Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ကျောက်စိမ်းတူးမည်ဟုဆိုကာ စွန့်ပစ်မြေစာပုံဟောင်းအနီးနေထိုင်သူများ ရွေ့ပြောင်းရန် ဖိအားပေးခံ‌နေရ
🔥2👍1
ကျောက်စိမ်းတူးမည်ဟုဆိုကာ စွန့်ပစ်မြေစာပုံဟောင်းအနီးနေထိုင်သူများ ရွေ့ပြောင်းရန် ဖိအားပေးခံ‌နေရ
=====================

အဂမ်
မဇ္ဈိမ။ ။ ဖားကန့်မြို့နယ်၊ရှရော်ခကျေးရွာတွင် ကျောက်စိမ်းတူးဖော်ရန်ဟုဆိုကာ ရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းတွင် နေထိုင်နေကြသည့် ရေမဆေးသမား မိသားစုများ ထွက်ခွာပေးရန် ဖိအားပေးခံ‌နေရကြောင်း ယင်းနေရာတွင် နေထိုင်သူများက ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ အေးမြသာယာအုပ်စု ၊ရှရော်ခကျေးရွာအနီး စွန့်ပစ်မြေစာပုံဟောင်းပတ်ဝန်းကျင်တွင် တဲထိုးနေထိုင်ကြသူများ ထွက်ခွာပေးရန် လူအချို့က လာရောက်ဖိအားပေးခြင်းဟုသိရသည်။

"ကျောက်စိမ်းတူးဖော်ဖို့ လုပ်ကွက်ပါမစ် ကျလာခဲ့တာကြောင့် ရွှေ့ပြောင်းခိုင်းတယ်လို့ ပြောပါတယ်။မဖယ်ပေးရင် စက်ကြီးတွေ၊ ဘတ်ဟိုးတွေနဲ့ ဖယ်မယ်လို့လည်း ပြောတယ်။ ကုမ္ပဏီကလားလို့ မေးတော့လည်း သေချာမဖြေဘူး။ အထက်က အမိန့်ပေးလိုဆိုပြီးတော့ပဲ ပြောနေတယ်။ KIA ကလိုလို၊ စစ်တပ်ကလိုလို၊ ကုမ္ပဏီတခုလိုလို ခြိမ်းခြောက်ပြောတယ်" ဟု ယင်းနေရာတွင် နေထိုင်သည့် ရေမဆေးကျောက်ရှာဖွေသူတဦးက ပြောသည်။

ရေမဆေးကျောက်ရှာဖွေသူများနေထိုင်ကြသည့်နေရာသည် ပိုင်ရှင်မဲ့ စွန့်ပစ်မြေစာပုံဟောင်းတခုဖြစ်သည်။ ထို့ကြောင့် ယင်းနေရာတွင် ကျောက်စိမ်းတူးဖော်ရန်လုပ်ကွက်ပြုလုပ်လာကြခြင်းဟု သိရသည်။

ထိုနေရာတွင် တဲထိုးနေထိုင်သော အိမ်ပေါင်း
(၁၅၀) ခန့်ရှိနေသည်။ တဲအိမ်များအား ရွှေ့ပြောင်းရန် ဖေဖော်ဝါရီလ ၁၀ ရက်ဝန်းကျင်တွင်လာရောက်ပြောဆိုထားပြီး မည်သည့်အဖွဲ့အစည်းက ပြောင်းရွှေ့ခိုင်းသည်ကို တိတိ ကျကျ မသိရသေးပေ။
ဒေသခံများ၏ ပြောဆိုချက်အရ ရွှေ့ပြောင်းပေးသူ များအား တစ်အထမ်လျှင် (၁၅) ပေခန့် ကျယ်ဝန်းသည့် မြေနေရာ အစားထိုးပြန်လည်ပေးမည် ဖြစ်ပြီး နေအိမ်တဲ တစ်လုံးလျှင် ငွေကျပ်တသိန်းစီ အလျော်ပေးမည်ဟု ပြောဆိုထားကြောင်းမဇ္ဈိမမှ စုံစမ်း သိရှိရသည်။သို့သော်အစားထိုးပေးသည့် မြေနေရာသည် ဒေသအခေါ် သဘာဝ မျောချောင်း‌ နေရာများဖြစ်နေသည့်အတွက် အဆင်ပြေမည် မဟုတ်ကြောင်း ရေမဆေးကျောက်ရှာဖွေသူများက ဆိုကြသည်။

