Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အသက် ၄၃ နှစ်အရွယ်ရှိ မူလတန်းကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦးအား ညာဘက်လက်၊ ဝမ်းဗိုက်၊ ရင်ဘက်၊ ဘယ်ဘက်တင်ပဆုံတို့တွင် သေနတ်ဒဏ်ရာများရခဲ့ကာ အနီးတစ်ဝိုက်တွင် Luger ကျည်ခွံများနှင့် လက်ထိပ်သော့ တွေ့ရသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
ဒေါ်နွယ်နွယ်ဦးသည် ကျိုက်ထိုမြို့နယ် ဇေယျာမွန် ရပ်ကွက် (၂) လမ်းတွင် နေထိုင်သူတစ်ဦးဖြစ်ပြီး အာဏာမသိမ်းခင်ကာလက ကျိုက်ထိုမြို့
အောင်မင်္ဂလာ (၂) အလယ်တန်းကျောင်းတွင် အလယ်တန်းပြ ဆရာမအဖြစ်တာဝန်ယူခဲ့ရာမှ အာဏာသိမ်းယူပြီးနောက်တွင် တကေးချောင်းဖျားကျေးရွာ ကျောင်းအုပ်ဆရာမအဖြစ် ပြောင်းရွှေ့တာဝန်ပေးခြင်းခံထားရသူဖြစ်သည်။
" ဒီဆရာမက အရင်က အောင်မင်္ဂလာ (၂) ကျောင်းက အလယ်တန်းပြဆရာမ၊ တကေးချောင်းဖျားကို ကျောင်းအုပ်အနေနဲ့ ပြီးခဲ့တဲ့နှစ်ကမှပြောင်းတာ။ CDM လုပ်တာမျိုးမရှိသလို နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူမျိုးမဟုတ်ဘူး၊ အရမ်းအနေအေးတယ်" ဟု CDM ပြုလုပ်ထားသော ကျိုက်ထိုမြို့နယ်မှ ဆရာမတစ်ဦးက မဇ္ဈိမကိုပြောသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီလောဘီများ​၏ တယ်လီဂရမ်ချန်နယ် (Telegram Channel) များတွင် ကျိုက်ထိုတော်လှန်ရေးအင်အားစု ( KRF) အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည် ဟု စွပ်စွဲပြောဆိုထားသော်လည်း KRF အဖွဲ့က ၎င်းတို့ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ယတိပြတ်ငြင်းဆိုသည်။
" ကျွန်တော်တို့အဖွဲ့က လုပ်တာ လုံးဝမဟုတ်ပါဘူး။ ဘယ်သူတွေ လုပ်တာလည်း မသိပေမယ့် စစ်ကောင်စီက သတင်းလွှင့်နေသလိုမျိုး ကျွန်တော်တို့အဖွဲ့လုပ်တာ လုံးဝမဟုတ်ပါဘူး" ဟု KRF မှ ရဲဘော်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ဆရာမကြီး ဒေါ်နွယ်နွယ်ဦး အသတ်ခံရသည့်ကိစ္စအပေါ် ဒေသခံများက ၎င်းတို့​၏ ထင်မြင်ချက်များကို မျှဝေပေးခဲ့သည်။
" ဒါက စစ်တပ်ရဲ့လှည့်ကွက်တွေထဲက တစ်ခုပဲ။ ၈၈ ကတည်းက လုပ်လာတဲ့ပုံစံတွေ။ သူတို့တွေလုပ်မယ် ပြီးရင် နာမည်လွှဲချမယ်။ အခုက သူတို့ကိုယ်တိုင် လက်နက်ကို တရားဝင်ကိုင်ခွင့်ပေးထားတော့ ပိုပြီးတော့တောင် ဖြစ်နိုင်သေးတယ်" ဟု ကျိုက်ထိုမြို့နယ်မှ သက်ကြီးပိုင်းတစ်ဦးက
ပြောသည်။
" မနွယ်က အကြွေးတွေအရမ်းများတယ်။ ပမာဏ အရမ်းများတယ်။ ဒီအကြွေးကိစ္စနဲ့ပတ်သက်ပြီး လုပ်ကြံခံရတာလဲဖြစ်နိုင်တယ်။ အရင်တုန်းကဆို ဒါမျိုးက မဖြစ်နိုင်ဘူးဆိုပေမယ့် စစ်ကောင်စီတွေ အုပ်စိုးတဲ့အချိန်မှာတော့ မဖြစ်ဘူးလို့မပြောနိုင်ဘူး" ဟု ဒေါ်နွယ်နွယ်ဦးနှင့် နီးစပ်ရာအသိုင်း အဝိုင်းက မှတ်ချက်ပေးသည်။
ဆရာမ ဒေါ်နွယ်နွယ်ဦး အသတ်ခံရပြီးနောက်တွင် စစ်ကောင်စီတပ်မှ ငှက်ပျောတောကျေးရွာအနီးတစ်ဝိုက်သို့ ဝင်ရောက်ရှာဖွေခြင်းများ ရှိခဲ့ပြီး၊ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီအချိန်တွင် တကေးချောင်းဖျားကျေးရွာဘက်သို့ စစ်ကောင်စီတပ်မှ ကားနှစ်စီးဖြင့် စစ်ကြောင်းထိုး
ဝင်ရောက်လာကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် သေဆုံးသွားသော ဆရာမဒေါ်နွယ်နွယ်ဦး​၏ နေအိမ်သို့ ကျိုက်ထိုမြို့နယ် တပ်မ (၄၄) မှ ဗိုလ်မှူး၊ ကျိုက်ထိုမြို့နယ်ရဲမှူး အပါအဝင် စစ်ကောင်စီလက်အောက်ခံတပ်သားများမှ ငွေကြေးအထောက်အပံ့ပေးခဲ့ကြောင်း သိရသည်။
ယခု တကေးချောင်းဖျား အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဦး ဖမ်းဆီးပြီးနောက် အသတ်ခံရသည့် ပုံစံနှင့် ဆင်တူသော ဖြစ်စဉ်တစ်ခု ကျိုက်ထိုမြို့နယ်တွင် ရှိခဲ့ကြောင်း KIT- Kyaikhto Information Team က ထုတ်ပြန်ထားသည်။
ဖြစ်စဉ်အရ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာမှ ကိုဟိန်း (ခ) ကိုဟိန်းမင်းဇော်အား ဆိုင်ကယ်နှစ်စီးဖြင့် လူလေးဦးမှ လာရောက်ဖမ်းခေါ်သွားပြီး ယနေ့အချိန်ထိ သတင်းအစအန မရသေးကြောင်း သိရသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ကျိုက်ထိုမြို့နယ်
#မူလတန်းကျောင်းအုပ်
#စစ်ကောင်စီတပ်
#KRF
👍10😁3🤬3
🔥2🤬2
ဘုရားသုံးဆူမြို့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်၊ ရဲနှင့်စစ်သား ၂ ဦး သေဆုံး၊ စခန်းကိုစွန်ခွာထွက်ပြေးဟုဆို

