Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ​ဖော်ဝါရီလ 23 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​ခမောက်ကြီးမြို့မှာ စစ်ကောင်စီတပ်သတင်းပေးဟု နာမည်ထွက်နေသည့် ဇနီးမောင်နှံ ၂ ဦး PDF က ပစ်ခတ်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ်ခွဲရှိ ရှမ်းကိုးရွာပိုင် အောင်ချမ်းသာကျေးရွာ ခမောက်ငယ်ရွာ၊ ရွာသစ်ကျေးရွာနေ စစ်ကောင်စီခန့် ရာအိမ်မှူးနှင့် ၎င်း၏ ဇနီးဖြစ်သူတို့ကို ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနှစ် အချိန်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယင်းအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီတပ်သတင်းပေးဟု နာမည်ထွက်နေသည့် ရွာသစ်ကျေးရွာနေ ရာအိမ်မှူး ဦးလင်းထွန်း (ခ) လင်းလင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်အေးစိန်တို့ နှစ်ဦးကို ၎င်းတို့၏ နေအိမ်၌ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းပေးဒလန်ဇနီးမောင်နှံ နှစ်ဦးသည် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များ၏ တည်နေရာများ စခန်းများကို စကစတပ်အား လမ်းပြ သတင်းပေးမှုများ လုပ်ဆောင်နေခြင်း၊ ကျေးရွာနေ ပြည်သူများအား ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်း စသည့် ပြုလုပ်မှုများကြောင့် ရှင်းလင်းခဲ့ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီတပ်
#သတင်းပေး
#ကော့သောင်းခရိုင်
#ရာအိမ်မှူ
👍9🔥5❤1🥴1
​​နိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် လျှောက်ထားနိုင်ကြောင်း စစ်ကောင်စီ ကြေညာ

ဂန္ဒမာ
(မဇ္ဈိမ)။။ မြန်မာနိုင်ငံကူးလက်မှတ်အား အွန်လိုင်းဘွတ်ကင်စနစ်သစ်ဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစတင်ကာ ကိုယ်တိုင်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွင် ယနေ့ကြေညာထားသည်ကို တွေ့ရသည်။
ပြောင်းလဲလိုက်သည့် အွန်လိုင်းဘွတ်ကင်စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)၌သာ အသုံးပြုမည်ဖြစ်ပြီး ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးရုံးခွဲများမှာ ယခင်လျှောက်ထားမှုလုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ရုံးကဖွင့်လောက်မလားပဲ၊ ယုံတော့မယုံရဲဘူး၊ဖွင့်လည်း ဘယ်ဟာတွေပဲလုပ်ပေးမလဲမသိဘူး။ QRတွေကလည်း စနစ်သစ်ဆို အသစ်ကပြန်ယူရမှာလား၊ အခြေအနေကို စောင့်ကြည့်ရမှာပဲပေါ့။” ဟု ရန်ကုန်ရုံးတွင် ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
အွန်လိုင်းဘွတ်ကင်ရယူရာတွင် အချိန်အကန့်အသတ်မရှိ အလွယ်တကူလျှောက်ထားနိုင်မှာဖြစ်ပြီး ကုန်ကျစရိတ်ကို သတ်မှတ်နှုန်းထားအတိုင်းပေးချေရမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။ သို့သော် ငွေပေးချေရမည့်ပုံစံနှင့် ကုန်ကျစရိတ်သတ်မှတ်ချက်အား ထည့်သွင်းဖော်ပြထားခြင်းမရှိပေ။
အွန်လိုင်းဘွတ်ကင်လျှောက်ထားဖို့ အခက်အခဲရှိသူများအနေဖြင့် သက်ဆိုင်ရာ မြို့မရဲစခန်းများတွင် အကူအညီတောင်းခံ၍ လျှောက်ထားနိုင်ကြောင်း သိရသည်။ ယခုစနစ်သစ်တွင် မည်သူမဆိုလျှောက်ထားနိုင်ရန် စီစဉ်ထားသဖြင့် ကြားခံပွဲစားများဖြင့် အခကြေးငွေပေးဆောင်၍ လျှောက်ထားခြင်းမပြုရန် နှိုးဆော်ထားသည်။