"မျောချောင်းဆိုတာက မိုးတွင်းဆို ကုန်းမြင့်ကနေ ရေစီးလာတဲ့ နေရာဖြစ်တာကြောင့် လူမပြောနဲ့၊ အိမ်တွေတောင် အလုံးလိုက်ကျွတ်ပါသွားမယ့်နေရာတွေဖြစ်တာကိုသိထားလို့ မနေရဲတာ" ဟု နေရာရွှေ့ပြောင်းပေးရန် ဖိအားပေးခံရသည့် ရေမဆေးကျောက်ရှာဖွေသူက ဆိုသည်။

လက်ရှိ ရှရော်ခကျေးရွာအနီးပိုင်ရှင်မဲ့ စွန့်ပစ်မြေစာပုံဟောင်းတွင် နေထိုင်နေကြသည့် ရေမဆေးသမား မိ သားစုပေါင်း (၁၂၀) ကျော်၊လူဦးရေ (၃၀၀)ကျော် နေထိုင်လျက်ရှိသည်။ ယင်းနေရာတွင် နေထိုင်ခဲ့ကြသည်မှာ (၂)နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်းသိရသည်။
ရှရော်ခကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံဟောင်းပတ်ဝန်းကျင်တွင် နေထိုင်နေကြသူများအား ရွှေ့ပြောင်းခိုင်းသည့်ကိစ္စနဲ့ပတ်သက်၍ KIA နှင့် စစ်ကောင်စီဘက်သို့ ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။

ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရှာဖွေရေးအလုပ်အတွက် မြန်မာနိုင်ငံဒေသအနှံ့မှ လာရောက်သူဦးရေ နှစ်သိန်းဝန်းကျင်ရှိနေသည်။ဖားကန့်ဒေသမှ ရေမဆေးကျောက်ရှာဖွေသူများအား မှတ်ပုံတင်ထုတ်ပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ကြိုးစားခဲ့ဖူးသည်။

စာတည်း - မောင်ကြီး

#ဖားကန့်
#ရှရော်ခကျေးရွာ
#စွန့်ပစ်မြေစာပုံဟောင်း
👍7🔥1
ဖေဖော်ဝါရီ ၂၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
=======================

01:05-စစ်အုပ်စုကိုဖြိုချနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူ လက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေ တည်ဆောင်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်ကြောင်း ယာယီသမ္မတပြောတဲ့သတင်း

03:34-ဦးဖြိုးမင်းသိန်းအမှု ဒဏ်ငွေ တစ်သိန်း နဲ့ အဆုံးသတ်တဲ့ သတင်း

05:22-ဆန်အမျိုးအစားပေါ်မူတည်ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၂၀,၀၀၀ ဝန်းကျင်အထိ ဈေးတက်နေတဲ့သတင်း

07:47-စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ဖို့ တိုက်တွန်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/swBrgsOk-Nw

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮2😁1
​​လျှပ်စစ်ကား တင်သွင်းမည့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမည်
===================

မေဘယ်လ်သူ
မဇ္ဈိမ။ ။ လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့် မြန်မာငွေ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားဖြစ်စေ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားဖက်စပ်ဆောင်ရွက်ခြင်းဖြစ်စေ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီဖြစ်ရမည်ဖြစ်ပြီး၊ တင်သွင်းမည့်လျှပ်စစ်သုံးယာဉ်၏ အမှတ်တံဆိပ်တစ်ခုစီအတွက် ရောင်းချသည့်ကုမ္ပဏီနှင့် ချုပ်ဆိုထားသည့် အရောင်းအဝယ်သဘောတူစာချုပ်တင်ပြနိုင်ရမည်ဖြစ်ကြောင်းဖော်ပြထားသည်။

ထို့ပြင် လျှပ်စစ်သုံးယာဉ် တင်သွင်းရောင်းချခွင့်ရသည့်ကုမ္ပဏီသည် တင်သွင်းလာသည့်ယာဉ်များအား ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ဝယ်ယူခွင့်ပါမစ် လျှောက်ထားရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်သည် ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ အကျိုးသက်ရောက်စေမည်ဟုဆိုထားသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းမှာ လျှပ်စစ်ကားအချို့ရောက်ရှိလာတယ်။ လက်ရှိမှာတော့ မရောင်းချခင် စမ်းပြီးသုံးကြည့်နေပါတယ်။ စကစဘက်ကလည်း Power Station တွေ ဆောက်နေတာရှိသလို ကျွန်တော်တို့ဘက်ကလည်း ဘယ်လိုနည်းနဲ့ရောင်းချပြီး သုံးစွဲသူတွေအဆင်ပြေနိုင်မယ့်နည်းလမ်းကို ရှာဖွေနေပါတယ်” ဟု လျှပ်စစ်ကားတင်သွင်းရောင်းချရန် ပြင်ဆင်နေသည့် လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကိုဖြေကြားသည်။

