Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အွန်လိုင်းစနစ်ဖြင့် နိုင်ငံကူးလက်မှတ်လျှောက်ထားမှု ယာယီရပ်ဆိုင်းကြောင်း ကြေညာ

ကီရာ
မဇ္ဈိမ။ ။ပြီးခဲ့သော ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စတင်ခဲ့သည့် အွန်လိုင်းမှလျှောက်ထားရသော နိုင်ငံကူး လက်မှတ်လျှောက်ထားမှုစနစ်သစ်ကို လိုအပ်ချက်များ ပြန်လည်ပြင်ဆင်ရန်ဟုဆိုကာ ယာယီရပ်ဆိုင်း ကြောင်း ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကြေညာခဲ့သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်လျှောက်ထားနိုင်ကြောင်း ကနဦး၌ ကြေညာထားသော်လည်း လက်ရှိအချိန်တွင် လျှောက်ထားမှုအသစ်များအတွက် စနစ်ကိုပြင်ဆင်မှုများ လုပ်ဆောင်နေဆဲဖြစ်၍ ဝန်ဆောင်မှုအသစ်များ ပြန်လည်စတင်နိုင်မည့်အချိန်ကိုကြေညာသွားမည်ဟု ၎င်းတို့ဝက်ဘ်ဆိုဒ်မှ ထုတ် ပြန်ထားသည်။
အဆိုပါ အွန်လိုင်းမှလျှောက်ထားမှုစနစ်အသစ်သည် ဖွင့်လှစ်ပြီးတစ်ရက်အတွင်း ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရပ်ဆိုင်လိုက်ရကြောင်း သိရသည်။
🤣8❤2🤔2
“ အဆင့်မြှင့်တယ်ဘာညာနဲ့ အခုတော့ တစ်ရက်တည်းနဲ့ဆာဗာက ပြုတ်ကျသွားတာ။ အခုလဲ လျှောက်လို့ ရပြီလား မရသေးဘူးလား သေချာမသိရနဲ့ ဘာလုပ်ရမလဲကိုမသိဘူး။ အရင်ကတောင် လျှောက်တဲ့သူ ဒီလောက်များတာကို ဒါတွေကို ကြိုစဉ်းစားပြီး သေချာလုပ်သင့်တာပေါ့။ ကျွန်တော်တို့က အရင်ကလည်း QR Code တွေဝယ်ထားရတာ အခုတော့ အဲ့ဒါတွေလည်းသုံးမရ အခုအသစ်လျှောက်တော့လည်း လျှောက် မရနဲ့” ဟု နိုင်ငံကူးလက်မှတ်လျှောက်ထားရန် ကြိုးစားနေသူတစ်ဦးက ပြောသည်။
လတ်တလောတွင် ကိုယ်ရေးအချက်အလက်များဖြည့်သွင်းပြီး အွန်လိုင်းငွေပေးချေမှုဖြင့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တရက်တည်းတွင် ရက်ချိန်းရရှိသူ ၈၅၂၉ ဦးထိရှိပြီး မတ်လ ၃ ရက်နေ့အထိ ရက်ချိန်းများရရှိ ခဲ့သည်ဟု သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နိုင်ငံကူးလက်မှတ်ရုံးရှေ့၌ ရက်ချိန်းရရှိထားပြီးသူများ၊ ဗုဒ္ဓါဂါယာ ဘုရားဖူးသမားများနှင့် ယခင်က စလစ်ရရှိပြီး စာအုပ်ထုတ်ရန်ကျန်ရှိသူများ လာရောက်စောင့်ဆိုင်း နေကြ သည်ကို တွေ့ရသည်။
တန်းစီစောင့်ဆိုင်းမှုများကို စိမ်းလဲ့ရိပ်သာလမ်းနှင့် ရန်ကင်းစင်တာအရှေ့ဘက်ခြမ်းဟူ၍ နှစ်နေရာခွဲထား သည်ကိုတွေ့ရပြီး ယခင်ကထက် ပိုမိုအဆင်ပြေမှုရှိသည်ဟုလည်း လာရောက်လျှောက်ထားသူများက ပြောသည်။
“ရက်ချိန်းရထားတဲ့ အချိန်အတိုင်းဝင်ရတာဆိုတော့ အရင်ကလို လူတိုးရတာ‌‌တွေမရှိတော့ဘူး။ အရင် ကလို ပွဲစားတွေတိုးကြိတ်နေတာလည်း သိပ်မရှိတော့ဘူး။ အထဲမှာ ‌ပိုက်ဆံပိုပေးရတာ မရှိသေးဘူး။ နောက်ပိုင်း ဘယ်လိုပြောင်းမလဲမသိပေမယ့် အခုတော့ အရင်ကထက် နည်းနည်းလေးပိုအဆင်ပြေပါ တယ်” ဟု ရက်ချိန်းရရှိပြီး နိုင်ငံကူးလက်မှတ် လာရောက်လျှောက်ထားသူတစ်ဦးမှ ပြောသည်။
သို့သော် ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းကာ ငွေပေးချေမှုလုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းမရ သူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန်ကျန်နေသူများလည်း ရှိနေသည်ဟု သိရသည်။
အဆိုပါ အကြောင်းအရာများကိုလည်း ပြန်လည်စိစစ်နေသည်ဟုသိရပြီး ငွေပေးသွင်းပြီးသူများအား ရက် ချိန်းများ ပြည်လည်စိစစ်ပြီး ပေးပို့သွားမည့်အကြောင်း နိုင်ငံကူးလက်မှတ်ရုံး ဝက်ဘ်ဆိုဒ်မှ ကြေညာထား သည်။
အဆင်မပြေမှုများကို onlinepassportmm@gmail.com ဆက်သွယ်ပေးပို့နိုင်ကြောင်း ထုတ်ပြန်ထား သော်လည်း ပေးပို့သူများများပြားသောကြောင့် အီးမေးလ်လက်ခံမှုများပင် ရပ်ဆိုင်းသွားကြောင်း ပေးပို့သူ များက ပြောကြသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှု‌များကြောင့် ပြည်ပထွက်ခွာရန် လုပ်ဆောင်သူများပြားခဲ့ပြီး ယခင်ကတည်းက နိုင်ငံကူးလက်မှတ်လျှောက်ထားသူ နေ့စဉ်သောင်းချီရှိနေ ခဲ့ရာမှ စနစ်အသစ်ဖြင့် ပြန်လည်ဖွင့်လှစ်သည့်နေ့ကလည်း နံနက် ၄ ‌နာရီကတည်း လူအများအပြား လာရောက်တန်းစီစောင့်ဆိုင်းခဲ့ကြသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#နိုင်ငံကူးလက်မှတ်
#အွန်လိုင်းစနစ်
#ယာယီရပ်ဆိုင်း
👍10❤2
ဖေဖော်ဝါရီလ 27 ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်