“ ရဲစခန်းမှာ အကူအညီတောင်းနိုင်တယ်ဆိုတာက တစ်ခါတည်း သူတို့ပါအချက်အလက်ရအောင်ဖြစ်မယ်ထင်တယ်။ တချို့က CDM တွေလေ။ သူတို့ဆီလည်းစာရင်းရှိတာပဲ၊ အရင်နှစ်ကလည်း CDM တွေရုံးထဲထိရောက်ပြီးမှ အဖမ်းခံရတာရှိတယ်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်နေမယ်။ သူတို့ဆီမှာလည်း စာရင်းရှိပြီးသားဆိုတော့ အဲ့လိုသွားလုပ်ရင်းလည်း အဆွဲခံရနိုင်တာပဲ” ဟု ပတ်စ်ပို့ပြုလုပ်ရန် စောင့်ဆိုင်းနေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောသည်။
ရန်ကုန်မြို့အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပတ်စ်ပို့ရုံးများကို ၂၀၂၂ ဒီဇင်ဘာလကုန်ပိုင်းမှ စတင်ပိတ်ထားခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ရုံးများပြန်လည်ဖွင့်လှစ်မည့်ရက်နှင့်ပတ်သက်၍ သတင်းအမျိုးမျိုးထွက်ပေါ်နေသောကြောင့် အွန်လိုင်းဘွတ်ကင်စနစ်သစ်စတင်မည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ကို စောင့်ကြည့်နေကြသူအများအပြားရှိကြောင်း တွေ့ရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ရန်ကုန်မြို့
#နိုင်ငံတစ်ဝန်း
#စစ်ကောင်စီ
#အွန်လိုင်းဘွတ်ကင်စနစ်
#နိုင်ငံကူးလက်မှတ်
👍4🔥1
ဖေဖော်ဝါရီ ၂၃ရက်၊ မွန်းတည့် ၁၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်

01:01-တိုင်းရင်းသားမိခင်ဘာသာစကားများ တိုးတက်ရေးဆောင်ရွက်မယ်လို့ NUCC နဲ့ NUG တို့ ပူးတွဲကြေညာတဲ့သတင်း

02:35-မြို့နယ် ၄ မြို့နယ်မှ ဒေသခံ ၃ ထောင်ကျော်နဲ့ PSLF/TNLA ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံတဲ့သတင်း

03:49-မူဆယ်မြို့မှာ ရဲတပ်ကြပ်ကြီး ၁ ဦး ပစ်သတ်ခံရတဲ့သတင်း

04:34-ဖလူး-ဝေါလေ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂ ဦးသေဆုံးတဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/9SNN1z1M530
👍10😁1🤮1
လောင်းလုံးမြို့မှာ လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စျေးတစ်ခုတွင် ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ စည်းရုံး လှုံ့ဆော်ရေးပ်ကော်မတီမှ ဦးဆောင်ပြီး လူထုစည်းရုံးလှုံ့ဆော်ရေး အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရ သည်။
အဆိုပါ လှုပ်ရှားမှုတွင် ပြည်သူလူထုအနေဖြင့် နိုင်ငံ‌ရေးအံတုမှုများ အပေါ် ပိုမိုယုံကြည်လာပြီး လက်နက်မဲ့ လူထုတိုက်ပွဲတွင် လက်တွေ့ကျကျ ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စီးပွားရေးဒေါက်တိုင်များ ပြိုကျရေးအတွက် PTTEP နှင့် PTT အမှတ်တံဆိပ် ထုတ်ကုန်များအား ဆန့်ကျင်သပိတ်‌မှောက်ကြရန် စည်းရုံးဟောပြောခဲ့သည်ဟု ဦးဆောင်သူများထံမှ သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima,
#နိုင်ငံ‌ရေးအံတုမှု
#ထားဝယ်ခရိုင်
#လောင်းလုံးမြို့နယ်
#DDMSC
❤5👍5🔥2😁2
​​ထန်တလန်မြို့တွင်းနှင့် CNA စခန်းငယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်
--------------------------------------------------------------------
