ရန်ကုန်ဇာတိဘွား အသက် ၅၂ နှစ်အရွယ် ဦးအောင်ကြီးသည် အရိုးအကြောအထူးကုဆရာဝန်တစ်ဦးဖြစ်ကြောင်း ၎င်း၏ မိတ်ဆွေ KDF (ကရင်နီဒီမိုကရက်တစ်တပ်ဦး) ထောက်ပို့ မစုစုကပြောပြသည်။ ဒေါက်တာအောင်ကြီးသည် အထူးကုဆရာဝန်တစ်ဦးလည်းဖြစ်သလို တရားဟော ဘုန်းတော်ကြီး (Senior Pastor Of Yangon Burmese Christian Church) နှစ်ခြင်း လည်းဖြစ်သည်။
"သူ ( ဒေါက်တာအောင်ကြီး) က ပုဂ္ဂလိက ဆေးခန်းဖွင့်ထားတာပေါ့၊ ... ရန်ကုန်က ယူဂျီလူငယ်တွေကတော့ သူ့ကို ဂိုဏ်းချုပ်ကြီးဆိုရင်သိကြတယ်" ဟု ဒေါက်တာအောင်ကြီးအကြောင်း တစ်ပိုင်းတစ်စအား မစုစု ကပြန်ပြောပြသည်။
ဒေါက်တာအောင်ကြီးသည် စစ်အာဏာသိမ်းမှုကိုလက်မခံသူဖြစ်သည်နှင့်အညီရန်ကုန်မြို့တွင် ယူဂျီလှုပ်ရှားသူလူငယ်တစ်ဦးဒဏ်ရာသည့်အခါ ဆေးကုသပေးမှုကြောင့် စစ်ကောင်စီက သူ့ကို ၂၀၂၁ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ထို့နောက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ကြောရေး ငရဲခန်းတွင် ငါးလနီးပါး အလူးအလိမ့်ခံခဲ့ရသည်ဟု သိရသည်။
"သူ့ကို တင်ပျင်ခွေခိုင်းထားပြီး ဝါးခြမ်းပြားနဲ့ တစ်နေ့လုံးထိုင်ရိုက်တာတဲ့၊ ခြေဖဝါးတွေကိုလည်း သံချောင်းကို မီးဖုတ်ပြီးရိုက်တာတဲ့" ဟု ဒေါက်တာအောင်ကြီး KDF စခန်းရောက်ခါစက ပြောပြခဲ့သည်များကို မစုစုက ပြန်လည်ပြောပြနေခြင်းဖြစ်သည်။
ကရင်နီပြည်နယ်လို ရာသီဥတုအေးလှသည့်ဒေသ ညအချိန်များတွင် ဒေါက်တာအောင်ကြီးမှာ စစ်ကြောရေးတွင်နှိပ်စက်ခံရသည့် ဒဏ်များကြောင့် ကိုက်ခဲမှုပြင်းထန်ရာ ရဲဘော်များက နင်းနှိပ်ပေးရလေ့ရှိသလို သူ့ကိုယ်သူ ဆေးထိုး ဆေးကုရသည်။
၂၀၂၁ နှစ်ကုန်ပိုင်း ထောင်မှလွတ်သည်နှင့် ကရင်နီဒေသ ရှေ့တန်းစစ်မျက်နှာသို့ ဒေါက်တာအောင်ကြီးရောက်လာခဲ့သည်။ KDF ရောက်တော့ သူက ဆေးကုသရေးထက် စစ်ကောင်စီတပ်အားသုတ်သင်ရာတွင် ပါဝင်တိုက်ခိုက်ရန် စိတ်အားထက်သန်နေခဲ့သည်။ ရှေ့တန်းစခန်းရောက်မလာခင်ကပင် ရိုင်ဖယ်တစ်လက်ဝယ်ယူထားပြီးဖြစ်သော်လည်း ၎င်းရောက်လာသည့်အခါ စခန်းမှ တာဝန်ရှိသူများက ရှေ့တန်းမထွက်စေလိုကြ။
အချိန်က ယမန်နှစ် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲပိုင်းဖြစ်သည်။
ထိုကာလတွင် တော်လှန်ရေးအင်အားစုများပြန့်ကြဲနေစဲဖြစ်ပြီး စစ်ဦးစီးခေါင်းဆောင်မှု သေချာစွာမရှိသေးသော်လည်း ရှမ်း−ကယားနယ်စပ် မိုးဗြဲမြို့နယ်ထဲရှိ ဝါရီဆူးပလိုင်ကျေးရွာအနီး မိုးဗြဲ - နန်းမယ်ခုံ လမ်းကြောပိုင်းအတွင်း တိုက်ပွဲများရှိနေခဲ့သည်။ စစ်ေ ကာင်စီတပ်ဘက်မှ သံချပ်ကာကားများ၊ လေကြောင်းပစ်ခတ်မှုများ လက်နက်ကြီးပစ်ကူများအပါအဝင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးရာက တိုက်ပွဲများပေါ်လာခဲ့ခြင်းဖြစ်သည်။ ဒီလိုအနေအထားမှာ လူငယ်များအကြား အသက်အရွယ်အရ ဦးဆောင်နိုင်မှုနှင့် ဝောာ်လှန်ရေးစိတ်ဓာတ်ပြင်းထန်မှုက အနီးရှိလူငယ်ရဲဘော်များက ဒေါက်တာအောင်ကြီး၏ အမိန့်ပေးဦးဆောင်မှုကို လိုက်နာခဲ့ကြသည်။ တိုက်ပွဲပြင်းထန်သည့်တစ်နေ့ ဒဏ်ရာရရှိသည့် ရဲဘော်များကို ဆေးသွားကုသရင်း ဒေါက်တာအောင်ကြီးမှာ စစ်ကြောင်းမှူးတစ်ပိုင်းဖြစ်သွားခဲ့သည်။
ကုန်းမြင့်ဘေးနံဘေး အကာအကွယ်ယူထားသည့် ဒေါက်တာအောင်ကြီးနှင့်ရဲဘော်အချို့မှာ ကျည်ချွေတာရင်း စစ်ကောင်စီတပ်သားအား အပိုင်မြင်တွေ့ရသည့်အခါ ထထပြီးပစ်နေကြသည်။ "အဲ့မှာ အဲ့မှာ တွေ့လား ကျွန်တော် ကျည် နှစ်တောင့်ပဲကျန်တော့တာလေ၊ တစ်တောင့်ထပစ်တာ" ဟု JPDF မှ ရဲဘော်က ၎င်းရိုက်ကူးထားသော ရုပ်သံကိုပြရင်း ပြန်ပြောပြသည်။
စစ်ကောင်စီတပ်ဘက်ကမူ မဲမဲမြင်ရာ မနားတမ်းပစ်နေသလို လွိုင်ကော်ဘက်မှ ၁၂၀ မမ လက်နက်ကြီးများအပြင် အနီးတွင်အသင့်ရှိနေသည့် သံချပ်ကာကားများကလည်း အဆက်မပြတ်ပစ်နေခဲ့သည်။ တော်လှန်ရေးရဲဘော်များ၏ ပစ်ခတ်မှုများကြောင့် စစ်ကောင်စီတပ်သားများသေဆုံးမှုကိုလည်း အနီးကပ်မြင်တွေ့ခဲ့ရသည်။
"တချို့စစ်ကောင်စီတပ်သားတွေဆို သံချပ်ကာကားတွေပေါ်ကို ပြေးပြေးတက်တာ ကျွန်ဝော်တို့က တစ်၊ နှစ်၊ သုံး ပြိုင်တူအော်ပြီးဖြုတ်ကြတာ ကားခနဲ ကားခနဲပဲ " ဟု ထိုနေ့တိုက်ပွဲတွင် ပစ်ခတ်ခဲ့ပုံကို JPDF ရဲဘော်က ပြန်ပြောပြသည်။

