Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖေ​ဖော်ဝါရီလ 27 ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥5👍3
​​တရုတ်၏ လူဦးရေဆိုင်ရာ အကျပ်အတည်း

တရုတ်အစိုးရက လူဦးရေကျဆင်းနေကြောင်း ဇန်နဝါရီလတွင် အတည်ပြုခဲ့ပြီးနောက် ယင်းက နိုင်ငံ၏ တည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်ခြင်း ရှိ၊ မရှိ လေ့လာသူများအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။
🔥1
​​မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး - တော်လှန်ရေးအင်အားစုများကို ထောက်ကူအားပေးရန် တောင်းဆိုခြင်း

အောက်ဖော်ပြပါ East Asia Institute အသေးစိတ်ရှင်းလင်းဖော်ပြချက်တွင် မြန်မာမှ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် ကိုလင်းထက်မြတ်က စစ်အာဏာသိမ်းမှုအလွန် အကျပ်အတည်း မည်သို့မည်ပုံ ထွက်ပေါ်လာနေသည်ဆိုသည်ကို လေ့လာသုံးသပ်ထားသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3😁2
​​တရုတ်ဘဏ်များ ဖေဖော်ဝါရီလအတွင်း ငွေထုတ်ချေးမှု လျှော့ချရန် ဖိအားပေးခံရ

ဘဏ်ချေးငွေအသစ်များ ဇန်နဝါရီလအတွင်း စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် အန္တရာယ်များအား တားဆီးနိုင်ရေးအတွက် ချေးငွေထုတ်ချေးမှုအရှိန်ကို လျှော့ချရန် တရုတ်ဗဟိုဘဏ်က ဘဏ်အချို့ကို ဖိအားပေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သည့် ဘဏ်လုပ်ငန်းရှင် ၃ ဦးက ပြောကြားထားသည်။
😁2👍1
အင်ဖားထောင်တွင်း မြန်မာစစ်ရှောင်သေဆုံးခဲ့၍ ပြည်နယ်အစိုးရကို အရပ်ဖက်အဖွဲ့များရှုတ်ချ
------------------
ပါခွီး
မဇ္စျိမ။ ။အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖားမြို့ Sajiwa ထောင်တွင် ထိန်းသိမ်းထားသော မြန်မာ စစ်ဘေးရှောင်တစ်ဦး ကွယ်လွန်သွားခဲ့သည့်အပေါ် အရပ်ဖက်အဖွဲ့စည်းများမှ မဏိပူအစိုးရကို အပြင်း အထန် ကန့်ကွက်ရှုတ်ချကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ထားသည်။
မဏိပူပြည်နယ်အစိုးရမှ မြန်မာဒုက္ခသည်များအပေါ်ရန်သူသဖွယ်ဆက်ဆံကာ လူသားချင်းစာနာမှုဆိုင်ရာ ကင်းမဲ့နေကြောင်း ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (KSDF)၊ ကူကီးအမျိုးသမီးဆိုင်ရာ လူ့အခွင့်အရေးအစည်းအရုံး (KWHRO) ၊ မြန်မာနိုင်ငံ ကူကီးကျောင်းသားများအဖွဲ့အစည်း (KSO- M) နှင့် တမူးခရိုင် အရပ်အဖက်အဖွဲ့အစည်းများကွန်ရက် (TDCN) တို့မှ ကန့်ကွက်ရှုံ့ချခဲ့ခြင်း ဖြစ်သည်။
👍7😁2🤯1
“ဒီမိုကရေစီနိုင်ငံဆိုပြီး အားကိုးတကြီးနဲ့ခိုလှုံလာတာကို အခုလိုဆက်ဆံတဲ့အတွက် အံ့ဩဝမ်းနည်း တုန် လှုပ်ခဲ့ကြရတယ်။ နိုင်ငံတကာကနေ ဒုက္ခသည်များကိုအသိအမှတ်ပြုလက်ခံပေးဖို့ အိန္ဒိယအစိုးရနဲ့ ပြည်နယ်အစိုးရကို ဖိအားပေးကြဖို့တောင်းဆိုချင်ပါတယ်” ဟု KSDF အကြံပေးပုဂ္ဂိုလ် ဦးဆေဂင်က မဇ္စျိမ သို့ပြောသည်။
မဏိပူပြည်နယ်အစိုးရအနေဖြင့် ဖမ်းဆီးထားသောဒုက္ခသည်များအား အမြန်ဆုံးပြန်လည်လွှတ်ပေးနိုင် ရန်နှင့် တိုင်းပြည်အခြေအနေကြောင့် ထွက်ပြေးလာရသည့် မြန်မာနိုင်ငံမှဒုက္ခသည်များအပေါ် အသိ အမှတ်ပြု လက်ခံပေးပါရန် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
သေဆုံးခဲ့သည့် မောင်ဒင်းခိုကျွန်း(Demkhochon)သည် နှလုံးရောဂါဖြင့်ဆုံးပါးခဲ့ရခြင်းဟု သတင်းများအရ သိရသော်လည်း ၎င်းတွင် ယခင်ကမည်သည့်ရောဂါအခံ မျှမရှိသကဲ့သို့ နှလုံးရောဂါလည်းမရှိကြောင်း ၎င်း၏ မိခင်ထံမှသိရကြောင်း ဖော်ပြထားသည်။
ယင်းအချက်သည် ဖမ်းဆီးခံထားရသည့် မြန်မာဒုက္ခသည်များအပေါ် လိုအပ်သည့်ဆေးဝါး အထောက် အကူများ၊ အစားအသောက်နှင့် လူသားချင်း စာနာထောက်ထားမှုကင်းမဲ့နေသည်ကို ပေါ်လွင်စေကာ မလိုအပ်ဘဲထိန်းချုပ်မှု၊ ချုပ်နှောင်မှု၊ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများရှိနေသည်ကို ပေါ်လွှင်စေ ကြောင်းဆိုသည်။
အိန္ဒိယမြန်မာနယ်စပ် တမူးဒေသရှိ ပြည်သူလူထုသည် စစ်တပ်နှင့် ၎င်း၏လက်အောက်ခံ လက်နက်ကိုင် အဖွဲ့များ၏ ညှင်းပန်းနှိပ်စက်မှု၊ ကျေးရွာများမီးရှို့ဖျက်ဆီးခံရမှုများကြောင့် တဖက်နိုင်ငံရှိ ကျေးရွာများ တွင်ခိုလှုံနေကြခြင်းဖြစ်သည်။
မဏိပူအစိုးရမှ စစ်ပြေးဒုက္ခသည်များကို တရားမဝင်ရွှေ့ပြောင်းနေထိုင်သည်ဟုဆိုကာ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လူ ၈၄ ဦးကို လက်နက်ကိုင်တပ်များဖြင့် လာရောက်ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အိန္ဒိယ - မြန်မာနယ်စပ် (Lhangcham) ကျေးရွာတွင် ခိုလှုံခဲ့သော မောင်ဒင်းခိုကျွန်း (၃၂ နှစ်) သည် မဏိပူအစိုးရ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့၌ ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဟု သိရသည်။
၎င်း၏ ရုပ်အလောင်းကို အင်ဖာမြို့မှတဆင့် မိသားစုဝင်များနေထိုင်ရာ မိုးရေးမြို့ သို့ သယ်ဆောင်လာပြီး ဖေဖော်ဝါရီ ၂၇ ရက် ယနေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်းနီးစပ်သူများကဆိုသည်။
အင်ဖားမြို့ Sajiwa ထောင်တွင် ထိန်းသိမ်းခံထားရသည့် သက်ကြီးရွယ်အို သုံးဦးသည်လည်း ကျန်းမာရေး မကောင်းသည့်အတွက် အင်ဖားဆေးရုံတွင် တက်ရောက်ကုသခံနေရကြောင်းသိရသည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ
#အင်ဖားထောင်
#မြန်မာစစ်ရှောင်
#မဏိပူပြည်နယ်
#သေဆုံး
------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍7😁2🤯1🤬1
​​မန္တလေးတွင် လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ပြီး ရေပြတ်လပ်မှုဖြစ်နေ

