Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Mizzima Weekly Sports အစီအစဉ်

-တူရကီငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ ဂါနာကြယ်ပွင့် အတ်ဆုရဲ့ ရုပ်အလောင်းကို အိမ်ပြန်ပို့ဆောင်ပေးခဲ့ပါတယ်။

-အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံက ရှီရဲ့ တရုတ်ဘောလုံးအိပ်မက်အတွက် ထိုးနှက်ချက်အသစ်ဖြစ်နေပါပြီ။

- လီဗာပူးလ်အသင်းပိုင်ရှင် ဂျွန်ဟင်နရီက သူဟာ အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

-ရီးယဲလ်မက်ဒရစ်ရဲ့ 'မှော်ဆရာ' အမန်စီယို အသက် ၈၃ နှစ်မှာ ကွယ်လွန်သွားခဲ့တဲ့ အကြောင်းတွေ အပါအ၀င် စိတ်၀င်စားဖွယ် အားကစားသတင်းတွေကို တင်ဆက်ပေးမှာပါ။

https://youtu.be/cvHoscHIFdg
👍3💩2
​​မူးယစ်ဆေးဝါးသုံးစွဲသူ ၈၀ ၀၀၀ ကျော်ကို တာလီဘန်အစိုးရ ဖမ်းဆီး

မူးယစ်ဆေးဝါးရောင်းဝယ်ရာတွင် ပါဝင်ပတ်သက်မှုဖြင့် လူပေါင်း ၅ ၀၀၀ ကျော်ကို ဖမ်းဆီးထားကြောင်း တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူနက်ဖေးတာကောက ဖေဖော်ဝါရီလ ၂၁ ရက်က ကဘူးလ်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁2
​​ကုလသမဂ္ဂ အထူးသံတမန်နှင့် OIC တို့ ရိုဟင်ဂျာအရေး ဆွေးနွေး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးသံတမန် နိုလင်းဟေဇာသည် ဆော်ဒီအာရေဗျရှိ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရုံးချုပ်သို့ ဖေဖော်ဝါရီ ၂၀ ရက်က သွားရောက်ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🤮2😁1
​​တရုတ်တွင် ကလေးမွေးနှုန်း မြှင့်တင်ရန် လစာပြည့်ဖြင့် လက်ထပ်ခွင့်ကို ရက် ၃၀ ပေး

တရုတ်နိုင်ငံ အချို့ပြည်နယ်များတွင် အိမ်ထောင်ပြုခြင်းကို အားပေးပြီး ကလေးမွေးဖွားနှုန်းကို မြှင့်တင်ရန် ရည်ရွယ်၍ ကြင်စဦးဇနီးမောင်နှံများအား လစာပြည့်ဖြင့် ရက်ပေါင်း ၃၀ ခွင့်ပေးထားကြောင်း ကွန်မြူနစ်ပါတီ၏ အာဘော်သတင်းစာဖြစ်သော People's Daily Health တွင် ဖေဖော်ဝါရီလ ၂၁ ရက်က ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7
​​အမေရိကန်နှင့်တရုတ်ကြား ဆက်ဆံရေး တင်းမာနေချိန် ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ ထိုင်ဝမ်သို့ သွားရောက် 

အမေရိကန်လွှတ်တော်အမတ်များသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်သို့ ၅ ရက်ကြာခရီးစဉ်အဖြစ် ဖေဖော်ဝါရီ ၂၀ ရက်က ရောက်ရှိခဲ့ကာ ထိုင်ဝမ်လွှတ်တော်ဥက္ကဋ္ဌနှင့်တွေ့ဆုံခဲ့သည်။ သူလျှိုမိုးပျံပူဖောင်းကိစ္စနှင့်ပတ်သက်ပြီး အမေရိကန်နှင့်တရုတ်တို့ အပြန်အလှန် စွပ်စွဲပြစ်တင်ပြီးနောက် သီတင်းပတ်ပေါင်းများစွာအကြာ နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေဆဲအချိန်တွင် ယခုခရီးစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏7👍3🔥1
မီဇိုနဲ့ မြန်မာချင်း အဆိုတော်တွေ စုပေါင်း သီဆိုထားတဲ့ ကမ္ဘာကျော် We are the World သီချင်းအကြောင်း

"တပတ်အတွင်း Facebook မှာ ဘာတွေနာမည်ကြီးနေလဲ” ၊ဇန်နဝါရီလ 25 ရက်

-မီဇိုနဲ့ မြန်မာချင်း အဆိုတော်တွေ စုပေါင်းပြီး သီဆိုထားတဲ့ ကမ္ဘာကျော် We are the World သီချင်းအကြောင်း