👍14❤6😁1🤮1
ကျည်အင်အားမလုံလောက်သည့်တော်လှန်ရေးရဲဘော်များသည် နောက်တန်းမှ ကျည်လာပို့သည်ကိုစောင့်ရင်း သံချပ်ကာကားများအားတက်သိမ်းရန် ပြင်ဆင်နေကြသည်။
ကျည်နှင့်ရေရောက်သည်နှင့်တစ်ပြိုင်နက် ကျည်ဖြည့် ရေသောက် လုပ်နေချိန် ညနေ ၅ နာရီအချိန်တွင် ဒေါက်တာအောင်ကြီးနှင့် ရဲဘော်များအနီး ၁၂၀ မမ လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲဝောာ့သည်။
"အုန်းကနဲ အသံကြားတာနဲ့ ကျွန်တော်က လွင့်သွားတာ ကျွန်တော့ရှေ့ကကောင်ဆို လည်ပင်းတွေပွင့်ထွက်သွားတာ။ ဒေါက်တာအောင်ကြီးလည်း ညာဘက် တစ်ခြမ်းလုံးစုတ်ပြတ်သွားတယ်။ လက်တွေလည်း တွဲလောင်းကြီး ပြတ်ခါနီး" ဟု ထိုနေ့က အသက်ဘေးမှ လွတ်မြောက်ခဲ့သူ ရဲဘော် ရဲရင့်က MCIJ ကို ပြောသည်။
ထိုနေ့တိုက်ပွဲတွင် ဒေါက်တာအောင်ကြီး (အသက် ၅၂ နှစ်)၊ ငွေပု (အသက် ၁၈ နှစ်)၊ ရဲလင်း (၂၁နှစ်)၊ ဝိုင်းချစ် (၁၇ နှစ၊မောင်ညို (၂၁နှစ်)၊ သူရဲ (၂၁ နှစ်) ၊ဗိုလ်လောလော် (၂၆ နှစ်) အပါအဝင် ရဲဘော် ၁၅ ဦး ကျဆုံးခဲ့ရသည်။
ထို့နောက် ဒဏ်ရာရ ရဲဘော်များအား ဆွဲ၍ ပြေးသူကပြေး ပြန်ခံပစ်သူကပစ်နှင့် တော်လှန်ရေးရဲဘော်များ ဆုတ်ခွါခဲ့ရသည်။ စစ်ကောင်စီဘက်ကလည်း တရကြမ်း ထိုးစစ်ဆင်ကာ တစ်လနီးပါး တိုက်ခိုက်ခဲ့ပြီးတော်လှန်ရေးအင်အားစုများစိုးမိုးထားရာ မိုးဗြဲ− နန်းမယ်ခုံ လမ်းကြောအား သိမ်းယူခဲ့ကြသည်။
အဆိုပါကာလတွင် စစ်ကောင်စီမှာ ကရင်နီပြည်နယ်အတွင်း အုပ်ချုပ်ရေးယန္တရားယိုင်နဲ့လာပြီးနောက် စစ်ကောင်စီတပ် ဒုတိယကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကိုယ်တိုင် အဆိုပါဒေသကို ရောက်ရှိလာပြီး အကြမ်းပတမ်းနှိမ်နင်းနေသည့်ကာလဖြစ်သည်။ စစ်အင်အား ၃၀၀ ကျော်ထပ်ဖြည့်ထားပြီး သံချပ်ကာကား၊ လက်နက်ကြီးပစ်ကူနှင့် တပ်မ (၆၆) ကို စေလွှတ်ထားသည်။
ကရင်နီဒေသသည် အုပ်ချုပ်ရေးမြို့တော် နေပြည်တော်နှင့် ၁၂၃မိုင်သာကွာဝေးပြီး လက်နက်ကိုင်အဖွဲ့ အများအပြားရှိသည့် ရှမ်းပြည်နယ်နှင့် ထိစပ်နေသည့် စစ်ကောင်စီအတွက် နေပြည်တော်မကျရေး အခရာကျသည့် ဒေသတစ်ခု ဖြစ်သည်။
တစ်လတာကြာခဲ့သည့်တိုက်ပွဲကြီးသည် ကရင်နီဒေသ စစ်မျက်နှာတွင် အကြီးမားဆုံးဖြစ်ခဲ့သည့်တိုက်ပွဲဖြစ်ပြီး တော်လှန်ရေး ရဲဘော် ၃၀ ဝန်းကျင်အသက်စွန့်ခဲ့ရသည်။ ဒေါက်တာအောင်ကြီး ကျဆုံးခဲ့သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း မိခင်တပ် KDF ရဲဘော်များက ယနေ့အထိ နှမြောတသမဆုံးဖြစ်နေကြသည်။
"နှမြောတာပေါ့ဗျာ ဆရာဝန်ဆိုရင် ဆရာဝန်အနေနဲ့ လုပ်စေချင်တာပေါ့။ သူ့လိုလူကရှားတယ်လေ။ သူရှိတုန်းကဆို ဒီကတော်လှန်ရေးအဖွဲ့တွေ ဆေးဝါး ဘာညာ သူတော်တော်လေးလုပ်ပေး ကူပေးနိုင်ခဲ့တာ" ဟု JPDFမှရဲဘော်ကပြောသည်။
ဒေါက်တာအောင်ကြီးအပါအဝင် ရဲဘော်အများစု၏ ရုပ်အလောင်းများအား ၎င်းတို့ကျဆုံးပြီး လေးရက်မြောက်နေ့မှ ပြန်လည်ရရှိကာ အမိန့်ပြန် သဂြိုဟ်ပေးနိုင်ခဲ့ကြသည်။
လုပ်ထုံးလုပ်နည်း အစဉ်အလာများအရ “ ရဲဘော် ဒေါက်တာအောင်ကြီး သင်သည် ကျွန်ုပ်တို့ KDF နှင့်လုံးဝ မသက်ဆိုင်တော့ပါ သင်သွားလိုရာသွားနိုင်ပါပြီ ဟူသည့်အမိန့်ပြန်ခဲ့သော်လည်း မပြီးဆုံးသေးသည့် ဝော်လှန်ရေးအတွင်း ရှေ့တန်းစစ်မျက်နှာများတွင် ဒေါက်တာအောင်ကြီးရှိနေဦးမည်သာ။ အလားတူ ဒေါက်တာအောင်ကြီးလို ပုဂ္ဂိုလ်အများအပြားလည်း ဆက်ရှိပြီး တော်လှန်ရေးအတွက် တိုက်ပွဲနေဦးမည်သာဖြစ်သည်။

