Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
စစ်အုပ်စုကိုဖြိုချနိုင်ရေးတိုင်းရင်းသားလက်နက်ကိုင်များနှင့်ပူးပေါင်းရန်အရေးကြီးကြောင်းယာယီသမ္မတပြော
==================

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အမြန် ဆုံးပြေလည်မှုရရှိအောင် ဆက်ဆံရန် နှင့် လက်တွေ့ကျသည့် ပူးပေါင်းမှုများတည်ဆောက် ရန် အရေးကြီးသည့်အချိန်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။

နိုင်ငံရေးတိကဝတ်တွေကို အမြန်ဆုံးသဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေမှုကို အဆုံးသတ်ကာ စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

“ကျွန်တော် အမြဲပြောခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနှင့် အမြန်ဆုံး ပြေ လည်အောင် ဆက်ဆံဖို့နှင့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် အာမခံချက်ပေးနိုင်မယ့် နိုင်ငံ ရေးကတိကဝတ် များကို အမြန်ဆုံး သဘောတူညီချက်ရယူပြီး အချင်းချင်းကြား သံသယရှိနေ မှုကို အဆုံးသတ်ကာ အကြမ်းဖက် စစ်အုပ်စုကို ဖြိုချဖို့ အတူလက်တွဲချိန်ရောက်ပြီ” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

ဒါ့အပြင် စစ်အုပ်စုဟာ သူတို့သုံးနေကျ နည်းဗျူဟာအတိုင်း တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူ တွေကြား သွေးခွဲတာတွေ တစိုက်မတ်မတ်လုပ်ဆောင်နေတဲ့အတွက် စစ်အုပ်စုရဲ့ လိမ်လည် ဆွဲခေါ် ဖျားယောင်းမှုနောက်မလိုက်မိဖို့ သတိထားရမှာဖြစ်တယ်လို့ ပြောကြားခဲ့သည်။

"စစ်အုပ်စုရဲ့ လိမ်လည်ဆွဲခေါ် ဖျားယောင်းမှုနောက် မလိုက်မိဖို့ အထူးသတိထားရမှာ ဖြစ်ပါတယ်။ ညီညွတ်မှုသည်သာ တော်လှန်ရေး အောင်မြင်ဖို့ အားတရပ်ဖြစ်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားပြည်သူလူထု တရပ်လုံး အနေဖြင့် လက်ရှိ အချိန်ထိ အကြမ်းဖက်စစ်အုပ်စု၏ ဖိနှိပ်မှုပေါင်းစုံမှ ကြံ့ကြံ့ခံကျော်ဖြတ်လာခဲ့ကြောင်း၊ တိုင်းရင်းသားပြည်သူလူထုအားလုံး၏ မဆုတ်သော ဇွဲ၊ အနိုင်မခံအရှုံးမပေးသော စိတ်ဓာတ်၊ အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းလိုသော စိတ်ဓာတ်များက ယနေ့တော်လှန်ရေး အတွက် အဓိက ပင်ရင်းဖြစ် ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အရင်းခံများကြောင့် အကြမ်းဖက် စစ်အုပ်စုသည် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများကို အဘက်ဘက်တွင် ယှဉ်ပြိုင်ရန် ကျရှုံးနေပြီဖြစ်သည်ဟု ယာယီသမ္မတက ပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ အစည်းအဝေးကို ယာယီသမ္မတဒူဝါလရှီးလ၊ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရသည်။

https://youtu.be/FuQQXQP-cd0

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9❤2😁1🤮1
စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့်ကနေဒါတို့ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်း
===================

ဥရောပသမဂ္ဂက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွယ်သူတွေနဲ့ အဖွဲ့အစည်းတွေအပေါ် အရေးယူပတ်ဆို့မှုအသစ်တွေထပ်မံချမှတ်လိုက်ပါတယ်။

ယခုတကြိမ်အရေးယူမှုသည် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်များပါဝင်သည့်အတွက် ကြိုဆိုကြောင်း Justice For Myanmar ကလည်း ထုတ်ပြန်ထားပါတယ်။
တဆက်တည်းမှာပဲ စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ရန် တိုက်တွန်းထားပါတယ်။

