၂၀၁၇ က ရည်မှန်းချက်ထားခဲ့သည်။ 

လက်ရှိ နိုင်ငံတကာအာကာသစခန်းသည် ၂၀၃၀ ခုနှစ်တွင် အနားယူရန် စီစဉ်ထားသည်။ ၎င်းတွင် အဖွဲ့ဝင် ၅ နိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ ဂျပန်၊ ဥရောပနှင့် ကနေဒါတို့ ပါဝင်သော်လည်း ရုရှားသည် ၎င်း၏ကိုယ်ပိုင် အာကာသစခန်းကို တည်ထောင်ရန် ၂၀၂၄ ခုနှစ်တွင် အဖွဲ့မှ နုတ်ထွက်မည်ဖြစ်ကြောင်း NTD က ဖော်ပြခဲ့သည်။
👍2😁2👏1
သက်တမ်းတိုးပြီး အသက်ဆက်နေရတဲ့ စစ်ကောင်စီက နျူစွမ်းအင်နဲ့ မီးလင်းအောင်လုပ်ဦးမယ်ဆိုပဲ (ဆောင်းပါး)
===================

တိုင်းပြည်အာဏာလုယူပြီး ၆ လတစ်ကြိမ်သက်တမ်းတိုးကာ အသက်ဆက်နေရတဲ့ စစ်ကောင်စီဟာ နျူစွမ်းအင်နဲ့ တစ်နိုင်ငံလုံးမီးလင်းအောင်လုပ်ဖို့ စိတ်ကူးနေပြန်ပါတယ်။ ဖေဖော်ဝါရီ ၆ ရက်က ရုရှားအကူအညီနဲ့ ရန်ကုန်မြို့မှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး နျူကလီးယား နည်းပညာသတင်း အချက်အလက်စင်တာကို ဖွင့်လှစ်ပြီး ခြေလှမ်းစတင်ခဲ့ တာတွေ့ရပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံကို သုံးကြိမ်သွားရောက်ခဲ့ပြီး တတိယ အကြိမ်ခရီးစဉ်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာတော့ မြန်မာနိုင်ငံမှာ အသေးစားနျူကလီးယားဓာတ်ပေါင်းဖို တစ်ခုတည်ဆောက်ရေးနဲ့ နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ရေးဆွဲရေးကိစ္စတွေကို သဘောတူညီမှုရခဲ့တာပါ။ အဲဒီသဘောတူညီချက်တွေထဲက ပထမဆုံးခြေလှမ်းအနေနဲ့ နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာကို ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။ နျူကလီးယားနည်းပညာကိုသုံးပြီးလျှပ်စစ်ထုတ် မယ်လို့ အစောပိုင်းကပြောထားပေမယ့် အဲဒီစင်တာဖွင့်လှစ်တဲ့အခါမှာတော့ နျူကလီးယားအသုံးချနယ်ပယ် ၁၄ ခု အထိပူးပေါင်းဆောင်ရွက်သွားဖို့ ရုရှားနဲ့ မြန်မာအကြား သဘောတူလက်မှတ်ရေးထိုးခဲ့ကြတာ တွေ့ရပါတယ်။

https://youtu.be/fLQaefUCtuM

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁10👍4🔥1
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးဟုဆို
👍10❤1🔥1😁1
ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးဟုဆို
====================

ဂျူနို
(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့များမှ ဖေဖော်ဝါရီလ ၂၀ ရက်က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)က ထုတ်ပြန်ထားသည်။

ရွှေဘိုအရှေ့ခြမ်း ကုလားမရွာ နှင့်လက်ကောက်ကျကျေးရွာ အနောက်ဘက် ဘိုးနတ်တောင် နှင့် တောင်လှ‌တောင်အပေါ်သို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများ၊ မခေါက်ကျေးရွာနှင့် ဟင်္သာကြီးကျေးရွာမှပျူစောထီးများကို ဒေသကာကွယ်ရေးအဖွဲ့များက လက်လုပ် ၆၀ မမ များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်လို့ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲဲ့တွေနဲ့အပြန်အလှန် တစ်နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး ‌‌သေဆုံးခဲ့ပြီး အများပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း သိရပါတယ်”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ သွားရောက်တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)ရဲဘော်များနှင့် Brave Brothers တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးရဲဘော်များ အထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် တစ်မိုင်ခန့်ဝေးသည့် ရွာတစ်ရွာမှ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)က သတင်းထုတ်ပြန်ထားသည်။

“ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ ပျူစောထီးရွာတွေ အများစုပါ၊ အဲ့ဒီနေရာတွေကနေ ပြည်သူ့တော်လှန်ရေးတပ်ကို အားပေးကူညီနေတဲ့ ပြည်သူ့နေအိမ်ရွာတွေကို လက်နက်ကြီးနဲ့မကြာခဏပစ်ခတ်လေ့ရှိသလို ပျူရွာတွေနဲ့အနီးကပ်ဆုံးရွာတွေဟာ စစ်ဘေးရှောင်နေကြရပါတယ်”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)မှ ပြန်ကြားရေးတာဝန်ခံက ထပ်ဆင့်ရှင်းပြသည်။

