Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
​​တရုတ်က ထိုင်ဝမ်အပေါ် နိုင်ငံရေးနှင့်စစ်ရေး ခြိမ်းခြောက်မှုများ ဆက်လက်ပြုလုပ်နိုင်ကြောင်း ပြည်မကြီးရေးရာကောင်စီ ပြောကြား

တရုတ်က ထိုင်ဝမ်အား ၎င်း၏ အစိတ်အပိုင်းဖြစ်လာစေရန် နိုင်ငံရေးနှင့် စစ်ရေးအရ ခြိမ်းခြောက်မှုများအပြင် နှစ်နိုင်ငံပေါင်းစည်းရေးကို ထောက်ခံသော ထိုင်ဝမ် ပြည်သူများကိုပါ ဆက်လက်အသုံးပြုသွားဖွယ်ရှိကြောင်း ပြည်မကြီးရေးရာကောင်စီ (MAC) က ဖေဖော်ဝါရီလ ၂၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤮2😁1
​​ထိုင်းတွင် ဝီဂါတစ်ဦးသေဆုံးပြီးနောက် အကျဉ်းသားများအား ပိုမိုကောင်းမွန်စွာ ထားပေးရန် အင်န်ဂျီအိုအဖွဲ့များ တောင်းဆို

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသော ဝီဂါအကျဉ်းသား ၁ ဦးသည် ပြင်းထန်စွာ နာမကျန်းဖြစ်ပြီး ယခုလအတွင်း ဘန်ကောက်မြို့ရှိ ရဲဆေးရုံတွင် သေဆုံးသွားပြီးနောက် ထိနိးသိမ်းခံထားရသော ဒါဇင်နှင့်ချီသည့် ဝီဂါများအား ပိုမိုကောင်းမွန်စွာ ထားပေးရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများက ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်များကို တောင်းဆိုလိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁2👍1🤔1
အမေရိကန် နိုင်ငံခြားရေးဌာနနှင့် သမ္မတအိမ်ဖြူတော်ရှေ့သို့ မြန်မာ့အရေး တောင်းဆို ဆန္ဒပြချီတက်

မဇ္ဈိမ
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတ အိမ်ဖြူတော်၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တို့တွင် မြန်မာ့အရေးလှုပ်ရှားသူများက ယနေ့ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းက မြန်မာ့အရေး တောင်းဆိုချီတက် ဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြတောင်းဆိုသူများက မြန်မာနိုင်ငံတွင် လေယာဉ်မပျံသန်းရဇုန် No Fly Zone သတ်မှတ်ရန်၊ စစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူရန် တောင်းဆိုခဲ့ကြသည်။
ဝါရှင်တန်ဒီစီ ဧရိယာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့်အတူ နယူးယောက် အင်ဒီယားနား မေရီလန်း ဗာဂျီးနီးယား မြောက်ကယ်ရိုလိုင်းနား တင်နက်စီ ကင်တက်ကီ အမေရိကန်ပြည်ထောင်စုတဝှမ်းရှိ ပြည်နယ်အများအပြားမှ မြန်မာပြည်ဖွား တိုင်းရ်ငးသားပေါင်းစုံ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြ ချီတက်ပွဲကို အမေရိကန်ပြည်ထောင်စု၊ ဒေသစံတော်ချိန် နေ့လည်၁နာရီမှ ညနေ ၅နာရီထိကျင်းပခဲ့ပြီး ချီတက်ပွဲနှင့်အတူ No Fly Zone သရုပ်ပြအစီစဉ်များကိုလဲ ထည်သွင်းကျင်းပခဲ့သည်။
#စစ်အာဏာရှင်
#ဆန္ဒပြ
#အမေရိကန်မြန်မာ့အရေး
❤16👍11👏1😁1🤮1
​​လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများအား ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် သတ်မှတ်ထား

မေဘယ်လ်သူ
မဇ္ဈိမ။ ။လျှပ်စစ်သုံးယာဥ်နှင့် ဆက်စပ်လုပ်ငန်းများအား စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့၏ အတည်ပြုချက်ဖြင့် ဦးစားပေးရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ်သတ်မှတ်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင် (MIC)က ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၄၃ နှင့် ပုဒ်မ ၁၀၀ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သတ်မှတ်ခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
အဆိုပါကဏ္ဍတွင် လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်/ ထုတ်လုပ်/ ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ၊ အားဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘက္ထရီထုတ်ခြင်းနှင့် ဆက်စပ်ဝန် ဆောင်မှုလုပ်ငန်းများ၊ လျှပ်စစ်သုံး ဘတ်စ်ကားပြေးဆွဲခြင်း၊ လျှပ်စစ်သုံးအငှားယာဉ် (Taxi)နှင့် ကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လျှပ်စစ်သုံးယာဉ် ကိုယ်ထည်အစိတ်အပိုင်း၊ ဆက်စပ်ပစ္စည်းနှင့် စက်ကိရိယာများ၊ ပြုပြင်ထိန်း သိမ်းခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ နှစ်ဘီးတပ်ယာဉ်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း / စက်ကိရိယာများ၊ လျှပ်စစ်နှင့် ဒီဇယ်-လျှပ်စစ် မီးရထားစက်ခေါင်း၊ အားသွင်းခြင်းဆိုင်ရာစသည့် ဆက်စပ်ပစ္စည်းစက် ကိရိယာ အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းလည်း ပါဝင်ကြောင်း သိရသည်။
လျှပ်စစ်သုံးယာဉ် (Battery Electric Vehicle –BEV) တင်သွင်းရောင်းချမည့် ကုမ္ပဏီများအနေဖြင့် ကျပ်သိန်း ၅၀၀ ပေးသွင်းနိုင်ကြောင်း ဘဏ်အာမခံချက် တင်ပြရမည်ဟု စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#လျှပ်စစ်သုံးယာဉ်
#စစ်ကောင်စီ
#ရင်းနှီးမြှုပ်နှံမှု
👍6🤩1
မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူး ပစ်သတ်ခံရ