အထူးသဖြင့် အမေရိကန်အစိုးရအနေနဲ့ အီးယူ၊ ဗြိတိန်၊ ကနေဒါတို့လို မြန်မာစစ်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ကွင်းဆက်ကို ပစ်မှတ်ထားပိတ်ဆို့တာကို လိုက်ပါဆောင်ရွက်ဖို့ တောင်းဆိုထားပါတယ်။
နောက်ပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါတို့အနေနဲ့ အီးယူနဲ့အတူ စစ်တပ်ရဲ့နိုင်ငံခြားဝင်ငွေရလမ်း အကြီးမားဆုံးရင်းမြစ်ဖြစ်တဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ကို အမြန်ဆုံးပိတ်ဆို့အရေးယူဖို့ JFM ကတိုက်တွန်းထားပါတယ်။ယခု ထပ်မံကြေညာလိုက်သည့် အီးယူ၏ ပိတ်ဆို့အရေးယူမှုတွင် လူပုဂ္ဂိုလ် ၉ ဦးနှင့် အဖွဲ့အစည်း ၇ ခု ပါဝင်ပါတယ်။

ထို့အပြင် ဒေသတွင်း ဒီမိုကရေစီနိုင်ငံများဖြစ်သော ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့အနေဖြင့်လည်း စစ်ကောင်စီနှင့် စီးပွားရေးပတ်သက်ဆက်နွှယ်မှုကို အဆုံးသတ်ရန်နှင့် စစ်ကောင်စီနှင့် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် JFM က တိုက်တွန်းထားပါတယ်။

https://youtu.be/ADzl2wxgXCs

#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍14❤1🤮1
​​PSLF/TNLA ၏ ဒုစစ်ဦးစီးချုပ် ကွယ်လွန်
===============

တအာင်းအမျိုးသား လွတ်မြောက်ရေး​ တပ်မတော် (PSLF/TNLA)၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်ခေါ် တားမူစယ်သည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၆၄ နှစ်ရှိပြီဖြစ်သည်။

တားမူစယ်၏ စျာပန အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သွားမည်ဟု TNLA က ထုတ်ပြန်ထားသည်။

တားမူစယ်သည် PSLF/TNLA ၏ ဒုစစ်ဦးစီးချုပ်​အပြင် ဗဟိုကော်မတီဝင်တစ်ဦးလည်း ဖြစ်သည်။
😢17👍1🔥1😁1
ဖေဖော်ဝါရီလ ၂၂ ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:00-ဦးဖြိုးမင်းသိန်းအမှု ဒဏ်ငွေ တစ်သိန်း နဲ့ အဆုံးသတ်တဲ့ သတင်း

02:56- ဘဏ္ဍာနှစ်၁၀လအတွင်း လေယာဉ်ဆီ အပါအဝင် ရေနံထွက်ပစ္စည်း ဒေါ်လာ ၄ ဘီလီယံကျော်ထိ အများဆုံးတင်သွင်းခဲ့ဟု စစ်ကောင်စီဆို

05:21-ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌအိမ်မှ စစ်ကောင်စီတပ်ရဲ့ စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရတဲ့သတင်း

10:35-မနက် ၁၁ နာရီအထိ ရရှိထားတဲ့ ငွေလဲနှုန်း၊ ရွှေစျေး၊ စားအုန်းဆီဈေးနဲ့ စက်သုံးဆီဈေး အစရှိတဲ့
သတင်းအပါအဝင် အရေးကြီး သတင်းတွေနဲ့ အခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/krJrdeSP3So

#12pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7😁1🤮1
တရုတ်လိုအဓိပ္ပါယ်မကောင်း၍ ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့ဟု အမည်ပြောင်း
🤣2❤1👍1
တရုတ်လိုအဓိပ္ပါယ်မကောင်း၍ ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့ဟု အမည်ပြောင်း
====================

