တရုတ်တွင် အိမ်ခြံမြေစျေးကွက် မြှင့်တင်ရန် ဗဟိုဘဏ်က မူဝါဒများ ချမှတ်ထားသော်လည်း အရောင်းအဝယ် အေးနေ
======================
တရုတ်နိုင်ငံ ဗဟိုဘဏ်က ဈေးကွက်မြှင့်တင်ရန် မူဝါဒများ ချမှတ်ထားသော်လည်း အိမ်ခြံမြေအရောင်းအဝယ် အေးနေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် NTD ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြထားသည်။

👍7
အမေရိကန်နှင့်တရုတ် တင်းမာမှုများ မြင့်တက်နေချိန် သူလျှိုမိုးပျံပူဖောင်းဖြစ်ရပ်က အံ့အားသင့်စရာ ဆက်ဖြစ်နေ
===================
တရုတ်သူလျှိုမိုးပျံပူဖောင်းများသည် မြောက်ကမ္ဘာခြမ်းတွင် နှစ်ပေါင်းများစွာ သွားလာနေခဲ့ကြောင်းကို အမေရိကန်က ပြီးခဲ့သည့်သီတင်းပတ်က သိရှိခဲ့ပြီး ထုတ်ဖော်ပြောကြားလာသည်။

👍8🔥2
စစ်ကိုင်းတိုင်းရှိ မြို့နယ် ၃ ခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီထုတ်ပြန်
=========================
စစ်ကိုင်းတိုင်းရှိ မြို့နယ် သုံးခုကို စစ်အုပ်ချုပ်ရေးသတ်မှတ်ကြောင်း စစ်ကောင်စီက ဖေ ဖော်ဝါရီ ၂၂ ရက်တွင် ထုတ်ပြန်သည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရွှေဘို၊ ဝက်လက်၊ အရာတော်မြို့နယ်များကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယက်းသို့ ထပ်တိုးသတ်မှတ်ခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း မာရှယ်လောထုတ်ပြန်ထားသည့် မြို့နယ် ၁၄ ခုရှိလာသည်။
ဖေဖော်ဝါရီ ၂ ရက်တွင် စစ်ကောင်စီက ချင်းပြည်နယ်ရှိ မြို့နယ် ခုနစ္ခု၊ မကွေးတိုင်းရှိမြို့နယ် ငါးခု၊ ပဲခူးတိုင်းရှိ မြို့နယ် ငါးခု၊ကရင်ပြည်နယ်ရှိမြို့နယ် နှစ်ခု၊မွန်ပြည်နယ်ရှိ မြို့နယ် တစ္ခု၊ ကရင်နီပြည်နယ်ရှိ မြို့နယ် လေးခု၊စစ်ကိုင်းတိုင်းရှိ မြို့နယ်၁၁ ခု၊ တနင်္သာရီတိုင်းရှိ မြို့နယ် နှစ်ခု စုစုပေါင်း မြို့နယ်၃၇ ခု တွင် စစ်အုပ်ချုပ်ရေးအမိန့်များ ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းကြောင့် စုစုပေါင်း စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ် ၄၀ ရှိလာပြီဖြစ်သည်။

👍20🤬4❤3🤮2👏1
အိန္ဒိယက တရုတ်နယ်စပ်တွင် တပ်ရင်း ၇ ခု ထပ်မံတိုးချဲ့မည်
အိန္ဒိယနှင့် တရုတ်နယ်စပ်အတွက် အင်ဒို-တိဗက်နယ်စပ်တပ်ရင်း (ITBP) ၇ ခုကို ထပ်မံတိုးချဲ့ရန် အိန္ဒိယ ဗဟိုအစိုးရက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ခွင့်ပြုခဲ့ခြင်းက ဗဟိုလက်နက်ကိုင်ရဲတပ်ဖွဲ့(CAPF) အင်အားကို ၁၀ ရာခိုင်နှုန်းကျော် မြင့်တက်လာစေမည်ဖြစ်ကြောင်း အစိုးရထိပ်တန်းသတင်းရင်းမြစ်များက ပြောကြားလိုက်သည်။

