Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့ ပစ်ခတ်သည့် လက်နက်ကြီးကျည် ထိမှန်၍ ဒေသခံအမျိုးသမီး အသက်အန္တရာယ်စိုးရိမ်ရ

အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မဇွပ်ယန်ကျေးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအမျိုးသမီးတစ်ဦး ထိမှန်ခဲ့ကာ အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု ဒေသခံများက ဆိုကြသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၇ နာရီခန့်က မဇွပ်ယန်ကျေးရွာအနီးရှိ အကျဥ်းထောင်ဘက်မှ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည် ထိမှန်ကာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။
"သူတို့ပစ်တာ အဝေးကိုမရောက်ပဲ ရွာထဲကိုကျတာ အမျိုးသမီးတစ်ယောက်တော့ ထိသွားတယ်။ စိုးရိမ်ရတယ် ”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
🤬9👍3🔥2😢1
လက်နက်ကြီးကျည် ထိမှန်သည့်အမျိုးသမီးမှာ မဇွပ်ယန်ကျေးရွာနေ ကလေးနှစ်ယောက်မိခင် ဒေါ်လခရိဂျာအိန် ဆိုသူဖြစ်ပြီးစိုးရိမ်ဒဏ်ရာဖြင့် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်‌ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသကဲ့သို့ လူနေအိမ်သုံးလုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သားများသည် မဇွပ်ယန်အကျဥ်းထောင်အတွင်း တပ်စွဲထားသည့်အပြင် အကျဥ်းထောင်အနီးရှိ ကုမ္ပဏီလုပ်ကွက်ဝန်း နှစ်ခုအတွင်း၌လည်း ခြံစည်းရိုးခတ်ကာ တပ်စွဲနေထိုင်ကြသည်ဟု ဒေသခံများကပြောသည်။
မဇွပ်ယန်ထောင်မှ စစ်ကောင်စီတပ်က ယခုကဲ့သို့ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ မကြာခဏရှိနေပြီး ယခင်ကလည်း ပြည်သူများ ထိခိုက်မှု ရှိခဲ့သည်ဟု သိရသည်။မဇွပ်ယန်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည် မကြာခဏ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။
KIA ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့ကလည်း ယနေ့တွင်ပင် ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ရေးလှုပ်ရှားမှုအသေးစိတ်ကို မသိရသေးပေ။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ် ။ ။မောင်ကြီး

#ကချင်ပြည်နယ်
#ဖားကန့်မြို့နယ်
#စစ်ကောင်စီတပ်
#လက်နက်ကြီးပစ်ခတ်မှု
🔥5😢5🤬2
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep13 seg - 4 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://youtu.be/iqziiMWU8DY

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍1🤮1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၄ ဖေဖော်ဝါရီ ၂၀၂၃ )

မြန်မာနိုင်ငံဆိုင်ရာ သံရုံးအကြီးအကဲများကိုယ်တိုင် မြန်မာနိုင်ငံအတွင်းက အဖြစ်အပျက်များကို မသိရှိ ကြောင်း စစ်ကောင်စီက ထုတ်ပြောရသည်အထိ ရှိလာခြင်းကြောင့် စစ်ကောင်စီမှ တိုင်းပြည်ကို ဦးဆောင် နိုင်စွမ်းမရှိသည်ကို ပေါ်လွင်စေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U"
😁11👍9🥴2😭2👎1
Chef Eve's Easy Thai Cooking Show

ဒီတစ်ပတ်မှာတော့ Chef Eve ရဲ့
ဂဏန်းထမင်းကြော် နဲ့ ဝက်သားချဉ်သုပ်် ချက်ပြုတ်ပုံကို တင်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။

Easy Thai Cooking Show အစီအစဥ်မှာ ထိုင်း စားဖိုမှူး Chef Eve ကနေ
ရိုးရှင်းပြီး ကိုယ်တိုင် အလွယ်တကူ လိုက်လုပ်နိုင်မယ့် ထိုင်းမြောက်ပိုင်း အစားအစာတွေကို ပြင်ဆင်ချက်ပြုတ်ပြသသွားမယ့် အစီစဉ်ပဲဖြစ်ပါတယ်။

ဒီအစီစဉ်ကိုတော့ အပတ်စဉ် စနေနေ့ ညနေ ၆ နာရီမှာ Mizzima + HD Channel ကနေ ကြည့်ရှုနိုင်ပါပြီ။

တီဗီကနေ မကြည့်ရှုလိုက်ရတဲ့ ပရိသတ်တွေကတော့ Mizzima+Youtube နဲ့ Mizzima Application တို့ကနေ ကြည့်ရှုနိုင်ပါပြီ။

https://youtu.be/MghRoapzyRc
👍1🤮1
​​တရုတ်တွင် သတ္တုတွင်းပြိုကျမှုကြောင့် ၅ ဦးထက်မနည်း သေဆုံးပြီး ၄၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံမြောက်ပိုင်း၊ အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အယ်ဇာလိဂ်မြို့တွင် ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၄၈ ဦးပိတ်မိနေဆဲဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ထုတ်လွှင့်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7👏3😁1
​​အမေရိကန်နှင့် ဆက်ဆံရေးပျက်ပြားနေချိန်တွင် တရုတ်က ဥရောပသမဂ္ဂခေါင်းဆောင်များကို တွေ့ဆုံလို 