1:08- မင်းအောင်လှိုင်ဟာ စစ်တွေမြို့ကိုရောက်ရှိနေပြီး ဦးဥတ္တမခန်းမမှာ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံနေတဲ့ သတင်း
2:05- မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်ရေးအဖွဲ့ (FATF) ရဲ့ အမည်ပျက်စာရင်းမှာ ဆက်လက်ပါဝင်နေတဲ့ သတင်း
5:31- ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း ကုန်ဈေးနှုန်းကြီးမြင့်နေတယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောတဲ့ သတင်း
6:30- ရုရှားကျူးကျော်မှုနှစ်ပတ်လည်နေ့မှာ ယူကရိန်းရဲ့လုံခြုံရေးအတွက် ဒေါ်လာ ၂ ဘီလီယံပေးအပ်ဖို့ အမေရိကန်ကတိပြု

https://youtu.be/EmVYXRbQM84
👍7🤮1
​​တော့တင်ဟမ်ကို ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် ပေါ်တာ 'အားကိုးလို့ မရနိုင်'

ချယ်လ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာက တနင်္ဂနွေနေ့က တော့တင်ဟမ်ကို ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် သူ့အပေါ် ဖိအားတွေ ပိုတိုးလာခဲ့ပြီး ကလပ်ဘုတ်အဖွဲ့ရဲ့ ပံ့ပိုးမှုအပေါ် အချိန်အကြာကြီး အားကိုးလို့မရနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။
👍3🔥2
ထန်တလန်မြို့ ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ ဦးသေပြီး ချင်းတပ်ဖွဲ့မှ ၆ ဦးကျ

