ပုသိမ်ကြီးမြို့ အထည်ဂိုထောင်မီးလောင်မှု ၅ နာရီကြာငြှိမ်းသတ်ရ ဆုံးရှုံးမှုကို တွက်ချက်နေဆဲဟုဆို
👍1🔥1

======================
007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ရွှေကျင်ကွက်သစ်မြောက်ဘက် နန္ဒာတောင်ရွာတွင်၊ ယမန်နေ့ညက အထည်ဂိုထောင် တစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ၊ ငါးနာရီခန့်ကြာအောင်မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
"အထည်တွေက ဘေထုပ်ထည်တွေလည်းပါတယ်၊ အထည်သိုလှောင်ရုံပေါ့ဗျာ၊ အဲဒါကြီးမီးလောင်တာပါ၊ လောင်စာအားကောင်းတော့ မီးလောင်မှုကြာချိန် ငါးနာရီလောက်ရှိခဲ့တယ်၊ မန္တလေးမှာ ဒီနှစ်နှစ်အတွင်း မီးလောင်ချိန် အကြာဆုံးဖြစ်စဉ်တစ်ခုလို့ပြောရမှာပဲ" ဟု မီးငြှိမ်းသတ်ရာတွင်ပါ၀င်ခဲ့သည့်မီးသတ်တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက် ည ၇ နာရီ ၃၃ မိနစ်ခန့်တွင်၊ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး၊ နောက်တစ်ရက် ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၂ နာရီခွဲအချိန်ခန့်တွင် မီးလုံးဝငြိမ်းသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်ကျွမ်းမှုကို၊ Level 2 အဆင့်မီးငြှိမ်းသတ်ခဲ့ရပြီး၊ လူမှုကူညီရေးအသင်းများ၏အကူအညီလည်း ရယူခဲ့ရကြောင်းသိရသည်။
"၁၂ နာရီလောက်မှာ မီးထိန်းနိုင်တာတောင်၊ နောက်ထပ် နာရီ၀က်ကျော်ဆက်လောင်ခဲ့သေးတယ်၊ မီးသတ်ရဲဘော် လေးငါးယောက်လောက်လည်း ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့တယ်၊ မန္တလေးမှာ ရတနာပုံစျေး မီးလောင်မှု နောက်ပိုင်း မီးလောင်ချိန်အကြာဆုံးလို့ပြောလို့ရတယ်" ဟု လူမှုကူညီရေးအသင်းတစ်ခုမှတာ၀န်ရှိသူက ပြောသည်။
မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို၊ ယနေ့နေ့လယ်ပိုင်းအထိ တွက်ချက်နေဆဲဖြစ်ကြောင်း မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့်နီးစပ်သည့်အသိုက်အ၀န်းထံကသိရသည်။
မန္တလေးမြို့တွင် ယမန်နေ့ညက၊ မဟာအောင်မြေမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့တွင်လည်း မီးလောင်ကျွမ်းမှု တစ်ကြိမ်စီဖြစ်ပွားခဲ့ပြီး၊ မီးမများသဖြင့် Level လွှတ်ရခြင်းမရှိခဲ့ပေ။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#မန္တလေးမြို့
#မီးသတ်ဦးစီးဌာန
#မီးလောင်ကျွမ်းမှု
#ပုသိမ်ကြီးမြို့နယ်
Photo Than Htay

