Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြို့နယ် ၄ မြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်နှင့် PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်တို့က တွေ့ဆုံ
👍7❤1🔥1😁1
မြို့နယ် ၄ မြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်နှင့် PSLF/TNLA ၏ ထိပ်ပိုင်းခေါင်းဆောင်တို့က တွေ့ဆုံ
=================

ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်နှင့် တအာင်းဒေသ မန်တုံမြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်တို့နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ ထိပ်ပိုင်းခေါင်းဆောင်တို့က တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲအား ဖေဖော်ဝါရီ ၁၃ ရက်မှ ၂၀ ရက်အထိ ကျင်းပခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင်ဖြစ်သည့် ဒုဥက္ကဌ(၁) ဗိုလ်ချုပ် တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်၊ အထွေထွေအုပ်ချုပ်ရေးမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်အပြင် ခရိုင်မှူး၊ မြို့နယ်မှူး၊ တိုက်နယ်မှူးနှင့် အရာရှိများ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲ၌ တအာင်းသမိုင်းကြောင်း၊ နိုင်ငံရေး၊ တအာင်းပြည်နယ်အတွင်း ပညာရေးကျောင်း ဖွင့်လှစ်နိုင်ရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတတ်ရေး၊ တအာင်းပြည်နယ်ရရှိရေး၊ တအာင်းလူမျိုးအချင်းချင်း အတူတကွလက်တွဲ လုပ်ဆောင်သွားရန်နှင့် PSLF/TNLA ၏ ရည်ရွယ်ချက် လုပ်ငန်းစဥ်များကို ဒေသခံပြည်သူများ သိရှိနားလည်စေရန်အပြင် အခြားအထွေထွေကိစ္စရပ်ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဒေသခံများကလည်း အကြံအဉာဏ် ပေးခဲ့ကြသည်ဟု ဆိုသည်။

ဆွေးနွေးပွဲအား တစ်ပတ်ကြာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထက်ပါ မြို့နယ် လေးမြို့နယ်မှ အုပ်စု (၁၀၉)အုပ်စု၊ ကျေးရွာ ၁၈၇ ရွာနှင့် လူဦးရေ စုစုပေါင်း ၃၅၀၀ ကျော် တက်ရောက်ခဲ့ကာ ယခုလို တွေ့ဆုံမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
👍18🔥2😁1
ဖေဖော်ဝါရီလ (၂၂) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်
======================

စစ်အုပ်စုကိုဖြိုချဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူလက်တွေ့ကျတဲ့ ပူးပေါင်းမှုတွေတင်ဆက်ဖို့ အရေးကြီးတဲ့အချိန်ဖြစ်တယ်လို့ ယာယီသမ္မတပြောကြား လိုက်တဲ့သတင်းနဲ့အတူ

တရုတ်လိုအဓိပ္ပါယ်မကောင်းတာကြောင့် ကချင်ပြည်နယ်အတွင်းက ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့လို့ အမည်ပြောင်းလိုက်တဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။

အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်ဖို့ရှိပါတယ်။

https://youtu.be/H1pTL5EpXkg

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1🤮1
​​ရုရှသင်္ဘောများကို ဝင်ရောက်ခွင့် မပေး၍ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ရုရှ သမ္မန် ဆင့်ခေါ် 
=======================

ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းများသို့ ရုရှသင်္ဘောများ ဝင်ရောက်ခြင်းကို တားမြစ်ပိတ်ပင်သည့် ဘင်္ဂလားဒေ့ရှ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်ပြီး ရုရှသည် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးအား အင်္ဂါနေ့က သမ္မန်ဆင့်ခေါ်ခဲ့သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7👍1
​​ပုံဟောင်းများဖြင့် CDF ဌာနချုပ် ဗုံးကြဲခံရပြီး အသေအပျောက်များဟု သတင်းမှားဖြန့်
=====================

TK
မဇ္ဈိမ။ ။ချင်းပြည်နယ်ကာကွယ်ရေးအဖွဲ့(CDF)ဌာနချူပ်ကို စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့်ဗုံးကြဲခဲ့ပြီး အသေအပျောက်များကြောင်း ပုံနှင့်တကွ သတင်းဖြန့်ဝေမှုများရှိနေသည်။ ယင်းပုံများမှ ဇန်နဝါရီလက CDF - Mindat ၏ တပ်စခန်းငယ်တစ်ခုအား စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှ ပုံများသာဖြစ်သည်။