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ် ၊ ထန်တလန်မြို့အတွင်းနှင့် ချင်းအမျိုးသားတပ်မတော် (CNA) စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက် နံနက်ပိုင်းတွင် ထန်တလန်မြို့တွင်းရှိ CNA နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF)များ နေထိုင်နိုင်သည့် နေရာများကို နေလယ် ၁၂နာရီ ၃၀မိနစ်နှင့် ည ၁၂နာရီအချိန်တို့တွင် ထန်တလန် မြို့နယ် ဘွားလ်ပီးစခန်းရှိရာသို့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်းဖြစ် ကြောင်းသိရသည်။
“ဂျက်နှစ်စီးနဲ့ ထန်တလန်မြို့ထဲနဲ့ ဘွားလ်ပီကမ့်မှာ ဗုံးလာချတယ် ၊ စခန်းအဆောင် တချို့ပျက်စီးတယ် ၊ လူတွေထိခိုက်မှုမရှိဘူး” ဟု CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။
ယင်းတိုက်ခိုက်မှုကြောင့် ဘွားလ်ပီးစခန်းရှိ အဆောက်အဦအချို့ပျက်စီးခဲ့သည်မှအပ လူများထိခိုက်မှုမရှိကြောင်းနှင့် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်အင်အား မတိုးချဲ့နိုင်သေးသောကြောင့် ယခုကဲ့သို့ လေတပ်ကို အားကိုးနေခြင်းဖြစ်ကြောင်းသုံးသပ်ပြော ဆိုသည်။
ထန်တလန်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်းသို့ ရဟတ်ယာဉ်များ ဆင်းသက်ပြီး ဒဏ်ရာရသူများသယ်ဆောင်ကာ လက်နက်ခဲယမ်းများ ဖြည့်တင်းထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ရက် ည ၉နာရီတွင် အင်အား ၄၀ခန့်ရှိသော ထန်တလန်မြို့ရဲ စခန်းနှင့် အင်းအား တပ်စိတ် တစ်စိတ်ရှိသော ထွေအုပ်ရုံးများရှိ စစ်ကောင်စီတပ်သားများကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ပြီး လက်နက် ၄၀ကျော်နှင့် ခဲယမ်းများ သိမ်းဆည်းရခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း ထန်တလန်မြို့ CB Bank တွင်အခြေကုတ်ယူထားသည့် စစ်ကောင်စီတပ်သားများကို ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လျှပ်တပြက် ဝင်ရောက်စီးနင်းပြီး စစ်ကောင်စီတပ်သားခြောက်ဦးကို လက်နက်များနှင့်တကွ ဖမ်းဆီး ခဲ့သေးသည်။
ယင်းကဲ့သို့ မြေပြင်တိုက်ပွဲများတွင် အရေးနိမ့်ပြီးနောက် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်မှ ၎င်းတို့ တပ်စွဲထားသည့် တပ်ကုန်းတစ်ခုသာကျန်တော့ပြီး လေကြောင်းတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ထန်တလန်မြို့
#ချင်းအမျိုးသားတပ်မတော်
#စစ်ကောင်စီတပ်
#လေကြောင်း
👍7🔥2👏2
​​ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာအနီးတိုက်ပွဲတွင် ဒေသကာကွယ်ရေးတပ်မှရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာ ရ

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ မွန်းလွဲနာရီ ၁ နာရီခန့်က နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သခင်ဒေါင်းညိုတပ်ဖွဲ့မှ သိရသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဒေသကာကွယ်ရေးတပ်မှ ရဲဘော် သုံးဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရဲဘော်ဒေါင်းညိုကဆိုသည်။
“ ဇီးဖြူကုန်း ပျူရွာကနေထွက်လာတဲ့ စစ်သားတွေနဲ့ထိတွေ့မှုဖြစ်တာပါ။ ငါးမိနစ်ခန့် လက်နက်ငယ်တွေ နဲ့အပြန်အလှန်ပစ်ခတ်ပြီးတဲ့နောက်မှာ ဇီးဖြူကုန်းရွာကနေ စစ်သားနဲ့ ပျူတွေက တပ်ကူထပ်ရောက်လာ တယ်။ တိုက်ပွဲကြာချိန် မိနစ် ၃၀ လောက်မှာ ကျနော်တို့ ပြန်ဆုတ်ခွာလာခဲ့ကြတယ်။ ကျနော်တို့ ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာခဲ့တယ်။ စစ်ကောင်စီတပ်ဘက်က အထိခိုက် အသေဆုံးကိုတော့ အသေးစိတ် မသိရ သေးဘူး”ဟု ၎င်းက မစ္ဇျိမကို ပြောသည်။
