Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
👍3🥴2
တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရ

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် လယ်တောင်ယာကျေးရွာအုပ်ချုပ်ရေးမှူးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၅ နာရီအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး(တောင်ပံနီ) အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပစ်ခတ်ခံလိုက်ရသည့် အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် တနင်္သာရီမြို့မှ ၎င်းနေထိုင်ရာ လယ်တောင် ယာကျေးရွာသို့ပြန်လာစဉ် လမ်းတစ်နေရာ၌ ဆိုင်ကယ်စီးလာသည့် PDF တပ်ဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားသည့်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
တနင်္သာရီမြို့နယ်သည် လက်ရှိတွင်စစ်အုပ်ချုပ်ရေးထုတ်ပြန် ကြေညာထားသည့်မြို့နယ်လည်းဖြစ်သည်။
စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဦးရန်အောင်စိုးသည် ရပ်ရွာထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားနေသူတစ်ဦး လည်းဖြစ်ကြောင်း ၊စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ PDF တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကို လိုက်လံဖမ်းဆီးရာတွင်ပါဝင်သူတစ်ဦးလည်းဖြစ်ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် များထံမှ သိရသည်။
မောတောင်မြို့နှင့် တနင်္သာရီမြို့တို့တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် အုပ်ချုပ်ရေးမှူးများ ကျန်ရှိနေ သည့်အတွက် ယခုကဲ့သို့ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။
စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်နေပြီး ပြည်သူနှင့် မပူးပေါင်းဘဲ ကျန်ရှိ နေသော အုပ်ချုပ်ရေးမှူးများကိုလည်း စစ်ကောင်စီ၏ အုပ်ချုပ်ရေးထောက်တိုင်အဖြစ် သတ်မှတ်ပြီး ဆက်လက်ရှင်းလင်းသွားမည် ဖြစ်ကြောင်းလည်း တနင်္သာရီမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး (တောင်ပံနီ) အဖွဲ့ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#တနင်္သာရီတိုင်း
#တနင်္သာရီမြို့နယ်
#စစ်ကောင်စီ
#အုပ်ချုပ်ရေးမှူး
#ပစ်ခတ်မှု
👏9❤2👍1🔥1
​​၂၀၂၃ ခုနှစ် အိန္ဒိယဘတ်ဂျက်က ထိုင်ဝမ်လုပ်ငန်းတွေရဲ့ အခွင့်အလမ်းကို ဘယ်လိုမြှင့်တင်ပေးနိုင်မလဲ

အိန္ဒိယအစိုးရသည် ၂၀၂၃ ခုနှစ် ဘတ်ဂျက်ကို ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး အဆိုပါ ဘတ်ဂျက် သည် အိန္ဒိယနှင့် ထိုင်ဝမ်ကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းအသစ် ဖွင့်လှစ်ပေးမည် ဖြစ်ကာ ယင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဘက်ထရီထုတ်လုပ်ရေးနှင့် လျှပ်စစ်ကားများမှသည် 5G နည်းပညာအထိ ပါဝင်ကြောင်း ဓနသဟာယမဂ္ဂဇင်းက ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6
​​တရုတ်နှင့်အီသီယိုးပီးယား ဆက်ဆံရေး ပိုမိုတင်းမာလာ 

အီသီယိုးပီးယားနှင့် တရုတ်ဆက်ဆံရေးသည် မကြာသေးမီနှစ်များအတွင်း အကြောင်းရင်းများစွာကြောင့် ပိုမို တင်းမာလာကာ နှစ်ပေါင်းများစွာ အတက်အကျများစွာဖြင့် ရှုပ်ထွေးနေခဲ့ကြောင်း Geo-Politik က ဖော်ပြသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏6👍2🔥2
​​အမှုကိစ္စများအတွက် ဒေါ်​အောင်ဆန်းစုကြည်တို့နှင့် ​တွေ့ခွင့်​ပေးရန် ​ရှေ့​နေအဖွဲ့ ​တင်ပြ​သော်လည်း စစ်​ကောင်စီက ​တွေ့ခွင့်မပြု​​