👍7👏2❤1🔥1😁1
အစိုးရရုံးများမှ လုံခြုံရေးကင်မရာများဖယ်ရှားမည့် သြစတြေးလျ၏ဆုံးဖြတ်ချက်ကို တရုတ် ကန့်ကွက်
သြစတြေးလျ အစိုးရရုံးများမှ တရုတ်ထုတ်လုံခြုံရေးကင်မရာများကို ဖယ်ရှားမည့်အပေါ် တရုတ်အစိုးရက အကြိမ်ကြိမ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး နိုင်ငံတော်အာဏာကို အလွဲသုံးစားလုပ်မှုအဖြစ် ခိုင်းနှိုင်းပြောဆိုလိုက်သည်။

😁10👍4🤔1
ဝီဂါနှင့်တာကစ်လူနည်းစုများအပေါ် တရုတ်၏ လုပ်ရပ်ကို မသိကျိုးကျွံပြုဟု ယူနက်စကို စွပ်စွဲခံရ
ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) သည် ဝီဂါနှင့်အခြားသော တာကစ်လူနည်းစုများအပေါ် တရုတ်အစိုးရ၏ လုပ်ရပ်များကို မသိကျိုးကျွံပြုခြင်းဖြင့် အဖွဲ့အစည်း၏ စံနှုန်းများကို ချိုးဖောက်ခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် ဝီဂါလူ့အခွင့်အရေးအဖွဲ့က စွပ်စွဲခဲ့ကြောင်း VOA သတင်းက ဖော်ပြသည်။

😁3👍2❤1
ဖေဖော်ဝါရီလ ၂၃ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့ အတူ
တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့ သတင်းတွေအပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကိုနားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယို သတင်းဆောင်းပါးကို နားဆင်ရမှာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ "ကျွန်တော့်အဖေ၏ အမေအကြောင်း ဒုတိယပိုင်း" ကိုလည်း နားဆင်ရဖို့ ရှိပါမယ်။
https://youtu.be/uiszUOKmtKE

YouTube
ဖေဖော်ဝါရီလ ၂၃ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့ အတူ
တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့ သတင်းတွေအပါအ၀င် အခြာ…

👍10😁1🤮1
တရုတ်အပေါ် ပါကစ္စတန်အကြွေးတင်နေမှုကို အမေရိကန် စိုးရိမ်နေ
စီးပွားရေးအကျပ်အတည်းကို ရင်ဆိုင်ဖြေရှင်းနေရသော ပါကစ္စတန်နှင့် အခြားနိုင်ငံများက တရုတ်အပေါ် အကြွေးတင်နေမှုကို အမေရိကန်အနေဖြင့် စိုးရိမ်ကြောင်း နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရက်ခ်ချောလက်က ပါကစ္စတန်ခရီးစဉ်အတွင်း ဖေဖော်ဝါရီလ ၁၆ ရက်က ပြောကြားလိုက်သည်။

😁4👍1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_23 Seg_2 | ပုဇွန်ဆီပြန်ဟင်းနှင့် ငါးကျည်းချဉ်ပေါင်ရည်
Watch more detail - https://youtu.be/z0FcpZLSQzo
#thecookingguy #mizzimatv #reels #shorts #cooking