လျှပ်စစ်သုံးယာဉ် အမျိုးအစားအတွက် အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသည့် အကောက်ခွန်နှုန်းထားအား စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့် သုညရာခိုင်နှုန်း (0%) အထိ လျှော့ချထားကြောင်းသိရသည်။

“လက်ရှိ ပြည်တွင်းမှာ လျှပ်စစ်မီးမမှန်တာရယ်၊ စက်သုံးဆီဈေး မြင့်တက်နေတာရယ်၊ CNG Gas လုံလောက်မှုမရှိတာတွေကြောင့် လျှပ်စစ်ကားဘက်ပြောင်းသုံးမယ်ဆိုရင်လည်း အားသွင်းတဲ့အခါ အခက်အခဲမရှိဖို့တော့ မျှော်လင့်တယ်” ဟု ဗဟန်းမြို့နယ်မှ အငှားယာဥ်မောင်းတစ်ဦးက မဇ္ဈိမကိုပြောသည်။

လျှပ်စစ်သုံးယာဉ်အသုံးပြုမှုနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပြည်ပမှ Completely Built Up-CBU စနစ်၊ Completely Knocked Down-CKD စနစ် နှင့် Semi-Knocked Down-SKD စနစ်တို့ဖြင့် တင်သွင်းသည့် လျှပ်စစ်သုံးယာဉ်များအား အခွန်ကောက်ခံခြင်းမရှိဟု စစ်ကောင်စီလက်အောက်ခံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#လျှပ်စစ်သုံးယာဉ်
#ဆက်စပ်လုပ်ငန်း
#စီမံကိန်းနှင့်ဘဏ္ဍာရေး
#ကုမ္ပဏီ
ပုံစာ- ဒုတိယအကြိမ်ရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဥ်သုံး EV Chargerများကို တွေ့ရစဥ်
👍6👏1😁1
ပုလဲမြို့နယ်တွင် ဒေသခံများစစ်ရှောင်နေသည့်တောအတွင်းသို့ စစ်ကောင်စီတပ်က မီးလိုက်ရှို့
=======================

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချောင်းဦးကျေးရွာက စစ်ဘေးရှောင်တွေ ပုန်းခိုနေတဲ့ တောထဲက ယာယီတဲတွေကို ဖေဖော်ဝါရီလ ၁၉ ရက်၊ မနက်ပိုင်းမှာ ပျူစောထီးနှင့် စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ကြပါတယ်။

ချောင်းဦးကျေးရွာဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတာကြောင့် အခုလို နီးစပ်ရာတောတွေထဲမှာ စစ်ရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

https://youtu.be/trKEfUUg_9w

စာတည်း ။ ။ Alden
တင်ဆက်၊ တည်းဖြတ် − ရွှေနွယ်

#ပုလဲမြို့နယ်
#ချောင်းဦးကျေးရွာ
#စစ်ရှောင်
#မီးရှို့ခံရ
🤬5🔥2😁1
​​မြန်မာ့အရေး သဘောတူညီချက်ကို တရုတ်၏ ထောက်ခံမှုအား အင်ဒိုနီးရှား ကျေးဇူတင် 
===================

စစ်တပ်အုပ်ချုပ်နေသော မြန်မာနိုင်ငံအတွင်းက ရန်ဖက်ပြုမှုများ အဆုံးသတ်ရေးအတွက် ဒေသတွင်း အာဆီယံအဖွဲ့ကြီး၏ ငြိမ်းချမ်းရေး သဘောတူညီချက် ငါးရပ်ကို တရုတ်က ထောက်ခံခြင်းအတွက် ကျေးဇူးတင်စကား ဆိုထားကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5😁3
​​နိုင်ငံတောင်ပိုင်းတွင် စစ်ကောင်စီက အရပ်သားများကို တိုက်ခိုက်မှုများ ဆက်လုပ်နေ
====================