ပါခွီး
မဇ္စျိမ။ ။ချင်းပြည်နယ်၊ ထန်တလန်မြို့တွင်ဖြစ်ပွားခဲ့သည့် ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ဘက်မှ ၂၀ ဦးသေဆုံးကာ ချင်းပူးပေါင်းတပ်မှ ခြောက်ဦးကျဆုံးခဲ့ကြောင်း CDF – Thantlang က ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင်ထုတ်ပြန်သည်။
ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (ထန်တလန်) တို့နှစ်ဖွဲ့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ည ၁၀ နာရီမှစတင်ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ Tilim Operation ဟုအမည်ပေးထားသည့်စစ်ဆင်ရေးကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။
👍2🔥2😁2
Tilim Operation ကိုစတင် တိုက်ပွဲဝင်ဖော်ဆောင်သည့် ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးသေဆုံးပြီး ၂၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ CDF – Thantlang ဘက်မှ ရဲဘော်လေးဦး၊ CNA မှ ရဲဘော်နှစ်ဦး ချင်းလဲန်းအတွက် အသက်ပေးလှူခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်တွင် စစ်ကောင်စီတပ်သားနှင့် ရဲများနေရာယူထားသည့် ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့ပြီး ဇန်နဝါရီ ၂ ရက်တွင် အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့ကြောင်း သိရ သည်။
ဇန်နဝါရီလ ၂၉ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တို့တွင် စစ်ကောင်စီတပ်သားများအတွက် ထောက်ပို့ရောက်ရှိလာခဲ့သည့် MI 17 ရဟတ်ယာဉ်၏ အစိတ်အပိုင်းအချို့ကိုပါ ဖျက်ဆီးနိုင်ခဲ့ကြောင်း ဆို သည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ထန်တလန်မြို့ CB Bank တွင် နေရာယူတပ်စွဲထားသော စစ်ကောင်စီ တပ်သားနှင့် ရဲခြောက်ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ရှစ်လက် သိမ်းယူနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဖေဖော်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ထန်တလန်မြို့ရဲစခန်းအတွင်း အင်အား ၅၀ ခန့်ဖြင့် အခိုင်အမာနေရာယူထားသည့် စစ်ကောင်စီတပ်သားများနှင့် ရဲများကို တိုက်ခိုက်ခဲ့ပြီး သေနတ် အလက် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲများဖော်ဆောင်ခဲ့သည့် ရက် ၆၀ အတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ် တို့ဖြင့် အကြိမ်ပေါင်း (၉၅) ကြိမ် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ဆိုသည်။
စစ်ကောင်စီတပ်ကလေကြောင်းမှ မနားတန်းတိုက်ခိုက်လျက်ရှိသည့်အပြင် လက်နက်ခဲယမ်း အင်အား အလွန်အကျွံအသုံးပြု တိုက်ပွဲဖော်ဆောင်နေသောကြောင့် တိုက်ပွဲများဆက်လက် ပြင်းထန်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် CDF – Thantlang ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#ထန်တလန်မြို့
#ရက်ပေါင်း၆၀
#တိုက်ပွဲ
#CDF
#CNA
👍8🔥3😁1
​​စစ်ကောင်စီထံ ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း ALD ပါတီပြော

001
မဇ္စျိမ။ ။ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) အနေဖြင့် စစ်ကောင်စီ၏ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ် ပြိုင်မည်မဟုတ်သကဲ့သို့ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရလည်း မှတ်ပုံပြန်တင် မည်မဟုတ်ကြောင်း ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးထွန်းလွင်က ပြောသည်။
စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်နေ့မှစ၍ ပါတီများအား ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံပြန်မတင်ပါက ပါတီအလိုအလျောက်ပျက်ပြယ်မည်ဟုဆိုသော်လည်း ALD ပါတီအနေဖြင့် မှတ်ပုံတင်နံပါတ်ဂဏန်း တစ်ခုမရှိရုံသာဖြစ်ပြီး ပါတီအနေဖြင့်မူ ဆက်လက်ရှင်သန် ရပ်တည်သွားမည်ဖြစ်ကြောင်းလည်း ဦးထွန်းလွင် က ဆိုသည်။
“ကျွန်တော်တို့ပါတီက ၈၈ နောက်ပိုင်း NLD နဲ့အတူတူ ပေါ်လာတဲ့ပါတီဖြစ်တယ်။ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ ပါတီဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ပါတီပျက်မသွားဘူး။ ကျွန်တော်တို့ ဒီအယူအဆကို လက်ခံထားတဲ့ လူတွေစုရုံးနေကြတာဖြစ်တဲ့အတွက် ဒီရွေးကော်ကထွက်တဲ့ဥပဒေက ကျွန်တော်တို့ကို ဖျက်လို့မရပါဘူး”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်ပြုလုပ်သော ALD ပါတီ ဗဟို ကော်မတီအစည်းအဝေးတွင် အထက်ပါအတိုင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအစည်းအဝေးကို မြို့နယ် ၁၀ မြို့နယ်မှ ပါတီဗဟိုကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များ စသည်ဖြင့် စုစုပေါင်း ၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ရှိပါတီများထဲမှ ဒေါက်တာအေးမောင်ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီ(AFP) ကမူ ပြည် နယ်အတွင်း စည်းရုံးမည့်ပါတီအဖြစ် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တွင် ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မှတ်ပုံတင်လိုက်ပြီကြောင်း သိရသည်။
“ဒီနေ့ပဲ မှတ်ပုံတင်တယ်။ အခုပဲ။ ရခိုင်ပြည်နယ်အတွက်ပဲ တင်လိုက်တာပါ”ဟု ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောသည်။
နောက်ထပ် ရခိုင်အင်အားကြီးပါတီတစ်ခုဖြစ်သည့် ရခိုင်အမျိုးသားပါတီ(ANP)အနေဖြင့် ပါတီမှတ်ပုံတင်၊ မတင်ကိုမူ ပါတီတွင်း အစည်းအဝေးခေါ်ယူ၍ ဆုံးဖြတ်ရဦးမည်ဖြစ်ကြောင်း ပြောထားသည်။
ANP ပါတီဥက္ကဌ ဦးသာထွန်းလှက “လောလောဆယ် ဆွေးနွေးဖို့တော့ စဉ်းစားနေတုန်းပဲ ရှိသေးတယ်။ ဆွေးနွေးမှုမလုပ်ရသေးဘူး”ဟု ယနေ့ ထပ်မံပြောသည်။
လက်ရှိတွင် စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့်ပါတီများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီအပါအဝင် ပါတီ ၁၁ ခုအထိ ရှိလာပြီဖြစ် ကြောင်း စစ်ကောင်စီဝါဒဖြန့် နေ့စဉ်ထုတ်သတင်းစာများအရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)တို့ကမူ စစ်ကောင်စီ ၏ ရွေးကောက်ပွဲကို လက်မခံကြောင်း ထုတ်ပြန်ထားကြသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကောင်စီ
#ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
#ရွေးကောက်ပွဲ
👍17🔥1👏1
OUT NOW! This week's issue of #MizzimaWeekly. Grab your copy of this downloadable PDF here - http://bit.ly/3Y2wKtC
👍5😁3🤮1
​​ဗီယက်နမ် မန်နေဂျာသစ် ထရူးစီယာက ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် တစ်နေရာကို ပစ်မှတ်ထား

