Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မုံရွာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)မှ ဖြစ်ကြောင်းသိရ ပြီး ဒေသအခြေစိုက်ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာမှ အထိနာပြီး ကန်တော်ကျေးရွာကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
စစ်ကြောင်းတွင် အင်အား ၂၀၀ ခန့်ရှိမည်ဟုခန့်မှန်းကြောင်း၊ လက်ရှိတွင် မြင်းမူမြို့နယ်အစပ်မှကျေးရွာ များအား လှည့်ပတ်ကာစစ်ကြောင်းထိုးနေကြောင်း၊ ကျေးရွာနေပြည်သူများသည် ၎င်းစစ်ကြောင်း ၀င်မလာမီ နေအိမ်များအားစွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသတွင်းသတင်းများအရသိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#စစ်ကိုင်းတိုင်း
#မြင်းမူမြို့နယ်
#ကန်တော်ကျေးရွာ
#စစ်ကြောင်းထိုး
ပုံစာ ဖေဖော်ဝါရီ ၂၅ ရက်က မြင်းမူမြို့နယ် ပဒတ္ထိုင်းကျေးရွာမီးရှို့ခံရမှုဖြစ်ပါတယ်
Photo မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
🤬10❤1👏1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၇ ဖေဖော်ဝါရီ ၂၀၂၃ )

အကြမ်းဖက်မင်းအောင်လှိုင်မှ နိုင်ငံအာဏာကို မတရားလုယူပြီးနောက် ၎င်း၏ အာဏလုမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်း၍ တိုင်းပြည်စီးပွားရေး ကျဆင်းနေသည်ကို ဖုံးကွယ်ကာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်းသည် ပြည်သူများ ကြိုးစားလိုစိတ်နှင့် အလုပ်လုပ် ကိုင်လိုမှုအားနည်းခြင်းကြောင့်ဟု ပြစ်တင်ပြောဆိုနေသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
😁5👍4👎1🤮1
ပဒတ္ထိုင်းရွာမှ နေအိမ် ၆၅ လုံးနှင့် ကျေးလက်ဆေးပေးခန်းကို စစ်ကောင်စီတပ်ကမီးရှို့

MTO
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်နှင့် အရာတော်နယ်အစပ်ရှိ ပဒတ္ထိုင်းရွာကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၆၅ လုံးနှင့် ကျေးလက် ဆေးပေးခန်းကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“ နေအိမ်တွေအပြင် ကျေးလက်ဆေးပေးခန်း စာကြည့်တိုက် နဲ့ သမဆိုင်တွေကိုပါ မီးလောင် ပျက်စီးသွားတယ်လို့ သိရပါတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
🤬14👍3❤1
ခန့်မှန်းအင်အား ၂၀၀ နီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် အရာတော်နယ်ဘက်မှ မြင်းမူဘက်သို့ ဝင်ရောက်လာပြီး ပဒတ္ထိုင်းရွာကို စစ်ကြောင်းထိုး မွှေနှောက်ကာမီးရှို့ဖျက်စီးသွားခြင်းဖြစ်သည်။
ပဒတ္ထိုင်ထိုင်းရွာကိုမီးရှို့ပြီးနောက် မြင်းမူမြို့ နယ်အတွင်းရှိ ညောင်ပင်ကန်ရွာသို့ ထပ်မံဝင်ရောက် ကာ ရွာအနောက်ဖက်တွင် စစ်ရှောင်ရန်တည်ဆောက်ထားသည့်တဲ (တောထဲတိုက်) ၂ လုံးကို မီးရှို့ခဲ့ကြောင်း မြင်းမူသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ရွာကို ထပ်မံဝင်ရောက်ပြီးနောက် လူနေအိမ်များနှင့် ဘုန်ကြီးကျောင်းပါမချန် မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရသည်။
ကန်တော်ရွာကိုမီးရှို့ ဖျက်စီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထီးဆောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းပြီးနောက် ကန်ဖျားရွာသစ်ဘက်ကို ဝင်ရောက်သွားကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။
စာတည်း ။ ။ Alden
#မြင်းမူမြို့နယ်
#ပဒတ္ထိုင်းရွာ
#ကျေးလက်ဆေးပေးခန်း
#လူနေအိမ်
#မီးရှို့
#စစ်ကြောင်းထိုး
😢8👍3🔥1🤬1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep15 seg - 1 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://tinyurl.com/96mb3bw6

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍2🔥1
"လွတ်မြောက်နယ်မြေဆိုတာ ဘာလဲ" (Editorial Talk)

မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းက ကျေးရွာတွေအများစုမှာ နွေဦးတော်လှန်ရေး နှစ်နှစ်တာ ကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေက ပိုမိုကျယ်ပြန့်လာပြီး စစ်ကောင်စီီရဲ့အာဏာစက်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အချိန်သာသာလောက်ပဲ ရှိတော့တာကို တွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ “လွတ်မြောက်နယ်မြေဆိုတာ ဘာလဲ” ဆိုတာဘာလဲ၊ စစ်ကိုင်းတိုင်းက လွတ်မြောက်နယ်မြေတွေအကြောင်း သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/pECFBFOI09A
👍8🤮2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်ထုတ်လွှင့်မှုများ

https://youtu.be/hqRlG79bDSk
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮3❤1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_26 Seg_1 | မုန့်ဟင်းခါး