အဂမ်
မဇ္ဈိမ။ ။ တရုတ်ဘာသာဖြင့်အဓိပ္ပါယ်မကောင်း၍ ကန်ပိုက်တီမြို့ကို စစ်ကောင်စီက ပြည်ထဲရေးအမည်ပေါက် မြို့အမည်အသစ် ကံပိုင်တည်မြို့ဟု ပြောင်းလဲလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းမှာပါဝင်ပြီး တရုတ် - မြန်မာကုန်သွယ်ရေးမြို့ဖြစ်သည့် ‘ကန်ပိုက်တီ’ မြို့သည် တရုတ်ဘာသာစကားအရ ‘ခြောက်သွေ့ပျက်စီးတဲ့နေရာ’ ဟု အဓိပ္ပါယ်ရသည့်အတွက် ‘ကံပိုင်တည်’ လို့ အမည်ပြောင်းလဲလိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနဲ့နီးစပ်သည့် ဝန်ထမ်းသတင်းရင်းမြစ်တစ်ဦးက " ဟုတ်ပါတယ်။ ပြည်ထဲရေးအမည်ပေါက်အနေနဲ့ မြို့နာမည်ပြောင်းလဲလိုက်တာပါ။ အမိန့်စာကတော့ မနေ့က ထုတ်ပါတယ်" ဟု ပြောသည်။

ကေအိုင်အေအဖွဲ့ကနေ ခွဲထွက်လာခဲ့သော NDA-K အဖွဲ့ ရဲ့ ခေါင်းဆောင်ဥက္ကဋ္ဌကြီးဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်းက နဝတစစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီးနောက် ကချင်အထူးဒေသ (၁) နယ်မြေထဲတွင် ပါဝင်နေသည့် ကန်ပိုက်တီမြို့ကို ယခုလို ပြည်ထဲရေးနာမည်ပေါက်အဖြစ် မြို့အမည်သစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

တရုတ်ဘာသာစကားနဲ့ အဓိပ္ပါယ်ဖွင့်ဆိုတဲ့အခါမှာ ‘ကန်း ဆိုတာက ခြောက်သွေ့ခြင်း၊ ပိုက် ဆိုတာက ပျက်စီးခြင်း၊ တီ ဆိုတာက နေရာ’ ဆိုပြီး အဓိပ္ပါယ်ထွက်နေတဲ့အတွက် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းအရ ‘ကံ ဆိုတာက ကံကောင်းခြင်း၊ ပိုင် ဆိုတာက ပြည်ထောင်စုက ပိုင်ဆိုင်ခြင်း၊ တည် ဆိုတာက တည်ငြိမ်ခြင်း’ လို့ အဓိပ္ပါယ်ရအောင် ‘ကံပိုင်တည်’ ဆိုပြီး ပြောင်းလိုက်ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

ကချင်အထူးဒေသ (၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက စစ်ကောင်စီခန့် ပြည်နယ်အစိုးရအဖွဲ့ ထောက်ခံချက်နဲ့ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ထံ တင်ပြခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနကနေ ယခုလို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကန်ပိုက်တီမြို့သည် တရုတ် - မြန်မာ ကုန်သွယ်ရေးစခန်း တည်ရှိရာမြို့တစ်ခုဖြစ်သလို၊ ၎င်းကုန်သွယ်ရေးစခန်းမှ လက်ရှိအချိန်ထိလည်း တရုတ် - မြန်မာ ကုန်သွယ်ရေးကို ကချင်ပြည်နယ်အတွင်းမှာ အများဆုံးပြုလုပ်နေသည့် ကုန်သွယ်ရေးမြို့လည်း ဖြစ်သည်။

ကန်ပိုက်တီမြို့မှာ ရပ်ကွက် သုံးရပ်ကွက်၊ ကျေးရွာအုပ်စု သုံးအုပ်စု၊ ကျေးရွာပေါင်း ၃၀ ပါဝင်နေကာ ၂၀၁၄ ခုနှစ်တွင် ဝိုင်းမော်မြို့နယ်၏ မြို့နယ်ခွဲအဆင့်မှ ‘မြို့’ အဆင့်အဖြစ် သတ်မှတ်ထားခဲ့သည့်မြို့ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကန်ပိုက်တီမြို့
#ကံပိုင်တည်မြို့
#ကုန်သွယ်ရေးမြို့
#ကချင်ပြည်နယ်
👍10😁5❤1🥴1
​​ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်၊ နာမည်ကြီး ပျူခေါင်းဆောင် သေဆုံး
====================