မှိုင်းဝေဖေ့စ်ဘုတ်အကောင့်မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် “မနေ့က ချင်းပဒက် CDF ဌာနချုပ်စခန်းကို လေယာဉ် နဲ့ အမုန်းစွဲ ဗုံးကြဲ ၁၇ ကောင် မသာဖြစ် ၂၀ ကျော် ဒန်းစီး ဆန့်ငင့်ဆန့်ငင့် ကောင်တွေရှိသေးတယ် အိုကီနော် ညိုကီ တို့(မူရင်းအရေးအသားအတိုင်း)”ဟု ဆိုကာ ဗုံးကြဲခံရသည့် တပ်စခန်းပုံများဖြင့် စတင်ဖြန့်‌ဝေထားသည်။ ယင်းကို ဖြန့်ဝေသူ ၁၅၀ ကျော်ရှိနေပြီ ဖြစ်သည်။ အလားတူ တယ်လီဂရမ်ချန်နယ် ၁၆ ခုတွင်လည်း ပျံ့နှံ့နေသည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ ထိုပုံများ၏မူရင်းကိုရှာဖွေခဲ့ရာ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် Chin Defense Force - Mindat မှ ဖော်ပြထားသည့် ပုံများဖြစ်ကြောင်းတွေ့ရသည်။

“၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၁၂ နာရီအချိန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF - Mindat ၏ တပ်စခန်းငယ် တစ်ခုအား စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့ရာ ပျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများ” ဟုလည်း ဖော်ပြထားသည်။ လင့် - https://bit.ly/3YR8prR

ထို့ကြောင့် မှိုင်းဝေမှဖော်ပြထားသည့် CDF ဌာနချူပ်ဗုံးကြဲခံရသည်ဆိုသည့်ပုံများမှာ လက်ရှိကာလတွင် ဖြစ်ပွား သည့်ပုံမဟုတ်ဘဲ ဇန်နဝါရီလမှဖြစ်စဉ် ဖော်ပြမှုကို CDF-Mindat အမှတ်အသား ရေစာကို ဖြတ်တောက်ပြီး လက်ရှိ ကာလဖြစ်စဉ်သဖွယ် ပြန်လည်ဖြန့်ဝေနေခြင်းဖြစ်သည်။

CDF - Mindat ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဟာအွမ်မှလည်း “ဖြစ်တာက ဇန်နဝါရီလ ၂၂ ကဖြစ်စဉ်ပါ။ ပြန်တင်တယ် ဆိုတာက စကစရဲ့လုပ်ရပ်ကို မှတ်တမ်းတင်တာ။ အဲဒီဖြစ်စဉ်မှာ အသေအပျောက်မရှိပါဘူး၊ ဒဏ်ရာရတဲ့ ရဲဘော် နှစ်ယောက်ရှိတယ်၊ သူတို့လည်း အခုပြန်ကျန်းမာနေပါပြီ။ ဌာနချူပ်လည်းမဟုတ်ဘူး၊ CDF ရဲ့ တပ်စခန်းငယ်တစ်ခု ပါ။ ဒီတလောမှာ လေယာဉ်လာဝဲတာရှိတယ်၊ လက်နက်ကြီးတွေနဲ့ပစ်တယ်၊ ကျွန်တော်တို့ဘက်ကို ဖုန်းလိုင်းတွေ ဖြတ်ထားတာတွေရှိတယ်” ဟု မဇ္ဈိမသို့ ပြောကြားသည်။

ထို့ကြောင့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် CDF ဌာနချူပ်ကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အသေအပျောက် များသည်ဆိုသည်မှာ မဟုတ်မှန်ဘဲ CDF - Mindat တပ်စခန်းငယ်တစ်ခု ဇန်နဝါရီလအတွင်းက တိုက်ခိုက်ခံရသည် ကို မှတ်တမ်းတင်ထားသည့်ဓာတ်ပုံများမှ ရေစာကိုဖြတ်တောက်ကာ လက်ရှိကာလသယောင် ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#CDF_Mindat
👍5😁1🥴1
ရန်သူနဲ့အတူနေထိုင်ခြင်း အနုပညာ | မရွှေမိုး(ကိုရီးယား)“လေးညှို့သံ” ဆောင်းပါး
=======================

"ရန်သူနဲ့အတူနေထိုင်းခြင်း အနုပညာ" ဆိုပြီး မရွှေမိုးရေးထားတဲ့ ဆောင်ပါးကို စာရေးသူ မရွှေမိုး(ကိုရီးယား)ကိုယ်တိုင် ဖတ်ပြပေးမယ့် အစီစဉ်ပဲ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကိုတော့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၆ နာရီခွဲတိုင်းမှာ Mizzima TV ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/ueMC0UIbaYQ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁1🤮1
ဇန်နဝါရီလ ၂၂ ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္ဈိမပင်မသတင်းအစီအစဉ်
======================

-အကြမ်းဖက်စစ်အုပ်စု အဘက်ဘက်က ကျရှုံးနေပြီလို့ NUG ယာယီသမ္မတ ပြောကြားတဲ့ သတင်း

-ဦးဖြိုးမင်းသိန်းအမှု ဒဏ်ငွေ တစ်သိန်း နဲ့ အဆုံးသတ်တဲ့ သတင်း

- ဆန်ချောတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး ပြည်သူများစားဝတ်နေရေး ပိုမိုကျပ်တည်းလာတဲ့သတင်း