ယခုလက်ရှိ ရွှေဘိုတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး‌ဒေသများ ကြေညာပြီးနောက် တပ်အပြောင်းအရွှေ့များ ပြုလုပ်လာကြကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)အဖွဲ့ထံက သိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)ကို ၂၀၂၁ခုနှစ်၊ဇူလိုင်လ၂၆ရက်တွင် လွတ်မြောက်နယ်မြေ၌ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ဧပြီလ ၂၄ ရက် ၂၀၂၂ခုနှစ်တွင် ဝက်လက်လှုပ်ရှားစစ်ဒေသ (Wetlet Revolution Front)ကို တိုးချဲ့ဖွဲ့စည်းခဲ့ကာ ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်နေကြောင်း သိရသည်။
“ကာကွယ်တပ်ဖွဲ့တွေ တိုက်ပွဲဖော်ဆောင်တဲ့အခါမှာ တပ်ပေါင်းစုညီညွတ်မှုနဲ့ဗျူဟာကျကျတော်လှန်တိုက်ခိုက်ဖို့ လိုအပ်လာပြီဖြစ်တယ်၊

တိုက်ခိုက်ခဲ့မှုအမှားတွေ ထိခိုက်ဆုံးရှုံးခဲ့မှုတွေကို သင်ခန်းစာယူပြီး သတိထားတိုက်ခိုက်ဖို့ လိုအပ်ပါတယ်၊ ရန်သူစစ်ကြောင်းထိုးမှု အခြေအနေ၊ စစ်ကြောင်းထိုးခဲ့ပုံတွေကို လေ့လာသုံးသပ်ပြီး တော်လှန်တိုက်ခိုက်ကြရင် ပိုမိုခရီးတွင်ပြီးအောင်မြင်ထိ‌ရောက်နိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်ဒေသ)မှ ပြန်ကြားရေးတာဝန်ခံက တော်လှန်ရေးရဲဘော်များအတွက် အကြံပြုပြောကြားသည်။

စစ်ကောင်စီတပ်သည် ဗျူဟာကျသည့်လမ်းများ ၊ဆက်သွယ်ရေး၊ ထောက်ပို့ရေးအတွက် လမ်းများကို ပို၍အားစိုက်ကာ ထိုးစစ်ဆင်လာခြင်း၊ တပ်အပြောင်းအရွှေ့များပြုလုပ်ကာ စစ်ကြောင်းထိုးခြင်းများကို မကြာခဏပြုလုပ်လာနေကြောင်း တွေ့ရသည်ဟု ၎င်းကဆိုသည်။

ထို့အပြင် ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်လှုပ်ရှားစစ်‌ဒေသ)၏ ပြည်သူ့ဆက်ဆံရေးဌာနက ဦးဆောင်ပြီး ပြည်သူလူထုနှင့် ပြည်သူ့အခြေပြု စာသင်ကျောင်းများရှိ ကလေးသူငယ်များကို လေကြောင်းပစ်ခိုက်တိုက်ခိုက်စဥ် တိမ်းရှောင်နေထိုင်မှုပုံစံများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ချိန်တွင် နေထိုင်ပြုမှုသင့်သည်များကို အသိပညာပေးစာစောင်များ ဖြန့်ဝေရှင်းလင်းခြင်း ၊ ကလေးသူငယ်များကို သရုပ်ဖော်တေးကဗျာများဖြင့် အသိပညာပေးခြင်းများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။
စ
ာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#ရွှေဘိုမြို့
#စစ်ကောင်စီတပ်
#ပြည်သူ့တော်လှန်ရေးတပ်ဦး
#တိုက်ခိုက်မှု
👍19🔥2😁1
China accused Taiwan of 'provocation' as President Tsai to bolster military ties with US
===========================

Beijing on Tuesday accused Taiwanese leaders of "provocation" after President Tsai said Taiwan will boost military exchanges with the United States to curb "authoritarian expansionism".

"Any futile separatist conspiracy or scheme relying on foreign forces to undermine cross-strait relations will only backfire and never succeed," said Wang Wenbin, Chinese foreign ministry spokesman, during a regular presser.

https://youtu.be/MjbE4vTIbKw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4👏2
​​ခွေးပရိုမက်စ် (မော်စကို ဒေါ်ချို ရေးသားသည်)
=============

(၁)
“ခွေးတွေ..ဝင်လာပြီဟေ့..ရပ်ကွက်ထဲ ခွေးတွေဝင်လာနေပြီ”
လူသားသခင်ဆီမှ ထိုအသံကို ကြားသည့်အခါ အောင်နက် နားရွက်လေးထောင်လာသည်။

ထို့နောက် အမြီးကလေး နံ့လိုက်၏။

နှုတ်သီးကလေးစူကာ ခြံစည်းရိုးအပြင်သို့ ခေါင်းတိုးကြည့်မိသည်။
သုနက္ခောမည်သော ကိုယ်ဆွေကိုယ်မျိုး ခွေး များ ဒီလောက်ပေါများသည့် မြန်မာပြည်လမ်းမပေါ်မှာ ဘာကြောင့် သခင်က အထူးအဆန်းအော်နေရသနည်း။ အောင်နက်နားမလည်။