😢25👍7🔥1😁1
မြန်မာအရေးဘုံသဘောတူညီချက် ၅ချက်ကိုတရုတ်ထောက်ခံမှုအား အနောက်နိုင်ငံတွေကအာဆီယံနည်းလမ်းအလုပ်မဖြစ်ဟုဆို
https://youtu.be/DYsBf8RXc54
https://youtu.be/DYsBf8RXc54
YouTube
မြန်မာအရေးဘုံသဘောတူညီချက် ၅ချက်ကိုတရုတ်ထောက်ခံမှုအား အနောက်နိုင်ငံတွေကအာဆီယံနည်းလမ်းအလုပ်မဖြစ်ဟုဆို
မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ရေး အာဆီယံရဲ့ငြိမ်းချမ်းရေး ဘုံသဘောတူညီချက် ငါးချက်ကို တရုတ်နိုင်ငံက ထောက်ခံတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ (Retno Marsudi) က ပြောလိုက်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံကို…
အင်ဒိုနီးရှားနိုင်ငံကို…
👍9😁2
KNU နယ်မြေအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှု အကြိမ်သုံးရာကျော်ပြုလုပ်ခဲ့ပြီး အရပ်သား၃၆ ဦးသေဆုံး
https://youtu.be/KIDL8T9ucgg

