Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဆားလင်းကြီးမြို့ရှိ အိမ်ခြေ ၆၀ ကျော်အတွက် မီးဖိုချောင်သုံးပစ္စည်းများ ကူညီထောက်ပံ့

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ကျေးရွာ တစ်ရွာရှိ စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခံထားရသည့် အိမ်ခြေ ၆၀ ကျော်အား အညာပစ်တိုင်းထောင်များ အဖွဲ့မှ (၆) ကြိမ်မြောက် မီးဖိုချောင်သုံးပစ္စည်းများနှင့် အဝတ်ထည်များကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ သွားရောက် ကူညီထောက်ပံ့ပေးခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။
🥰6👍2🔥1😁1
ဆားလင်းကြီးမြို့နယရှိ ကျေးရွာ တစ်ရွာတွင် မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေ ၆၅ အိမ်အား တစ်အိမ်ထောင်လျှင် ဒန်အိုး တစ်လုံး၊ ဒယ်အိုး တစ် လုံး၊ ဇလုံ နှစ်လုံး၊ ဇွန်း သုံးချောင်း၊ ကြွေအုပ် တစ်လုံး၊ ဖလား တစ်လုံး၊ ရေခွက် တစ်လုံး၊ ဆန် တစ်ပြည် ဆီ ၅၀ သား တို့ကို ပေးအပ်လှူဒါန်းပေးခဲ့သည်ဟု သိရ သည်။
ယင်း အညာပင်တိုင်းထောင်လေးများ အဖွဲ့သည် စစ်အာဏာရှင် တော်လှန်ရေးနှင့် စစ်ကောင်စီတပ် လက်ချက်ကြောင့် အကြမ်းဖက်ခံရသည့် ဒေသခံများကို ကူညီပေးနေသည့် အဖွဲ့ တစ်ခုလည်း ဖြစ်သည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အညာပင်တိုင်းထောင်လေးများ
#ဆားလင်းကြီးမြို့နယ်
#မီးရှို့
#စစ်ကောင်စီတပ်
❤3👍1🔥1😁1
Media is too big
VIEW IN TELEGRAM
Zoom Fan Meeting ပြုလုပ်ခဲ့တဲ့ မင်းသမီး Alia Bhatt

Full Video Link - https://youtu.be/v2P1wYDo_J4

#entertainmentnews
#celecity #mizzimaplushd
#internationalnews
#reels
#shorts
👍6😁2❤1
ဖေဖော်ဝါရီလ (၂၅) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်

ဘုရားသုံးဆူမြို့ ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ စီးနင်းတိုက်ခိုက်ခဲ့တဲ့သတင်းနဲ့အတူ

မဏိပူပြည်နယ်အတွင်း မြန်မာစစ်ဘေးရှောင်တချို့ နှင်ထုတ်ခံရမယ့် အရေးကြုံတွေ့နေရတဲ့သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ တပတ်အတွင်း နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ တပတ်အတွင်း စီးပွားရေးသတင်းတွေကို နားဆင်ကြရမှာပါ။

https://youtu.be/bAvzrEGUFqc
👍3😁2
Media is too big
VIEW IN TELEGRAM
မကြာခင် အဖွဲ့ဝင်အားလုံး အတူတွေ့ရမဲ့ Exo Group ရဲ့၁၁ နှစ်ပြည့်ဖျော်ဖြေပွဲ

Full Video Link - https://youtu.be/v2P1wYDo_J4

#entertainmentnews
#celecity
#mizzimaplushd
#internationalnews
#reels
#shorts
🍌1
Media is too big
VIEW IN TELEGRAM
Asia Tour ပြုလုပ်မဲ့ F4 Thailand မှသရုပ်ဆောင်များ

Full Video Link - https://youtu.be/v2P1wYDo_J4

#entertainmentnews
#celecity #mizzimaplushd
#internationalnews #reels #shorts
🍌2👍1
Media is too big
VIEW IN TELEGRAM
K drama အဖြစ် ပြန်လည်ရိုက်ကူးတော့မယ့် Breaking Bad

Full Video Link - https://youtu.be/v2P1wYDo_J4

#entertainmentnews
#celecity #mizzimaplushd
🍌2👍1
ကေအိုင်အို နှင့် NUG တို့ ပူးပေါင်းဖွင့်ထားသည့် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် ပထမဆုံးဘွဲ့ နှင်းသဘင်ကျင်းပ

