Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
🔥2🤬2
ဘုရားသုံးဆူမြို့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်၊ ရဲနှင့်စစ်သား ၂ ဦး သေဆုံး၊ စခန်းကိုစွန်ခွာထွက်ပြေးဟုဆို

နောင်နောင် (မဇ္ဈိမ)။ ။ဘုရားသုံးဆူမြို့ရဲစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက ယနေ့ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်တွင် စီးနင်းတိုက်ခိုက်ခဲ့ရာ ကနဦး သတင်းများအရ ရဲတစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးသွားပြီး ကျန်စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သော သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို အတည်ပြုပြောသည်။
ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့အစွန်ရှိ ဘုရားသုံးဆူရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်များ စီးနင်းတိုက်ခိုက်စဉ် နှစ်ဘက်အပြန်အလှန်တိုက်ပွဲသည် နံနက် ၅ နာရီကျော်မှ ၇ နာရီ ကျော်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးသည့်အပြင် ကျန်စစ်ကောင်စီတပ်သားများသည် စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“ရဲတစ်ယောက်သေတယ်၊ စစ်သားတစ်ယောက် သေတယ်။စခန်းရှေ့နည်းနည်း မီးလောင်တယ်ပေါ့။ပြီးတော့ ရဲတွေထွက်ပြေးကြတာပေါ့နော်။ ဘယ်နှစ်ယောက်ထွက်ပြေးတယ်ဆိုတာ မသိပေမယ့် အကုန် လုံး ထွက်ပြေးကြတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
ဘုရားသုံးဆူ ဒေသခံတစ်ဦးကလည်း ယနေ့နံနက် ဘုရားသုံးဆူ ရဲစခန်း တိုက်ခိုက်ခံရမှုတွင် လက်နက်ကြီး၊ လက်နက်ငယ်အသံများကို ဆက်တိုက်ကြားခဲ့ရပြီး ရဲစခန်းမီးလောင်ကျွမ်းနေသည့် မီးခိုးငွေ့များကို မြင်တွေ့ခဲ့ရကြောင်း မဇ္ဈိမကို ပြောသည်။
“အစကတော့ လက်နက်ငယ်သံတွေ ကြားရတယ်။ ခဏနေရင် လက်နက်ကြီးသံတွေရော ၁၂၀ မမ အသံတွေ ဆက်တိုက်ကြားရတယ်။ ရဲစခန်းဝင်စီးခံရပြီး တိုက်ပွဲဖြစ်ကြတာပါ” ဟု ဘုရားသုံးဆူမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဘုရားသုံးဆူရဲစခန်းသည် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းတပ်စွဲထားသော စခန်းတစ်ခုဖြစ်ပြီး ထိုင်း- မြန်မာနယ်စပ်နှင့် ကပ်လျှက်တည်ရှိသည်။ ထိုင်းနိုင်ငံ စံခရဘူရီမြို့ဘက်ခြမ်းတွင် ထိုင်းစစ်တပ်က လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း သိရသည်။ လက်ရှိတွင် ဘုရားသုံးဆူမြို့သည် ပုံမှန်အတိုင်း ငြိမ်သက်နေသည်ဟု ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းကလည်း ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ရုံး၊ စရဖရုံး၊ လ.ဝ.က ရုံးနှင့် မြေစာရင်းရုံး လေးရုံး တပြိုင်နက်စီး တိုက်ခိုက်မီးရှို့ခံခဲ့ရသည်။
ဘုရားသုံးဆူမြို့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေတွင်ရှိပြီး စစ်ကောင်စီတပ်က စစ်အုပ်ချုပ်ရေးထုတ်ပြန်ကြေညာထားသည့် မြို့နယ်ထဲတွင်ပါဝင်သည်။
စာတည်း - မောင်ကြီး
#ဘုရားသုံးဆူမြို့ရဲစခန်း
#တော်လှန်ရေးပူးပေါင်းတပ်များ
#စီးနင်းတိုက်ခိုက်
ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေသည့်မြင်ကွင်း (ဓာတ်ပုံ- CJ)
👍19🥰2😁2🥱1
​​ပူတင် မိန့်ခွန်းပြောစဉ် ခေါက်ဆွဲများ နားရွက်ချိတ်ထားသည့် လွှတ်တော်အမတ် အပြစ်ပေးခံရမည် 

သမ္မတ ပူတင်၏ နိုင်ငံတော်အခြေပြု မိန့်ခွန်း ပြောစဉ်အတွင်း ခေါက်ဆွဲများ နားရွက်တွင် ချိတ်ထားခဲ့သည့် ရုရှလွှတ်တော်အမတ်တစ်ဦးကို အပြစ်ပေးမည်ဖြစ်ကြောင်း ပါတီက အတည်ပြုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁16👍3🥴2❤1🤣1
​​အာဖဂန်နစ္စတန်၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တာလီဘန် တောင်းဆို