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်တဲ့ တပ်မဟာ ခုနစ်ခုမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု ၃၀၇ ကြိမ်လုပ်ခဲ့ပြီး အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၆ ဦး သေဆုံးပြီး၊ ၅၇ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ဖေဖော်ဝါရီလ…
🔥3👍2😁1
ဖေဖော်ဝါရီလ 23 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥1
ခမောက်ကြီးမြို့မှာ စစ်ကောင်စီတပ်သတင်းပေးဟု နာမည်ထွက်နေသည့် ဇနီးမောင်နှံ ၂ ဦး PDF က ပစ်ခတ်
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲရှိ ရှမ်းကိုးရွာပိုင် အောင်ချမ်းသာကျေးရွာ ခမောက်ငယ်ရွာ၊ ရွာသစ်ကျေးရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် အချိန်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သတင်းပေးဟု နာမည်ထွက်နေသည့် ရွာသစ်ကျေးရွာနေ ရာအိမ်မှူး ဦးလင်းထွန်း (ခ) လင်းလင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ နှစ်ဦးကို ၎င်းတို့၏ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းပေးဒလန်ဇနီးမောင်နှံ နှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ တည်နေရာများ စခန်းများကို စကစတပ်အား လမ်းပြ သတင်းပေးမှုများ လုပ်ဆောင်နေခြင်း၊ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း စသည့် ပြုလုပ်မှုများကြောင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#သတင်းပေး
#ကော့သောင်းခရိုင်
#ရာအိမ်မှူ