001
မဇ္စျိမ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့နှင့် အမှုကိစ္စများ တွေ့ဆုံဆွေးနွေးနိုင်ရန် ၎င်းတို့၏ ရှေ့နေအဖွဲ့က စစ်ကောင်စီထံသို့ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်က ​တွေ့ဆုံခွင့် တင်ပြခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။
၎င်းတို့ နှစ်ဦးအပေါ်စွဲဆိုထားသည့်အမှုများမှာ အပြီးသတ်အမိန့်များ ချမှတ်ပြီးစီးသွားပြီဖြစ်သော်လည်း ကျန်ရှိသည့် အယူခံ အမှုများအတွက် တွေ့ဆုံဆွေးနွေးနိုင်ရန် တင်ပြခဲ့​သော်လည်း မရရှိ​သေး​ခြင်းဖြစ်ကြောင်း သိရသည်။
ထို့​ကြောင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍လည်း သေချာမသိရှိရဘဲ နှစ်ဦးစလုံးမှာလည်း အသက်ရွယ်ကြီးမြင့်သူများဖြစ်သည့်အတွက် စိုးရိမ်မိကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် စွပ်စွဲထားသည့် အမှုများထဲမှ နောက်ဆုံးကျန်ရှိသည့် အမှုများကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က အပြီးသတ်အမိန့်များချမှတ်ပြီးနောက်ပိုင်း ရှေ့နေအဖွဲ့နှင့် လူချင်းတွေ့ဆုံခွင့်မရှိတော့ဘဲ အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီ၏ တရားရုံးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃နှစ်ချမှတ်ပြီး နေပြည်တော်အချုပ်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
သမ္မတဦးဝင်းမြင့်ကိုမူ အမှုပေါင်းရှစ်မှုအတွက် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ကာ သီးသန့်ထိန်းသိမ်းထားသည့်နေရာမှ တောင်ငူထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။
🤬17👍7❤1🔥1
Media is too big
VIEW IN TELEGRAM
အရေးပေါ်သန္ဓေတားဆေးကို ဘယ်လို နည်းလမ်းမှန်ကန်စွာသုံးစွဲသင့်ပါသလဲ?

Watch more detail - https://youtu.be/KtcxIQhzeHI

#ကျန်းမာသုတလူမှုဘဝ #VideoNews #ကျန်းမာသုတလူမှုဘဝ
#shorts #reels
🖕1
Media is too big
VIEW IN TELEGRAM
အရေးပေါ်ကိုယ်ဝန်တားဆေးကို အဓမ္မပြုကျင့်ခံရရင်ရော သောက်သုံးလို့ရပါသလား?

Watch more detail - https://youtu.be/KtcxIQhzeHI

#ကျန်းမာသုတလူမှုဘဝ #Emergencycontraception #shorts #reels
👍4🍌1
​​အာဏာသိမ်းစစ်ခေါင်းဆောင် စစ်တွေသို့ ဒုတိယအကြိမ် လာရောက်မည်