🤮2
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို တန်ပြန်ဖို့ နိုင်ငံတကာက အမြန်ကူညီဖို့လိုနေပြီ (ဆောင်းပါး)
အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော် ကာလအတွင်း အကြိမ်ပေါင်း ၃၀၀ ကျော်ရှိပြီလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ဒီစာရင်းက ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ မူတည်ပြီး တွက်ချက်ထားတာဖြစ်ပြီး တကယ်တမ်း မြေပြင်က အရေအတွက်က အခုစာရင်းထက် ပိုများနိုင်တယ်လို့ MIPS ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုမင်းဇော်ဦးက ဘီဘီစီကို ပြောထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှု ၆၅၂ ကြိမ် ပြုလုပ်ခဲ့ပြီး အဲဒီလိုတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၈၈ ဦးနဲ့ ဒဏ်ရာရသူ ၃၇၇ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရသူ အများစုဟာ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
https://youtu.be/30taMEwE8Lw
#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဟာ အာဏာသိမ်းခဲ့တဲ့ နှစ်နှစ်ကျော် ကာလအတွင်း အကြိမ်ပေါင်း ၃၀၀ ကျော်ရှိပြီလို့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ဒီစာရင်းက ရရှိထားတဲ့ အချက်အလက်တွေအပေါ်မှာ…
👍16😁3👏1🥴1
စစ်ကောင်စီကိုအကြောင်းပြကာ EXXON FILM Investment အက်ပလီကေးရှင်း ငွေထုတ်မှု ယာယီရပ်ဆိုင်း၊ ရင်းနှီးမြုပ်နှံမှုကိုတော့ ဆက်လက်ခွင့်ပြုဟုဆို
ကီရာ
အဖွဲ့ဝင် သောင်းဂဏန်းကျော်ရှိနေသည့် အွန်လိုင်းမှတဆင့်ရင်းနှီးမြုပ်နှံမှုလုပ်စေသည်ဆိုသော EXXON FILM Investment အက်ပလီကေးရှင်းသည် ငွေထုတ်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာလိုက်ပြီး စစ်ကောင်စီက လုံခြုံရေးဆိုင်ရာ သံသယကြောင့်ဖြစ်သည်ဟု အကြောင်းပြသည်။
ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ထောက်ပံ့နေသည်ဟူသော သံသယဖြင့် စစ်ကောင်စီက EXXON FILM အား စုံစမ်းစစ်ဆေးမည့်အကြောင်းသာ ထုတ်ပြန်ချက်တွင်ရေးသားထားသော်လည်း မည်သို့စစ်ဆေးမည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်းမရှိပါ။
ကသာမြို့နယ်ရှိ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးရာတွင် ပါဝင်ရာက ယခုလိုသံသယအဝင်ခံနေရခြင်းဖြစ်သည်ဟုပါရှိသည်။

