အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့တွင် မြန်မာ့အရေးအတွက် တောင်းဆိုဆန္ဒပြ
ဂျူနို
(မဇ္စျိမ)။ ။အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ သမ္မတအိမ်ဖြူတော်ရှေ့တွင် အမေရိကန်ရောက် မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံမှ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မြန်မာ့အရေးအတွက် တောင်းဆို ဆန္ဒပြကြသည်။
ဆန္ဒပြတောင်းဆိုသူများက End Deadly Air Strike (လေယာဥ်ဖြင့် ဗုံးကြဲခြင်းကို အဆုံးသတ်ရေး)၊ Impose No Fly Zone in Myanmar (လေယာဥ်မပျံသန်းရနယ်မြေသတ်မှတ်ရေး ၊ Reject Junta’s Sham Election (စစ်ကောင်စီ၏ ရွေးကောက်ပွဲကြိုးပမ်းမှုကို ဆန့်ကျင်ရေး)တို့အား တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံခြားရေးရုံးမှစတင်ပြီး သမ္မတနေထိုင်ရာ White House သို့ ရာသီဥတု ဆိုးရွား သည့်ကြားမှ ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

👍11🤮1🤣1
ဆန္ဒပြပွဲတွင် ကချင်၊ ကရင်၊ ချင်း၊ ရခိုင်၊ ဗမာတိုင်းရင်းသားခေါင်းဆောင်များသာမက American Baptist Churches မှ Mrs. Joan Friesen ကလည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းတမ်းယုတ်မာသော လေယာဉ် ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို ရပ်တန်းကရပ်ရန် တခဲနက်တောင်းဆိုခဲ့ကြသည်။
အဆိုပါဆန္ဒပြပွဲတွင် စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကို ရက်စက်စွာဗုံးကြဲသတ်ဖြတ်မှုကို ဖော်ထုတ် သရုပ်ဖော်သည့် ပြဇာတ်လည်း အိမ်ဖြူတော်ရှေ့၌ တင်ဆက်ပြသခဲ့သည်။
ဆန္ဒပြပွဲအပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထိန် လင်းအောင်နှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းသားခေါင်းဆောင်များတွေ့ဆုံဆွေးနွေးပွဲကို NUG ရုံးခန်း၌ ပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်ကို ရှေ့ဆက်တော်လှန်ရေး၌ ပိုမိုထိရောက်စွာ ပူးပေါင်းလုပ်ဆောင်ကြမည့် အရာများကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#သမ္မတအိမ်ဖြူတော်
#မြန်မာ့အရေး
#တောင်းဆိုဆန္ဒပြ

👍16😁1🤮1
စက်တင်ဘာ ၁၁ တိုက်ခိုက်မှုမှ နစ်နာသူများ အာဖဂန်ဗဟိုဘဏ်ပိုင်ငွေကြေးများကို ရယူခွင့်မရှိဟု အမေရိကန်တရားရုံး ဆုံးဖြတ်
အမေရိကန်၌ ဖြစ်ပွားခဲ့သော ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် ထိခိုက်နစ်နာခဲ့ရသူများအနေဖြင့် အာဖဂန်နစ္စတန်ဗဟိုဘဏ် (DAB) ကပိုင်ဆိုင်သည့် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံကို ရပိုင်ခွင့်မရှိကြောင်း အမေရိကန်တရားသူကြီးတစ်ဦးက ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဆုံးဖြတ်လိုက်သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍7😁2
ထန်တလန်မြို့တိုက်ပွဲအတွင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး ကျဆုံး
ပါခွီး
မဇ္စျှိမ ။။ ချင်းပြည်နယ် ၊ ထန်တလန်မြို့တွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ရက်က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့်တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်မတော် (CNA)ရဲဘော်တစ်ဦးနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) (CDF – Thantlang)ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်းသိရသည်။
အင်အား ၇၀ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့များက ၎င်းတို့ တပ်စွဲထားသည့်နေရာမှ ထန်တလန်မြို့အတွင်းသို့ ဆင်းလာသည့်အတွက် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက မဇ္စျိမကိုပြောသည်။ကျဆုံးခဲ့သော ရဲဘော်နှစ်ဦးမှာ CNA တပ်ဖွဲ့မှ Salai Zakhariah နှင့် CDF – Thantlang မှ Salai Lian Bawi တို့ဖြစ်ကြောင်းသိရသည်။
“စစ်ကောင်စီတပ်က လေကြောင်းကနေလည်း ဗုံးကြဲတယ်။ တပ်ကုန်းကနေဆင်းလာတဲ့အတွက်တိုက်ပွဲဖြစ်ခဲ့တာပါ။ ကျနော်တို့ဖက်က ဒရုန်းနဲ့ ဗုံးချပြီးပြန်တိုက်ခဲ့တဲ့အတွက် သူတို့ရဲ လက်နက်ကြီးတစ်လက်ပျက်စီးသွားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မြေပြင်ထိုးစစ်အပြင် ဂျက်တိုက်လေယာဉ်ဖြင့် မနက် ၄နာရီ ၊ ၇နာရီနှင့် ၈နာရီ တို့တွင် စုစုပေါင်း ၁၃ကြိမ် ချင်းတပ်ဖွဲ့များ ရှိမည့်ထင်သည့်နေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ထို့အပြင် စစ်ကောင်စီက ဟားခါးမြို့ဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၈ရက် ညက ထန်တလန်မြို့ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို CNA နှင့် CDF – Thantlang တို့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး လက်နက်မျိုးစုံ ၄၀ကျော်နှင့် ခဲယမ်းများသိမ်းယူခဲ့သည်။ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ချင်းတပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - မောင်ကြီး
#ချင်းပြည်နယ်
#ထန်တလန်မြို့
#ချင်းအမျိုးသားတပ်မတော်
#ချင်းကာကွယ်ရေးတပ်ဖွဲ့