တရုတ်နှင့် ဥရောပသည် ကပ်ရောဂါဖြစ်ပွားမှုမတိုင်မီကာလက ရှိခဲ့သည့် ဆက်ဆံရေးအဆင့်သို့ တတ်နိုင်သမျှ မြန်မြန် ပြန်လည်တည်ဆောက်သင့်သည်ဟု ဝမ်ယိက ဂျာမနီနိုင်ငံ မြူးနစ်လုံခြုံရေးညီလာခံတွင် ဥရောပသမဂ္ဂမှ အရာရှိ ဂျိုးဆက်ဘော်ရယ်အား ဖေဖော်ဝါရီလ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁2🤮1🖕1
​​ကနေဒါရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ဖူးခြင်း မရှိကြောင်း တရုတ် ပြောကြား

ကနေဒါနိုင်ငံ အနောက်ဘက် ဗန်ကူးဗားမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက ကနေဒါမီဒီယာသည် တရုတ်ကို အပုပ်ချပြီး ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ဆောင်နေကြောင်းနှင့် စွပ်စွဲမှုများအပေါ် စိတ်ပျက်မိကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_24 Seg_2 | ငါးခူဆန်လှော်ဟင်းနှင့် ကျောက်ပွင့်သုပ်

Watch more detail - https://youtu.be/hcdnVaZ3tFo

#thecookingguy #mizzimatv #reels #shorts #cooking
🤮1
​​TikTok က ဥရောပတွင် အချက်အလက်သိုမှီးရေးစင်တာ ၂ ခု ထပ်ဖွင့်ရန် စီစဉ်

တရုတ်လူမှုမီဒီယာကုမ္ပဏီ TikTok က ဥရောပတွင် အချက်အလက်စင်တာ ၂ ခု ထပ်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အကြီးတန်းအမှုဆောင်အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပြောကြားခဲ့ပြီး ယင်းက သုံးစွဲသူများ၏ အချက်အလက်လုံခြုံရေးစိုးရိမ်ပူပန်မှုများကို လျော့ပါးစေကာ ကုမ္ပဏီအပေါ် စည်းမျဉ်းဆိုင်ရာဖိအားများလည်း သက်သာစေမည်ဟု ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏2👍1
​​ရုရှားထံ လက်နက်များ ပေးပို့နိုင်ခြေရှိကြောင်း အမေရိကန်၏ ပြောဆိုချက်ကို တရုတ် ငြင်းဆို

တရုတ်သည် ယူကရိန်းစစ်ပွဲတွင် ရုရှားကို လက်နက်များထောက်ပံ့ရန် စဉ်းစားနေကြောင်း အမေရိကန်၏ ပြောဆိုချက်ကို တရုတ်က ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ပြီး ပဋိပက္ခ အဆုံးသတ်ရေး ဆွေးနွေးသွားရန် ထပ်မံ တောင်းဆိုလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁9👍3😱2
​​မြန်မာဆီ လက်နက်ပေးပို့ခြင်း စင်ကာပူ တားမြစ်ခြင်းအား NUG လှိုက်လှိုက်လှဲလှဲ ကြိုဆို 

မြန်မာနိုင်ငံက တရားမဝင် စစ်ကောင်စီထံ လက်နက်များ ပေးပို့ခြင်းကို တားမြစ်ထားကြောင်း စင်ကာပူ၏ အတည်ပြုပြောဆိုချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ( NUG )က လှိုက်လှိုက်လှဲလှဲ ကြိုဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍23❤6😁2
ကတေးချောင်းဖျား မူလလန်းကျောင်းအုပ် အသတ်ခံရမှု KRF က ၎င်းတို့ မလုပ်ကြောင်း ငြင်းဆို

YT
မဇ္ဈိမ။ ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာအုပ်စု၊ တကေးချောင်းကျေးရွာ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးအား ဖမ်းဆီးခံရပြီး ငါးနာရီအကြာတွင် သေနတ်ဒဏ်ရာများဖြင့် အသက်သေဆုံးလျက် ပြန်တွေ့ခဲ့ကြောင်း သိရသည်။
ဒေါ်နွယ်နွယ်ဦးအား ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးက တကေးချောင်းဖျားမူလတန်းစာသင်ကျောင်းဝန်းအတွင်းတွင် လာရောက်ဖမ်းခေါ်သွားခြင်းဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်တွင် တကေးချောင်းဖျား သုသာန်အနီးအနား၌ အသက်သေဆုံးလျက် ပြန်တွေ့ခဲ့ရကြောင်း သိရသည်။
" အလောင်းကိုက တဂေးချောင်းဖျား​နဲ့ငှက်ပျောတောလမ်းလေ၊ အဲ့ဒီနားမှာ ပြန်တွေ့တာ။ အဲ့ဒါက တကေးချောင်းဖျားသင်္ချိုင်းနဲ့နီးတယ်။ ဘေးနား တွေမှာ ကျည်ခွံတွေလည်း တွေ့တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။
🤬10👍3😁1