သူသူဇော်
မဇ္ဈိမ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၎င်းအနေဖြင့် ရခိုင်ပြည်နယ်မှစီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်တွေမြို့ ဦးဥတ္တမပန်းခြံတွင် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ရခိုင်ပြည်နယ်မှ စီပွားရေးလုပ်ငန်းရှင်တစ်ဦးက “လာမှာကတော့ လာမယ်ပေါ့။ ဘယ်နေ့လာမယ်ဆိုတာ တော့ မသိပါဘူး။ တွေ့မယ်ဆိုတာတော့ ဦးဥတ္တမခန်းမမှာ တွေ့မယ်လို့တော့ ကြားပါတယ်။ ကျနော်တို့ အတိအကျ မသိသေးဘူး၊ မနက်ဖြန်လည်း ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ဆားလုပ်ငန်းရှင်များအသင်း၊ ဆန်လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအသင်းစသည့် ရခိုင် ပြည်နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်အသင်းများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရန် လုပ်ငန်းရှင်များအား အာဏာပိုင်များမှ စာဖြင့်အသိပေးထားကြောင်းသိရသည်။
စစ်တွေမြို့အတွင်း၌လည်း လမ်းမကြီးအပြင် မြို့တစ်လျှောက်အား စည်ပင်မှသန့်ရှင်းရေးလုပ်ထားသည် ကိုတွေ့ရကြောင်း စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
“ ဒီနေ့က အရင်နေ့တွေနဲ့ မတူဘူး၊ လမ်းတွေအကုန်လုံးကို ရှင်းလင်းထားတယ်။ စည်ပင်ကလာပြီး အမှိုက် တွေ ရှင်းထားတာတွေ့တယ်။ မင်းအောင်လှိုင်လာမယ်ဆိုပြီးတော့ သတင်းတွေလည်းထွက်နေတယ်။ သူလာမှာကြောင့် ရှင်းတာလည်း ဖြစ်နိုင်ပါတယ်။ မီးကလည်း ဒီနေ့ မဖြတ်သေးပါဘူး”ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှာ ပြီးခဲ့သည့် ဇန်နဝါရီလနောက်ဆုံးပတ် က သံတွဲ၊ မာန်အောင်၊ ကျောက်ဖြူနှင့် စစ်တွေမြို့များသို့ လာရောက်ခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ရခိုင်ပြည်နယ်
#စစ်တွေမြို့
💩10👍5❤1
​​ခင်ဦး NLD အမတ်၏ဇနီးနှင့်သမီး ဖမ်းဆီးခံရ

007
မဇ္စျိမ။ ။ ခင်ဦးမြို့က NLD အမတ် ဒေါက်တာ၀င်းအောင်၏ဇနီးနှင့်သမီးတို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က၊ စစ်ကောင်စီကလာရောက်ဖမ်းဆီးသွာကြောင်း၊ ၎င်းတို့နှင့်နီးစပ်သည့်အသိုက်အ၀န်းထံကတစ်ဆင့်သိရ သည်။
"ဆရာ့အမျိုးသမီးနဲ့ သမီးအကြီးမကြီးကို၊ စကစတွေကအဲဒီနေ့ညနေပိုင်းက အိမ်မှာ လာဖမ်းသွားတယ်၊ နှစ်ယောက်စလုံးက ခံ၀န်နဲ့နေနေသူတွေပါ၊ ဖမ်းသွားတာက တစ်ရက်ကျော်ကြာသွားပြီ၊ ခုထိ ဘာလို့ဖမ်းလဲ ဘယ်မှာထားထားလဲ မသိရေသးဘူး၊ ဆရာ့သမီးအငယ်နဲ့ဆရာ့သမက်က တမြန်နေ့ကဆုံးထားတယ်" ဟု နီးစပ်သူတစ်ဦးကပြော သည်။
ဒေါက်တာ၀င်းအောင်၏ဇနီးဒေါ်နီလာနှင့်သမီးအကြီးဖြစ်သူမအိနန္ဒာအောင်တို့ကို၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၅ နာရီ၀န်းကျင်ခန့်တွင်၊ စစ်ကောင်စီတပ်ဖွဲ့က ခင်ဦးမြို့ အောင်ချမ်းသာရပ်ကွက်မှနေအိမ်တွင်၀င်ရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်။
မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းမသိရသေးသော်လည်း၊ ထိုနေ့မတိုင်ခင်တစ်ရက်က၊ ရေဦးမြို့တွင်ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုဖြစ်စဥ်တစ်ခုနှင့်ပတ်သက်နိုင်ကြောင်း နီးစပ်သူတချို့ကသုံးသပ်သည်။
ရေဦးမြို့တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က၊ ယမ်းကျိုနေရင်းမတော်တဆပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ၊ ဒေါက်တာဝင်းအောင်၏သမီးအငယ်ဖြစ်သူနှင့်ခင်ပွန်းတို့ သေဆုံးခဲ့သည်။
ဒေါက်တာ၀င်းအောင်သည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲနှစ်ကြိမ်စလုံး ခင်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံရသူဖြစ်ပြီး ယခုအခါတွင်
လွတ်မြောက်နယ်မြေရောက်ရှိနေကြောင်းသိရသည်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(Assistance Association for Political Prisoners-AAPP)၏ ဖေဖော်ဝါရီ ၂၄ ရ​က်ထုတ်ပြန်သတင်းအရ ၊ ၂၀၂၁ ခုနှစ်စစ်အာဏာ သိမ်းချိန်မှ၊ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထား ရသူစုစုပေါင်း ၁၆၀၀၅ ဦးရှိပြီး၊ ၎င်းတို့အနက်မှ ၄၅၆၀ ဦး ထောင်ဒဏ်ချမှတ်ခံထားရကြောင်းသိရသည်။
😢8🔥5👍2😁1
မြိုင်မြို့ အနောက်ဖက်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်