ပြင်သစ်လူမျိုးနည်းပြ ဖိလစ်ပီ ထရူးစီယာဟာ ဗီယက်နမ်ဘောလုံးအသင်းကို ဦးဆောင်ဖို့အတွက် တနင်္လာနေ့မှာ သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး သူ့ရဲ့အသင်းသစ်အတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ချက်ချင်းဝင်ခွင့်ရဖို့ ပစ်မှတ်ထားခဲ့ပါတယ်။
👍2😁1
​​ဝန်ထမ်းများ၏ ဖုန်းထဲတွင် TikTok ထည့်သွင်းခြင်းကို ဥရောပသမဂ္ဂ လုံခြုံရေးအရ ပိတ်ပင်

ဥရောပသမဂ္ဂ၏ အကြီးဆုံး မူဝါဒချမှတ်သည့်အဖွဲ့အစည်း၂ ခုသည် ဆိုက်ဘာလုံခြုံရေးအကြောင်းပြချက်ဖြင့် ဝန်ထမ်းများ၏ ဖုန်းများတွင် TikTok ထည်သွင်းခွင့် ပိတ်ပင်လိုက်သောကြောင့် အဆိုပါ တရုတ်ဗီဒီယိုအတိုမျှဝေသည့် အက်ပလီကေးရှင်းနှင့် အသုံးပြုသူများ၏ အချက်အလက်များနှင့်ပတ်သက်ပြီး စိုးရိမ်မှုများ မြင့်တက်လာသည့် လက္ခဏာဖြစ်သည်။
👍9😁3
​​မြန်မာ့ကင်းမွန် ထိုင်းဈေးကွက်တွင် ဈေးကောင်းရရှိနေ

ထိုင်းသည် မြန်မာ့ အေးခဲ ကင်းမွန်များကို အရွယ်အစားအပေါ် မူတည်ပြီး တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၁၃၀ နှင့် ၁၆၃ ဘတ်အကြား ဈေးနှုန်းဖြင့် ဝယ်ယူသည်။ ယင်းက မြန်မာကျပ်ငွေတန်ဖိုးအရဆိုလျှင် ခန့်မှန်းခြေအားဖြင့် ကျပ် ၁၁,၀၀၀ မှ ၁၃,၀၀၀ အကြား ဖြစ်သည်။ သဘာဝအတိုင်း စီမံသန့်စင်ထားပြီး အခြောက်လှန်းထားသည့် ကင်းမွန်များသည် တစ်ကီလိုဂရမ်လျှင် ထိုင်းဘတ် ၅၇၀ (မြန်မာကျပ်ငွေ ၄၇,၀၀၀) အထိ ဈေးရနိုင်ကြောင်း ကင်းမွန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥2
​​ကလင်စမန်းကို တောင်ကိုရီးယားနည်းပြအဖြစ် ခန့်အပ်

ကစားသမားအဖြစ် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး နည်ပြအဖြစ် ဂျာမနီအသင်းကို ဆီမီးဖိုင်နယ်အထိ ပို့ဆောင်ပေးခဲ့တဲ့ ဂျာဂန် ကလင်စမန်းကို တောင်ကိုရီးယားအသင်းနည်းပြချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း နိုင်ငံဘောလုံးအဖွဲ့ချုပ်က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
👍3🔥1