007
မဇ္စျိမ။ ။မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ရာမှ သောက်သုံး ရေပြတ်လပ်မှုနှင့်ကြုံတွေ့နေကြရကြောင်း ဒေသခံများထံကသိရသည်။
“မီးဆိုးဆိုးရွားရွားပြတ်တာက တစ်လလောက်ရှိနေပြီ၊ ရေမတင်နိုင်တော့တာကတော့ ပြီးခဲ့တဲ့တစ်ပတ် ကစတာပဲ။ ကျွန်တော်တင်မဟုတ်ဘူး ဒီအိမ်ရာတစ်ခုလုံးက ကြိုက်တဲ့သူသွားမေးကြည့်၊ သုံးစရာရေမရှိ တော့ဘူး။ တတ်နိုင်သူတချို့က မီးစက်ငှားပြီး ရေတင်တယ်၊ တချို့က ရေသန့်ဘူးကြီး၀ယ်သုံးကြတယ်၊ မသုံးနိုင်သူတွေမှာတော့ ဒုက္ခလှလှကြီးတွေ့ကြတာပေါ့ဗျာ” ဟု မန္တလေးမြို့သစ် မြရည်နန္ဒာအိမ်ရာတွင် နေထိုင်သူတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် လျှပ်စစ်မီးအချိန်ကြာမြင့်စွာပြတ်တောက်မှု တစ်လကျော်ကြာခဲ့ပြီးနောက်၊ နောက်ဆက် တွဲ လူမှုဒုက္ခအဖြစ်၊ အထပ်မြင့်တိုက်ခန်းနေထိုင်သူများ သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်း ဖြစ်သည်။
ယခင်က တစ်ရက်လျှင် မီးလာချိန်လေးနာရီခန့်ရှိခဲ့သော်လည်း စစ်အာဏာသိမ်းမှုနှစ်နှစ်ပြည့် နောက်ပိုင်း မှစ၍ တစ်ရက်လျှင် လျှပ်စစ်မီးအသုံးပြုရချိန် နှစ်နာရီ၀န်းကျင်သာရှိတော့ကြောင်း၊ အကျိုးဆက်အဖြစ် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“မီးလာချိန်က အင်မတန်နည်းသွားတယ်။ ၁၀ မိနစ်လောက်လွှတ်ပေးပြီး၊ နေ့တစ်၀က်လောက်ပျက်တယ်၊ တစ်ရက်လုံးမှာ မီးလာချိန် နှစ်နာရီဆိုတာ ရှာမှရှားပဲ၊ ပရဟိတတွေရှိနေလို့သာ မျက်နှာသစ်စရာရေ ရနေတာ။ ခုနွေမဟုတ်သေးဘူး ဒီလောက်အထိရေပြဿနာဖြစ်နေတာ နောက်လတွေဘယ်လိုဖြတ်သန်း ရမယ်မသိဘူး” ဟု အောင်မြေသာစံမြို့နယ်ဒေသခံတစ်ဦးကပြောသည်။
မန္တလေးမြို့တွင် ယခုနှစ်ဇန်နဝါရီလမှစ၍ တစ်မြို့လုံးနီးပါး လျှပ်စစ်မီးဆိုးဆိုးရွားရွားပြတ်တောက်နေခြင်း ဖြစ်ပြီး အထပ်မြင့်တိုက်ခန်းဖြင့်နေထိုင်ကြသည့် အိမ်ထောင်စုပေါင်း ၁,၀၀၀ နီးပါးမှာ လတ်တလောတွင် သောက်သုံးရေပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်းသိရသည်။
“ဒါ အခုလတ်တလောကို ပြောတာနော်၊ မြရည်နန္ဒာထဲမှာတင် အိမ်ထောင်စု ၅၀၀ လောက် ရေဒုက္ခ ရောက်နေတယ်။ မနှစ်က အထပ်မြင့်တွေအပါအ၀င် မြို့သစ်ရောမြို့ထဲရော စုစုပေါင်း ရေဂါလံသိန်းနဲ့ချီ ကူညီပေးခဲ့ရတယ်” ဟု ပရဟိတသမားတစ်ဦးကပြောသည်။

Photo HMO

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#မန္တလေးမြို့
#လျှပ်စစ်မီး
#ဆိုးဆိုးရွားရွားပြတ်တောက်
#ရေပြတ်လပ်မှုဖြစ်နေ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😢14👍6😁2❤1😭1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_1

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
🔥2
မြင်းမူမြို့နယ် ကန်တော်ကျေးရွာကို စစ်ကြောင်းထိုးပြီး ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် နေအိမ် ၁၀ လုံး ကျော် မီးရှို့ဖျက်ဆီး

007
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ကန်တော်ကျေးရွာကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီတပ် မှ စစ်ကြောင်းထိုး၀င်ရောက်ပြီး ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းနှင့် နေအိမ် ၁၀ လုံးကျော်ကို မီးရှို့ဖျက် ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
“PDF တွေနဲ့တိုက်ပွဲဖြစ်ပြီး သူတို့(စကစ)ဘက်က အတော်လေးအသေအပျောက်ရှိတယ်။ အဲဒီကိစ္စနဲ့ ရွာ ကိုမဲပြီး စစ်ကြောင်းထိုးတယ်။ မနေ့က ညနေပိုင်းကနေညအထိ မီးထိုင်ရှို့နေတာ။ ခုမနက်သိရတော့ ဘုန်းကြီးကျောင်း နှစ်ကျောင်းပါသွားတယ်၊ စာသင်ကျောင်းလည်းမီးရှို့ခံရတဲ့အထဲပါတယ်ပြောတယ်။ နောက်ပြီးတော့ အိမ် ၁၀ လုံးကျော်တယ်မီးရှို့ခံရတာ”ဟု စစ်ကိုင်းမြို့ဘက်သို့ စစ်ဘေးရှောင်လာသူ တစ်ဦးကပြောသည်။
🤬8❤1👏1
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)မှ ဖြစ်ကြောင်းသိရ ပြီး ဒေသအခြေစိုက်ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ အထိနာပြီး ကန်တော်ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
စစ်ကြောင်းတွင် အင်အား ၂၀၀ ခန့်ရှိမည်ဟုခန့်မှန်းကြောင်း၊ လက်ရှိတွင် မြင်းမူမြို့နယ်အစပ်မှကျေးရွာ များအား လှည့်ပတ်ကာစစ်ကြောင်းထိုးနေကြောင်း၊ ကျေးရွာနေပြည်သူများသည် ၎င်းစစ်ကြောင်း ၀င်မလာမီ နေအိမ်များအားစွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#ကန်တော်ကျေးရွာ
#စစ်ကြောင်းထိုး
ပုံစာ ဖေဖော်ဝါရီ ၂၅ ရက်က မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရမှုဖြစ်ပါတယ်
Photo မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
🤬10❤1👏1