👍9🔥5❤1🥴1
နိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာ
ဂန္ဒမာ
(မဇ္ဈိမ)။။ မြန်မာနိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ကာ ကိုယ်တိုင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ယနေ့ကြေညာထားသည်ကို တွေ့ရသည်။
ပြောင်းလဲလိုက်သည့် အွန်လိုင်းဘွတ်ကင်စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ အသုံးပြုမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးခွဲများမှာ ယခင်လျှောက်ထားမှုလုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ရုံးကဖွင့်လောက်မလားပဲ၊ ယုံတော့မယုံရဲဘူး၊ဖွင့်လည်း ဘယ်ဟာတွေပဲလုပ်ပေးမလဲမသိဘူး။ QRတွေကလည်း စနစ်သစ်ဆို အသစ်ကပြန်ယူရမှာလား၊ အခြေအနေကို စောင့်ကြည့်ရမှာပဲပေါ့။” ဟု ရန်ကုန်ရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အွန်လိုင်းဘွတ်ကင်ရယူရာတွင် အချိန်အကန့်အသတ်မရှိ အလွယ်တကူလျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်းပေးချေရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။ သို့သော် ငွေပေးချေရမည့်ပုံစံနှင့် ကုန်ကျစရိတ်သတ်မှတ်ချက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
အွန်လိုင်းဘွတ်ကင်လျှောက်ထားဖို့ အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယခုစနစ်သစ်တွင် မည်သူမဆိုလျှောက်ထားနိုင်ရန် စီစဉ်ထားသဖြင့် ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် နှိုးဆော်ထားသည်။
“ ရဲစခန်းမှာ အကူအညီတောင်းနိုင်တယ်ဆိုတာက တစ်ခါတည်း သူတို့ပါအချက်အလက်ရအောင်ဖြစ်မယ်ထင်တယ်။ တချို့က CDM တွေလေ။ သူတို့ဆီလည်းစာရင်းရှိတာပဲ၊ အရင်နှစ်ကလည်း CDM တွေရုံးထဲထိရောက်ပြီးမှ အဖမ်းခံရတာရှိတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နေမယ်။ သူတို့ဆီမှာလည်း စာရင်းရှိပြီးသားဆိုတော့ အဲ့လိုသွားလုပ်ရင်းလည်း အဆွဲခံရနိုင်တာပဲ” ဟု ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပတ်စ်ပို့ရုံးများကို ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ရုံးများပြန်လည်ဖွင့်လှစ်မည့်ရက်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသောကြောင့် အွန်လိုင်းဘွတ်ကင်စနစ်သစ်စတင်မည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို စောင့်ကြည့်နေကြသူအများအပြားရှိကြောင်း တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရန်ကုန်မြို့
#နိုင်ငံတစ်ဝန်း
#စစ်ကောင်စီ
#အွန်လိုင်းဘွတ်ကင်စနစ်
#နိုင်ငံကူးလက်မှတ်

👍4🔥1
စစ်ကောင်စီစစ်ဆေးရေးဂိတ်များ၌ငွေကြေးတောင်းခံမှုပိုမိုဆိုးရွားလာ၍ထိုင်း-မြန်မာကုန်သွယ်မှုနှောင့်နှေး
https://youtu.be/Nt01KFUw0v0

ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ဘားအံ အာရှလမ်းမကြီးတလျှောက်မှာ စစ် ကောင်စီက လုံခြုံရေး အကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးတောင်းခံမှု ပိုမိုဆိုးရွားလာတယ်လို့ ကုန်သည်တွေနဲ့ ကုန်တင်ကားမောင်းသူတွေက ပြောပါတယ်။…
❤3
လောင်းလုံးမြို့မှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
https://youtu.be/3Oy4elH88ZA
https://youtu.be/3Oy4elH88ZA
YouTube
လောင်းလုံးမြို့မှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ စည်းရုံး လှုံ့ဆော်ရေးပ်ကော်မတီမှ ဦးဆောင်ပြီး လူထုစ…

👍3❤2🔥1😁1
ဖေဖော်ဝါရီ ၂၃ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:01-တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့သတင်း
02:35-မြို့နယ် ၄ မြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်နဲ့ PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံတဲ့သတင်း
03:49-မူဆယ်မြို့မှာ ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရတဲ့သတင်း
04:34-ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/9SNN1z1M530

03:49-မူဆယ်မြို့မှာ ရဲတပ်ကြပ်ကြီး ၁ ဦး ပ…

👍10😁1🤮1
လောင်းလုံးမြို့မှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ စည်းရုံး လှုံ့ဆော်ရေးပ်ကော်မတီမှ ဦးဆောင်ပြီး လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံရေးအံတုမှုများ အပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့ လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima,
#နိုင်ငံရေးအံတုမှု
#ထားဝယ်ခရိုင်
#လောင်းလုံးမြို့နယ်
#DDMSC