ပြောနေရင်း သခင်က ကြောက်ကြောက်လန့်လန့်ဖြင့် အိမ်ထဲ ဝင်ပုန်းသည်။

‌ခြံတံခါးကို ဝုန်းဆို စောင့်ပိတ်သည်။ သော့အထပ်ထပ်ခတ်သည်။
ဟော့...မီးပါ ပိတ်သွားပြီ။

“ဘာလဲ..ဘာကြောက်စရာရှိလို့လဲ..ငါတို့ ခွေးတွေကို သခင်တို့က ဘယ်တုန်းက ကြောက်ဖူးခဲ့လို့လဲ...မကြောက်သည့်အပြင် ချစ်ပါချစ်ကြသည်မဟုတ်လား”

အောင်နက်တစ်ကောင် ဒွိဟများစွာဖြင့် လမ်းမထက်ကို ကြည့်လိုက်သည်။

ဟင်..သူနှင့်အမျိုးတူ ဘယ်ခွေးမှ မတွေ့ရ။

အလို..ကားပြာတစ်စီး။ ကားပြာပေါ်တွင် အပေါ်အပြာနု၊ အောက်အပြာရင့်ယူနီဖောင်းဝတ်ထားသည်လူတစ်စု။

အနောက်မှက ကားစိမ်းကြီး။ ကားစိမ်းပေါ်မှာက အစိမ်းရောင်ဝတ်ထားသည့် လူတစ်စု။

လက်ထဲမှာလည်း ထိုးထိုးထောင်ထောင်တွေကိုင်ထားကြ။
ဘယ်မလဲ..ခွေးတွေဆိုတာ။

အောင်နက် က သူ့ညာဘက်လက်ဖြင့် နားရွက်ကို ခပ်နာနာခပ်ရင်း...စူးစမ်းလိုက်သည်။

ဟော့..အောင်နက်သခင်၏ ရှေ့တည့်တည့်အိမ်ရှေ့မှာ သူတို့ ကားရပ်သွားပြီ။

သူတို့ တွေ ဆင်းလာကြပြီ။ ဖိနပ်ကြီးတွေ တဂွပ်ဂွပ်နဲ့။ လက်ထဲလည်း သေနတ်ဆိုတာကြီးတွေ ကိုင်လို့။

အောင်နက် သေချာစောင့်ကြည့်နေမိ၏။ ဒီအထဲတွင် သူတို့အမျိုးအနွယ် တစ်ကောင်တစ်လေ ပါမပါ။

နိုး..မပါပါ။ တစ်ကောင်မှ မပါ။

ဒါနဲ့များ..သခင်က ဘာကြောင့် လမ်းထဲ ခွေးတွေ ဝင်လာပြီလို့ ပြောရသည် မသိ။

ပြောရင်းဆိုရင်း...သူတို့ အိမ်ပေါ်ကို ဖိနပ်ကြီးတွေနဲ့ တက်သွားကြပါလား။

ပါးစပ်ကလည်း ယုတ်ယုတ်ပတ်ပတ်တွေ ဆဲရေးနေကြတာ..အောင်နက်တောင် နားမခံသာ။

ခဏနေတော့ အိမ်ထဲမှ မမလေး ကို သူတို့ အတင်းဆွဲခေါ်လာကြသည်။
👍16👏3🤮1
စစ်အုပ်စုကိုဖြိုချနိုင်ရေးတိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းရန်အရေးကြီးကြောင်းယာယီသမ္မတပြော
==================

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမြန် ဆုံးပြေလည်မှုရရှိအောင် ဆက်ဆံရန် နှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုများတည်ဆောက် ရန် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

နိုင်ငံရေးတိကဝတ်တွေကို အမြန်ဆုံးသဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေ လည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံ ရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေ မှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီ” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဒါ့အပြင် စစ်အုပ်စုဟာ သူတို့သုံးနေကျ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ တွေကြား သွေးခွဲတာတွေ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အတွက် စစ်အုပ်စုရဲ့ လိမ်လည် ဆွဲခေါ် ဖျားယောင်းမှုနောက်မလိုက်မိဖို့ သတိထားရမှာဖြစ်တယ်လို့ ပြောကြားခဲ့သည်။

"စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ညီညွတ်မှုသည်သာ တော်လှန်ရေး အောင်မြင်ဖို့ အားတရပ်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး အနေဖြင့် လက်ရှိ အချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုပေါင်းစုံမှ ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ မဆုတ်သော ဇွဲ၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းလိုသော စိတ်ဓာတ်များက ယနေ့တော်လှန်ရေး အတွက် အဓိက ပင်ရင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အရင်းခံများကြောင့် အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများကို အဘက်ဘက်တွင် ယှဉ်ပြိုင်ရန် ကျရှုံးနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးကို ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရသည်။

https://youtu.be/FuQQXQP-cd0

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤2😁1🤮1