မဇ္ဈိမ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီလ ၂၁ ရက် နေ့ နံနက် ၉ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ် မှုများဖြစ်ပွားခဲ့ပြီး နာမည်ကြီး ပျူခေါင်းဆောင်တစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးခန့်မှ ထောင်လာဂျီ၊ ဆိုင်ကယ်တို့ဖြင့် ရောက်ရှိ လာပြီး ၄၀ မမ ဗုံးသီးဖြင့်ထုကာ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူ ပျူခေါင်းဆောင် ကိုင် ဆောင်သည့် ကာဘိုင်သေနတ် တစ်လက်၊ ကျည် ၇၀ တောင့်၊ ကျည်ဘောက် သုံးခုသိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဆင်ရွာကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အခြေပြုပြီးလှုပ်ရှားနေသည့် ပျူအဖွဲ့သည် ဆင်ရွာကြီးကျေးရွာအပါ အဝင် အနီးဝန်းကျင်ကျေးရွာများဖြစ်သည့် နွယ်နီ၊ ကျွဲရေကုန်း၊ မြကန်သာစသည့် ကျေးရွာများတွင် လက်နက်ပြ မိုက်ကြေးခွဲနေသည့်အဖွဲ့ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ကိုယ်သူတို့ ပြည်သူ့စစ်ဆိုပြီး မိုက်ကြေးခွဲနေတဲ့ကောင်တွေ။ သေသွားတဲ့သိန်းရွှေဆို သေနတ်တစ်ကိုင်ကိုင် နဲ့ ဟိုဟောက်လိုက်၊ ဒီဟောက်လိုက် လုပ်နေတဲ့ကောင်။ သူ့ကြောင့် ရွာက CDM ဆရာမလေးနဲ့ သားဖွားဆရာမ လေးလည်း အဖမ်းခံရဘူးတယ်။ မထင်ရင် မထင်သလို လက်ညှိုးထိုးဖမ်းခိုင်းနေတာ”ဟု ဒေသခံတစ်ဦးက ပြော သည်။

လက်ရှိတွင် ဒဏ်ရာရရှိထားသူ ပျူသုံးဦးကို နန်းတွင်းစစ်ဆေးရုံတွင် ကုသပေးနေပြီး အခြေအနေမကောင်းကြောင်း မိသာစုဝင်များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

“မနေ့ကတည်းက သူတို့မိသားစုဝင်တွေက စိုးရိမ်ပြီးလိုက်မေးနေကြတာ နန်းတွင်းမှာလို့ပဲသိရတယ်တဲ့။ ဒဏ်ရာ ပြင်းလို့ သက်သာရင်တွေ့ရမှာပါလို့ စစ်ဗိုလ်ကပြောတယ်လို့ သိရတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး လတ်တလောတွင် ဆင်ရွာကြီးကျေးရွာ အနီးဝန်းကျင်တွင် စစ်သား ၃၀ ခန့်ဖြင့် ရှာဖွေစစ်ဆေးမှုများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#ပုသိမ်ကြီးမြို့နယ်
#ဆင်ရွာကြီးကျေးရွာအုပ်စု
#အုပ်ချုပ်ရေးမှူးရုံး
👍13🔥1
ကျောက်စိမ်းတူးမည်ဟုဆိုကာ စွန့်ပစ်မြေစာပုံဟောင်းအနီးနေထိုင်သူများ ရွေ့ပြောင်းရန် ဖိအားပေးခံ‌နေရ
🔥2👍1
ကျောက်စိမ်းတူးမည်ဟုဆိုကာ စွန့်ပစ်မြေစာပုံဟောင်းအနီးနေထိုင်သူများ ရွေ့ပြောင်းရန် ဖိအားပေးခံ‌နေရ
=====================

အဂမ်
မဇ္ဈိမ။ ။ ဖားကန့်မြို့နယ်၊ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်ဟုဆိုကာ ရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းတွင် နေထိုင်နေကြသည့် ရေမဆေးသမား မိသားစုများ ထွက်ခွာပေးရန် ဖိအားပေးခံ‌နေရကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု ၊ရှရော်ခကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်းပတ်ဝန်းကျင်တွင် တဲထိုးနေထိုင်ကြသူများ ထွက်ခွာပေးရန် လူအချို့က လာရောက်ဖိအားပေးခြင်းဟုသိရသည်။

