ဖေဖော်ဝါရီ ၂၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍4🔥3
ကန့်ဘလူမှာစစ်ကောင်စီတပ် ၃ ရက်ဆက်တိုက်မီးရှို့လို့ နေအိမ် ၂၄၀ ကျော်ပျက်စီးပြီး လူထောင်ချီစစ်ရှောင်နေရ
====================
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မြေမွန်ရွာနဲ့ချောင်းကြားရွာကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့ခဲ့တဲ့အတွက် ပြည်သူပိုင်နေအိမ် ၂၄၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာခံထောင်ချီစစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက မဇ္ဈိမ ကိုပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကန့်ဘလူခရိုင်၊ မလည်တိုက်နယ် မြေမွန်ရွာကို အင်အား ၈၀ နီးပါးရှိတဲ့စစ်ကောင်စီ ခြေမြန်တပ်ရင်း(၃၆၉) ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၁၈ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ရွာခံတစ်ဦးက ပြောပါတယ်။
ဒီစစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တရော်ကိုင်းရွာကို အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပျက်စီးခဲ့တဲ့အပြင် နေအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် ပေကုန်း(တောင်)ရွာက ပျူတွေနဲ့အတူ ကန့်ဘလူခရိုင်၊ ပင့်သာတိုက်နယ်မှာရှိတဲ့ ချောင်းကြားရွာကို တတိယအကြိမ် ဝင်ရောက်ပြီး အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ပြည်သူပိုင်နေအိမ် ၂၈ လုံး မီးလောင်ပျက်ဆီးသွားတယ်လို့
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၉ ရက်ကနေ၂၁ ရက်ထိ သုံးရက်တာကာလအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေရဲ့ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုကြောင့် ကန့်ဘလူခရိုင်အတွင်းက ပြည်သူပိုင်နေအိမ် ၂၄၈ လုံး မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံထောင်ချီစစ်ရှောင်နေရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ ကသတင်းထုတ်ပြန်ထားပါတယ်။
အပြည့်အစုံကို KMN က တင်ဆက်ပေးထားပါတယ်။
https://youtu.be/BmBt0bjde3E
တင်ဆက်၊တည်းဖြတ် - KMN
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
ကန့်ဘလူမှာစစ်ကောင်စီတပ် ၃ ရက်ဆက်တိုက်မီးရှို့လို့ နေအိမ် ၂၄၀ ကျော်ပျက်စီးပြီး လူထောင်ချီစစ်ရှောင်နေရ
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ မြေမွန်ရွာနဲ့ချောင်းကြားရွာကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် မီးရှို့ခဲ့တဲ့အတွက် ပြည်သူပိုင်နေအိမ် ၂၄၈ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး ရွာခံထောင်ချီစစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေက မဇ္ဈိမ ကိုပြောပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီ…
ပြီးခဲ့တဲ့ဖေဖော်ဝါရီ…
😢6❤1👍1😁1
မူဆယ်မြို့တွင် ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရ
===================
မဇ္ဈိမ။ ။ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ နာရီစင်အနီး ငါးသုံးလုံးလမ်းကြားတွင် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ကြပ်ကြီး သိန်းဇော်ဌေးအား သေနတ်သမား နှစ်ဦးက ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်က လာရောက်ပစ်ခတ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။
မြို့ခံတစ်ဦးက “ဟုတ်ပါတယ်။ ရဲကို လာပစ်တာ။ တမင်တကာ သူ့ကိုလာပစ်တာ။ အမျိုးသားနှစ်ယောက် က ဆိုင်ကယ်နဲ့လာပစ်ပြီးတော့ ထွက်ပြေးသွားတယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူး” ဟု ပြောသည်။
နာရီစင်အနီးရှိ မီးပွိုင့်အနီးတွင်လည်း မပေါက်ကွဲသေးသည့် ဗုံးနှစ်လုံးတွေ့ရှိထားပြီး လမ်းများကို ရဲနှင့် စစ်ကောင်စီတပ်က စစ်ဆေးမှုလုပ်ကာ သွားလာမှုကိုလည်း ပိတ်ဆို့ထားသည်ဟု ဆိုသည်။
မူဆယ်မြို့သည် စစ်ကောင်စီအပါအဝင် ပြည်သူ့စစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် တအာင်း TNLA ၊ ကချင် KIA ၊ ရှမ်း SSPP ၊ ကိုးကန့် MNDAA တို့ သွားလာသည့်ဒေသဖြစ်ပြီး ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားနေသည်။
ပြီးခဲ့သော ဖေဖော်ဝါရီလ ၂ ရက်နေ့ကလည်း မူဆယ်မြို့တော်ခန်းမအနီး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
အလားတူ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့က ပန်ခမ်းတံတားအနီးရှိ စစ်ကောင်စီဂိတ်ကို သေနတ် သမားက ဝင်ရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုဖုန်းဆိုသူသေဆုံးခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရှမ်းပြည်နယ်မြောက်ပိုင်း
#မူဆယ်မြို့
#ရဲတပ်ကြပ်ကြီး