ထို့အပြင်စုံစမ်းစစ်ဆေးမှု ပြီးစီးမှသာ အဖွဲ့ဝင်များ၏ ငွေထုတ်ဝန်ဆောင်မှုကိုလည်း ပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဟုပါရှိသည်။
သို့သော် ငွေထုတ်ယူခွင့်ပိတ်ထားသော်လည်း အဖွဲ့ဝင်ဟောင်းများအနေဖြင့် ရင်းနှီးမြုပ်နှံမှုကိုတော့ ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နိုင်မည်ဟုဆိုသည့်အပြင် အဖွဲ့ဝင်အသစ်များကိုလည်း ဖိတ်ခေါ်နိုင်သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
"သူတို့ ဆော့ဝဲကတော့ အလုပ်လုပ်နေသေးတယ်ဗျ။ ဒါပေမယ့် အဖွဲ့ခေါင်းဆောင်တွေကတော့ လူသေတွေလို ဖြစ်နေပြီ။ ဘာမှမေးမရ ပြုမရနဲ့။ ဆေ့ာဝဲ ဝန်ဆောင်မှုမှာမေးတာက တပတ်အတွင်းရအောင် ပြန်လုပ်ပေးမယ်လို့တော့ ပြောတာပါပဲ စစ်ကောင်စီက စစ်ဘေးရှောင်တွေလှူတာကို PDF တွေ လက်နက်တွေလှူတယ်ဆိုပြီး သံသယရှိလို့ စစ်နေတာတဲ့။ ကျွန်တော်တော့ သိပ်မမျှော်လင့်တော့ပါဘူး။ ဒီယုန်မြင်လို့ ဒီချုံထွင်တာနေမယ် အရှေ့မှာလဲ ဆယ်လီလုလင်ပျိုတို့ ဖူးပွင့်ခိုင်တို့နဲ့ အလှူတွေလုပ်ပြနေတာလေ"ဟု ငွေကျပ် ၅၀၀၀၀၀ (ငါးသိန်း) ရင်းနှီးမြှပ်နှံထားသည့် အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ယခုကဲ့သို့ ယာယီပိတ်သိမ်းမှုသည် ဖေဖော်ဝါရီ ၂၈ရက်တွင် ပြန်လည်ပြေလည်သွားမည်ဟု Exxon Film က တယ်လီဂရမ်သီးသန့်ဂရုတွင် အကြောင်းကြားစာ ထပ်မံထုတ်ထားပြီး ၎င်းတို့၏ ငွေထုတ်ဝန်ဆောင်မှုယာယီရပ်ဆိုင်းခြင်းကို မှတ်ချက်ပြုလုပ်ခြင်းမပြုရန်နှင့် ပြုလုပ်ပါက ချက်ချင်း ပြင်းထန်သော ပြစ်ဒဏ် ချမှတ်မည်ဖြစ်ပြီး အကောင့်ကို ပိတ်ကာ ဝဘ်ဆိုက်ရှိ ရန်ပုံငွေအားလုံးကိုလည်း သိမ်းယူမည်ဟုလည်း Exxon Film က အဖွဲ့ဝင်များထံသို့ သတိပေးစာပေးပို့ခဲ့သည်။
အထက်ပါ သတိပေးစာကြောင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၂၈ရက်အထိ ဆက်လက်စောင့်စားနေကြမည်ဖြစ်ပြီး ငွေများအသိမ်းခံရမည်ကိုစိုးရိမ်မှုကြောင့် မှတ်ချက်ပြုလုပ်မည့်သူမရှိနိုင်ကြောင်း အဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
Exxon Film အွန်လိုင်းအက်ပလီကေးရှင်းကို ၂၀၂၀ အောက်တိုဘာလ ၃၁ရက်တွင် ဖေ့ဘွတ်စ်ပေစ့်စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂ရက်တွင် ဖေ့ဘွတ်စ်ပေစ့်အသစ်တစ်ခု ထပ်မံ လုပ်ဆောင်ထားသည်ကိုလည်း မဇ္ဈိမက စုံစမ်းတွေ့ရှိရသည်။
၎င်းတို့၏လုပ်ငန်းလိုင်စင်ကို ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ရက်တွင် တရားဝင်မှတ်ပုံတင်ထားကြောင်းကိုလည်း ဖေ့ဘွတ်စ်ပေစ့်နှစ်ခုလုံးမှတဆင့် ဖော်ပြထားသည်ကို တွေ့ရသည်။ ၎င်းတို့၏ ရုံးခန်းကိုလည်း KTA -6 FMI လှိုင်သာယာမြို့နယ် ရန်ကုန်တွင် ဖွင့်လှစ်ထားသည်ဟု ဖော်ပြထားသည်။
ရင်းနှီးမြှပ်နှံမှုများလုပ်ဆောင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ဖေ့ဘွတ်စ်ဂရု ငါးခု ရှိနေပြီး Exxon Film ရှယ်ယာရှင်များဂရု ၊ Exxon Film Investment မန်ဘာဂရု၊ Exxon Film Shan State ၊ Exxon ငွေရှာသူများစုံစည်းရာ နှင့် Exxon Film စသည့် အမည်များဖြင့် ဂရုများရှိနေသည်ကိုလည်း စုံစမ်းသိရှိရပြီး အဆိုပါဂရုများကို လူရှာရန် ရည်ရွယ်ဖွင့်လှစ်ထားသည်ဟုသိရသည်။
သို့သော် ၎င်းတို့၏ ရင်းနှီးမြှပ်နှံမှုနှင့် ဆိုင်သည့်အချက်အလက်များ အကြောင်းကြားစာများကိုမူ သီးသန့်တယ်လီဂရမ်ဂရုတွင်သာ ပေးပို့လေ့ရှိသည်ဟု သိရသည်။
ရုပ်ရှင်ရင်းနှီးမြှပ်နှံမှု EXXON FILM Investmentကို မြန်မာဆယ်လီ ဖူးပွင့်ခိုင် ၊ လမင်းကဗျာ နှင့် လုလင်ပျိုတို့မှ ကြော်ငြာပေးထားသည်များလည်း တွေရပြီး အဆိုပါကိစ္စရပ်ကို " မြန်မာနိုင်ငံက ဆယ်လီအချို့ စည်းကမ်းမဲ့လွန်းတာလား ၊ ဦးနှောက် တခန်းလွတ်နေကြတာလား ။ နိုင်ငံတကာရုပ်ရှင်တွေမှာ ရင်းနှီးမြှပ်နှံဖို့ မြန်မာနိုင်ငံမှာ ရုံးခန်းလာဖွင့် မြန်မာပြည်သူတွေဆီက အရင်းအနှီးလာရှာတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။ မစဉ်းစားတတ်ကြတော့ဘူးလား " ဟု ဆင့်ပွားဈေးကွက်ဖြန့်ချီရေးလုပ်ငန်း MLM စနစ်ကို ဆန့်ကျင်တိုက်ဖြတ်သူတစ်ဦးဖြစ်သည့် ကိုဇင်ဇေလွင်က ၎င်း၏လူမှုကွန်ရက်တွင် မှတ်ချက်ပြုရေးသားထားသည်ကိုတွေ့ရသည်။
ထို့အပြင် " Exxon Film Investment ဆိုတာ လိမ်မှာမဟုတ်ဘူး ။လိမ်ကို လိမ်နေတာငွေရနေသေးလို့ ၊ အရှိန်ယူနေတုန်း မပြေးသေးလို့ မလိမ်ဘူး ခံငြင်း မနေကြနဲ့။သူ့ App ထဲမှာ ထည့်ထားတဲ့ နာမည်ကြီး ရုပ်ရှင်တွေနဲ့ သူတို့နဲ့ တကယ် ပက်သက်ကြောင်း ၊ အပြန်အလှန် သဘောတူမှုတွေ ရှိကြောင်း နိုင်ငံတကာ သတင်းတွေမှာ ပါဖူးတဲ့ သက်သေတောင် ခင်ဗျားတို့ ပြနိုင်လို့လား "ဟု Exxon Film Investmentကို ထပ်မံ ဝေဖန်ထားသည်ကိုလည်း တွေ့ရသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့သည့် ရင်းနှီးမြှပ်နှံမှုလုပ်ငန်းဟု ၎င်းတို့အမည်ပေးထားသော Joom အက်ပလီကေးရှင်းနှင့် Koala အက်ပလီကေးရှင်းသည် လည်း အောက်တိုဘာလတွင် ၎င်းတို့အက်ပလီကေးရှင်းကို ရပ်ဆိုင်းလိုက်ကြပြီး လူ ၂၀,၀၀၀ နီးပါး ငွေလိမ်လည်ခံရမှု ဖြစ်ပွားခဲ့ကြသည်။