အဂမ်
မဇ္ဈိမ။ ။ ကေအိုင်အို နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့ ပူးပေါင်းဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် Kachin State Comprehensive University (KSCU)၏ ပထမဆုံးသော ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့ ဖေဖော်ဝါရီလ ၂၅ရက် နံနက်ပိုင်းက ကေအိုင်အိုဌာနချုပ်တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်( KSCU )၏ ဝိဇ္ဇာ - တက္ကသိုလ်က ဖွင့်လှစ်ခဲ့သည့် အဝေးသင်ပညာရေးအစီအစဉ်၌ တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူများနှင့် ကြားကာလ မြစ်ကြီးနားတက္ကသိုလ်ကောင်စီက ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းအခြေပြု ပညာရေးအစီအစဉ်တွင် တက်ရောက်လေ့လာပြီး နောက်ဆုံးနှစ် စာမေးပွဲ အောင်မြင်ခဲ့သူများကို ဘွဲ့ချီးမြှင့်ဂုဏ်ပြုသည့် ခမ်းအနားဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
❤15👍6🔥3😁1
ထိုဘွဲ့နှင်းသဘင်အခမ်းအနားကို ကေအိုင်အိုဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ Sinpraw Majoi ခမ်းမတွင်ကျင်းပခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး ဂွမ်မော်က "ကျွန်ုပ်တို့နိုင်ငံသားများအနေဖြင့် မိမိကံကြမ္မာ မိမိဖန်တီးနိုင်ဖို့အတွက် ကြိုးစားနေကြရဆဲဖြစ်သည်။ ပြည်ထောင်စုတစ်ဝန်း တစ်ခဲနက် ပြိုင်တူဆင်နွှဲနေကြသော တော်လှန်ရေးကြီး၌ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူငယ်များ၊ CDM ဝန်ထမ်းများ ကြီးမားကျယ်ပြန့်စွာ ပါဝင်နေကြသည်။ သင်တို့သည်လည်း သမိုင်းပေးတာဝန်များကို ထမ်းဆောင်ကြရတော့မည် ဖြစ်ပေသည်” ဟု မိန်းခွန်းပြောကြားခဲ့သည်။
ယနေ့ဘွဲ့ယူခဲ့ကြသူများမှာ မဟာဝိဇ္ဇာဘွဲ့ မြန်မာစာအထူးပြု တစ်ဦး၊ သိပ္ပံဘွဲ့ဖြစ်သည့် ဓာတုဗေဒအထူးပြု တစ်ဦး၊ ဝိဇ္ဇာဘွဲ့များဖြစ်သည့် မြန်မာစာအထူးပြု ခြောက်ဦး၊ အင်္ဂလိပ်စာအထူးပြု ကိုးဦး၊ သမိုင်းအထူးပြု ၁၇ ဦး ၊ ပထဝီအထူးပြု ခြောက်ဦး၊ စိတ်ပညာအထူးပြု ၁၈ ဦး၊ ဒဿနိက ဗေဒအထူးပြု နှစ်ဦး၊ ဥပဒေပညာအထူးပြု သုံးဦးနှင့် စီးပွားရေးပညာအထူးပြု တစ်ဦး စုစုပေါင်း ၆၄ ဦး တို့ဖြစ်သည်ဟု သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#ကချင်ပြည်နယ်
#KIO
#NUG
#ပညာရပ်စုံတက္ကသိုလ်
#ဘွဲ့နှင်းသဘင်
👍15❤7🔥2😁1
Weekend News Roundup

-မြန်မာအရေး ဘုံသဘောတူညီချက် ၅ချက်ကို တရုတ်ထောက်ခံမှု အာဆီယံကြိုဆိုပေမယ့် အနောက်နိုင်ငံတွေကတော့ အာဆီယံရဲ့နည်းလမ်းဟာ အလုပ်မဖြစ်ဟုဆို တဲ့သတင်း

-သေဒဏ်စီရင်ရာမှာပါဝင်သူများ၊ လက်နက်ပွဲစားများနှင့် လေယာဉ်ဆီ တင်သွင်းသူများ အပါအဝင် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွှယ်သူ၊ အဖွဲ့အစည်းများအပေါ် အီးယူ ပိတ်ဆို့အရေးယူတဲ့ သတင်း

-ရုရှားဟာအထိနာနေပြီဖြစ်ကြောင်းနဲ့ ယူကရိန်းကို ပိုမိုကူညီဖို့ IMF ကို G7 ဖိအားပေး တဲ့သတင်း

-ယူကရိန်းကနေ ရုရှားကိုဆုတ်ခွာဖို့ တောင်းဆိုကြောင်း ကုလသမဂ္ဂမှာမဲခွဲဆုံးဖြတ် တဲ့သတင်း

-တရုတ်အစိုးရက စစ်ကောင်စီကို အထူးရန်ပုံငွေစီမံကိန်း ၉၂ခု ပေးအပ်
တဲ့ သတင်း

-ဘဏ္ဍာနှစ်၁၀လအတွင်း လေယာဉ်ဆီ အပါအဝင် ရေနံထွက်ပစ္စည်း ဒေါ်လာ ၄ ဘီလီယံကျော်ထိ အများဆုံးတင်သွင်းခဲ့ဟု စစ်ကောင်စီဆိုတဲ့ သတင်း

https://youtu.be/v43bVVsYrSk
👏6👍5😁1