👍5🔥1🥴1
မော်တော်ယာဥ်အရောင်းပြခန်းများတွင် အသစ်(Brand New)များသာ တင်သွင်းရမည်ဟုဆို
=====================
မေဘယ်လ်သူ
မဇ္ဈိမ။ ။မော်တော်ယာဥ်အရောင်းပြခန်းများတွင် အသုံးမပြုရသေးသော မော်တော်ယာဥ်အသစ် (Brand New)များသာတင်သွင်းရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာနက စည်းကမ်းချက်သတ်မှတ်ထားသည်။
ထို့ပြင် တင်သွင်းလာမည့်မော်တော်ယာဉ်များသည် ရောက်ရှိလာမည့်ခုနှစ်နှင့် တစ်နှစ်အောက်နိမ့် မော်ဒယ်ဖြစ်ရမည်ဖြစ်ပြီး ဘယ်မောင်းစတီယာရင်ယာဥ်များသာတင်သွင်းရမည်ဟု သိရသည်။
အဆိုပါမော်တော်ယာဉ်များကို ခွင့်ပြုထားသည့် လိုင်စင်သက်တမ်းကာလအတွင်း ဆိပ်ကမ်း သို့မဟုတ် နယ်စပ်ကုန်သွယ်ရေးစခန်းအရောက် တင်သွင်းရမည်ဖြစ်ပြီး၊ စီးပွားကူးသန်းမှ သတ်မှတ်ထားသည့် ယာဉ် အရေအတွက်နှင့် နှစ်စဉ်အတည်ပြုထုတ်ပြန်သည့် ယာဉ်အမျိုးအစားများသာတင်သွင်းရမည်ဟု ဆိုသည်။
“လက်ရှိကားစျေးကွက်ကလည်း ယာဥ်အသစ်တင်သွင်းခွင့်တွေ အခက်အခဲအချို့ကြောင့် ကားအသစ်တင် သွင်းတာတွေ မလုပ်နိုင်သေးတဲ့အချိန်ပါ။ လက်ရှိအချိန်မှာက အသုံးပြုပြီးသားကားအချို့ကိုပဲ ဝယ်ရောင်း လုပ်နေရတဲ့ကာလပါ။ နောက်ပြီး သုံးစွဲသူတွေကိုယ်တိုင်ကလည်း Brand New ကားအသစ်ထပ် second ကိုပဲ ရှာကြတာများတယ်” ဟု နေပြည်တော်ရှိ ကားအရောင်းပြခန်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ထို့ပြင် မော်တော်ယာဥ်အရောင်းပြခန်းမှဝယ်ယူအသုံးပြုသူများအနေဖြင့် စီးပွားကူးသန်းမှ ဝယ်ယူခွင့် ပါမစ်ရရှိပြီးမှသာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)တွင် ကနဦးမှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မော်တော်ယာဥ်အရောင်းပြခန်း
#စီးပွားကူးသန်း
#ကားစျေးကွက်

👍7🔥1
မြို့နယ် ၄ မြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်နှင့် PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်တို့က တွေ့ဆုံ
👍7❤1🔥1😁1

=================
ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နှင့် တအာင်းဒေသ မန်တုံမြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်တို့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ ထိပ်ပိုင်းခေါင်းဆောင်တို့က တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဒုဥက္ကဌ(၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်အပြင် ခရိုင်မှူး၊ မြို့နယ်မှူး၊ တိုက်နယ်မှူးနှင့် အရာရှိများ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲ၌ တအာင်းသမိုင်းကြောင်း၊ နိုင်ငံရေး၊ တအာင်းပြည်နယ်အတွင်း ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေး၊ တအာင်းပြည်နယ်ရရှိရေး၊ တအာင်းလူမျိုးအချင်းချင်း အတူတကွလက်တွဲ လုပ်ဆောင်သွားရန်နှင့် PSLF/TNLA ၏ ရည်ရွယ်ချက် လုပ်ငန်းစဥ်များကို ဒေသခံပြည်သူများ သိရှိနားလည်စေရန်အပြင် အခြားအထွေထွေကိစ္စရပ်ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသခံများကလည်း အကြံအဉာဏ် ပေးခဲ့ကြသည်ဟု ဆိုသည်။
ဆွေးနွေးပွဲအား တစ်ပတ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ မြို့နယ် လေးမြို့နယ်မှ အုပ်စု (၁၀၉)အုပ်စု၊ ကျေးရွာ ၁၈၇ ရွာနှင့် လူဦးရေ စုစုပေါင်း ၃၅၀၀ ကျော် တက်ရောက်ခဲ့ကာ ယခုလို တွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

👍18🔥2😁1
ဖေဖော်ဝါရီလ (၂၂) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်
======================
စစ်အုပ်စုကိုဖြိုချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူလက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေတင်ဆက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား လိုက်တဲ့သတင်းနဲ့အတူ
တရုတ်လိုအဓိပ္ပါယ်မကောင်းတာကြောင့် ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့လို့ အမည်ပြောင်းလိုက်တဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://youtu.be/H1pTL5EpXkg
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
======================
စစ်အုပ်စုကိုဖြိုချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူလက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေတင်ဆက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား လိုက်တဲ့သတင်းနဲ့အတူ
တရုတ်လိုအဓိပ္ပါယ်မကောင်းတာကြောင့် ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့လို့ အမည်ပြောင်းလိုက်တဲ့သတင်းအပါအဝင်
နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။
https://youtu.be/H1pTL5EpXkg
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖေဖော်ဝါရီလ (၂၂) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်
စစ်အုပ်စုကိုဖြိုချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူလက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေတင်ဆက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား လိုက်တဲ့သတင်းနဲ့အတူ
တရုတ်လိုအဓိပ္ပါယ်မကောင်းတာကြောင့် ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့လို့…

👍4😁1🤮1
China says Biden 'saying one thing and doing another' amid balloon dispute
========================
https://youtu.be/2naz5hd_A4o

China accuses Joe Biden of "saying one thing and doing another", firing a rare direct rebuke to the US president over his response to an alleged Chinese spy balloon this month.
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ …