ဗုံးပစ်ခံရမည်စိုး၍ သံဇကာများကာထားသည့် မြောက်ဥက္ကလာပ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ
========================
ဂျူနို
(မဇ္ဈိမ)။ ။ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက် ခံရကြောင်းသိရသည်။
''ခဏ ခဏ ဗုံးပစ်တိုက်ခိုက်ခံနေရလို့ ကြောက်ပြီး တိရစ္ဆာန်ရုံလို သံဇကာတွေ ကာရံထားတဲ့ကြားကနေ တိုက်ခိုက်ခံရပြန်တာပါ။''ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဉ် မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား Yangon Underground Force (YUF) မှ လက်ပစ်ဗုံးတစ်လုံးဖြင့် ယမန်နေ့ ဖေဖော်ဝါရီလ၂၃ရက်၊ မွန်းလွဲ ၃နာရီ ၁၀မိနစ်ဝန်းကျင်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

👍16😁3👏2❤1
အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး မြို့ပြပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာအရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင် ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါ ကာရံထားကြောင်း သိရသည်။
''ကျွန်တော်တို့တိုက်ခိုက်တဲ့အချိန်မျာ အဲဒီရုံးမှာ စစ်ကောင်စီတပ်သား သုံးယောက်လောက်ရှိတယ်။ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ စာရေးတွေရှိတယ်။ ကျွန်တော်တို့က ၁၀ ပေ၊ ပေ ၂၀ အကွာလောက်ကနေ လက်ပစ်ဗုံးနဲ့ပစ်တယ်။ ဒီကောင်တွေထိုင်နေတဲ့စားပွဲခုံဘေးကို ထိသွားတယ်။''ဟု YUF တာဝန်ခံ LEO က မဇ္ဈိမကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးကြောင်း Yangon Underground Force ( YUF )က သတင်းထုတ်ပြန်ထားသည်။
မြောက်ဥက္ကလာ (င)ရပ်ကွက် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးရုံးမှ ပြည်သူများကို ဒုက္ခပေးလျက်ရှိကြောင်း ပြည်သူများမှ တိုင်ကြားလာသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း YUF တာဝန်ခံ ထံက သိရသည်။
အထက်ပါ မစ်ရှင် ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့် အလှူရှင်များအား ကျေးဇူးအထူးတင်ရှိကြောင်း Yangon Underground Force (YUF) က မှတ်တမ်းတင် ဖော်ပြထားသည်။
''အခု တိုက်ခိုက်မှုအတွက်ဆိုရင် နာနတ်သီး( လက်ပစ်ဗုံး)အတွက် အချိန် တစ်လလောက် အသုံးပြုလိုက်ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ အလှူငွေ နည်းနေတဲ့အတွက် ဒီပစ္စည်း ဝယ်နိုင်တယ်ဆိုတဲ့ အချိန်မှ မစ်ရှင်စဆွဲရတာပါ။''ဟု YUF တာဝန်ခံ LEO က ပြောသည်။
ယခုလက်ရှိတွင် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အခြားစစ်ကောင်စီလက်အောက်ခံ ဒလန်များက လက်နက်ကိုင်ဆောင်နေကြပြီဖြစ်၍ တော်လှန်ရေးအင်အားစုများအတွက် အဘက်အဘက်က အခက်အခဲရှိနေကြောင်း YUF တာဝန်ခံက ဆိုသည်။
''ကျွန်တော်တို့အဘက်အဘက်က အခက်အခဲအများကြီး ရှိတယ်။ အခက်အခဲကြားထဲကပဲ ပြည်သူတွေအတွက်၊ တော်လှန်ရေးအတွက် တတ်နိုင်သလောက် မစ်ရှင်ဖြစ်မြောက်ရေးအတွက် ဖော်ဆောင်နေတယ်။ ကျွန်တော်တို့အဖွဲ့အတွက်ဆို အတို တစ်ချာင်းလောက် လိုအပ်တယ်။ အတိုမရှိတာကလည်း မစ်ရှင်တချို့ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲကြုံရတယ်။''ဟု YUF တာဝန်ခံ LEO က ပြောသည်။
အခက်အခဲများစွာကြားမှ တော်လှန်ရေးအင်အားစုများသည် အရှိန်အဟုန်ကောင်းကောင်းဖြင့်တော်လှန်နေကြ၍ စစ်ကောင်စီတပ်ဘက်မှလည်း ရှုံးမဲမဲပြီး ပြည်သူများကို အကြောက်တရားမျိုးစုံထည့်သွင်းနေကြောင်း YUF တာဝန်ခံက ဆိုသည်။
သို့ဖြစ်၍ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏အကြောက်တရားများထဲ ဝေဝါးမသွားရန်နှင့် ခြောက်ခြားမသွားဘဲ အာဏာရှင်စနစ်လျင်မြန်စွာ ပျောက်ကွယ်သွားရန် ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများ အတူတကွပူးပေါင်းတိုက်ထုတ်ရန်Yangon Underground Force (YUF) က မေတ္တာရပ်ခံထားသည်။
Yangon Underground Force (YUF) အဖွဲ့မှာ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းပြီး တိုက်ပွဲမစ်ရှင်များကို မဟာမိတ်ပူးပေါင်းအဖွဲ့များနှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလနှောင်းပိုင်းတွင် YUF ရဲဘော်အချို့ဖမ်းဆီးခံလိုက်ရပြီး ခေတ္တရပ်နားထားကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ၌ ပြန်လည်စုဖွဲ့မှုများပြုလုပ်ပြီး ယခုကဲ့သို့ မစ်ရှင်များ ပြန်လည်ဖော်ဆောင်ခြင်းဖြစ်ကြောင်း Yangon Underground Force (YUF) အဖွဲ့ထံက သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#မြောက်ဥက္ကလာပမြို့နယ်
#စစ်ကောင်စီ
#အုပ်ချုပ်ရေးမှူးရုံး
#YUF

👍18❤1😁1
အနောက်ဖိလစ်ပိုင်ပင်လယ်တွင် အနှောင့်အယှက်ပေးမှုများ ရပ်တန့်ရန် တရုတ်အား ဖိလစ်ပိုင်တောင်းဆို
အနောက်ဖိလစ်ပိုင်ပင်လယ်တွင် အနှောင့်အယှက်ပေးခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိခိုက်စေသည့်အတွက် အဆိုပါ လုပ်ရပ်ကို ရပ်တန့်ရန် တရုတ်နိုင်ငံအား ဖိလစ်ပိုင်က တောင်းဆိုလိုက်ကြောင်း Philippine Daily Inquirer သတင်းစာတွင် ဖော်ပြထားသည်။

👍8🔥1
လူမဲ့သပိတ်အား ဖြုတ်သိမ်းရန် ဆိုင်ကယ်မောင်းလာသည့် စရဖ တပ်ဖွဲ့ဝင်က ရပ်ထားသည့်ကားကို ဝင်တိုက်ပြီးသေဆုံး
မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက်၊ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်အချိန်က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ဝင်တစ်ဦးသည် ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ပြီး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးခဲ့သူမှာ ကြံခင်းမြို့နယ်(စရဖ) ရုံးမှ အသက် ၂၆ နှစ်အရွယ် ဦးကျော်ဇင်ဝင်း ဆိုသူဖြစ်သည်ဟု သိရသည်။
ဦးကျော်ဇင်ဝင်းသည် ယနေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် အာရုဏ်ဦး လူမဲ့သပိတ်အား ဖြုတ်သိမ်းရန်လာစဥ် ယာဥ်တိုက်မှုဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

😁12👍7🤣3❤2👏1
"လူမဲ့သပိတ်ကိုတားဖို့ မြန်အောင်ဘက်ကနေ အုတ်ပုံဂိတ်ဘက်ကို ဆိုင်ကယ်နဲ့တအားမောင်းပြန်လာတာမှာ မြို့ရှောင်လမ်းမှာ ရပ်ထားတဲ့ ကုန်တင်ကားကို ဝင်တိုက်မိပြီး ပွဲချင်းပြီးသေသွားတာပါ။ လူမဲ့သပိတ်က အုတ်ပုံဂိတ်နဲ့ တစ်မိုင်ကျော်လောက်ပဲဝေးတယ်။ ဘယ်လိုတိုက်လဲတော့ မသိဘူး ဆိုင်ကယ်က ကားအောက်ကို တစ်ဝက်လောက်ဝင်သွားတယ်လို့ သိရတယ်"ဟု ဒေသခံက ပြောသည်။
သေဆုံးသူ ဦးကျော်ဇင်ဝင်းသည် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်ဇာတိဖြစ်သည်ဟုသိရပြီး ၊ကြံခင်း(စရဖ)ရုံးတွင် တာဝန်ကျနေသူဖြစ်ကြောင်း၊ ကြံခင်းမြို့နယ် အုတ်ပုံစစ်ဆေးရေးဂိတ်တွင် ဒေသခံများထံမှ မတရားငွေကြေးတောင်းယူမှုများ နေ့စဥ်ပြုလုပ်နေသူဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် သေဆုံးသူ ဦးကျော်ဇင်ဝင်းဆိုသူ၏ ရုပ်အလောင်အား ၎င်း၏ ဇာတိဖြစ်သည့် မအူပင်မြို့သို့ သယ်ဆောင်သွားပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။
ယနေ့ နံနက်ပိုင်းအချိန်က လူမဲ့သပိတ်ပြုလုပ်ခဲ့သည့်စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်များ ပြုလုပ်နေသည့်အဖွဲ့ဖြစ်ပြီး ယနေ့ ဆန္ဒထုတ်ဖော်မှုသည် စင်္ကြာဝတေးမင်းကြီး သပိတ်အဖွဲ့၏ ခြောက်ကြိမ်မြောက် ဆန္ဒထုတ်ဖော်မှုဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဧရာဝတီတိုင်း
#ကြံခင်းမြို့နယ်
#လူမဲ့သပိတ်
#သေမှုသေခင်း

👏13👍7❤2😁2🤣1
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း စက်မှုလက်မှုလုပ်ငန်းများ ညပိုင်းလျှပ်စစ်မသုံးစွဲရန် တားမြစ်
https://youtu.be/32Lqo3oNiz8
https://youtu.be/32Lqo3oNiz8
YouTube
တက္ကသိုလ်ဝင်တန်း စာမေးပွဲကာလအတွင်း စက်မှုလက်မှုလုပ်ငန်းများ ညပိုင်းလျှပ်စစ်မသုံးစွဲရန် တားမြစ်
ရုပ်သံ (မဇ္ဈိမ)
စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းရှိ စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ ညပိုင်းဓာတ်အားသုံးစွဲပြီး အလုပ်မလုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
မတ်လ ၁ ရက်ကနေ…

👍5😁3
မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ သေနတ်ဖြင့် ၃ ချက်ပစ်ခံရ
=======================
မင်းထက်
မဇ္စျိမ ။ ။ ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့တွင် ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်အချိန်က မဘသ ဥက္ကဋ္ဌ၊ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူ သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ဦးကျော်တင့်ဦးသည် အမှတ် (၁၀) ရပ်ကွက် Happy လက်ဖက်ရည်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး လက်မောင်း ၊ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
"လက်ဖက်ရည်ဆိုင်ထဲကို ဝင်လာပြီး သေနတ်နဲ့ သုံးချက် ပစ်သွားတာ၊ သုံး ချက်လုံး ကျော်တင့်ဦးကိုထိတယ်။ သေဖို့တော့များတယ်၊ အပစ်ခံရပြီး ချက်ချင်း ရန်ကုန်ဆေးရုံကို ခေါ်သွားကြပြီ၊ ပစ်တဲ့လူတွေကတော့ ထွက်ပြေးသွားကြတယ်"ဟု ဆိုသည်။
ဦးကျော်တင့်ဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့၏ မဘသ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၎င်း၏ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိကြောင်း ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့က မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းပြီး ယခုပစ်ခတ်ခံရသည့် ဦးကျော်တင့်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့သေးသည်။
ထိုပစ်ခတ်မှုတွင် ဦးကျော်တင့်ဦး၏ လက်မောင်းအား ကျည်ထိမှန်ခဲ့ပြီး ဆေးရုံတက်ခဲ့ရသည်ဟု ဒေသခံကပြောသည်။
"ပထမ တစ်ခါလည်းအပစ်ခံရပြီးပြီ၊ မမှတ်ဘူး၊ ဒလန်လုပ်လိုက်၊ပြည်သူ့စစ်လုပ်လိုက် ပြန်လုပ်နေလို့ ထပ်ပစ်သွားတာထင်တယ်"ဟုပြောသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် ပစ်ခတ်မှုအပြီးတွင် အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်များနှင့် ရဲများရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်နေ ဒေသခံပြည်သူများကို လိုက်လံဖမ်းဆီးနေသည်ဟု ဒေသခံများကပြောသည်။
စာတည်း -သန့်ဇော်(သန်လျင်)
#mizzima
#မော်လမြိုင်ကျွန်းမြို့
#ပြည်သူ့စစ်
#ပစ်ခတ်မှု
#စစ်ကောင်စီတပ်

👍9❤8👏3🔥1
အမေရိကန်သမ္မတ ယူကရိန်းသို့သွားစဉ် တရုတ်ထိပ်တန်းသံတမန်က ရုရှားသို့ ရောက်ရှိ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က မဟာမိတ်ဖြစ်သော ယူကရိန်းသမ္မတ ဗိုလော့ဒီးမား ဇယ်လန်းစကီးနှင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က တွေ့ဆုံစဉ် တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန်တစ်ဦးကလည်း ရုရှားသို့ ရောက်ရှိခဲ့သည်။

😁6👍4🤮2
မိုးကုတ်တွင် စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးချထားသည့် ရပ်ကွက်ရုံး တိုက်ခိုက်ခံရပြီး ၅ဦးသေဟုဆို
https://youtu.be/ZOvaZySAQew

007
မဇ္စျိမ။ ။မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းချနေထိုင်သည့် အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“လက်နက်ကြီးသံ တစ်ချက်ကြားပြီး ဆက်တိုက်ဆိုသလိုပဲ သေနတ်သံတွေထပ်ကြားရတယ်၊…

👍15👏2😁2❤1
Business Round Up (February 24)
- ကုန်သွယ်မှု မူဝါဒများအရ ပြည်တွင်းထွက် ကြက်သွန်နီများကို ဖိလစ်ပိုင်သို့ တင်ပို့ရန် မလွယ်ကူ
- ပုဂံဒေသသို့ နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုနည်းပါးတာကြောင့် မိုးပျံဘောလုံးကုမ္ပဏီတချို့ ဝန်ဆောင်မှုရပ်နား
- မြန်မာ့ကင်းမွန် ထိုင်းဘက်ကအဝယ်လိုက် ဈေးကောင်းရနေ
- တရုတ်ဆိုက်ရောက်ဗီဇာခရီးသည်များ၏ ကိုဗစ်စစ်ဆေးမှုလိုအပ်ချက် တောင်ကိုရီးယားရုတ်သိမ်း
- ဖိလစ်ပိုင်သို့ ထိုင်းဆန်တင်ပို့မှု နှစ်ဆ မြင့်တက်လာဖွယ်ရှိ
https://youtu.be/9Dm-fng2IPc

- မြန်မာ့ကင်းမွန် ထိုင်းဘက်ကအဝယ်လိုက် ဈေးကောင်းရနေ…

👍4🔥1
မြင်းခြံမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး၊ လက်ပစ်ဗုံး သိမ်းဆည်းရရှိ
ကိုခင်မောင်
(မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ ဦးဝင်းစိုးကို ၎င်း၏ယာခင်း၌ ဝင်ရောက်ပစ်ခတ်ခဲ့ရာ နေရာတွင်ပင် သေဆုံးသွားပြီး ၎င်းထံမှ လက်ပစ်ဗုံး တစ်လုံးကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း Natogyi Regional Defence Force (NRDF) က ဖေဖော်ဝါရီ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၁ရက် နံနက်၉ နာရီ အချိန်ခန့်တွင် “ခေတ်ပြောင်းချင်ရင် ဦးခေါင်းပစ်ရတယ်”ဆိုသောစကားလုံးကို ကျေးရွာထဲတွင်ပြောဆိုလေ့ရှိသူဆိုသည့် ဦးဝင်းစိုးကို ၎င်း၏ယာခင်းတွင် မိသားစုနှင့်အတူ အလုပ်လုပ်နေစဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု NRDF အဖွဲ့ထံမှ သိရသည်။
“နိစ္စဓူဝ ပေါ့ဗျာ လက်နက်လေးရှိနေတော့ ဟိုလူ့တွေ့လည်း ရန်လို၊ ဒီလူ့တွေ့လည်း ရန်လိုနဲ့ ပတ်ဝန်းကျင်က ရွာတွေကိုလည်း ဒီကောင်ကပဲ ဦးဆောင် စစ်ကြောင်းထိုးတာ။ အပြစ်မရှိတဲ့သူ နှစ်ယောက်ကိုတော့ ကျွန်တော်တို့ လက်ဖျားနဲ့တောင် မထိခဲ့ပါဘူးဗျ။ ဒီကောင်ဆီမှာ MA-1 တစ်လက်ရှိတာ အဲနေ့က ဒီကောင် ယာခင်းထဲ မယူလာခဲ့ဘူး။ လက်ပစ်ဗုံးလောက်ပဲ သိမ်းဆည်းရမိခဲ့တာ” ဟု NRDF မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။
ဦးဝင်းစိုးထံမှ လက်ပစ်ဗုံးတစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ဂျင်ကလိ(ခေါ်) သံချွန်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့အပြင် ဦးဝင်းစိုးသည် သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါကိုယူ၍ စစ်ကောင်စီတပ်သားများကိုခေါ်ကာ ကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများ အစဉ်တစိုက် လုပ်ဆောင်သူဖြစ်သည်ဟုလည်း ယင်းအဖွဲ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁၈ရက်တွင်လည်း မြင်းခြံ-နွားထိုးကြီးလမ်းမ၊ ညောင်ပင်ရွာ အနောက်ဘက်၌ နွားထိုးကြီး မြို့မရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သား ခုနစ်ဦးပါ AD Van ကားတစ်စီးကို အသင့်စောင့်ကြိုကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း NRDFအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ စီးလာသောကားသည် ကားဘီးပေါက်သွားပြီး စစ်ကောင်စီတပ်သား ငါးဦးလည်း ဗုံးစထိမှန်ဒဏ်ရာရသွားကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။
Natogyi Regional Defence Force အဖွဲ့၏ ထုတ်ပြန်ချက်တိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားပါမည်ဟု သစ္စာအဓိဋ္ဌာန်ပြုထားသည်ကို တွေ့ရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#ပျူစောထီး