-မန်ဘာကြေးပေးပါက Blue Mark ပေးမယ့် လို့ ဇူကာဘတ်ပြောတဲ့ အကြောင်း

-Food Vlogger လုပ်ချင်တယ့် ကလေးမလေး ရဲ့ video လေးအကြောင်း

https://youtu.be/jg7xOS8SWvc
👍7❤5🤮2🔥1😁1
​​စဉ့်ကိုင်မြို့မှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရ၊ ၅ ဦးထက်မနည်းသေဆုံး

ရွှေနွယ်
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ကင်းပတ်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ကားကို ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀:၃၀ ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။
စဉ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ရွှေလှံဗိုလ်(ကန်အောက်)ရွာနှင့် စိုက်ပျိုးရေးရွာကြား၊ မြလိပ်တောင်ကြာကန်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ငါးဦးပွဲချင်းပြီး သေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
"သူတို့ကင်းပတ်နေကျမို့ ၂၃ ရက်နေ့ ညနေကတည်းက မိုင်းထောင်ပြီး ၂၄ ရက်နေ့မနက်မှာ စောင့်ပြီးမိုင်းခွဲခဲ့တာပါ၊ ငါးယောက်ကတော့ နေရာတင်သေဆုံးပြီး ကျန်တဲ့ဒဏ်ရာရတွေလည်း ဆေးရုံရောက်တော့ ထပ်သေတာတွေရှိသေးတယ်လို့ အတွင်းဖရဲသီးက ကျွန်တော်တို့ကို သတင်းပို့ထားပါတယ်ဗျ" ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူကပြောသည်။
ထိုကဲ့သို့ သေဆုံးမှုများအပြင် တိုက်ခိုက်ခဲ့သည့်နေရာပတ်ဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သားများ၏ ခြေပြတ်လက်ပြတ်များကိုတွေ့ရသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်ကားကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ဖောက်ခွဲမှုအပြီးတွင် အဆိုပါ စစ်ကောင်စီကားမှာ လုံးဝမောင်းနှင်၍ မရတော့သောကြောင့် အလောင်းများနှင့် ဒဏ်ရာရစစ်ကောင်စီတပ်သားများကို အရေးပေါ်လူနာတင်ကားဖြင့်လာတင်သွားသည်ဟု သိရသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီကားကိုလည်း ၂၄ ရက်နေ့ ညနေပိုင်းတွင် ကရိန်းဖြင့်လာတင်သွားသည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုနှင့်အတူ ကျောက်ဆည်ခရိုင် နဂါးနီပြည်သူ့ကာကွယ်ရေးတပ်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု
#စဥ့်ကိုင်မြို့နယ်
#နဂါးနီပြည်သူ့ကာကွယ်ရေးတပ်
#စစ်ကောင်စီတပ်သား
👍12❤7👏3🔥1😁1
👏7😁1🥱1
ဖာပွန်-ကမမောင်းလမ်းပေါ်က သစ်ငါးပင် BGF စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

နောင်နောင်
မဇ္ဈိမ။ ။ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင်၊ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ၏ သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု သိရသည်။
သစ်ငါးပင်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲမိနစ် ၃၀ အကြာတွင် စခန်းကို သိမ်းပိုက်၍ မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း KNLA တပ်မဟာ (၅) နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
“၃၄ မိနစ်လောက်ကြာတယ်၊ ဖာပွန်- ကမမောင်းကားလမ်းပေါ်က သစ်ငါးပင် BGF စခန်း၊ မနက် ၆ နာရီကနေ သွားတိုက်တာ၊ စခန်းကို သိမ်းပိုက်မီးရှို့ခဲ့တယ်” ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။
တိုက်ပွဲအတွင်း BGF တပ်ဖွဲ့ဝင် တစ်ဦးသေဆုံးပြီး လက်နက်နှစ်လက် သိမ်းဆည်းရမိခဲ့ကြာင်းလည်း ဗမာပြည်သူ့လွတ်မြာက်ရေးတပ်မတာ် (BPLA) က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။
သစ်ငါးပင် BGF စခန်းတွင် တပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် တပ်စွဲနေကြခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း တစ်ဦးသေဆုံးပြီးနောက် ကျန် BGF တပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြကြောင်း သတင်းရင်းမြစ်က ဆိုသည်။
အဆိုပါ BGF စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ဖာပွန်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် Force for Federal Democracy(FFD) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
“မြေပြင်စစ်ကြောင်းနဲ့ ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာပါ” ဟု အထက်ပါသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် သိမ်းပိုက်ခံရသော BGF စခန်းဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများက လက်နက်ကြီးများဖြင့် ကျေးရွာများဘက်သို့ ပစ်ခတ်မှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
KNU တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့နှင့် ၎င်း၏ မဟာမိတ်တပ် BGF ပူးပေါင်းတပ်တို့အကြား လစဉ်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေခြင်းဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)
#ကရင်ပြည်နယ်
#ဖာပွန်ခရိုင်
#KNU
#KNLA
#သစ်ငါးပင်စခန်း
#တိုက်ခိုက်မှု
❤8👏4😁2👍1
​​တရုတ်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုကြောင့် ပြည်တွင်းပြည်ပကုမ္ပဏီများ တခြားနိုင်ငံများသို့ ရွှေ့ပြောင်းနေ

ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာသည် ထုတ်လုပ်မှုဗဟိုချက်ဖြစ်လာရေးဟူသော တရုတ်၏ ရည်မှန်းချက်များကို အတားအဆီးဖြစ်စေလျက်ရှိပြီး ပြည်တွင်းပြည်ပကုမ္ပဏီများသည် လုပ်ငန်းများကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရွှေ့သွားကြကြောင်း HK Post က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4😁3❤1
​​ယင်းမာပင်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး အမ်ှိုက်ပုံ၌ စွန့်ပစ်ခဲ့ဟုဆို

လွှမ်းမိုး
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊အနောက်ဘက်အခြမ်းရှိ တာဝကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်သွားပြီး ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ဒေသခံများကပြောသည်။
ယင်းမာပင်မြို့၊အခြေစိုက်ရိုးမဖိုက်တာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်နှစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၃ရက်တွင် ဖမ်းဆီးသွားပြီး မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ရိုးမဖိုက်တာ၏တပ်ရင်းမှူးက မဇ္ဈိမကိုပြောသည်။
အဆိုပါရဲဘော်နှစ်ဦးသည် ဖေဖော်ဝါရီလ ၂၃ရက် နေ့က ဘက်ထရီအိုးသွားသယ်ဆောင်စဉ် တာဝကျေးရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့နှင့်ထိပ်တိုက်တိုးကာ ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။ရဲဘော်နှစ်ဦးအား လက်ချောင်း ၊ခြေချောင်းများဖြတ်၍ လည်ပင်းကို ဓားဖြင့်လှီးထားသည့် ဒဏ်ရာများဖြင့် မီးရှို့သတ်ဖြတ်ခံထားရသည်ကို ဖေဖော်ဝါရီလ ၂၄ရက်တွင် ရွာအနီးအမှိုက်ပုံ၌ တွေ့ရှိခြင်းဟု ရိုးမဖိုက်တာတပ်ရင်းမှူးကပြောသည်။
ထို့နောက် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ (၂၄) ရက် နံနက် ၉ နာရီ ခန့်မှစတင်ကာ တာဝရွာကို မီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများကပြောသည်။
“ စစ်အင်အား ၁၀၀ခန့်ရှိတဲ့စစ်ကောင်စီ စစ်ကြောင်း ဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရွာကို ဝင်ပြီးတပ်စွဲတယ်။ တစ်ညအိပ်ပြီး နောက်ရက်မှာ ရွာကို မီးရှို့ပြီး မြောက်ဘက်ကို ထွက်သွားတယ်။ သူတို့ ထွက်သွားတာနဲ့ ကျွန်တော်တို့ ရွာထဲကိုဝင်ပြီး မီးသတ်တာတွေ လုပ်တယ် ။ မီးလောင်အိမ်ခြေ အလုံး (၂၀) ရှိပါတယ်” ဟု ဒေသခံက မဇ္ဈိမကို ပြောသည်။
ဝာာဝရွာသည် အိမ်ခြေ ၆၃၀ ခန့် ရှိပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးသွား၍ နေအိမ် အလုံး (၂၀) မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် တာဝ၊ညောင်ကိုင်း၊ ကြာစီ၊ချင်းပုန်း၊ကပိုင်၊သီးကုန်း၊အင်ကြင်းပင်၊ ပေါက်ပန်းဖြူ၊ချောင်းကောက်၊ပန်းပထုံးရွာနှင့် ဟင်္သာကျေးရွာများမှ လူဦးရေတစ်သောင်း ကျော် စစ်ရှောင်နေရကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်းတိုင်း
#ယင်းမာပင်မြို့နယ်
#တာဝကျေးရွာ
#မီးရှို့သတ်ဖြတ်
😢8🤬6❤3👍2👏1
​​တရုတ်-သြစတြေးလျကုန်သွယ်ရေးစစ်ပွဲ ရပ်တန့်သွားမည့် အရိပ်အယောင် မရှိခြင်းကြောင့် အိန္ဒိယအတွက် အကျိုးအမြတ်ရှိနိုင်