"ကျောက်စိမ်းတူးဖော်ဖို့ လုပ်ကွက်ပါမစ် ကျလာခဲ့တာကြောင့် ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်။မဖယ်ပေးရင် စက်ကြီးတွေ၊ ဘတ်ဟိုးတွေနဲ့ ဖယ်မယ်လို့လည်း ပြောတယ်။ ကုမ္ပဏီကလားလို့ မေးတော့လည်း သေချာမဖြေဘူး။ အထက်က အမိန့်ပေးလိုဆိုပြီးတော့ပဲ ပြောနေတယ်။ KIA ကလိုလို၊ စစ်တပ်ကလိုလို၊ ကုမ္ပဏီတခုလိုလို ခြိမ်းခြောက်ပြောတယ်" ဟု ယင်းနေရာတွင် နေထိုင်သည့် ရေမဆေးကျောက်ရှာဖွေသူတဦးက ပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများနေထိုင်ကြသည့်နေရာသည် ပိုင်ရှင်မဲ့ စွန့်ပစ်မြေစာပုံဟောင်းတခုဖြစ်သည်။ ထို့ကြောင့် ယင်းနေရာတွင် ကျောက်စိမ်းတူးဖော်ရန်လုပ်ကွက်ပြုလုပ်လာကြခြင်းဟု သိရသည်။

ထိုနေရာတွင် တဲထိုးနေထိုင်သော အိမ်ပေါင်း
(၁၅၀) ခန့်ရှိနေသည်။ တဲအိမ်များအား ရွှေ့ပြောင်းရန် ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်တွင်လာရောက်ပြောဆိုထားပြီး မည်သည့်အဖွဲ့အစည်းက ပြောင်းရွှေ့ခိုင်းသည်ကို တိတိ ကျကျ မသိရသေးပေ။
ဒေသခံများ၏ ပြောဆိုချက်အရ ရွှေ့ပြောင်းပေးသူ များအား တစ်အထမ်လျှင် (၁၅) ပေခန့် ကျယ်ဝန်းသည့် မြေနေရာ အစားထိုးပြန်လည်ပေးမည် ဖြစ်ပြီး နေအိမ်တဲ တစ်လုံးလျှင် ငွေကျပ်တသိန်းစီ အလျော်ပေးမည်ဟု ပြောဆိုထားကြောင်းမဇ္ဈိမမှ စုံစမ်း သိရှိရသည်။သို့သော်အစားထိုးပေးသည့် မြေနေရာသည် ဒေသအခေါ် သဘာဝ မျောချောင်း‌ နေရာများဖြစ်နေသည့်အတွက် အဆင်ပြေမည် မဟုတ်ကြောင်း ရေမဆေးကျောက်ရှာဖွေသူများက ဆိုကြသည်။

"မျောချောင်းဆိုတာက မိုးတွင်းဆို ကုန်းမြင့်ကနေ ရေစီးလာတဲ့ နေရာဖြစ်တာကြောင့် လူမပြောနဲ့၊ အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါသွားမယ့်နေရာတွေဖြစ်တာကိုသိထားလို့ မနေရဲတာ" ဟု နေရာရွှေ့ပြောင်းပေးရန် ဖိအားပေးခံရသည့် ရေမဆေးကျောက်ရှာဖွေသူက ဆိုသည်။

လက်ရှိ ရှရော်ခကျေးရွာအနီးပိုင်ရှင်မဲ့ စွန့်ပစ်မြေစာပုံဟောင်းတွင် နေထိုင်နေကြသည့် ရေမဆေးသမား မိ သားစုပေါင်း (၁၂၀) ကျော်၊လူဦးရေ (၃၀၀)ကျော် နေထိုင်လျက်ရှိသည်။ ယင်းနေရာတွင် နေထိုင်ခဲ့ကြသည်မှာ (၂)နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။
ရှရော်ခကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းပတ်ဝန်းကျင်တွင် နေထိုင်နေကြသူများအား ရွှေ့ပြောင်းခိုင်းသည့်ကိစ္စနဲ့ပတ်သက်၍ KIA နှင့် စစ်ကောင်စီဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရှာဖွေရေးအလုပ်အတွက် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက်သူဦးရေ နှစ်သိန်းဝန်းကျင်ရှိနေသည်။ဖားကန့်ဒေသမှ ရေမဆေးကျောက်ရှာဖွေသူများအား မှတ်ပုံတင်ထုတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ကြိုးစားခဲ့ဖူးသည်။

စာတည်း - မောင်ကြီး

#ဖားကန့်
#ရှရော်ခကျေးရွာ
#စွန့်ပစ်မြေစာပုံဟောင်း
👍7🔥1
ဖေဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:05-စစ်အုပ်စုကိုဖြိုချနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ တည်ဆောင်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း ယာယီသမ္မတပြောတဲ့သတင်း