👍11🔥2
ကရင်နီစစ်မျက်နှာက အရိုး၊ အကြော အထူးကု ဒေါက်တာအောင်ကြီး
(ရှေ့တန်းစစ်မြေပြင်ရောက် သတင်းထောက် ဝေယံမိုး MCIJ အတွက်ပေးပို့သည်)
စစ်ကောင်စီတပ်သားများနှင့် လယ်တစ်ကွက်စာအကွာလောက်သာဝေးသည့်နေရာကနေ ပစ္စတိုတစ်လက်၊ အိုင်ကွန်တစ်လုံးကို ကိုင်ပြီး ဒေါက်တာအောင်ကြီးက အော်ဟစ်အမိန့်ပေးနေခဲ့သည်။ မုတ်ဆိတ်နှင့်နှုတ်ခမ်းမွှေးက သူ့မျက်နှာမှာ ပြည့်နှက်နေအောင် မရိတ်သိမ်းနိုင်အားဖြစ်နေခဲ့သည်။
“ သူ ( ဒေါက်တာအောင်ကြီး) ရဲလို့လည်း ကျွန်တော်တို့ ရှေ့ကိုတက်ရဲတာလေ၊ လေယာဉ်တွေ ဘာတွေ လာတာဆိုလည်း ေ--က်ဂရုစိုက်မနေနဲ့ ဘာညာဆိုပြီး ရှယ်အော်ပေးတာ” ဟု ဦးအောင်ကြီးနှင့်အနီးကပ်ရှိခဲ့သည့် အသက် ၂၃ နှစ်အရွယ် ရဲဘော်ရဲရင့်က အားပါးတရ ပြန်ပြောပြနေခြင်းဖြစ်သည်။
အထူးကုဆရာဝန်ကြီးတစ်ယောက် တောတွင်းရှေ့တန်းတစ်နေရာမှာ တော်လှန်ရေးတပ်တွေနှင့် တိုက်ပွဲဝင်ဖို့ ရောက်ရှိနေခဲ့သည်ဆိုခြင်းက ကျနော့်အတွက်မယုံနိုင်ဖွယ်ရာပင်ဖြစ်လို့နေသည်။