👍13😢7🔥1👏1
ခင်ဦးမြို့နယ်တွင်စစ်ကြောင်း ၂ ခု တပြိုင်တည်းထိုးနေပြီးကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ
https://youtu.be/gJZUGUu9msA
https://youtu.be/gJZUGUu9msA
YouTube
ခင်ဦးမြို့နယ်တွင်စစ်ကြောင်း ၂ ခု တပြိုင်တည်းထိုးနေပြီးကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ
ခင်ဦးမြို့နယ်တွင် စစ်ကြောင်း ၂ ခု တပြိုင်တည်းထိုးနေပြီး ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေး တိမ်းရှောင်နေရ
(ရုပ်သံ)
KMN
မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၆ ရက် မနက်ကပြီး စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းနှစ်ခုတပြိုင်တည်းထိုးတာကြောင့်…

🔥7👍3🤬2👏1
ဆန်စျေးနှုန်းတက်လာတဲ့နောက် ဘာတွေကြုံနေရလဲ
မဇ္ဈိမ။ ။နွေစပါးပေါ်ချိန် မရောက်ခင်မှာပဲ ဆန်စျေးနှုန်းကြီးမြင့်လာတဲ့ အခြေအနေကို ကြုံတွေ့နေကြ ရပါတယ်။ ဆန်စပါးစျေးဟာ အခုဖေဖော်ဝါရီလထဲမှာ တဟုန်ထိုးစျေးတက်လာတာပါ။
ဇန်နဝါရီလလယ်လောက်က ကျပ် ၅၀,၀၀၀ ကျော်ပေးဝယ်ရတဲ့ ဆန်ကြမ်းတစ်အိတ်ဟာ လက်ရှိမှာ ကျပ် ၇၀,၀၀၀ ကျော်အထိစျေးမြင့်တက်လာခဲ့ပြီး ဆန်ချောတစ်အိတ်ကို ကျပ် ၇၀,၀၀၀ ကနေ ၉၀,၀၀၀ ကျော် အထိ စျေးမြင့်တက်လာတာဖြစ်ပါတယ်။
ဆန်စျေးတက်လေ့ရှိတဲ့ မိုးရာသီမရောက်ခင်မှာပဲ အခုလိုစျေးနှုန်းကြီးမြင့်လာခြင်းကို စပြီးကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ ဆန်စျေးတက်ခြင်းကြောင့် တောင်သူတွေ၊ ဆန်ကုန်သည်တွေနဲ့ ပြည်သူတွေဘာတွေ ကြုံ တွေ့နေရလဲဆိုတဲ့အကြောင်း မေးမြန်းတင်ဆက်ထားပါတယ်။
https://youtu.be/5kKCMFf5ces

စိုင်းခန့်၊ ရွှေနွယ်
မဇ္ဈိမ။ ။နွေစပါးပေါ်ချိန် မရောက်ခင်မှာပဲ ဆန်စျေးနှုန်းကြီးမြင့်လာတဲ့ အခြေအနေကို ကြုံတွေ့နေကြ ရပါတယ်။ ဆန်စပါးစျေးဟာ အခုဖေဖော်ဝါရီလထဲမှာ တဟုန်ထိုးစျေးတက်လာတာပါ။
ဇန်နဝါရီလလယ်လောက်က ကျပ် ၅၀,၀၀၀ ကျော်ပေးဝယ်ရတဲ့ ဆန်ကြမ်းတစ်အိတ်ဟာ လက်ရှိမှာ…