တာလီဘန်က အာဖဂန်နစ္စတန်၏ အစိုးရအဖြစ် အသိအမှတ်ပြုရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပြီး အသိအမှတ်ပြုပါက ကမ္ဘာ့နိုင်ငံများ၏ စိုးရိမ်မှုများနှင့် တောင်းဆိုချက်များကို ပိုမိုကောင်းမွန်သည့် နည်းလမ်းဖြင့် ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း အာဖဂန်အခြေစိုက် Tolo News သတင်းတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁11👍2❤1
"အာဏာသိမ်းသိမ်းတာကို မမေ့ကြဖို့ ပြောချင်ပါတယ်"

https://youtu.be/0md24Li2Srk
👍13❤4😁2
လောင်းလုံးမှာ လူထုသပိတ် လှုပ်ရှားမှု ပြန်လည် အားကောင်းလာတယ်လို့ ဦးဆောင် ကော်မတီကဆို

https://youtu.be/VJOZovwiJAw
👍8🔥1😁1
ကေအဲန်ယူတပ်မဟာ(၅)နယ်မြေမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

MTO
မဇ္ဈိမ။ ။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်နှင့် BGF ပူးပေါင်းတပ်စခန်းတစ်ခုကို ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်အစောပိုင်းတွင် ပူးပေါင်းမဟာမိတ်တပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်းတစ်လောင်းနှင့်လက်နက်နှစ်လက် ရရှိခဲ့ကြောင်း ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် (BPLA) က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်( BGF )ပူးပေါင်းတပ်စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာ မိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များက ယနေ့နံနက် (၆) နာရီခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
❤17👍7😁2👏1
မိနစ်အနည်းငယ်ကြာပစ်ခတ်ရုံဖြင့် ရန်သူများကြောက်လန့်တကြား စခန်းစွန့်ခွာထွက်ပြေးသွားကြသည် ဟု BPLAက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် BGF တပ်ဖွဲ့ဝင်များသည် ကြောက်လန့်တကြားဖြင့် စခန်းကို စွန့်ခွာထွက်ပြေးသွားပြီး တိုက်ပွဲစတင်ပြီး မိနစ် ၃၀ အကြာမှာပင် စခန်းကိုသိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှအလောင်းတစ်လောင်း၊သေနတ်နှစ်လက်နှင့် ဆက်စပ်ပစ္စည်းများရရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။
တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း BPLA က ထုတ်ပြန်ထားသည်။
ယနေ့နံနက် အစောပိုင်းကလည်း
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆)နယ်မြေမှဘုရားသုံးဆူမြို့ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ထိခိုက်မှုများကြောင်း ကနဦးသိရပြီး အသေးစိတ်သတင်းအချက်ကို မေးမြန်းနေဆဲဖြစ်သည်။
စာတည်း - မောင်ကြီး
#တပ်မဟာ(၅)နယ်မြေ
#ပူးပေါင်းမဟာမိတ်တပ်
#တိုက်ခိုက်သိမ်းပိုက်
❤14👍6👏2😁1🤮1
​​ပါကစ္စတန်တွင် ဟိန္ဒူဘုရားကျောင်းနေရာကို အပန်းဖြေဥယျာဉ်၏ ဂိုဒေါင်အဖြစ် အသုံးပြုထား

အဆိုပါနေရာကို ဟိန္ဒူဘုရားဖူးစင်တာအဖြစ် နှစ်ပေါင်း ၁ ၀၀၀ ခန့် အသုံးပြုခဲ့ကြသော်လည်း မြေနေရာအား ပိုင်းခြားလိုက်ပြီးနောက် ယိုယွင်းပျက်စီးနေသော ဘုရားကျောင်း ၂ ကျောင်းသာ ကျန်ရှိတော့ကာ အစိုးရက ထိုနေရာအား ပန်းခြံတည်ဆောက်မည့် Chaca Younas Family ကုမ္ပဏီအား ငှားရမ်းလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥4👍2❤1🖕1
သပိတ်ကျင်းမြို့နယ် ချောင်းကြီး ရဲစခန်းကို ဒရုန်းဖြင့်တိုက်ခိုက်

https://youtu.be/It22WCmovKs
❤7👍1🔥1🥱1
နတ်တလင်းမြို့မှာ စစ်ကောင်စီရဲ့ စာမေးပွဲကို ၃၈၆ ဦး ဝင်ရောက် ဖြေဆို (ရုပ်သံ)

https://youtu.be/r5iVfvFfP_s
👍4❤1
Mizzima Weekly Sports အစီအစဉ်

-တူရကီငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ ဂါနာကြယ်ပွင့် အတ်ဆုရဲ့ ရုပ်အလောင်းကို အိမ်ပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

-အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံက ရှီရဲ့ တရုတ်ဘောလုံးအိပ်မက်အတွက် ထိုးနှက်ချက်အသစ်ဖြစ်နေပါပြီ။

- လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူဟာ အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

-ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ အကြောင်းတွေ အပါအ၀င် စိတ်၀င်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/cvHoscHIFdg
👍3💩2
​​မူးယစ်ဆေးဝါးသုံးစွဲသူ ၈၀ ၀၀၀ ကျော်ကို တာလီဘန်အစိုးရ ဖမ်းဆီး

မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်မှုဖြင့် လူပေါင်း ၅ ၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူနက်ဖေးတာကောက ဖေဖော်ဝါရီလ ၂၁ ရက်က ကဘူးလ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2
​​ကုလသမဂ္ဂ အထူးသံတမန်နှင့် OIC တို့ ရိုဟင်ဂျာအရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာသည် ဆော်ဒီအာရေဗျရှိ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးချုပ်သို့ ဖေဖော်ဝါရီ ၂၀ ရက်က သွားရောက်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮2😁1
​​တရုတ်တွင် ကလေးမွေးနှုန်း မြှင့်တင်ရန် á€œá€…ဏပဟညအ်ဖဟငအ် လက်ထပ်ခွင့်ကို ရက် ၃၀ ပေး

တရုတ်နိုင်ငံ အချို့ပြည်နယ်များတွင် အိမ်ထောင်ပြုခြင်းကို အားပေးပြီး ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်၍ ကြင်စဦးဇနီးမောင်နှံများအား လစာပြည့်ဖြင့် ရက်ပေါင်း ၃၀ ခွင့်ပေးထားကြောင်း ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာဖြစ်သော People's Daily Health တွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7
​​အမေရိကန်နှင့်တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန် ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက် 

အမေရိကန်လွှတ်တော်အမတ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့ ၅ ရက်ကြာခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့ကာ ထိုင်ဝမ်လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့သည်။ သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တရုတ်တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲအချိန်တွင် ယခုခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7👍3🔥1
ဝေဟင်နှင့်မြေပြင်မှ စစ်ကြောင်းထိုးကာ မီးရှို့နေသောစစ်တပ်အား ကာကွယ်ရေးအဖွဲ့များက ပူးပေါင်းတိုက်ခိုက်

https://youtu.be/fco-oaoPa8M
👍7😁2
မီဇိုနဲ့ မြန်မာချင်း အဆိုတော်တွေ စုပေါင်း သီဆိုထားတဲ့ ကမ္ဘာကျော် We are the World သီချင်းအကြောင်း

"တပတ်အတွင်း Facebook မှာ ဘာတွေနာမည်ကြီးနေလဲ” ၊ဇန်နဝါရီလ 25 ရက်

-မီဇိုနဲ့ မြန်မာချင်း အဆိုတော်တွေ စုပေါင်းပြီး သီဆိုထားတဲ့ ကမ္ဘာကျော် We are the World သီချင်းအကြောင်း

-မန်ဘာကြေးပေးပါက Blue Mark ပေးမယ့် လို့ ဇူကာဘတ်ပြောတဲ့ အကြောင်း

-Food Vlogger လုပ်ချင်တယ့် ကလေးမလေး ရဲ့ video လေးအကြောင်း

https://youtu.be/jg7xOS8SWvc
👍7❤5🤮2🔥1😁1
​​စဉ့်ကိုင်မြို့မှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံး

ရွှေနွယ်
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ကင်းပတ်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀:၃၀ ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
စဉ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ရွှေလှံဗိုလ်(ကန်အောက်)ရွာနှင့် စိုက်ပျိုးရေးရွာကြား၊ မြလိပ်တောင်ကြာကန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးပွဲချင်းပြီး သေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
"သူတို့ကင်းပတ်နေကျမို့ ၂၃ ရက်နေ့ ညနေကတည်းက မိုင်းထောင်ပြီး ၂၄ ရက်နေ့မနက်မှာ စောင့်ပြီးမိုင်းခွဲခဲ့တာပါ၊ ငါးယောက်ကတော့ နေရာတင်သေဆုံးပြီး ကျန်တဲ့ဒဏ်ရာရတွေလည်း ဆေးရုံရောက်တော့ ထပ်သေတာတွေရှိသေးတယ်လို့ အတွင်းဖရဲသီးက ကျွန်တော်တို့ကို သတင်းပို့ထားပါတယ်ဗျ" ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူကပြောသည်။
ထိုကဲ့သို့ သေဆုံးမှုများအပြင် တိုက်ခိုက်ခဲ့သည့်နေရာပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သားများ၏ ခြေပြတ်လက်ပြတ်များကိုတွေ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ကားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဖောက်ခွဲမှုအပြီးတွင် အဆိုပါ စစ်ကောင်စီကားမှာ လုံးဝမောင်းနှင်၍ မရတော့သောကြောင့် အလောင်းများနှင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို အရေးပေါ်လူနာတင်ကားဖြင့်လာတင်သွားသည်ဟု သိရသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီကားကိုလည်း ၂၄ ရက်နေ့ ညနေပိုင်းတွင် ကရိန်းဖြင့်လာတင်သွားသည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုနှင့်အတူ ကျောက်ဆည်ခရိုင် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု
#စဥ့်ကိုင်မြို့နယ်
#နဂါးနီပြည်သူ့ကာကွယ်ရေးတပ်
#စစ်ကောင်စီတပ်သား
👍12❤7👏3🔥1😁1