ရဲတပ်ကြပ်(၁)ဦး လက်နက်နှင့်အတူ CDF – Hakha ထံ အလင်းဝင်
ပါခွီး
မဇ္စျိမ ။။ ချင်းပြည်နယ်၊ဟားခါးမြို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ်တစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူအလင်းဝင်လာကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး) CDF – Hakha တပ်ဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၂၆ရက် ယနေ့တွင် ထုတ်ပြန်သည်။
ရဲတပ်ကြပ်တစ်ဦးသည် G3 သေနတ်တစ်လက်၊ ကျည်အိမ်လေးခု၊ကျည်ဆန်အချို့ယူဆောင်လာပြီး ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းCDF – Hakhaထုတ်ပြန်ထားသည်။
အဆိုပါ ရဲတပ်ကြပ်အား ချီးမြှင့်ငွေ ၃၀၀၀၀၀၀ (သိန်းသုံးဆယ်) ကို ပေးအပ်ပြီး လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
ဖေဖော်ဝါရီလ ၂၀ရက်နေ့ကလည်း ထန်တလန်မြို့အခြေစိုက် ခလရ (၂၆၉) တပ်ရင်းမှ တပ်သားနှစ်ဦးသည် MA 3 သေနတ်တစ်လက် ၊ MA 1သေနတ်တစ်လက် ၊ ကျည်ဆံ ၊ ဗုံးသီးများနှင့်အတူ CDF – Hakha တပ်ဖွဲ့သို့ ဝင်ရောက်လာခဲ့ကြောင်း သိရသည်။
CDF – Hakah ထံသို့ ရဲတပ်ဖွဲ့ဝင်အချို့အပါအဝင် စစ်ကောင်စီတပ်ဖွဲ့မှ အလင်းဝင်ရောက်လာသူ စုစုပေါင်း ၄၀ဦး ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။
စာတည်း - မောင်ကြီး
#ဟားခါးမြို့
#ရဲတပ်ကြပ်တစ်ဦး
#အလင်းဝင်

👍9👏5😁2❤1
ကရင်ပြည်နယ်မှ စစ်ရှောင်းများအတွက် အဝတ်အထည်နှင့်ရိက္ခာများ လှူဒါန်း
မဇ္စျိမ။ ။ကရင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသော နေရာများမှ စစ်ဘေးရှောင်များနှင့် ကရင်တိုင်းရင်း သားရွာသူရွာသားများ၊ KNU စီမံအုပ်ချုပ်နယ်မြေတွင်ခိုလှုံနေသော CDM ဝန်ထမ်းမိသားစုများအား စားနပ် ရိက္ခာနှင့် အဝတ်အထည်များ လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဝတ်အထည်နှင့်ရိက္ခာများ ထောက်ပံ့လှူဒါန်းခြင်းကို ကိုရဲမင်း(AAC)မဟာမိတ်အဖွဲ့မှဦးဆောင်၍ “နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်” မှ အနုပညာရှင်အချို့နှင့်အတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တွင် သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
ထိုင်းဘတ်ငွေတစ်သိန်းကျော်ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ခေါက်ဆွဲ၊ ငါးသေတ္တာ၊ ဆေးဝါးများ၊ စောင် ၊ခြင်ထောင် နှင့် ရိက္ခာပစ္စည်းများ ဝယ်ယူကာ နေရာသုံးခုအား ခွဲဝေလှူဒါန်းခဲ့ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#စစ်ဘေးရှောင်
#ကူညီကယ်ဆယ်ရေး
#KNU
(ပုံသတင်း)

❤12👍6😁2
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ
ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး(တောင်ပံနီ) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပစ်ခတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် တနင်္သာရီမြို့မှ ၎င်းနေထိုင်ရာ လယ်တောင် ယာကျေးရွာသို့ပြန်လာစဉ် လမ်းတစ်နေရာ၌ ဆိုင်ကယ်စီးလာသည့် PDF တပ်ဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
တနင်္သာရီမြို့နယ်သည် လက်ရှိတွင်စစ်အုပ်ချုပ်ရေးထုတ်ပြန် ကြေညာထားသည့်မြို့နယ်လည်းဖြစ်သည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် ရပ်ရွာထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသူတစ်ဦး လည်းဖြစ်ကြောင်း ၊စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ PDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးရာတွင်ပါဝင်သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် များထံမှ သိရသည်။
မောတောင်မြို့နှင့် တနင်္သာရီမြို့တို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အုပ်ချုပ်ရေးမှူးများ ကျန်ရှိနေ သည့်အတွက် ယခုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ပြည်သူနှင့် မပူးပေါင်းဘဲ ကျန်ရှိ နေသော အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်အဖြစ် သတ်မှတ်ပြီး ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်းလည်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး (တောင်ပံနီ) အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီ
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု

👏9❤2👍1🔥1
၂၀၂၃ ခုနှစ် အိန္ဒိယဘတ်ဂျက်က ထိုင်ဝမ်လုပ်ငန်းတွေရဲ့ အခွင့်အလမ်းကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ
အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် ဘတ်ဂျက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ဘတ်ဂျက် သည် အိန္ဒိယနှင့် ထိုင်ဝမ်ကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ် ဖွင့်လှစ်ပေးမည် ဖြစ်ကာ ယင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဘက်ထရီထုတ်လုပ်ရေးနှင့် လျှပ်စစ်ကားများမှသည် 5G နည်းပညာအထိ ပါဝင်ကြောင်း ဓနသဟာယမဂ္ဂဇင်းက ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍6
တရုတ်နှင့်အီသီယိုးပီးယား ဆက်ဆံရေး ပိုမိုတင်းမာလာ
အီသီယိုးပီးယားနှင့် တရုတ်ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း အကြောင်းရင်းများစွာကြောင့် ပိုမို တင်းမာလာကာ နှစ်ပေါင်းများစွာ အတက်အကျများစွာဖြင့် ရှုပ်ထွေးနေခဲ့ကြောင်း Geo-Politik က ဖော်ပြသည်။

👏6👍2🔥2
အမှုကိစ္စများအတွက် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ခွင့်ပေးရန် ရှေ့နေအဖွဲ့ တင်ပြသော်လည်း စစ်ကောင်စီက တွေ့ခွင့်မပြု
001
မဇ္စျိမ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် အမှုကိစ္စများ တွေ့ဆုံဆွေးနွေးနိုင်ရန် ၎င်းတို့၏ ရှေ့နေအဖွဲ့က စစ်ကောင်စီထံသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က တွေ့ဆုံခွင့် တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
၎င်းတို့ နှစ်ဦးအပေါ်စွဲဆိုထားသည့်အမှုများမှာ အပြီးသတ်အမိန့်များ ချမှတ်ပြီးစီးသွားပြီဖြစ်သော်လည်း ကျန်ရှိသည့် အယူခံ အမှုများအတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် တင်ပြခဲ့သော်လည်း မရရှိသေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း သေချာမသိရှိရဘဲ နှစ်ဦးစလုံးမှာလည်း အသက်ရွယ်ကြီးမြင့်သူများဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားသည့် အမှုများထဲမှ နောက်ဆုံးကျန်ရှိသည့် အမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အပြီးသတ်အမိန့်များချမှတ်ပြီးနောက်ပိုင်း ရှေ့နေအဖွဲ့နှင့် လူချင်းတွေ့ဆုံခွင့်မရှိတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃နှစ်ချမှတ်ပြီး နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
သမ္မတဦးဝင်းမြင့်ကိုမူ အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ကာ သီးသန့်ထိန်းသိမ်းထားသည့်နေရာမှ တောင်ငူထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။

🤬17👍7❤1🔥1
Media is too big
VIEW IN TELEGRAM
အရေးပေါ်သန္ဓေတားဆေးကို ဘယ်လို နည်းလမ်းမှန်ကန်စွာသုံးစွဲသင့်ပါသလဲ?
Watch more detail - https://youtu.be/KtcxIQhzeHI
#ကျန်းမာသုတလူမှုဘဝ #VideoNews #ကျန်းမာသုတလူမှုဘဝ
#shorts #reels

🖕1
Media is too big
VIEW IN TELEGRAM
အရေးပေါ်ကိုယ်ဝန်တားဆေးကို အဓမ္မပြုကျင့်ခံရရင်ရော သောက်သုံးလို့ရပါသလား?
Watch more detail - https://youtu.be/KtcxIQhzeHI
#ကျန်းမာသုတလူမှုဘဝ #Emergencycontraception #shorts #reels

👍4🍌1
အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေသို့ ဒုတိယအကြိမ် လာရောက်မည်
သူသူဇော်
မဇ္ဈိမ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအနေဖြင့် ရခိုင်ပြည်နယ်မှစီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ရခိုင်ပြည်နယ်မှ စီပွားရေးလုပ်ငန်းရှင်တစ်ဦးက “လာမှာကတော့ လာမယ်ပေါ့။ ဘယ်နေ့လာမယ်ဆိုတာ တော့ မသိပါဘူး။ တွေ့မယ်ဆိုတာတော့ ဦးဥတ္တမခန်းမမှာ တွေ့မယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ အတိအကျ မသိသေးဘူး၊ မနက်ဖြန်လည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆားလုပ်ငန်းရှင်များအသင်း၊ ဆန်လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအသင်းစသည့် ရခိုင် ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် လုပ်ငန်းရှင်များအား အာဏာပိုင်များမှ စာဖြင့်အသိပေးထားကြောင်းသိရသည်။
စစ်တွေမြို့အတွင်း၌လည်း လမ်းမကြီးအပြင် မြို့တစ်လျှောက်အား စည်ပင်မှသန့်ရှင်းရေးလုပ်ထားသည် ကိုတွေ့ရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“ ဒီနေ့က အရင်နေ့တွေနဲ့ မတူဘူး၊ လမ်းတွေအကုန်လုံးကို ရှင်းလင်းထားတယ်။ စည်ပင်ကလာပြီး အမှိုက် တွေ ရှင်းထားတာတွေ့တယ်။ မင်းအောင်လှိုင်လာမယ်ဆိုပြီးတော့ သတင်းတွေလည်းထွက်နေတယ်။ သူလာမှာကြောင့် ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ မီးကလည်း ဒီနေ့ မဖြတ်သေးပါဘူး”ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးပတ် က သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ လာရောက်ခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#စစ်တွေမြို့

💩10👍5❤1