-ယူကရိန်းကိုကျုးကျော်မှုက ရုရှားအတွက် မဟာဗျူဟာမြောက်ကျဆုံးခန်းဖြစ်ကြောင်း အမေရိကန်ပြောတဲ့သတင်း

-ပုလဲမြို့နယ်မှာ ဒေသခံတွေစစ်ဘေးရှောင်နေတဲ့ တောအတွင်းသို့ စစ်ကောင်စီတပ်က မီးလိုက်ရှို့တဲ့သတင်း

-တရုတ်လိုအဓိပ္ပါယ်မကောင်းလို့ ကန်ပိုက်တီမြို့ကို ကံပိုင်တည်မြို့လို့ အမည်ပြောင်းတဲ့သတင်းအပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/tNJmJWjKEow?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁2
​​ထိုင်းတွင် မေလအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဟု ဝန်ကြီးချုပ် ပြော
====================

ထိုင်းနိုင်ငံတွင် လာမည့် မေလအတွင်း အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဖေဖေါ်ဝါရီ ၂၁ ရက်တွင် ပြောသည်။ အလွတ်သဘော မဲဆွယ်စည်းရုံးမှုများကိုလည်း လုပ်ဆောင်နေပြီ ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁2
ပုသိမ်ကြီးမြို့ အထည်ဂိုထောင်မီးလောင်မှု ၅ နာရီကြာငြှိမ်းသတ်ရ ဆုံးရှုံးမှုကို တွက်ချက်နေဆဲဟုဆို
👍1🔥1
ပုသိမ်ကြီးမြို့ အထည်ဂိုထောင်မီးလောင်မှု ၅ နာရီကြာငြှိမ်းသတ်ရ ဆုံးရှုံးမှုကို တွက်ချက်နေဆဲဟုဆို
======================

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ရွှေကျင်ကွက်သစ်မြောက်ဘက် နန္ဒာတောင်ရွာတွင်၊ ယမန်နေ့ညက အထည်ဂိုထောင် တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ၊ ငါးနာရီခန့်ကြာအောင်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

"အထည်တွေက ဘေထုပ်ထည်တွေလည်းပါတယ်၊ အထည်သိုလှောင်ရုံပေါ့ဗျာ၊ အဲဒါကြီးမီးလောင်တာပါ၊ လောင်စာအားကောင်းတော့ မီးလောင်မှုကြာချိန် ငါးနာရီလောက်ရှိခဲ့တယ်၊ မန္တလေးမှာ ဒီနှစ်နှစ်အတွင်း မီးလောင်ချိန် အကြာဆုံးဖြစ်စဉ်တစ်ခုလို့ပြောရမှာပဲ" ဟု မီးငြှိမ်းသတ်ရာတွင်ပါ၀င်ခဲ့သည့်မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီ ၃၃ မိနစ်ခန့်တွင်၊ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ နောက်တစ်ရက် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၂ နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်ကျွမ်းမှုကို၊ Level 2 အဆင့်မီးငြှိမ်းသတ်ခဲ့ရပြီး၊ လူမှုကူညီရေးအသင်းများ၏အကူအညီလည်း ရယူခဲ့ရကြောင်းသိရသည်။

"၁၂ နာရီလောက်မှာ မီးထိန်းနိုင်တာတောင်၊ နောက်ထပ် နာရီ၀က်ကျော်ဆက်လောင်ခဲ့သေးတယ်၊ မီးသတ်ရဲဘော် လေးငါးယောက်လောက်လည်း ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်၊ မန္တလေးမှာ ရတနာပုံစျေး မီးလောင်မှု နောက်ပိုင်း မီးလောင်ချိန်အကြာဆုံးလို့ပြောလို့ရတယ်" ဟု လူမှုကူညီရေးအသင်းတစ်ခုမှတာ၀န်ရှိသူက ပြောသည်။

မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို၊ ယနေ့နေ့လယ်ပိုင်းအထိ တွက်ချက်နေဆဲဖြစ်ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့်နီးစပ်သည့်အသိုက်အ၀န်းထံကသိရသည်။

မန္တလေးမြို့တွင် ယမန်နေ့ညက၊ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင်လည်း မီးလောင်ကျွမ်းမှု တစ်ကြိမ်စီဖြစ်ပွားခဲ့ပြီး၊ မီးမများသဖြင့် Level လွှတ်ရခြင်းမရှိခဲ့ပေ။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#မန္တလေးမြို့
#မီးသတ်ဦးစီးဌာန
#မီးလောင်ကျွမ်းမှု
#ပုသိမ်ကြီးမြို့နယ်
Photo Than Htay
👍4🔥2😢2