👍19😁5
ဖေဖော်ဝါရီ ၂၄ ရက်၊ ညနေ ၄ နာရီ၊ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:05-ရန်ကုန်တွင် ဝင်ငွေမလုံလောက်လို့ အစားလျှော့စားရသည့် အိမ်ထောင်စုများရှိနေဟု UNDP ပြောတဲ့သတင်း
03:44-တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း စက်မှုလုပ်ငန်းတွေ ညပိုင်းလျှပ်စစ်မသုံးစွဲဖို့ တားမြစ်တဲ့သတင်း
06:23-(၄) ကြိမ်တိုင်မီးရှိုခံရသော ချောင်းဦးကျေးရွာမှ စစ်ဘေးရှောင်များရပ်တည်ရေးအခက်ကြုံနေတဲ့သတင်း
09:09-မိုးပျံပူဖောင်းအရေးနဲ့ပတ်သက်ပြီး ဘိုင်ဒင်ဟာ အပြောတခြားအလုပ်တခြား ဖြစ်နေကြောင်း တရုတ်ကစွပ်စွဲတဲ့သတင်း တွေအပါအဝင် တခြားစိတ်ဝင်စားဖွယ်ရာနဲ့ အရေးကြီးသတင်းတွေကို တင်ဆက်ပါတော့မယ်။
https://youtu.be/B0so68lMgXY

06:23-(၄) ကြိမ်တိုင်မီးရှိုခံရသော ချောင်းဦးကျေးရွာမှ…

👍5😁3😢1
စစ်ကောင်စီ၏ သယံဇာတဝန်ကြီးအဖြစ် ခန့်အပ်လိုက်သည့် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်
https://youtu.be/inpThMUn4DE

ဂျူချန်း
မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်ဖြစ်တဲ့ ဒေါက်တာ အောင်မြတ်ကျော်စိန်ကို မွန်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီရဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက…

❤4👍3
(၄) ကြိမ်တိုင်မီးရှို့ခံရသော ချောင်းဦးကျေးရွာမှ စစ်ဘေးရှောင်များရပ်တည်ရေးအခက်ကြုံနေ(ရုပ်/သံ)
https://youtu.be/pXIKLE7JJ84

ရွှေနွယ်(မဇ္ဈိမ)
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ချောင်းဦးကျေးရွာက စစ်ဘေးရှောင်တွေဟာ ရွာကို (၃) ကြိမ်တိုင်တိုင်မီးရှို့ခံခဲ့ရတာကြောင့် စစ်ဘေးရှောင်နေကြရတဲ့အပြင် စစ်ရှောင်တဲတွေကိုပါ စစ်ကောင်စီတပ်က လေးကြိမ်မြောက်မီးလာရှို့သွားတာကြောင့် ရပ်တည်နေထိုင်ရေး အခက်…

👍2🔥2
မိတ်ဆွေသဘောသာ တရုတ်အထူးသံတမန်လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု KIOဆို (ရုပ်သံ)
https://youtu.be/I9x60nAeNYo

မိုးသောက်
မဲဆောက်(မဇ္ဈိမ)။ ။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ်ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံခဲ့တဲ့အဖွဲ့တွေမှာ ကချင်လွတ်မြောက်ရေးတပ် (KIO/KIA)…

😁4👍2