❤5👍5🔥2😁2
ထန်တလန်မြို့တွင်းနှင့် CNA စခန်းငယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
--------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ် ၊ ထန်တလန်မြို့အတွင်းနှင့် ချင်းအမျိုးသားတပ်မတော် (CNA) စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့တွင်းရှိ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များ နေထိုင်နိုင်သည့် နေရာများကို နေလယ် ၁၂နာရီ ၃၀မိနစ်နှင့် ည ၁၂နာရီအချိန်တို့တွင် ထန်တလန် မြို့နယ် ဘွားလ်ပီးစခန်းရှိရာသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းဖြစ် ကြောင်းသိရသည်။
“ဂျက်နှစ်စီးနဲ့ ထန်တလန်မြို့ထဲနဲ့ ဘွားလ်ပီကမ့်မှာ ဗုံးလာချတယ် ၊ စခန်းအဆောင် တချို့ပျက်စီးတယ် ၊ လူတွေထိခိုက်မှုမရှိဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဘွားလ်ပီးစခန်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့သည်မှအပ လူများထိခိုက်မှုမရှိကြောင်းနှင့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်အင်အား မတိုးချဲ့နိုင်သေးသောကြောင့် ယခုကဲ့သို့ လေတပ်ကို အားကိုးနေခြင်းဖြစ်ကြောင်းသုံးသပ်ပြော ဆိုသည်။
ထန်တလန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းသို့ ရဟတ်ယာဉ်များ ဆင်းသက်ပြီး ဒဏ်ရာရသူများသယ်ဆောင်ကာ လက်နက်ခဲယမ်းများ ဖြည့်တင်းထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ရက် ည ၉နာရီတွင် အင်အား ၄၀ခန့်ရှိသော ထန်တလန်မြို့ရဲ စခန်းနှင့် အင်းအား တပ်စိတ် တစ်စိတ်ရှိသော ထွေအုပ်ရုံးများရှိ စစ်ကောင်စီတပ်သားများကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် ၄၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း ထန်တလန်မြို့ CB Bank တွင်အခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက် ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်သားခြောက်ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီး ခဲ့သေးသည်။
ယင်းကဲ့သို့ မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ပြီးနောက် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ တပ်စွဲထားသည့် တပ်ကုန်းတစ်ခုသာကျန်တော့ပြီး လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ထန်တလန်မြို့
#ချင်းအမျိုးသားတပ်မတော်
#စစ်ကောင်စီတပ်
#လေကြောင်း

👍7🔥2👏2
ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်မှရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ ရ
လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲနာရီ ၁ နာရီခန့်က နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့မှ သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘော်ဒေါင်းညိုကဆိုသည်။
“ ဇီးဖြူကုန်း ပျူရွာကနေထွက်လာတဲ့ စစ်သားတွေနဲ့ထိတွေ့မှုဖြစ်တာပါ။ ငါးမိနစ်ခန့် လက်နက်ငယ်တွေ နဲ့အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်မှာ ဇီးဖြူကုန်းရွာကနေ စစ်သားနဲ့ ပျူတွေက တပ်ကူထပ်ရောက်လာ တယ်။ တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်မှာ ကျနော်တို့ ပြန်ဆုတ်ခွာလာခဲ့ကြတယ်။ ကျနော်တို့ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အထိခိုက် အသေဆုံးကိုတော့ အသေးစိတ် မသိရ သေးဘူး”ဟု ၎င်းက မစ္ဇျိမကို ပြောသည်။
ထိုတိုက်ပွဲကို သခင်ဒေါင်းညိုတပ်ဖွဲ့ဦးဆောင်၍ ကျားသစ်နက်၊ People Special Force၊ ပုံတောင် ဂဠုန် အဖွဲ့ ၊ PIDF ၊ Tiger Fighter အဖွဲ့နှင့် ပုံတောင်ညီနောင်အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူများသည် ရွာအနီးဝန်း ကျင်တွင် နင်းမိုင်းများခင်း၍ ခံစစ်စခန်းများ ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#ဇီးဖြူကုန်းကျေးရွာ
#တိုက်ပွဲ

👍9❤3🔥2👏1