https://youtu.be/-yKSOb7xCUg
👍9🔥1😁1
​​မုံရွာ သာစည်အကျဉ်းထောင်သစ် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ပါခွီး
မဇ္စျိမ ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်အကျဉ်းထောင်သစ်ကို ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း Black Dragon Special Task Force-Monywa က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၂၄ ရက် ည ၁ ၁နာရီခန့်တွင် စစ်ကောင်စီတပ် အခြေစိုက်တပ်စွဲထားသည့် သာစည်အကျဉ်း ထောင်ကို ၆၀ မမ ၊ ၈၀ မမ များဖြင့် နှစ်နေရာခွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“ကျနော်တို့ ၁၅ လုံးပစ်ခဲ့ပါတယ် ၈၀ မမ က ငါးလုံးနဲ့ ၆၀ မမ က ၁၀ လုံးပါ။ ထိခိုက်မှုရှိတယ် လို့သိရပြီး အရေအတွက်ကိုတော့ အတည်ပြုလို့မရသေးပါဘူး” ဟု Black Dragon Special Task Force-Monywa မှ K.M.S.G ကပြောသည်။
အကျဉ်းထောင်အတွင်းရှိ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာသို့ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး အထိအခိုက်များပြားကြောင်းသိရသော်လည်း အသေအပျောက်စာရင်းကို အတည်ပြုနိုင် ခြင်းမရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၂၀) (BOB) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ၊ Peacock King People Defense Force နှင့် ရန်ရှင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
သာစည်အကျဉ်းထောင်သည် ဆောက်လုပ်နေဆဲဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်းများအပြင် စစ်ကောင်စီတပ် မှ တပ်စွဲထားခြင်းဖြစ်ကြောင်း ဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၀ နာရီခန့်ကလည်း မုံရွာမြို့ စီးပွားရေးတက္ကသိုလ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီ တပ်ဘက်မှလည်း ၄၀ မမ ၊ ၆၀ မမ ၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက် မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Black Dragon Special Task Force-Monywa နှင့်အတူ မုံရွာခရိုင် တပ်ရင်း (၁၂) တပ်ခွဲ (၃) လျှပ်စီးတပ်ခွဲ ၊ Peacock King People Defense Force မှ ပူးပေါင်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
အခြေအနေအရပ်ရပ်ကြောင့် စစ်ဆင်ရေးသတင်းကို အချိန်နှင့်တပြေးညီ မတင်ပြနိုင်ခဲ့မှုအပေါ် မိဘ ပြည်သူများအနေဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံထားပြီး ပြည်သူများကိုမထိခိုက်စေလိုသော ကြောင့် စစ်ကောင်စီတပ်သားများနှင့် ဝေးသောနေရာများတွင် နေထိုင်ကြရန် K.M.S.G က သတိပေးပြော ကြားခဲ့သည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#သာစည်အကျဉ်းထောင်
👍22😁2
​​မြောင်တွင် ဖမ်းမိထားသည့် ထွေအုပ်ဝန်ထမ်းများအမှု ရဲလုပ်ငန်းစဉ် စစ်ဆေးမှုပြီးပြတ်၊မနက်ဖြန် တရားရုံးတင်မည်