🔥3👍1
ရွေးကောက်ပွဲကျင်းပမည့်ရက်ကြေညာရန် ကော်မရှင်ကိုဖိအားပေးသည့် ပါကစ္စတန်သမ္မတ ဝေဖန်ခံရ
ပါကစ္စတန်သမ္မတ အရစ်ဖ်အယ်လ်ဗီသည် ခိုက်ဘာပက်ခ်တွန်ခဝါနှင့် ပန်ဂျပ်ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို ကြေညာရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဖိအားပေးကာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ အကြံပေးချက်အတိုင်းလုပ်ဆောင်သည်ဟု အာဏာရညွန့်ပေါင်းဝန်ကြီးများ၏ စွပ်စွဲပြစ်တင်မှုကို ခံနေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
ပါကစ္စတန်သမ္မတ အရစ်ဖ်အယ်လ်ဗီသည် ခိုက်ဘာပက်ခ်တွန်ခဝါနှင့် ပန်ဂျပ်ပြည်နယ်လွှတ်တော်များအတွက် ရွေးကောက်ပွဲ ကျင်းပမည့်ရက်များကို ကြေညာရန် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ကို ဖိအားပေးကာ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း၏ အကြံပေးချက်အတိုင်းလုပ်ဆောင်သည်ဟု အာဏာရညွန့်ပေါင်းဝန်ကြီးများ၏ စွပ်စွဲပြစ်တင်မှုကို ခံနေရသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥1
အာဆီယံ အခက်တွေ့နေသည့် မြန်မာ့အကျပ်အတည်းကို အမေရိကန် ဦးဆောင်ဖြေရှင်းရလိမ့်မည်
မြန်မာတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်မှုများက ယခုဆိုလျှင် တတိယမြောက်နှစ်ထဲ ရောက်လာပြီ ဖြစ်ပြီး ပြေလည်အောင် ဖြေရှင်းနိုင်ရန် လမ်းမမြင်နိုင်ဘဲ ရှိနေစဉ် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ထိုအကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်မည့် အလားအလာရှိသော မဟာဗျူဟာ ရှိမနေဘဲ ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
မြန်မာတွင် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်တော်လှန်မှုများက ယခုဆိုလျှင် တတိယမြောက်နှစ်ထဲ ရောက်လာပြီ ဖြစ်ပြီး ပြေလည်အောင် ဖြေရှင်းနိုင်ရန် လမ်းမမြင်နိုင်ဘဲ ရှိနေစဉ် နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ထိုအကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်မည့် အလားအလာရှိသော မဟာဗျူဟာ ရှိမနေဘဲ ဖြစ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁4😢1
အမေရိကန်နှင့်တရုတ်တို့ ထုတ်လုပ်တင်ပို့ရောင်းချမှုဖူလုံရေးတွက် ဆက်လက်ယှဉ်ပြိုင်
အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်၏ ထုတ်လုပ်တင်ပို့ရောင်းချမှုကို ကန့်သတ်ရန်၊ တရုတ်သို့ အဆင့်မြင့်နည်းပညာများ တင်ပို့မှုကို တားမြစ်ရန်နှင့် တရုတ်ကို အလွန်အမင်း မှီခိုနေရသော နယ်ပယ်များတွင် တခြားသော ကုန်သွယ်ဖက်များ များပြားလာစေရန် ကြိုးစားရင်း ၎င်း၏ ထုတ်လုပ်ဖြန့်ဖြုးရောင်းချမှုကို ခိုင်မာစေမည့်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ဟု Washington Times တွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
အမေရိကန်သည် ၂၀၂၃ ခုနှစ်တွင် တရုတ်၏ ထုတ်လုပ်တင်ပို့ရောင်းချမှုကို ကန့်သတ်ရန်၊ တရုတ်သို့ အဆင့်မြင့်နည်းပညာများ တင်ပို့မှုကို တားမြစ်ရန်နှင့် တရုတ်ကို အလွန်အမင်း မှီခိုနေရသော နယ်ပယ်များတွင် တခြားသော ကုန်သွယ်ဖက်များ များပြားလာစေရန် ကြိုးစားရင်း ၎င်း၏ ထုတ်လုပ်ဖြန့်ဖြုးရောင်းချမှုကို ခိုင်မာစေမည့်အစီအစဉ်များကို အကောင်အထည်ဖော်ရန် ဆက်လက်လုပ်ဆောင်သွားလိမ့်မည်ဟု Washington Times တွင် ဖော်ပြထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4🔥2
ဟောင်ကောင်နှင့်ရှင်ကျန်းဆိုင်ရာမှတ်တမ်းများအပေါ် ကုလသမဂ္ဂကြားနာပွဲ၌ တရုတ်က ကာကွယ်ပြောဆို
တရုတ်သံတမန်များသည် ကုလသမဂ္ဂအစည်းအဝေး၌ လူ့အခွင့်အရေးထောက်ခံသူများနှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် ဟောင်ကောင်နှင့် မွတ်စလင်လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