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် အရပ်သားပြည်သူများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လက်နက်ကြီးကျည်နှင့် ကျည်ဆန်များဖြင့် အဆင်အခြင်မဲ့ ပစ်ခတ် တိုက်ခိုက်ခြင်းကို မရပ်အနား ခံနေရသည်ဟု အစိုးရမဟုတ်သော အဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤4🤬2
Mizzima 108 ၏ ဖေဖော်ဝါရီလ ၂၂ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
====================

-အကြမ်းဖက်စစ်အုပ်စု အဘက်ဘက်က ကျရှုံးနေပြီလို့ NUG ယာယီသမ္မတ ပြောကြားတဲ့ သတင်း

-စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်း MOGE ကို အမေရိကန်၊ ဗြိတိန်နဲ့ ကနေဒါတို့ ပစ်မှတ်ထားပိတ်ဆို့ဖို့ တိုက်တွန်းတဲ့ သတင်း

-လျှပ်စစ်ကား တင်သွင်းမယ့်ကုမ္ပဏီများ ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက်တင်ပြရမယ့်သတင်း

-အိန္ဒိယဘက်ကဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးရှောင်ပြည်သူတွေကို အင်ဖာထောင်သို့ပို့ဆောင် ထိန်းသိမ်းထားတဲ့ သတင်း

အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/t6KtmnysGJI

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4👍3❤1🤯1🤮1
အရပ်ဘက်ပစ်မှတ်များသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်ရှိခဲ့ကြောင်း KNU ထုတ်ပြန်
🔥2😁1
အရပ်ဘက်ပစ်မှတ်များသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်ရှိခဲ့ကြောင်း KNU ထုတ်ပြန်
=====================

YT
မဇ္ဈိမ။ ။စစ်ကောင်စီ၏ အာဏာသိမ်းထားသည့် နှစ်နှစ်ကျော်ကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေအတွင်းရှိ အရပ်ဘက်ဆိုင်ရာပစ်မှတ်များသို့ လေကြောင်းတိုက်ခိုက်ခံရမှု ၃၀၇ ကြိမ်ရှိခဲ့ကြောင်း KNU ဗဟိုမှ ထုတ်ပြန်သည်။

“သူတို့က မြေပေါ်ကနေမတိုက်နိုင်လို့ လေယာဉ်နဲ့တိုက်တယ်။ အခုက သူတို့ပြောတဲ့ ရန်သူကိုတိုက်တာ မဟုတ်ဘဲ နဲ့ ဘာမှပြန်မလုပ်နိုင်တဲ့ လူတွေ၊ ပစ္စည်းတွေကို တမင်ဖျက်ဆီးနေတာ”ဟု KNU တပ်မဟာ (၁) သထုံခရိုင်အတွင်းမှ သေခံတစ်ဦးက ပြောသည်။

အဆိုပါ ၃၀၇ ကြိမ်သည် KNU တပ်မဟာ(၁)မှ(၇)အထိ ခရိုင်ခုနစ်ခုလုံးရှိ ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာ များ၊ အရပ်ဘက်ဆိုင်ရာပစ္စည်း၊ အဆောက်အအုံများအား ဦးတည်ပစ်မှတ်ထားတိုက်ခိုက်မှုများဖြစ်ပြီး စစ်ပွဲအတွင်း ဗုံးကြဲမှုများမပါဝင်သေးကြောင်းဆိုသည်။

“ဘယ်ချိန်လာပစ်ဦးမလဲမသိလို့ ရွာထဲမှာကို မနေရဲတော့တာ။ နေ့ဘက်လည်း မနေဘူး။ တောထဲမှာ ဘယ်လိုပဲ စားရစားရ” ဟု KNU တပ်မဟာ (၅) မှ ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံ ၃၆ ဦးသေဆုံးပြီး ၅၇ ဦးထိခိုက်ခဲ့ကာ ယင်းစာရင်း တွင် ကလေးငယ်များ၊ ကျောင်းသူကျောင်းသားများ ပါဝင်ကြောင်း သိရသည်။
“သူတို့သာ လူသားချင်းစာနာတတ်တဲ့စိတ်ရှိရင် ဒီလိုသက်ကြီးရွယ်အိုတွေ၊ ကလေးတွေ၊ အပြစ်မရှိတဲ့ ပြည်သူတွေ ကို မတိုက်ခိုက်ဘူး။ သူတို့အသိဉာဏ်မရှိလို့သာ လုပ်ကြတာ” ဟု စစ်ကောင်စီတပ်၏ လူအခွင့်အခွင့်အရေး ချိုးဖောက်မှုများအပေါ် ကရင်အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