👍4🔥2😢2
Business Round Up (22 Feb 2023)
=================
- ဆန်ချောတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး ပြည်သူများစားဝတ်နေရေး ပိုမိုကျပ်တည်းလာ
- မော်တော်ယာဉ်အရောင်းပြခန်းများ Brand New ယာဉ်သာ တင်သွင်းရမည်ဟုဆို
- ကိုရီးယားနှင့် စင်ကာပူတို့အပါအဝင် ပြည်ပနိုင်ငံများထံ နှမ်းတန်ချိန် နှစ်သိန်းကျော် ဧပြီလမှစတင်တင်ပို့မည်
- မလေးရှားနိုင်ငံဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုအခွန်ကို ပြန်လည်ပြောင်းလဲမှာ မဟုတ်ဟုဆို
- ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်တွင် စစ်ဘက်အသုံးအဆောင်ပစ္စည်း တင်ပို့မှုကို သုံးဆတိုးမြှင့်ပြီး ဒေါ်လာငါးဘီလျံအထိရရှိဖို့ အိန္ဒိယ မျှော်မှန်း
https://youtu.be/6pMMwj8ucY8
#BusinessRoundUp
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
Business Round Up (22 Feb 2023)
- ဆန်ချောတစ်အိတ်ကို ကျပ်တစ်သိန်းကျော်အထိ ဈေးပေါက်နေပြီး ပြည်သူများစားဝတ်နေရေး ပိုမိုကျပ်တည်းလာ
- မော်တော်ယာဉ်အရောင်းပြခန်းများ Brand New ယာဉ်သာ တင်သွင်းရမည်ဟုဆို
- ကိုရီးယားနှင့် စင်ကာပူတို့အပါအဝင် ပြည်ပနိုင်ငံများထံ နှမ်းတန်ချိန် နှစ်သိန်းကျော် ဧပြီလမှစတင်တင်ပို့မည်…

👍3😁3
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep_13 seg_2 (Kira နဲ့ BoBတို့ရဲ့ စိန်ခေါ်မှု ခရီးစဥ်)
Watch more detail - https://youtu.be/iqziiMWU8DY
#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels

👍3🤮1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၂ ဖေဖော်ဝါရီ ၂၀၂၃ )
=====================
· စစ်ကိုင်း၊ မကွေး၊ချင်း ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် ခုခံတော်လှန်စစ်များ ပြင်းထန်နေဆဲဖြစ်သလို စစ်ကောင်စီမှလည်း အထိနာပြီဆိုလျှင် လေကြောင်းပစ်ခတ်မှုများဖြင့် တုံ့ပြန်ပြီး မြေပြင်တပ်များမှ ပြည်သူ့အိမ်များကို မီးရှို့မှုများပြုလုပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6😁1🤮1
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံး
=======================
သွင်ထူးဈာန်
ကော်သူးလေ(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းရုံး တပ်မဟာ(၆)ထိန်းချုပ်နယ်မြေ မြဝတီမြို့တောင်ဘက်ခြမ်း ဖလူး-ဝေါလေ ကားလမ်းမတွင် ဖေဖော်ဝါရီလ ၂၂ရက်နေ့ ညနေ၂နာရီ၁၀မိနစ်တွင် စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖလူး-ဝေါလေ ကားလမ်းမကို အရပ်သားကား သုံးစီးဖြင့် ဖြတ်သန်းလာသည့် (၅၈၅)တပ်ရင်း စကစ(၁၃)ထုတ်နုတ်အဖွဲ့နှင့် ကားလမ်း လုံခြုံရေးယူထားသည့် ကော်ဘရာစစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိတွေ့တိုက်ပွဲမှာ ၁၅မိနစ်ကြာမြင့်ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူးတစ်ဦးနှင့် အခြားအဆင့်တစ်ဦးသေဆုံးခဲ့ပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းမှ ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ကားပေါ်မှ ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်သူတစ်ဦး ဦးခေါင်းဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
က
ော်ဘရာစစ်ကြောင်းဘက်မှလည်း ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါထိတွေ့တိုက်ပွဲကြောင့် ဒုက္ခသည်စခန်းမှ စစ်ဘေးရှောင်များ သောင်းရင်းမြစ်ဘေးကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ကော်ဘရာစစ်ကြောင်း
#သောင်းရင်းမြစ်
#ဒုက္ခသည်စခန်း
#ဖလူးဝေါလေကားလမ်းမ
#မြဝတီမြို့