သံတမန်ဆက်ဆံရေးတင်းမာမှုများ လျော့ပါးသွားသော်လည်း တရုတ် သို့မဟုတ် သြစတြေးလျ၏ မူဝါဒများမှာ ပြောင်းလဲမှုတစ်စုံတစ်ရာ မရှိသေးကြောင်း The Diplomat မဂ္ဂဇင်းက ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁4
ဒီတပတ်ရဲ့My india အစီအစဉ်မှာတော့

-ချက်တီစ်ဂတ် ယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက တတိယအကြိမ် အမျိုးသား မျိုးနွယ်စု အကပွဲတော်ကို ရိုင်ပူရ်မြို့မှာကျင်းပ

-အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗာရာဏသီက ကိုးကွယ်သူများက မင်္ဂလာဆောင်ရာသီနဲ့ တစ်ထပ်တည်းကျတဲ့ ဘာသာရေးပွဲတော် ‘-Tulsi Vivah’ကိုဆင်နွှဲဖို့အတွက် မြစ်ကမ်းနားမှာ ရေစိမ်ကြကာ ဘုရားစာများရွတ်ဖတ်ပူဇော်တဲ့မြင်ခွင်း

-မကြာမီထွက်ရှိတော့မယ့် ဘောလီးဝုဒ်ရုပ်ရှင် ‘​Uunchai’ရဲ့ဝိုင်းတော်သားများ အိန္ဒိယနိုင်ငံရဲ့ ရုပ်ရှင်မြို့တော် မွမ်ဘိုင်းမှာ ဒါရိုက်တာ ဆူရတ် ဘာဂျတယာနဲ့အတူ စျေးကွက်မြှင့်တင်ပွဲပြုလုပ်

-အိန္ဒိယနိုင်ငံ ချက်တီဂတ်ပြည်နယ်တွင်းက ရိုက်ကူးခြင်း၊တည်းဖြတ်ခြင်း၊သရုပ်ဆောင်ခြင်းများဖြင့် ရွာသားများ Youtube ပေါ်တွင် ဗီဒီယိုကျော်အမော်များဖြစ်လာ

-ကမ္ဘာ့နိုင်ငံအသီးသီးက ဖွံ့ဖြိုးတိုးတတ်မှုသတင်းတွေနဲ့ အခြားသတင်းတွေပါဝင်တဲ့ World In Focus အစီအစဉ်နဲ့တကွ

အခြားစိတ်ဝင်စားစရာ အစီအစဉ်ကောင်းများကို တင်ဆက်ပေးမှာပဲဖြစ်ပါတယ်။

https://youtu.be/x0BWtok1iAk
🤮3👍1
ဒီတပတ် South Asia Today အစီအစဉ်မှာတင်ဆက်မဲ့အကြောင်းအရာတွေကတော့

ကက်ရှမီးယားဒေသမှာရုပ်ရှင်ချစ်သူများ ရုံပြည့်ရုံလျှံအားပေး

ပါကစ္စတန်အစိုးရမှ လျှပ်စစ်မီး အထောက်အပံ့ရပ်ဆိုင်းလိုက်တဲ့အတွက် PoK မှာ ဆန္ဒပြ

အာဆမ်ပြည်နယ် ဘွန်ဂေဂါအွန်ဒေသတွင်ကာမာတာပူပွဲတော်ကို ကျင်းပ

ပါကစ္စတန်နိုင်ငံမှ သိမ်းပိုက်ထားတဲ့ကက်ရှမီးယားဒေသရဲ့ နေရာတိုင်းနီးပါးမှာ ပါကစ္စတန် ဆန့်ကျင်ဆန္ဒပြပွဲများ ဖြစ်ပွားနေ

https://youtu.be/iHDSKFtBT5k
🤮1
​​တရုတ်မိုးပျံပူဖောင်းဖြစ်ရပ်များကြောင့် ထိုင်ဝမ်နှင့်ထောက်လှမ်းရေးသတင်းများ ဖလှယ်ရန် လိုအပ်ဟု ဂျပန် ပြောကြား

ဂျပန်နှင့် ထိုင်ဝမ်တို့သည် ဖြစ်လာနိုင်ခြေရှိသော ဝေဟင်ခြိမ်းခြောက်မှုများနှင့်ပတ်သက်သည့် အရေးပါသော ထောက်လှမ်းရေးအချက်အလက်များကို ဖလှယ်ရန် လိုအပ်နေပြီဖြစ်ကြောင်းကို သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖောင်းများ ပျံသန်းနေမှုက အချက်ပြနေသည်ဟု ဂျပန်အာဏာရလစ်ဘရယ်ဒီမိုက ရက်တစ်ပါတီ၏ ကာကွယ်ရေးမူဝါဒရေးဆွဲသူတစ်ဦးက ပြောကြားလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1