001
မဇ္စျိမ။ ။ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအမှုကို ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုများ ပြီးပြတ်ပြီဖြစ်သည့်အတွက် မနက်ဖြန် တနင်္လာနေ့တွင် တရားရုံးသို့ တင်ပို့စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံ​ရေးအဖွဲ့ (ပလဖ)ကပြောသည်။
"အခုအမှုတွဲ စစ်​ဆေးပြီးပြီ။ တရားရုံးပဲ တင်ရုံကျန်​​တော့တယ်။ တရားရုံးက မနက်ဖြန် တင်မှာပါ"ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံ​ရေးအဖွဲ့ တာဝန်ခံ ဦးမြင့်တင်က ယနေ့ ဖေဖော်ဝါရီ ၂၆ရက်တွင် မဇ္ဈိမသို့ ပြောကြားသည်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် စစ်ကောင်စီ၏
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းလေးဦးကို စစ်ကိုင်းခရိုင်တပ်ရင်း (၅) MRA က ဇန်နဝါရီလ ၁၄ရက်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးရမိသူများမှာ အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးဖြစ်ပြီး ထိုအထဲမှတစ်ဦးမှာ ထွေအုပ်ဦးစီး၏ အမျိုးသမီးဖြစ်ကြောင်း သိရသည်။၎င်းတို့ကို ​နောက်ဆက်တွဲ စစ်​ဆေးချက်အရ သက်သေခံပစ္စည်းများတွင် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ မတွေ့ရှိခဲ့ဘဲ Non CDMဝန်ထမ်းအ​နေအထားသာရှိ​ကြောင်း စစ်​ဆေး​တွေ့ရှိခဲ့သည်ဟု စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံ​ရေးအဖွဲ့က​ပြောသည်။
“ကျွန်တော်တို့ ရဲကတော့ အမှုဖွင့်တာကတော့ အကြမ်းဖက်တိုက်ဖျက်ရေးဉပဒေနဲ့ပါပဲ။အကြမ်းဖက်စစ်ကောင်စီကို သူတို့အားပေးတာပေါ့။ အဲ့ဒီပုဒ်မနဲ့ပဲ ဖွင့်ပါတယ်။ ဒါကို တရားရုံးအနေနဲ့ကတော့ သူတို့ ဆက်ပြီးတော့ ကျွန်တော်တို့ စွဲချက်တွေအပေါ်မှာ လိုအပ်ရင် သူတို့ဖြည့်စွက်ပါလိမ့်မယ်”ဟု စစ်ကိုင်းခရိုင်ပြည်သူ့လုံခြုံ​ရေးအဖွဲ့မှဆရာတူးက မဇ္ဈိမသို့ ပြောသည်။
စာတည်း- မောင်ကြီး

#မြောင်မြို့နယ်
#အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ
#ရဲလုပ်ငန်းစဉ်
👍20👏4😁2
​​အိန္ဒိယနိုင်ငံ၊အင်ဖာမြို့ထိန်းသိမ်းရေးစခန်းတွင် မြန်မာစစ်ဘေးရှောင်တစ်ဦး နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံး၊ ထိန်းသိမ်းခံထားရဆဲ မြန်မာများ အမြန်ဆုံးပြန်လွှတ်ပေးရန်တောင်းဆို