❤14👍6💩1
ရန်ကုန်ဇာတိဘွား အသက် ၅၂ နှစ်အရွယ် ဦးအောင်ကြီးသည် အရိုးအကြောအထူးကုဆရာဝန်တစ်ဦးဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ KDF (ကရင်နီဒီမိုကရက်တစ်တပ်ဦး) ထောက်ပို့ မစုစုကပြောပြသည်။ ဒေါက်တာအောင်ကြီးသည် အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို တရားဟော ဘုန်းတော်ကြီး (Senior Pastor Of Yangon Burmese Christian Church) နှစ်ခြင်း လည်းဖြစ်သည်။
"သူ ( ဒေါက်တာအောင်ကြီး) က ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတာပေါ့၊ ... ရန်ကုန်က ယူဂျီလူငယ်တွေကတော့ သူ့ကို ဂိုဏ်းချုပ်ကြီးဆိုရင်သိကြတယ်" ဟု ဒေါက်တာအောင်ကြီးအကြောင်း တစ်ပိုင်းတစ်စအား မစုစု ကပြန်ပြောပြသည်။
ဒေါက်တာအောင်ကြီးသည် စစ်အာဏာသိမ်းမှုကိုလက်မခံသူဖြစ်သည်နှင့်အညီရန်ကုန်မြို့တွင် ယူဂျီလှုပ်ရှားသူလူငယ်တစ်ဦးဒဏ်ရာသည့်အခါ ဆေးကုသပေးမှုကြောင့် စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောရေး ငရဲခန်းတွင် ငါးလနီးပါး အလူးအလိမ့်ခံခဲ့ရသည်ဟု သိရသည်။
"သူ့ကို တင်ပျင်ခွေခိုင်းထားပြီး ဝါးခြမ်းပြားနဲ့ တစ်နေ့လုံးထိုင်ရိုက်တာတဲ့၊ ခြေဖဝါးတွေကိုလည်း သံချောင်းကို မီးဖုတ်ပြီးရိုက်တာတဲ့" ဟု ဒေါက်တာအောင်ကြီး KDF စခန်းရောက်ခါစက ပြောပြခဲ့သည်များကို မစုစုက ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
ကရင်နီပြည်နယ်လို ရာသီဥတုအေးလှသည့်ဒေသ ညအချိန်များတွင် ဒေါက်တာအောင်ကြီးမှာ စစ်ကြောရေးတွင်နှိပ်စက်ခံရသည့် ဒဏ်များကြောင့် ကိုက်ခဲမှုပြင်းထန်ရာ ရဲဘော်များက နင်းနှိပ်ပေးရလေ့ရှိသလို သူ့ကိုယ်သူ ဆေးထိုး ဆေးကုရသည်။
၂၀၂၁ နှစ်ကုန်ပိုင်း ထောင်မှလွတ်သည်နှင့် ကရင်နီဒေသ ရှေ့တန်းစစ်မျက်နှာသို့ ဒေါက်တာအောင်ကြီးရောက်လာခဲ့သည်။ KDF ရောက်တော့ သူက ဆေးကုသရေးထက် စစ်ကောင်စီတပ်အားသုတ်သင်ရာတွင် ပါဝင်တိုက်ခိုက်ရန် စိတ်အားထက်သန်နေခဲ့သည်။ ရှေ့တန်းစခန်းရောက်မလာခင်ကပင် ရိုင်ဖယ်တစ်လက်ဝယ်ယူထားပြီးဖြစ်သော်လည်း ၎င်းရောက်လာသည့်အခါ စခန်းမှ တာဝန်ရှိသူများက ရှေ့တန်းမထွက်စေလိုကြ။
အချိန်က ယမန်နှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းဖြစ်သည်။
ထိုကာလတွင် တော်လှန်ရေးအင်အားစုများပြန့်ကြဲနေစဲဖြစ်ပြီး စစ်ဦးစီးခေါင်းဆောင်မှု သေချာစွာမရှိသေးသော်လည်း ရှမ်း−ကယားနယ်စပ် မိုးဗြဲမြို့နယ်ထဲရှိ ဝါရီဆူးပလိုင်ကျေးရွာအနီး မိုးဗြဲ - နန်းမယ်ခုံ လမ်းကြောပိုင်းအတွင်း တိုက်ပွဲများရှိနေခဲ့သည်။ စစ်ေ ကာင်စီတပ်ဘက်မှ သံချပ်ကာကားများ၊ လေကြောင်းပစ်ခတ်မှုများ လက်နက်ကြီးပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရာက တိုက်ပွဲများပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒီလိုအနေအထားမှာ လူငယ်များအကြား အသက်အရွယ်အရ ဦးဆောင်နိုင်မှုနှင့် ဝောာ်လှန်ရေးစိတ်ဓာတ်ပြင်းထန်မှုက အနီးရှိလူငယ်ရဲဘော်များက ဒေါက်တာအောင်ကြီး၏ အမိန့်ပေးဦးဆောင်မှုကို လိုက်နာခဲ့ကြသည်။ တိုက်ပွဲပြင်းထန်သည့်တစ်နေ့ ဒဏ်ရာရရှိသည့် ရဲဘော်များကို ဆေးသွားကုသရင်း ဒေါက်တာအောင်ကြီးမှာ စစ်ကြောင်းမှူးတစ်ပိုင်းဖြစ်သွားခဲ့သည်။
ကုန်းမြင့်ဘေးနံဘေး အကာအကွယ်ယူထားသည့် ဒေါက်တာအောင်ကြီးနှင့်ရဲဘော်အချို့မှာ ကျည်ချွေတာရင်း စစ်ကောင်စီတပ်သားအား အပိုင်မြင်တွေ့ရသည့်အခါ ထထပြီးပစ်နေကြသည်။ "အဲ့မှာ အဲ့မှာ တွေ့လား ကျွန်တော် ကျည် နှစ်တောင့်ပဲကျန်တော့တာလေ၊ တစ်တောင့်ထပစ်တာ" ဟု JPDF မှ ရဲဘော်က ၎င်းရိုက်ကူးထားသော ရုပ်သံကိုပြရင်း ပြန်ပြောပြသည်။
စစ်ကောင်စီတပ်ဘက်ကမူ မဲမဲမြင်ရာ မနားတမ်းပစ်နေသလို လွိုင်ကော်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများအပြင် အနီးတွင်အသင့်ရှိနေသည့် သံချပ်ကာကားများကလည်း အဆက်မပြတ်ပစ်နေခဲ့သည်။ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုကိုလည်း အနီးကပ်မြင်တွေ့ခဲ့ရသည်။
"တချို့စစ်ကောင်စီတပ်သားတွေဆို သံချပ်ကာကားတွေပေါ်ကို ပြေးပြေးတက်တာ ကျွန်ဝော်တို့က တစ်၊ နှစ်၊ သုံး ပြိုင်တူအော်ပြီးဖြုတ်ကြတာ ကားခနဲ ကားခနဲပဲ " ဟု ထိုနေ့တိုက်ပွဲတွင် ပစ်ခတ်ခဲ့ပုံကို JPDF ရဲဘော်က ပြန်ပြောပြသည်။