👍9❤2😁2
အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ခြိမ်းခြောက်မှုကို ဘယ်လို ထိန်းချုပ်မလဲ
=====================
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုသောအပြုအမူများ တိုးလာချိန်တွင် လွှမ်းမိုးချုပ်ကိုင်မှုတရားဝင်ဖြစ်စေရန်လုပ်ဆောင်နေသော တရုတ်၏ ကြိုးပမ်းမှုအပေါ် နိုင်ငံများအနေဖြင့် ထိန်းချုပ်ရန် အရေးကြီးလာပြီဖြစ်ကြောင်း ဗြိတိန်အခြေစိုက် Europe-Asia Foundation (EAF) က ဖော်ပြလိုက်သည်။

👍6❤1🔥1
စွန့်ပစ်ကုန်တင်ကားထဲတွင် အာဖဂန်ရွှေ့ပြောင်း ၁၈ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိပြီးနောက် ဘူလ်ဂေးရီးယားတွင် လူ ၇ ဦး ဖမ်းဆီးခံရ
=================
ဘူလ်ဂေးရီးယားနိုင်ငံ၏မြို့တော် ဆိုဖီယာမြို့ပြင်ရှိ လိုကော့စ်ကိုရွာအနီးတွင် စွန့်ပစ်ထားသော ကုန်တင်ကားတစ်စီးပေါ်မှ အာဖဂန်ရွှေ့ပြောင်း ၁၈ ဦး၏ အလောင်းများကို တွေ့ရှိပြီး ၁ ရက်အကြာ၌ ဘူလ်ဂေးရီးယားတွင် လူ ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

😁2👍1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ထုတ်လွှင့်မှုများ
========================
https://youtu.be/He11X9gKlX0
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
========================
https://youtu.be/He11X9gKlX0
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
YouTube
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ထုတ်လွှင့်မှုများ
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်ထုတ်လွှင့်မှုများ
#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို…

👍3❤1😁1🤮1
သတင်းထောက်သေဆုံးမှုအများဆုံး ကမ္ဘာ့နိုင်ငံများစာရင်းတွင် ပါကစ္စတန် ပါဝင်
====================
ပါကစ္စတန်သည် မီဒီယာလွတ်လပ်ခွင့်တွင် ပြင်းထန်သော ကန့်သတ်ချက်များကြောင့် ရမှတ် ၃၇ ဒသမ ၉၉ ဖြင့် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ တွင် ရှိနေကြောင်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က သတ်မှတ်ထားသည်။

👍2😁2🤬1
တရုတ်တွင် အိမ်ခြံမြေစျေးကွက် မြှင့်တင်ရန် ဗဟိုဘဏ်က မူဝါဒများ ချမှတ်ထားသော်လည်း အရောင်းအဝယ် အေးနေ
======================
တရုတ်နိုင်ငံ ဗဟိုဘဏ်က ဈေးကွက်မြှင့်တင်ရန် မူဝါဒများ ချမှတ်ထားသော်လည်း အိမ်ခြံမြေအရောင်းအဝယ် အေးနေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် NTD ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားသည်။

👍7
အမေရိကန်နှင့်တရုတ် တင်းမာမှုများ မြင့်တက်နေချိန် သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်က အံ့အားသင့်စရာ ဆက်ဖြစ်နေ
===================
တရုတ်သူလျှိုမိုးပျံပူဖောင်းများသည် မြောက်ကမ္ဘာခြမ်းတွင် နှစ်ပေါင်းများစွာ သွားလာနေခဲ့ကြောင်းကို အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်က သိရှိခဲ့ပြီး ထုတ်ဖော်ပြောကြားလာသည်။