ပါခွီး
မဇ္စျိမ ။။ အိန္ဒိယနိုင်ငံ၊မဏိပူရ်ပြည်နယ်၊အင်ဖာမြို့ ထိန်းသိမ်းရေးစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာစစ်ဘေးရှောင်တစ်ဦးသည် နှလုံးရောဂါဖြင့် ဖေဖော်ဝါရီလ ၂၅ရက် ညပိုင်းတွင် သေဆုံးသွားကြောင်း သိရသည်။
ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၇၅ဦးအနက် အသက် (၃၂)နှစ်အရွယ် ကိုဒဲမ်ခိုလွန်းဆိုသူသည် နှလုံးရောဂါဖြင့် ရုတ်တရက်သေဆုံးသွားခြင်းဖြစ်ကြောင်း မဏိပူရ်အခြေစိုက် Burma Refugee Committee Kabaw Valley နာယကနှင့် ကျန်းမာရေးတာဝန်ခံ ဦးထန်ဆေးက မဇ္စျိမကိုပြောသည်။
"ထိန်းသိမ်းခံထားရသူတွေထဲက တစ်ဦးသေဆုံးသွားပါတယ်။ အပြစ်မရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေကိုမတရားဖမ်းဆီးထိန်းသိမ်းထားရင်း နေထိုင်စားသောက်မှုအခက်အခဲအမျိုးမျိုးကြားထဲက ကျန်းမာရေးစောင့်ရှောက်မှုမရလို့ အခုလိုအသက်သေဆုံးတဲ့အထိဖြစ်လာရတာ" ဟုဦးထန်ဆေးကပြောသည်။
ကိုဒဲမ်ခိုလွန်းသည် တမူးမြို့နယ်အထက်ပိုင်း ဆရာစံကျေးရွာတွင် နေထိုင်ခဲ့သူဖြစ်ပြီး အိန္ဒိယနိုင်ငံမိုးရေးမြို့၌ စစ်ဘေးရှောင်နေစဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၂၀၂၁ခုနှစ် နိုဝင်ဘာလ မှစ၍ မိုးရေးမြို့သို့ စစ်ဘေးရှောင်လာခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အမျိုးသမီးနှင့် နှစ်နှစ်အရွယ်ကလေးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။ကိုဒဲမ်ခိုလွန်း၏ ရုပ်အလောင်းကို အင်ဖာမြို့မှ ၎င်းမိသားစုဝင်များရှိရာ မိုးရေးမြို့သို့ ယနေ့ ဖေဖော်ဝါရီ ၂၆ရက်ညနေတွင် သယ်ဆောင်လာပြီဖြစ်ကြောင်း အင်ဖာမြို့တွင် နေထိုင်သူတစ်ဦးကပြောသည်။
“ အခုထိမ်းသိမ်းထားတဲ့နေရာမှာ အစားအသောက်က အတော်ညံ့တယ်။ ကျွေးမွေးတဲ့ အထဲမှာ သဲတွေ ဖန်စတွေပါ ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုညံ့ဖျင်းပြီး တခုခု ဖြစ်ပြီဆို ပါရာစီတမောလောက်ပဲပေးတယ်” ဟု ထိမ်းသိမ်းခံထားရသူများနှင့် နီးစပ်သူ တစ်ဦးက မဇ္စျိမ ကိုပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ရက်နေ့နှင့် ၃၀ရက်နေ့တွင် မိုးရေးမြို့အနီးကျေးရွာ၌ မြန်မာနိုင်ငံသားစစ်ဘေးရှောင် ၈၄ဦးကို မဏိပူရ်ရဲတပ်ဖွဲ့နှင့် ကွန်မန်ဒိုများက ဖမ်းဆီးခဲ့ပြီး အင်ဖာမြို့ထောင်အနီးရှိ နိုင်ငံခြားသားထိမ်းသိမ်းရေးစခန်းတခုတွင် ထိမ်းသိမ်းထားခဲ့သည်။အသက်မပြည့်သေးသည့် လူငယ်ကိုးဦးကို လူငယ်ထိန်းသိမ်းရေးစခန်းတွင် ထိမ်းသိမ်းထားပြီး အသက် ၇၀ကျော် လေးဦးပါဝင်သည့် ကျန်လူ ၇၅ဦးသည် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရခြင်းဖြစ်ကြောင်း ဦးထန်ဆေးကပြောသည်။
၎င်းတို့အားလုံးသည် စစ်ကောင်စီ၏ရန်ကိုကြောက်၍ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ပြီး မတရားဖမ်းဆီးခံထားရခြင်းဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးရန် တောင်းဆိုထားကြောင်း ဦးထန်ဆေးကပြောသည်။
" ဒီလိုသေဆုံးရတာ လုံးဝမဖြစ်သင့်ဘူး။ ဒါကြောင့်ကျန်တဲ့ ၈၃ ဦးကိုပါအမြန်ဆုံးပြန်လည်လွှတ်ပေးဖို့တောင်းဆိုပါတယ်" ဟု ဦးထန်ဆေးကပြောသည်။
မိုးရေးမြို့နယ်မှ အဖမ်းဆီးခံထားရသည့် ၈၄ဦး အပြင် ၂၀၂၂ခုနှစ် ဇွန်လ တွင် မဏိပူပြည်နယ် လန်မ်ကားမြို့တွင် အထောက်ထားမဲ့နေထိုင်သူ မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အင်ဖာထောင်တွင် ချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှသိရသည်။အဆိုပါ အလုပ်သမားများမှာ ၎င်းတို့ အားချမှတ်သည့် အပြစ်ဒဏ်များခံယူပြီးဖြစ်သော် လည်း လွှတ်ပေးခြင်းမရှိပဲ ဆက်လက်ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖမ်းဆီးခံထားရသူများ ပြန်လည်လွှတ်ပေးရေးနှင့် မိုရေးမြို့ပါဝင်သော အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှ မြန်မာများအား ယာယီခိုလှုံနေထိုင်ခွင့်ပြုရန်အတွက် မဏိပူရ်ပြည်နယ် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ Burma Refugee Committee Kabaw Valley က ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စာရေးသားတောင်းဆိုထားသည်။
Burma Refugee Committee Kabaw Valley အဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ်များ၊ CDM ဝန်ထမ်းများနှင့် ဖွဲ့စည်းထားပြီး စစ်ဘေးရှောင်များအား အစားအသောက်ဝေမျှရေး၊ကျန်းမာရေး၊ပညာရေး၊အမျိုးသမီးနှင့်ကလေးသူငယ် စောင့်ရှောက်ရေးများကို လုပ်ဆောင်နေကြောင်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ၃၀၀၀ ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။
စာတည်း - မောင်ကြီး