Watch more detail - https://youtu.be/Ujb2_iSYVW8

#thecookingguy #mizzimatv #reels #shorts #cooking
👍5🤮1
​​ကနေဒါတွင် တရုတ်က မိမိတို့လိုလားသော အစိုးရ အာဏာရလာရေးမဟာဗျူဟာကို ကျင့်သုံးနေ
=====================

တရုတ်သည် ၂၀၂၁ ခုနှစ် ကနေဒါဖက်ဒရယ်ရွေးကောက်ပွဲတွင် လူနည်းစုလစ်ဘရယ်အစိုးရ အာဏာပြန်လည်ရရှိရေးနှင့် တရုတ်ကိုမလိုလားဟု ယူဆရသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများ နေရာမရရေးအတွက် ဆန်းပြားရှုပ်ထွေးသော မဟာဗျူဟာကို အသုံးပြုခဲ့သည့် သက်သေအထောက်အထားများကို ကနေဒါထောက်လှမ်းရေးအေဂျင်စီက ရရှိထားကြောင်း Globe and Mail သတင်းတွင် ဖော်ပြထားသည်။
👍8🔥1🤯1
​​ရာသီဥတုဖောက်ပြန်မှုဒဏ်အခံရဆုံး ဒေသများတွင် တရုတ်ပြည်နယ်များ ထိပ်ဆုံးမှ ပါဝင်နေ
=======================

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးဒေသများအနက် ၄ ပုံ ၃ ပုံကျော်သည် တရုတ်နိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့ အရေးအကြီးဆုံးကုန်ထုတ်စက်ရုံအချို့သည် ဆိုးရွားသောရာသီဥတုကြောင့် ခြိမ်းခြောက်ခံနေရကြောင်း အစီရင်ခံစာအသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
👍4🔥1
ဖေဖော်ဝါရီလ ၂၈ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
==================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီထံ ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း ALD ပါတီပြောတဲ့ သတင်းနဲ့ အတူ

မန္တလေးမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ပြီး ရေပြတ်လပ်မှုဖြစ်ပေါ်နေတဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ Mizzima Editorial talk ဆွေးနွေးခန်းအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။

https://youtu.be/I-cl3HKUhTM

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1
​​အမေရိကန်လေတပ်က တရုတ်၏ သယဖြစ်ဖွယ် သူလျှိုမိုးပျံပူဖောင်း ဓာတ်ပုံသစ်ကို ထုတ်ပြန်
==========================

မြောက်အမေရိကဝေဟင်တွင် ယခုလအစောပိုင်းက ဖြတ်သန်းဝင်ရောက်ခဲ့သော တရုတ်သူလျှိုမိုးပျံပူဖောင်းအား ရိုက်ကူးထားသည့် ဓာတ်ပုံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
👍12😁1
​​အာဖဂန်တွင် အမျိုးသမီးများတော်လှန်ရေးလှုပ်ရှားမှု စတင်
=======================

အာဖဂန်နစ္စတန်နိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ပြီး တော်လှန်ရေးလှုပ်ရှားမှု စတင်လိုက်ကြောင်း အမျိုးသမီးအဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာလိုက်သည်။
👍9👏4🔥1
ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုဒဏ်ခံနေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ
=====================

ရန်ကုန်မြို့က အဆင်းရဲဆုံးဖြစ်တဲ့ မြို့နယ် ၈ မြို့နယ်က လူ ၃၀၀၀ ကို ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP က စစ်တမ်းကောက်ယူရာမှာ လူဦးရေရဲ့ လေးပုံတစ်ပုံက ဝင်ငွေမရှိသလို၊ သုံးပုံတစ်ပုံက အစားလျှော့စားရတဲ့ အခြေအနေအထိ ရှိနေတယ်လို့ UNDP ရဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်မြို့က အဆင်းရဲဆုံးမြို့နယ်တွေက လူထုအနေနဲ့ အစားလျှော့စားရတဲ့အပြင် ဝင်ငွေမရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပိုင်ဆိုင်မှုတွေကို ရောင်းချနေရသလို ဒီလို ဝင်ငွေလျော့နည်းလာတဲ့ အခြေအနေက အိမ်ထောင်စုတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်လူမှုစီးပွားကို ခြိမ်းခြောက်နေတယ်လို့လည်း ဖော်ပြပါတယ်။

အစီအရင်ခံစာနဲ့ စစ်တမ်းကောက်ယူမှုအရ မြို့နယ် ၈ ခုမှာ နေထိုင်သူတွေဟာ တခြားမြို့နယ်ကလူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ပိုပြီး နိမ့်ကျနေတယ်လို့လည်း ဆိုပါတယ်။

https://youtu.be/YtMl8psChKY

#politics
#newsfeature

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1