👍8🔥2
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်
=========================
စစ်ကိုင်းတိုင်းရှိ မြို့နယ် သုံးခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီက ဖေ ဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့နယ်များကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယက်းသို့ ထပ်တိုးသတ်မှတ်ခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မာရှယ်လောထုတ်ပြန်ထားသည့် မြို့နယ် ၁၄ ခုရှိလာသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီက ချင်းပြည်နယ်ရှိ မြို့နယ် ခုနစ္ခု၊ မကွေးတိုင်းရှိမြို့နယ် ငါးခု၊ ပဲခူးတိုင်းရှိ မြို့နယ် ငါးခု၊ကရင်ပြည်နယ်ရှိမြို့နယ် နှစ်ခု၊မွန်ပြည်နယ်ရှိ မြို့နယ် တစ္ခု၊ ကရင်နီပြည်နယ်ရှိ မြို့နယ် လေးခု၊စစ်ကိုင်းတိုင်းရှိ မြို့နယ်၁၁ ခု၊ တနင်္သာရီတိုင်းရှိ မြို့နယ် နှစ်ခု စုစုပေါင်း မြို့နယ်၃၇ ခု တွင် စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြောင့် စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၄၀ ရှိလာပြီဖြစ်သည်။

👍20🤬4❤3🤮2👏1
အိန္ဒိယက တရုတ်နယ်စပ်တွင် တပ်ရင်း ၇ ခု ထပ်မံတိုးချဲ့မည်
အိန္ဒိယနှင့် တရုတ်နယ်စပ်အတွက် အင်ဒို-တိဗက်နယ်စပ်တပ်ရင်း (ITBP) ၇ ခုကို ထပ်မံတိုးချဲ့ရန် အိန္ဒိယ ဗဟိုအစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ခွင့်ပြုခဲ့ခြင်းက ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့(CAPF) အင်အားကို ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာစေမည်ဖြစ်ကြောင်း အစိုးရထိပ်တန်းသတင်းရင်းမြစ်များက ပြောကြားလိုက်သည်။

👍7👏2❤1🔥1😁1
အစိုးရရုံးများမှ လုံခြုံရေးကင်မရာများဖယ်ရှားမည့် သြစတြေးလျ၏ဆုံးဖြတ်ချက်ကို တရုတ် ကန့်ကွက်
သြစတြေးလျ အစိုးရရုံးများမှ တရုတ်ထုတ်လုံခြုံရေးကင်မရာများကို ဖယ်ရှားမည့်အပေါ် တရုတ်အစိုးရက အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်မှုအဖြစ် ခိုင်းနှိုင်းပြောဆိုလိုက်သည်။

😁10👍4🤔1
ဝီဂါနှင့်တာကစ်လူနည်းစုများအပေါ် တရုတ်၏ လုပ်ရပ်ကို မသိကျိုးကျွံပြုဟု ယူနက်စကို စွပ်စွဲခံရ
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သည် ဝီဂါနှင့်အခြားသော တာကစ်လူနည်းစုများအပေါ် တရုတ်အစိုးရ၏ လုပ်ရပ်များကို မသိကျိုးကျွံပြုခြင်းဖြင့် အဖွဲ့အစည်း၏ စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ဝီဂါလူ့အခွင့်အရေးအဖွဲ့က စွပ်စွဲခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။

😁3👍2❤1
ဖေဖော်ဝါရီလ ၂၃ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့ အတူ
တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့ သတင်းတွေအပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယို သတင်းဆောင်းပါးကို နားဆင်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။
https://youtu.be/uiszUOKmtKE

တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့ သတင်းတွေအပါအ၀င် အခြာ…

👍10😁1🤮1
တရုတ်အပေါ် ပါကစ္စတန်အကြွေးတင်နေမှုကို အမေရိကန် စိုးရိမ်နေ
စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရသော ပါကစ္စတန်နှင့် အခြားနိုင်ငံများက တရုတ်အပေါ် အကြွေးတင်နေမှုကို အမေရိကန်အနေဖြင့် စိုးရိမ်ကြောင်း နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရက်ခ်ချောလက်က ပါကစ္စတန်ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြားလိုက်သည်။

😁4👍1