👍14❤6😁1🤮1
ကျည်အင်အားမလုံလောက်သည့်တော်လှန်ရေးရဲဘော်များသည် နောက်တန်းမှ ကျည်လာပို့သည်ကိုစောင့်ရင်း သံချပ်ကာကားများအားတက်သိမ်းရန် ပြင်ဆင်နေကြသည်။
ကျည်နှင့်ရေရောက်သည်နှင့်တစ်ပြိုင်နက် ကျည်ဖြည့် ရေသောက် လုပ်နေချိန် ညနေ ၅ နာရီအချိန်တွင် ဒေါက်တာအောင်ကြီးနှင့် ရဲဘော်များအနီး ၁၂၀ မမ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲဝောာ့သည်။
"အုန်းကနဲ အသံကြားတာနဲ့ ကျွန်တော်က လွင့်သွားတာ ကျွန်တော့ရှေ့ကကောင်ဆို လည်ပင်းတွေပွင့်ထွက်သွားတာ။ ဒေါက်တာအောင်ကြီးလည်း ညာဘက် တစ်ခြမ်းလုံးစုတ်ပြတ်သွားတယ်။ လက်တွေလည်း တွဲလောင်းကြီး ပြတ်ခါနီး" ဟု ထိုနေ့က အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ရဲဘော် ရဲရင့်က MCIJ ကို ပြောသည်။
ထိုနေ့တိုက်ပွဲတွင် ဒေါက်တာအောင်ကြီး (အသက် ၅၂ နှစ်)၊ ငွေပု (အသက် ၁၈ နှစ်)၊ ရဲလင်း (၂၁နှစ်)၊ ဝိုင်းချစ် (၁၇ နှစ၊မောင်ညို (၂၁နှစ်)၊ သူရဲ (၂၁ နှစ်) ၊ဗိုလ်လောလော် (၂၆ နှစ်) အပါအဝင် ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ရသည်။
ထို့နောက် ဒဏ်ရာရ ရဲဘော်များအား ဆွဲ၍ ပြေးသူကပြေး ပြန်ခံပစ်သူကပစ်နှင့် တော်လှန်ရေးရဲဘော်များ ဆုတ်ခွါခဲ့ရသည်။ စစ်ကောင်စီဘက်ကလည်း တရကြမ်း ထိုးစစ်ဆင်ကာ တစ်လနီးပါး တိုက်ခိုက်ခဲ့ပြီးတော်လှန်ရေးအင်အားစုများစိုးမိုးထားရာ မိုးဗြဲ− နန်းမယ်ခုံ လမ်းကြောအား သိမ်းယူခဲ့ကြသည်။
အဆိုပါကာလတွင် စစ်ကောင်စီမှာ ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားယိုင်နဲ့လာပြီးနောက် စစ်ကောင်စီတပ် ဒုတိယကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် အဆိုပါဒေသကို ရောက်ရှိလာပြီး အကြမ်းပတမ်းနှိမ်နင်းနေသည့်ကာလဖြစ်သည်။ စစ်အင်အား ၃၀၀ ကျော်ထပ်ဖြည့်ထားပြီး သံချပ်ကာကား၊ လက်နက်ကြီးပစ်ကူနှင့် တပ်မ (၆၆) ကို စေလွှတ်ထားသည်။
ကရင်နီဒေသသည် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် ၁၂၃မိုင်သာကွာဝေးပြီး လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့် ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကောင်စီအတွက် နေပြည်တော်မကျရေး အခရာကျသည့် ဒေသတစ်ခု ဖြစ်သည်။
တစ်လတာကြာခဲ့သည့်တိုက်ပွဲကြီးသည် ကရင်နီဒေသ စစ်မျက်နှာတွင် အကြီးမားဆုံးဖြစ်ခဲ့သည့်တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၃၀ ဝန်းကျင်အသက်စွန့်ခဲ့ရသည်။ ဒေါက်တာအောင်ကြီး ကျဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း မိခင်တပ် KDF ရဲဘော်များက ယနေ့အထိ နှမြောတသမဆုံးဖြစ်နေကြသည်။
"နှမြောတာပေါ့ဗျာ ဆရာဝန်ဆိုရင် ဆရာဝန်အနေနဲ့ လုပ်စေချင်တာပေါ့။ သူ့လိုလူကရှားတယ်လေ။ သူရှိတုန်းကဆို ဒီကတော်လှန်ရေးအဖွဲ့တွေ ဆေးဝါး ဘာညာ သူတော်တော်လေးလုပ်ပေး ကူပေးနိုင်ခဲ့တာ" ဟု JPDFမှရဲဘော်ကပြောသည်။
ဒေါက်တာအောင်ကြီးအပါအဝင် ရဲဘော်အများစု၏ ရုပ်အလောင်းများအား ၎င်းတို့ကျဆုံးပြီး လေးရက်မြောက်နေ့မှ ပြန်လည်ရရှိကာ အမိန့်ပြန် သဂြိုဟ်ပေးနိုင်ခဲ့ကြသည်။
လုပ်ထုံးလုပ်နည်း အစဉ်အလာများအရ “ ရဲဘော် ဒေါက်တာအောင်ကြီး သင်သည် ကျွန်ုပ်တို့ KDF နှင့်လုံးဝ မသက်ဆိုင်တော့ပါ သင်သွားလိုရာသွားနိုင်ပါပြီ ဟူသည့်အမိန့်ပြန်ခဲ့သော်လည်း မပြီးဆုံးသေးသည့် ဝော်လှန်ရေးအတွင်း ရှေ့တန်းစစ်မျက်နှာများတွင် ဒေါက်တာအောင်ကြီးရှိနေဦးမည်သာ။ အလားတူ ဒေါက်တာအောင်ကြီးလို ပုဂ္ဂိုလ်အများအပြားလည်း ဆက်ရှိပြီး တော်လှန်ရေးအတွက် တိုက်ပွဲနေဦးမည်သာဖြစ်သည်။

😢25👍7🔥1😁1