နောင်နောင် (မဇ္ဈိမ)။ ။ဘုရားသုံးဆူမြို့ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ယနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ ကနဦး သတင်းများအရ ရဲတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး ကျန်စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။
ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့အစွန်ရှိ ဘုရားသုံးဆူရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်စဉ် နှစ်ဘက်အပြန်အလှန်တိုက်ပွဲသည် နံနက် ၅ နာရီကျော်မှ ၇ နာရီ ကျော်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးသည့်အပြင် ကျန်စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ရဲတစ်ယောက်သေတယ်၊ စစ်သားတစ်ယောက် သေတယ်။စခန်းရှေ့နည်းနည်း မီးလောင်တယ်ပေါ့။ပြီးတော့ ရဲတွေထွက်ပြေးကြတာပေါ့နော်။ ဘယ်နှစ်ယောက်ထွက်ပြေးတယ်ဆိုတာ မသိပေမယ့် အကုန် လုံး ထွက်ပြေးကြတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ဘုရားသုံးဆူ ဒေသခံတစ်ဦးကလည်း ယနေ့နံနက် ဘုရားသုံးဆူ ရဲစခန်း တိုက်ခိုက်ခံရမှုတွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများကို ဆက်တိုက်ကြားခဲ့ရပြီး ရဲစခန်းမီးလောင်ကျွမ်းနေသည့် မီးခိုးငွေ့များကို မြင်တွေ့ခဲ့ရကြောင်း မဇ္ဈိမကို ပြောသည်။
“အစကတော့ လက်နက်ငယ်သံတွေ ကြားရတယ်။ ခဏနေရင် လက်နက်ကြီးသံတွေရော ၁၂၀ မမ အသံတွေ ဆက်တိုက်ကြားရတယ်။ ရဲစခန်းဝင်စီးခံရပြီး တိုက်ပွဲဖြစ်ကြတာပါ” ဟု ဘုရားသုံးဆူမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဘုရားသုံးဆူရဲစခန်းသည် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသော စခန်းတစ်ခုဖြစ်ပြီး ထိုင်း- မြန်မာနယ်စပ်နှင့် ကပ်လျှက်တည်ရှိသည်။ ထိုင်းနိုင်ငံ စံခရဘူရီမြို့ဘက်ခြမ်းတွင် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့သည် ပုံမှန်အတိုင်း ငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းကလည်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံး၊ စရဖရုံး၊ လ.ဝ.က ရုံးနှင့် မြေစာရင်းရုံး လေးရုံး တပြိုင်နက်စီး တိုက်ခိုက်မီးရှို့ခံခဲ့ရသည်။
ဘုရားသုံးဆူမြို့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင်ရှိပြီး စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားသည့် မြို့နယ်ထဲတွင်ပါဝင်သည်။
စာတည်း - မောင်ကြီး
#ဘုရားသုံးဆူမြို့ရဲစခန်း
#တော်လှန်ရေးပူးပေါင်းတပ်များ
#စီးနင်းတိုက်ခိုက်
ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေသည့်မြင်ကွင်း (ဓာတ်ပုံ- CJ)
👍19🥰2😁2🥱1
​​ပူတင် မိန့်ခွန်းပြောစဉ် ခေါက်ဆွဲများ နားရွက်ချိတ်ထားသည့် လွှတ်တော်အမတ် အပြစ်ပေးခံရမည် 