အာဏာသိမ်းပြီး နှစ်နှစ်အတွင်း KNU နယ်မြေများသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဘာသာရေး အဆောက် အအုံ ၁၃ လုံးအပြင် စာသင်ကျောင်း ၁၂ ကျောင်းပျက်စီးခဲ့ပြီး ကျေးရွာများရှိ လူနေအိမ် ၂၅၈ လုံး ပျက်စီးဆုံးရှုံး ခဲ့ရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း “အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားပါမည်”ဟု ထုတ်ပြန်ထား သည်။

စစ်တပ်အာဏာသိမ်းသည့် နှစ်နှစ်အတွင်း KNU တပ်မဟာ ခုနစ်ခုလုံးတွင် KNU ၊ KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၈,၀၃၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆,၈၇၆ ဦး သေဆုံး ကာ ၅,၅၁၉ ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#KNU
#အရပ်သားပစ်မှတ်
#လေကြောင်းတိုက်ခိုက်
#စစ်ကောင်စီတပ်
#တပ်မဟာ
🤬6👍2🔥1😁1
​​ပြည်တွင်းအခြေအနေကြောင့် မြန်မာနိုင်ငံသားများ ထိုင်းတွင် အိမ်ဝယ်ယူမှု များပြားလာ
====================

မူလက မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ပြီး လက်ရှိတွင် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တောင် ထူထပ်သည့် ချင်းမိုင်ပြည်နယ်တွင် ရောက်ရှိနေထိုင်လျက်ရှိသော အိမ်ခြံမြေအေးဂျင့်တစ်ဦးသည် ထိုင်းတွင် နေထိုင်သည့် ၎င်း၏ ဆယ်စုနှစ်သုံးစုကြာ အတွေ့အကြုံကို အသုံးချရင်း ပဋိပက္ခဒဏ်သင့် မြန်မာနိုင်ငံ၏ ပြင်ပ၌ အိမ်ခြံမြေ ဝယ်ယူချင်နေကြသည့် တစ်ပြည်တည်းသား မြန်မာများကို အကြံဉာဏ်ပေးလျက်ရှိသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍13😁2
​​တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မည်ဟု NUCC နှင့် NUG တို့ ပူးတွဲကြေညာ
===================

မိုးသောက်
မဲဆောက်(မဇ္ဈိမ) ။ ။ တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်စေရေး အားပေးဆောင်ရွက်မည်ဟု အပြည်ပြည်ဆိုင်ရာမိခင်ဘာသာစကားနေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနတို့၏ ပူးတွဲကြေညာ ချက်တွင် ဖော်ပြထားသည်။

တိုင်းရင်းသားလူနည်းစုဘာသာစကားများ၏ မိခင်ဘာသာစကားများကို မြှင့်တင်ပေးခြင်းအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း လူမှုသဟဇာတ ဖြစ်မှု၊ စီးပွားရေး၊ ဥပဒေဆိုင်ရာ၊ အုပ်ချုပ်ရေးကဏ္ဍများတွင် အကျိုးပြုသော နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလွန်အရေးအကြီးသည့် လူအရင်းအမြစ်တစ်ခုကို အားပေးမြှင့်တင်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရန် မိခင်ဘာသာစကားအခြေပြု ပညာသင်ကြားရေးစနစ်များကို လေ့လာဖော်ထုတ်ခြင်း၊ သုတေသနပြုစုခြင်း၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ဒေသအလိုက် မူဝါဒဖွံ့ဖြိုးမှုလုပ်ငန်းများကို အားပေးထောက်ခံကာ အတတ်နိုင်ဆုံးပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တိုင်းရင်းသားဘာသာစကား တိုးတက်ရေးအတွက် ဆောင်ရွက်မည့်အပေါ် CDM ကျောင်းဆရာ တစ်ဦးဖြစ်သူ၊ ထားဝယ်တိုင်းရင်းသား ဦးဝေယံစိုးက ကြိုဆိုကြောင်း မှတ်ချက်ပြုသည်။

“ ကျနော်တို့မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနေထိုင်တယ်ဆိုတာ အားလုံးအသိပဲ။ ဒီလိုမျိုး တိုင်းရင်းသားဘာသာသင်ကြားပေးမယ်ဆိုတာ အတော်လေးကိုကောင်းမွန်တယ်၊ ကြိုဆိုပါတယ်” ဟုဆိုသည်။