007
မဇ္ဈိမ။ ။ မန္တလေးမြို့တွင် ယမန်နေ့ညနေပိုင်းက မြစ်ငယ်မီးရထားရဲတပ်ဖွဲ့မှ ဒုရဲမှူးအဆင့်ရှိသူတစ်ဦး ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဋ)ရပ်ကွက်၊ ၄၄ လမ်းနှင့် ၁၃၆ လမ်းထောင့်အနီးရှိ၊ အိမ်ခြံမြေပွဲစား အမျိုးသမီးတစ်ဦး၏နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ် ခန့်တွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
“အသတ်ခံရတဲ့ရဲမှူးက အဲဒီအိမ်ကို မကြာခဏလာလေ့ရှိတယ်။ သူတို့က သီးသီးသန့်သန့်နေကြတာဆို တော့ သူတို့အကြောင်း သိပ်မသိကြဘူး။ အဲဒီအိမ်ကအစ်မက မြေပွဲစားဆိုတာလောက်ပဲသိတယ်။ မနေ့က ညမိုးချုပ်စလေးပဲရှိသေးတယ် သေနတ်သံသုံးလေးချက်ဆက်တိုက်ကြားရပြီး၊ နောက်တော့သိရတာက အဲဒီအိမ် အလည်လာတဲ့ရဲမှူး အသတ်ခံရတာတဲ့၊ ပွဲချင်းပြီးသေတာပါ” ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အသတ်ခံရသည့်ဒုရဲမှူးသည် အမှတ်(၆)မီးရထားရဲတပ်ဖွဲ့(မြစ်ငယ်)မှ တပ်ခွဲမှူးအဆင့်ရှိသော ဒုရဲမှူး ဝင်းမင်းသန့်ဆိုသူဖြစ်ကြောင်း သိရသည်။
❤5👍4🥴3
၎င်းအသတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သွားသည်ကို မသိရသေးဘဲ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင် ဓားပြတိုက်မှုဖြစ်ကြောင်း၊ အမည်မသိ လူရှစ်ဦးက သေနတ်အတို တစ်လက်နှင့် ဓားများကိုင်ဆောင်ကာ နေအိမ်အတွင်း ဝင်ရောက်ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဖော်ပြ သည်။
၎င်းအား သေနတ်ဖြင့်သုံး ချက်ပစ်သွားခြင်းဖြစ်ပြီး၊ ဦးခေါင်းငယ်ထိပ်ကျည်ဆန်ဖောက်ဝင်ဒဏ်ရာ၊ ဝဲ ခါး စောင်းမှဖောက်ဝင်ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့မှဖောက်ဝင်ဒဏ်ရာတို့ဖြင့်၊ နေရာမှာပင်သေဆုံးသွားခြင်း ဖြစ်ကြောင်း၊ ၎င်းကိုင်ဆောင်သည့် ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် ၁၈ တောင့်နှင့် စကားပြောစက် တစ်လုံးယူဆောင်သွားကြောင်း အဆိုပါသတင်းများက ဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#မြစ်ငယ်မီးရထားရဲတပ်ဖွဲ့
#ဒုရဲမှူး
👍7🔥2❤1👏1
❤2👍2🔥1😁1
ကနီနှင့် မြိုင်တွင် ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း ကျဆုံးခြင်း ၁ နှစ်ပြည့် ပြုလုပ်

ဂန္ဒမာ(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နှင့် မကွေးတိုင်း၊ မြိုင်မြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၂၅ ရက် နေ့က အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဋ္ဌဟောင်း ကိုညီမင်းသူ ကျဆုံးခြင်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြိုင်မြို့နယ်တွင်ပြုလုပ်သော စစ်အာဏာရှင်စနစ်ဆန့်ကျင့်ရေးလှုပ်ရှားမှု၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများဖြစ်သော မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အခြေခံ ပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)နှင့် ဒေသခံလူထုတို့ပူးပေါင်းပါဝင်ခဲ့ကြပြီး ကနီမြို့နယ်တွင် ကျောင်းသားများသမဂ္ဂ (ဗကသ များအဖွဲ့ချုပ်)က ပြုလုပ်ကြောင်း သိရသည်။
ကိုညီမင်းသူသည် မရမ်းကုန်းမြို့နယ်ရှိ Safe House တစ်ခုတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်း ခြင်းခံခဲ့ရပြီး နေရာတွင်ပင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မကွေးတိုင်း
#ကနီမြို့နယ်
#မြိုင်မြို့နယ်
#ဗကသများအဖွဲ့ချုပ်
👍8🔥1😁1