သမ္မတ ပူတင်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်း ပြောစဉ်အတွင်း ခေါက်ဆွဲများ နားရွက်တွင် ချိတ်ထားခဲ့သည့် ရုရှလွှတ်တော်အမတ်တစ်ဦးကို အပြစ်ပေးမည်ဖြစ်ကြောင်း ပါတီက အတည်ပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16👍3🥴2❤1🤣1
​​အာဖဂန်နစ္စတန်၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တာလီဘန် တောင်းဆို

တာလီဘန်က အာဖဂန်နစ္စတန်၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပြီး အသိအမှတ်ပြုပါက ကမ္ဘာ့နိုင်ငံများ၏ စိုးရိမ်မှုများနှင့် တောင်းဆိုချက်များကို ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အာဖဂန်အခြေစိုက် Tolo News သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍2❤1
ကေအဲန်ယူတပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

MTO
မဇ္ဈိမ။ ။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စခန်းတစ်ခုကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ပူးပေါင်းမဟာမိတ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်းတစ်လောင်းနှင့်လက်နက်နှစ်လက် ရရှိခဲ့ကြောင်း ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် (BPLA) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်( BGF )ပူးပေါင်းတပ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက် (၆) နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
❤17👍7😁2👏1
မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြသည် ဟု BPLAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်များသည် ကြောက်လန့်တကြားဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး တိုက်ပွဲစတင်ပြီး မိနစ် ၃၀ အကြာမှာပင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှအလောင်းတစ်လောင်း၊သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။
ယနေ့နံနက် အစောပိုင်းကလည်း
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေမှဘုရားသုံးဆူမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ထိခိုက်မှုများကြောင်း ကနဦးသိရပြီး အသေးစိတ်သတင်းအချက်ကို မေးမြန်းနေဆဲဖြစ်သည်။
စာတည်း - မောင်ကြီး
#တပ်မဟာ(၅)နယ်မြေ
#ပူးပေါင်းမဟာမိတ်တပ်
#တိုက်ခိုက်သိမ်းပိုက်
❤14👍6👏2😁1🤮1
​​ပါကစ္စတန်တွင် ဟိန္ဒူဘုရားကျောင်းနေရာကို အပန်းဖြေဥယျာဉ်၏ ဂိုဒေါင်အဖြစ် အသုံးပြုထား

အဆိုပါနေရာကို ဟိန္ဒူဘုရားဖူးစင်တာအဖြစ် နှစ်ပေါင်း ၁ ၀၀၀ ခန့် အသုံးပြုခဲ့ကြသော်လည်း မြေနေရာအား ပိုင်းခြားလိုက်ပြီးနောက် ယိုယွင်းပျက်စီးနေသော ဘုရားကျောင်း ၂ ကျောင်းသာ ကျန်ရှိတော့ကာ အစိုးရက ထိုနေရာအား ပန်းခြံတည်ဆောက်မည့် Chaca Younas Family ကုမ္ပဏီအား ငှားရမ်းလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2❤1🖕1
Mizzima Weekly Sports အစီအစဉ်

-တူရကီငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ ဂါနာကြယ်ပွင့် အတ်ဆုရဲ့ ရုပ်အလောင်းကို အိမ်ပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

-အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံက ရှီရဲ့ တရုတ်ဘောလုံးအိပ်မက်အတွက် ထိုးနှက်ချက်အသစ်ဖြစ်နေပါပြီ။

- လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူဟာ အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

-ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ အကြောင်းတွေ အပါအ၀င် စိတ်၀င်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/cvHoscHIFdg
👍3💩2