#အိန္ဒိယနိုင်ငံ
#မဏိပူရပြည်နယ်
#အင်ဖာမြို့ထိန်းသိမ်းရေးစခန်း
#မြန်မာစစ်ဘေးရှောင်များ
🤬7👍4🤮4❤1😁1
​​မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို GANHRI အဖွဲ့က အစည်းအဝေးဖိတ်ကြားမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်

ဗမာ/မြန်မာဆိုင်ရာ လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းဆိုင်ရာ အလုပ်အဖွဲ့ (“အလုပ်အဖွဲ့”) နှင့် အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးအဖွဲ့အစည်းများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် (ANNI) တို့က အထက်ပါ ဖိတ်ကြားချက်ကို “အပြင်းထန်ဆုံး အသုံးအနှုန်းများ” ဖြင့် ပြစ်တင်ဝေဖန်ထားသည့် အိတ်ဖွင့်ပေးစာတစ်စောင်ကို ဖေဖေါ်ဝါရီ ၂၃ ရက်တွင် GANHRI ထံ ပေးပို့ခဲ့သည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤1😁1
​​အထက်မင်းလှတွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်

ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ အထက်မင်းလှတွင် စစ်ကြောင်းထိုးပြန်လာသောစစ်ကောင်စီတပ်က အပြစ်မဲ့ ပြည်သူတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသွားသူမှာ ကိုနိုင်လင်းအောင် (အသက် ၂၆ နှစ်) ကျုံးကျေးရွာ၊ မြစ်ကွေ့အုပ်စု မင်းတုန်းနယ်သား တစ်ဦးဖြစ်ပြီး ကြောင်းသိရသည်။
“သူငယ်ချင်းသုံးယောက် ရွှေချောင်းကို ငံပြာရည်သွားဝယ်ရင်းနဲ့ စစ်ကြောင်းနဲ့တွေလို့ ဖမ်းပြီးပစ်သတ် သွားတာ” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကိုနိုင်လင်းအောင်နှင့် အခြားသူငယ်ချင်းနှစ်ဦး ငံပြာရည်သွားဝယ်စဉ် စစ်ကြောင်းနှင့်တွေ့ပြီး အခြားသူနှစ်ဦးကိုပြန်လွှတ်ပေးပြီး ၎င်းအားပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ကိုနိုင်လင်းအောင်၏ရုပ်အလောင်းအား ဖေဖော်ဝါရီ ၂၅ ရက်မှ ပြန်လည်တွေ့ရှိခဲ့ရကြောင်းနှင့် ၎င်းတွင် ဇနီးနှင့် အသက်နှစ်နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းသည် အထက်မင်းလှမြို့နယ် မီးလောင်ကုန်းကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၂၀ ရက် နေ့က ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်တိုက်ပွဲဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ ဒဏ်ရာရသူများပြားရှိကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံမှ သိရသည်။
စစ်ကြောင်းတွင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) (၁၀) နှင့် ကပစ(၁၂)မှတပ်သားများပါဝင်ပြီး ဖေဖော် ဝါရီလ ၂၃ ရက်နေ့တွင် မင်းလှမြို့သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မကွေးတိုင်း
#အထက်မင်းလှ
#စစ်ကောင်စီတပ်
#အကြောင်းမဲ့သတ်ဖြတ်
🤬16👍4❤1
"အမှားမလုပ်ပါနဲ့" အရေးပေါ်သန္ဓေတားဆေးကိုမှန်ကန်စွာအသုံးပြုတတ်ပြီလား ? | ကျန်းမာသုတလူမှုဘ၀ Ep 4

အရေးပေါ်သန္ဓေတားဆေးဆိုတာ စျေးကွက်ထဲရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဘယ်အခြေအနေတွေမှာ ဘယ်လိုမျိုးသောက်သုံးရတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြသေးတာ တွေ့ရပါတယ်။ အရေးပေါ်သန္ဓေတားဆေးကို တတ်ကျွမ်းနားလည်သူတွေနဲ့ မတိုင်ပင်ဘဲ အလွယ်တကူသောက်သုံးနေကြတာတွေကိုလည်း တွေ့ရလေ့ရှိပါတယ်။
ဒါကြောင့် အရေးပေါ်သန္ဓေတားဆေးကို နည်းမှန်လမ်းမှန် ဘယ်လိုသောက်သုံးရမယ် ဆိုတာတွေနဲ့ သိသင့်သိထိုက်တာတွေကိုဒေါက်တာဖြိုးသီဟက ဆွေးနွေးပေးထားပါတယ်။

https://youtu.be/KtcxIQhzeHI

#ကျန်းမာသုတလူမှုဘဝ
#ဒေါက်တာအမ္မတ
#healthtips
#healthylifestyle
#Emergency_Contraception
#pregnancy
👍3😁1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_15 seg_4

Watch more detail - https://youtu.be/08rGMAi7WX8

#myanmardramaseries #lovestory #BLSeries #reel
👍1🍌1
"စစ်အာဏာသိမ်းကာလ ကိန္နရီ ကိန္နရာတို့မြေ" | Editors' Talk: Ep-7

https://youtu.be/Ip7QTUN9V34
👍3🔥2😁1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၆ ဖေဖော်ဝါရီ ၂၀၂၃ )

ခုခံတော်လှန်စစ်ဆင်နွဲနေသည့် ဒေသများထဲတွင် စစ်ကိုင်း၊မကွေးဒေသများတွင် တိုက်ပွဲပြင်းထန် စွာဖြစ်နေ သလို ပြည်သူ သောင်းနှင့်ချီ၍လည်း နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အကူအညီများ အထောက်ပံ့များ အရေးပေါ်လိုအပ်နေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍9🔥2😁1