သို့သော် တိုင်းရင်းသားအရေးကိစ္စများ ပြောသည့်နေရာတွင် တိုင်းရင်းသားမည်မျှရှိနေသနည်း ဟူသောကိစ္စရပ်သည် ဆွေးနွေးနေကြဆဲအဆင့်သာဖြစ်၍ အဆိုပါကိစ္စကို ဦးစွာဖြေရှင်းသင့်ကြောင်းလည်း ၎င်းကအကြံပြုသည်။

မိခင်ဘာသာစကား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသော တိုင်းရင်းသား ပညာရေးဌာနများနှင့် စာပေယဉ်ကျေးမှုအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ MTB-MLE ကျွမ်းကျင်ပညာရှင်များ၊ မူဝါဒဆိုင်ရာ ကျွမ်းကျင်သူများ၊ MTB-MLE ဖွံဖြိုးရေးလုပ်ဆောင်နေသော ပြည်တွင်းပြည်ပ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ (INGOs၊ NGOs)၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ (CSOs)၊ ဘာသာရေးအခြေပြုအဖွဲ့အစည်းများ (Faith Based Organizations)၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ (Inter-Governmental Agencies) အားလုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု NUG နှင့် NUCC ကဆိုသည်။

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် (အစိတ်အပိုင်း - ၁) (Federal Democracy Charter – Part 1) လူမှုရေးဆိုင်ရာ အခွင့်အရေး ပုဒ်မ ၃၈ ၊ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး ပုဒ်မ ၄၃ အရ တိုင်ရင်း သားဘာသာစကား၊ မိခင်ဘာသာစကား သင်ကြားရေးကိစ္စရပ်များအား အာမခံချက်ကို အတိအလင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်စစ်အုပ်ချုပ်မှုကို နှစ်နှစ်ခံစားခဲ့ရပြီး တိုင်းရင်းသားဘာသာစကားများဆိုင်ရာ အခွင့်အရေးများနှင့် ဖွံ့ဖြိုးရေးကို လျစ်လျူရှုခံခဲ့ရပြီး မိခင်ဘာသာစကားယဉ်ကျေးမှုကို ကိုယ်စားပြုသော စာပေများနှင့် သင်ရိုးညွန်းတန်းများကို သင်ကြားခွင့်မရရှိခဲ့ဟု ၎င်းတို့ကဆိုသည်။

တိုင်းရင်းသားများစွာ ပေါင်းစည်းနေထိုင်ကြသော မြန်မာနိုင်ငံတွင် စုံလင်လှပသောလူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် တိုင်းရင်းသား ဘာသာစကားများအားလုံးကို အသိအမှတ်ပြုတန်ဖိုးထားသည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

#မိခင်ဘာသာစကား
#တိုင်းရင်းသား
#ထုတ်ပြန်ချက်
#NUCC
#NUG
👍14🤮2
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၃
==============

မြန်မာကျောင်းသားတယောက်ရဲ့ တူရကီ ငလျင် အတွေ့အကြုံအပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/5btYdK__SoU

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🤮2😁1
အညာဒေသကမီးဘေးသင့်ပြည်သူတွေအတွက် အိမ်အလှူတော်ကမ်ပိန်း (campaign)
====================

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးအကြမ်းဖက်မှုတွေကြောင့် မီးလောင်ပြာကျခဲ့ရတဲ့ အညာဒေသတစ်နေရာက ပြည်သူတွေအတွက် နေအိမ်တွေကိုပြန်လည်ဆောက်လုပ် ပေးနေပါတယ်။

S & C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က အိမ်အလှူတော်ကမ်ပိန်း (Campaign) ပြုလုပ်ပြီး ရရှိလာတဲ့အလှူငွေတွေနဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကစလို့ နေအိမ်တွေကို တည်ဆောက်ပေးနေတာပါ။ အပြည့်အစုံကို မဇ္ဈိမသတင်းထောက် YT က တင်ဆက်ပေးထားပါတယ်။

https://youtu.be/tr0gLf36ml8

စာတည်း ။ ။ Alden
တင်ဆက် ။ ။ YT

#အညာဒေသ
#မီးဘေးသင့်
#အိမ်အလှူတော်
#ကမ်ပိန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3🔥2🤔1