ထိုတိုက်ပွဲကို သခင်ဒေါင်းညိုတပ်ဖွဲ့ဦးဆောင်၍ ကျားသစ်နက်၊ People Special Force၊ ပုံတောင် ဂဠုန် အဖွဲ့ ၊ PIDF ၊ Tiger Fighter အဖွဲ့နှင့် ပုံတောင်ညီနောင်အဖွဲ့တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ဇီးဖြူကုန်းကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့်ပျူများသည် ရွာအနီးဝန်း ကျင်တွင် နင်းမိုင်းများခင်း၍ ခံစစ်စခန်းများ ပြန်လည်ပြုပြင်နေကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#ပုလဲမြို့နယ်
#ဇီးဖြူကုန်းကျေးရွာ
#တိုက်ပွဲ
👍9❤3🔥2👏1
👍4🔥1
ကုက္ကိုစုတပ်စခန်းအား ကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂ ဦး သေ

ဂျူနို
မဇ္စျိမ ။ ။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အထိုင်ချ ရာတပ်စခန်းအား ဒေသခံကာကွယ်ရေးအဖွဲ့များက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်းသိရသည်။
“ တိုက်ပွဲက သုံးနာရီကျော်ကြာပါတယ်။ ကျွန်တော်တို့က ရန်သူအထိနာအောင်တိုက်ခိုက်ခဲ့ကြသလို စခန်းသိမ်းဖို့ ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီဘက်က Mi35 ရဟတ်ယာဥ်တစ်စီး စစ်ကူရောက်လာပြီး ၁၀ မိနစ်ကြာ ပစ်ခတ်ခံရတာမို့ ပြန်လည်ဆုတ်ခွာခဲ့ရပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး( PRF) ၊ ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ရဲဘော်လွန်းညီက မဇ္ဈိမကို ပြောသည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီး‌သေဆုံးမှုကို မျက်မြင်တွေ့ရှိခဲ့ရပြီး ဒဏ်ရာရရှိသူ အများအပြားရှိနိုင်ကြောင်း PRF က သတင်းထုတ်ပြန်ထားသည်။ ကာကွယ်ရေးပူးပေါင်းတပ်ဘက်မှ လည်း ရဲဘော်နှစ်ဦး ပြောင်းကွဲဒဏ်ရာနှင့် မိုင်းစထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ကြောင်း သိရသည်။
ခန့်မှန်းအင်အား ၅၀ ဝန်းကျင်ရှိသည့် အဆိုပါတပ်စခန်းကို ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူ လှုပ်ရှား စစ်ဒေသ) ရဲဘော်များအပါအဝင် ပခုက္ကူတပ်ရင်း (၁၆)၊ ခွဲ (၂) ဗိုလ်မီးခဲအဖွဲ့၊ PPDF ၊ MUGDF ၊ M7 ၊ God of Myaing အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အာဏာသိမ်းစစ်အုပ်စုမှ ပြည်သူလူထုကိုနည်းမျိုးစုံဖြင့် ဖိနှိပ်အနိုင်ကျင့်သတ်ဖြတ်မှုများ၊ ပြည်သူ့များ၏ နေအိမ်စားနပ်ရိက္ခာ မီးရှို့ဖျက်ဆီးခြင်းများ မကြာခဏပြုလုပ်လေ့ရှိ၍ စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနိုင် ရေး တိုက်ပွဲဝင်နေကြခြင်းဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) Pakokku Revolution Front က အသိပေးထားသည်။
ပြည်သူ့တော်လှန်ရေးတပ်ဦး (ပခုက္ကူလှုပ်ရှားစစ်ဒေသ) မှာ ၂၀၂၁ ခုနှစ် မေလတွင် ရှမ်းမြောက်ဒေသ၌ စစ်ရေးလေ့ကျင့်မှုသင်တန်းများကို သင်ယူခဲ့ပြီး ဇူလိုင်လတွင် Pakokku Revolution Front အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကာ စက်တင်ဘာလတွင်သင်တန်းဆင်းပြီးနောက် စစ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင် ခဲ့ ခြင်းဖြစ်သည်။
ယခု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် အဖွဲ့အစည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့်မည်ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှု အနေဖြင့် လာမည့် အောက်တိုဘာလတွင် နှစ်နှစ်ပြည့်မည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံက ဆိုသည်။
လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနနှင့် မဟာမိတ်ဖွဲ့နိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ကုက္ကိုစုတပ်စခန်း
#တိုက်ခိုက်
#ပခုက္ကူ
#PRF
👍8❤3😁1🥱1
​​ကျိုက်ထိုမြို့မရဲစခန်းနှင့် ကြံ့ခိုင်ရေးရုံးအနီးဗုံးသီးတွေ့သည်ဟုဆိုကာ စစ်သား၊ရဲများက အနီးပတ်ဝန်းကျင်သို့ သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်ဟုဆို

YT
မဇ္ဈိမ။ ။မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ကျိုက်ထိုမြို့မရဲစခန်းနှင့် မြို့နယ်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးအနီး၌ လက်လုပ်ဗုံးသီးတွေ့သည်ဟုဆိုကာ စစ်ကောင်စီတပ်မှ အနီးအနားပတ်ဝန်းကျင်သို့ သေနတ်ဖြင့် အချက် ၄၀ ကျော် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
ကျိုက်ထိုမြို့၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်နှင့် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်အချက်ပေါင်း ၄၀ကျော် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
" ရဲစခန်းနဲ့ ကြံ့ခိုင်ရေးရုံးနားမှာ ဗုံးတွေ့လို့ဆိုပြီး ပစ်တာလို့ သိရတယ်။ရမ်းသမ်းပစ်တာ။ သေနတ်သံဆူညံနေတာပဲ" ဟု မြို့ခံတဦးကမဇ္စျိမကို ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၁၁ နာရီခန့်တွင်လည်း ကျိုက်ထိုမြို့ထဲ၌ သေနတ်သံများ ကြားရကြောင်း သိရသည်။ ထိုပစ်ခတ်မှုများအတွင်း အရပ်သားများအားထိခိုက်မှုမရှ်ိဟု မြို့ခံများကပြောသည်။
" ရဲစခန်းမှာ ပစ်တာက ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက ။ မနေ့ညကလည်း မြို့ထဲမှာ သေနတ်ပစ်တယ်၊ ည ၁၁ နာရီလောက်မှာပစ်တာ ၁၅ ချက်ကျော်တယ်။ နှစ် ရက်ဆက်တိုက်ရှိပြီ မြို့ထဲမှာ သေနတ်သံတွေကြားရတာ" ဟု ဒေသခံတဦးက ယနေ့ ဖေဖော်ဝါရီလ၂၄ရက်နံနက်တွင် ပြောသည်။
ကျိုက်ထိုမြို့နယ် ရဲစခန်းနှင့် USDP ရုံးရှေ့တွင် ဗုံးသီးတွေ့ရှ်ိပြီးနောက် စစ်ကောင်စီက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဘန်ကာအများအပြားချထားကာ ဆိုင်ကယ်များအား စစ်ဆေးမှု စတင်ပြုလုပ်နေသည်ဟု မြို့ခံများကပြောသည်။ ကျိုက်ထီးရိုးပြတိုက်ကွေ့နှင့် DenKoဆီဆိုင်ရှေ့တွင်လည်း စစ်ဆေးနေကြောင်း သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ် ကင်မွန်းစခန်းကျေးရွာ၊ ကင်မွန်းစခန်းရဲစခန်းအနီးတွင် နေထိုင်သော ဒေသခံပြည်သူများကိုလည်း အမြန်ဆုံးပြောင်းရွှေ့ရန် စစ်ကောင်စီက စေခိုင်းနေကြောင်း သိရသည်။ ပြောင်းရွှေ့ခိုင်းသည့်အကြောင်းရင်းကို အတိအကျမသိရသေးကြောင်း ဒေသခံများကပြောသည်။
ကျိုက်ထိုမြို့နယ်သည် စစ်ကောင်စီက ညနေ ၆ နာရီမှ နံနက် ၄နာရီအထိ မထွက်ရအမိန့်ထုတ်ထားသော မြို့နယ်ဖြစ်သည်။ ထို့အပြင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီယာဉ်တန်းများ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရကာ KNU တပ်မဟာ (၁)၊ တပ်ရင်း (၃) KNLAနှင့် PDFများက စစ်ကောင်စီကိုမကြာခဏတိုက်ခိုက်နေသည်။
စာတည်း - မောင်ကြီး
#မွန်ပြည်နယ်
#ကျိုက်ထိုမြို့
#လက်လုပ်ဗုံးသီးတွေ့
👍9👏2❤1