03:34-ဦးဖြိုးမင်းသိန်းအမှု ဒဏ်ငွေ တစ်သိန်း နဲ့ အဆုံးသတ်တဲ့ သတင်း

05:22-ဆန်အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်နေတဲ့သတင်း

07:47-စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ဖို့ တိုက်တွန်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/swBrgsOk-Nw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮2😁1
​​လျှပ်စစ်ကား တင်သွင်းမည့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမည်
===================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့် မြန်မာငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်တစ်ခုစီအတွက် ရောင်းချသည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြနိုင်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချခွင့်ရသည့်ကုမ္ပဏီသည် တင်သွင်းလာသည့်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမည်ဟုဆိုထားသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ လျှပ်စစ်ကားအချို့ရောက်ရှိလာတယ်။ လက်ရှိမှာတော့ မရောင်းချခင် စမ်းပြီးသုံးကြည့်နေပါတယ်။ စကစဘက်ကလည်း Power Station တွေ ဆောက်နေတာရှိသလို ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုနည်းနဲ့ရောင်းချပြီး သုံးစွဲသူတွေအဆင်ပြေနိုင်မယ့်နည်းလမ်းကို ရှာဖွေနေပါတယ်” ဟု လျှပ်စစ်ကားတင်သွင်းရောင်းချရန် ပြင်ဆင်နေသည့် လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုဖြေကြားသည်။

လျှပ်စစ်သုံးယာဉ် အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) အထိ လျှော့ချထားကြောင်းသိရသည်။

“လက်ရှိ ပြည်တွင်းမှာ လျှပ်စစ်မီးမမှန်တာရယ်၊ စက်သုံးဆီဈေး မြင့်တက်နေတာရယ်၊ CNG Gas လုံလောက်မှုမရှိတာတွေကြောင့် လျှပ်စစ်ကားဘက်ပြောင်းသုံးမယ်ဆိုရင်လည်း အားသွင်းတဲ့အခါ အခက်အခဲမရှိဖို့တော့ မျှော်လင့်တယ်” ဟု ဗဟန်းမြို့နယ်မှ အငှားယာဥ်မောင်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လျှပ်စစ်သုံးယာဉ်
#ဆက်စပ်လုပ်ငန်း
#စီမံကိန်းနှင့်ဘဏ္ဍာရေး
#ကုမ္ပဏီ
ပုံစာ- ဒုတိယအကြိမ်ရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ်သုံး EV Chargerများကို တွေ့ရစဥ်
👍6👏1😁1
ပုလဲမြို့နယ်တွင် ဒေသခံများစစ်ရှောင်နေသည့်တောအတွင်းသို့ စစ်ကောင်စီတပ်က မီးလိုက်ရှို့
=======================

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးကျေးရွာက စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့ တောထဲက ယာယီတဲတွေကို ဖေဖော်ဝါရီလ ၁၉ ရက်၊ မနက်ပိုင်းမှာ ပျူစောထီးနှင့် စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြပါတယ်။

ချောင်းဦးကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတာကြောင့် အခုလို နီးစပ်ရာတောတွေထဲမှာ စစ်ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

https://youtu.be/trKEfUUg_9w

စာတည်း ။ ။ Alden
တင်ဆက်၊ တည်းဖြတ် − ရွှေနွယ်

#ပုလဲမြို့နယ်
#ချောင်းဦးကျေးရွာ
#စစ်ရှောင်
#မီးရှို့ခံရ
🤬5🔥2😁1
​​မြန်မာ့အရေး သဘောတူညီချက်ကို တရုတ်၏ ထောက်ခံမှုအား အင်ဒိုနီးရှား ကျေးဇူတင် 
===================

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံအတွင်းက ရန်ဖက်ပြုမှုများ အဆုံးသတ်ရေးအတွက် ဒေသတွင်း အာဆီယံအဖွဲ့ကြီး၏ ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်ကို တရုတ်က ထောက်ခံခြင်းအတွက် ကျေးဇူးတင်စကား ဆိုထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
​​နိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုများ ဆက်လုပ်နေ
====================

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးကျည်နှင့် ကျည်ဆန်များဖြင့် အဆင်အခြင်မဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကို မရပ်အနား ခံနေရသည်ဟု အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🤬2