တရုတ်သံတမန်များသည် ကုလသမဂ္ဂအစည်းအဝေး၌ လူ့အခွင့်အရေးထောက်ခံသူများနှင့် ထိပ်တိုက်တွေ့ဆုံချိန်တွင် ဟောင်ကောင်နှင့် မွတ်စလင်လူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏4😁2
ကိုဗစ်ဆိုင်ရာ အသွားအလာပိတ်ဆို့မှု ဖြေလျှော့လိုက်သော်လည်း တရုတ်သို့ ဂျာမနီပို့ကုန် ကျဆင်း
တရုတ်က တင်းကျပ်သော ကိုဗစ် လုံးဝကင်းစင်ရေး မူဝါဒကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရုတ်တရက် ပယ်ဖျက်ခဲ့ပြီးနောက် တရုတ်နှင့်ကုန်သွယ်မှုပြန်လည်ဦးမော့ရေးဟူသော ဂျာမနီတင်ပို့သူများ၏ မျှော်လင့်ချက်များသည် ယခုနှစ်စတွင် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဖက်ဒရယ်စာရင်းအင်းရုံး၏ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ်ပြန်သော အချက်အလက်များက ပြသနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
တရုတ်က တင်းကျပ်သော ကိုဗစ် လုံးဝကင်းစင်ရေး မူဝါဒကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ရုတ်တရက် ပယ်ဖျက်ခဲ့ပြီးနောက် တရုတ်နှင့်ကုန်သွယ်မှုပြန်လည်ဦးမော့ရေးဟူသော ဂျာမနီတင်ပို့သူများ၏ မျှော်လင့်ချက်များသည် ယခုနှစ်စတွင် အကောင်အထည်မဖော်နိုင်ခဲ့ကြောင်း ဖက်ဒရယ်စာရင်းအင်းရုံး၏ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ထုတ်ပြန်သော အချက်အလက်များက ပြသနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2😁1
ရဲတပ်ကြပ်(၁)ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ်၊ဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha တပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၆ရက် ယနေ့တွင် ထုတ်ပြန်သည်။
ရဲတပ်ကြပ်တစ်ဦးသည် G3 သေနတ်တစ်လက်၊ ကျည်အိမ်လေးခု၊ကျည်ဆန်အချို့ယူဆောင်လာပြီး ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းCDF – Hakhaထုတ်ပြန်ထားသည်။
အဆိုပါ ရဲတပ်ကြပ်အား ချီးမြှင့်ငွေ ၃၀၀၀၀၀၀ (သိန်းသုံးဆယ်) ကို ပေးအပ်ပြီး လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့ကလည်း ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ တပ်သားနှစ်ဦးသည် MA 3 သေနတ်တစ်လက် ၊ MA 1သေနတ်တစ်လက် ၊ ကျည်ဆံ ၊ ဗုံးသီးများနှင့်အတူ CDF – Hakha တပ်ဖွဲ့သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
CDF – Hakah ထံသို့ ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့မှ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၄၀ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
စာတည်း - မောင်ကြီး
#ဟားခါးမြို့
#ရဲတပ်ကြပ်တစ်ဦး
#အလင်းဝင်

👍9👏5😁2❤1
ကရင်ပြည်နယ်မှ စစ်ရှောင်းများအတွက် အဝတ်အထည်နှင့်ရိက္ခာများ လှူဒါန်း
မဇ္စျိမ။ ။ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသော နေရာများမှ စစ်ဘေးရှောင်များနှင့် ကရင်တိုင်းရင်း သားရွာသူရွာသားများ၊ KNU စီမံအုပ်ချုပ်နယ်မြေတွင်ခိုလှုံနေသော CDM ဝန်ထမ်းမိသားစုများအား စားနပ် ရိက္ခာနှင့် အဝတ်အထည်များ လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဝတ်အထည်နှင့်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကို ကိုရဲမင်း(AAC)မဟာမိတ်အဖွဲ့မှဦးဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်” မှ အနုပညာရှင်အချို့နှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထိုင်းဘတ်ငွေတစ်သိန်းကျော်ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆေးဝါးများ၊ စောင် ၊ခြင်ထောင် နှင့် ရိက္ခာပစ္စည်းများ ဝယ်ယူကာ နေရာသုံးခုအား ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#စစ်ဘေးရှောင်
#ကူညီကယ်ဆယ်ရေး
#KNU
(ပုံသတင်း)

❤12👍6😁2