Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ခန့်မှန်းအင်အား ၂၀၀ နီးပါးရှိသည့် အဆိုပါစစ်ကြောင်းသည် အရာတော်နယ်ဘက်မှ မြင်းမူဘက်သို့ ဝင်ရောက်လာပြီး ပဒတ္ထိုင်းရွာကို စစ်ကြောင်းထိုး မွှေနှောက်ကာမီးရှို့ဖျက်စီးသွားခြင်းဖြစ်သည်။
ပဒတ္ထိုင်ထိုင်းရွာကိုမီးရှို့ပြီးနောက် မြင်းမူမြို့ နယ်အတွင်းရှိ ညောင်ပင်ကန်ရွာသို့ ထပ်မံဝင်ရောက် ကာ ရွာအနောက်ဖက်တွင် စစ်ရှောင်ရန်တည်ဆောက်ထားသည့်တဲ (တောထဲတိုက်) ၂ လုံးကို မီးရှို့ခဲ့ကြောင်း မြင်းမူသတင်းမှန်ပြန်ကြား ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ယင်းစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ကန်တော်ရွာကို ထပ်မံဝင်ရောက်ပြီးနောက် လူနေအိမ်များနှင့် ဘုန်ကြီးကျောင်းပါမချန် မီးရှို့ဖျက်စီးခဲ့ကြကြောင်း သိရသည်။
ကန်တော်ရွာကိုမီးရှို့ ဖျက်စီးခဲ့သည့် စစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထီးဆောင်ကျေးရွာမှ စစ်ကောင်စီတပ်သားများနှင့် ပူးပေါင်းပြီးနောက် ကန်ဖျားရွာသစ်ဘက်ကို ဝင်ရောက်သွားကြောင်း မြင်းမူသတင်းမှန်ပြန်ကြားရေးအဖွဲ့က ဖော်ပြထားသည်။
စာတည်း ။ ။ Alden
#မြင်းမူမြို့နယ်
#ပဒတ္ထိုင်းရွာ
#ကျေးလက်ဆေးပေးခန်း
#လူနေအိမ်
#မီးရှို့
#စစ်ကြောင်းထိုး
😢8👍3🔥1🤬1
Media is too big
VIEW IN TELEGRAM
Challenging Journey | Ep15 seg - 1 (Kiraနဲ့BoBတို့ရဲ့စိန်ခေါ်မှုခရီးစဥ်)

Watch more detail - https://tinyurl.com/96mb3bw6

#challengingjourney #kira #bobo #mizzimaplusHD #travel #challenge #reels
👍2🔥1
"လွတ်မြောက်နယ်မြေဆိုတာ ဘာလဲ" (Editorial Talk)

မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းတိုင်းက ကျေးရွာတွေအများစုမှာ နွေဦးတော်လှန်ရေး နှစ်နှစ်တာ ကာလအတွင်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေက ပိုမိုကျယ်ပြန့်လာပြီး စစ်ကောင်စီီရဲ့အာဏာစက်ဟာ ကျေးရွာတွေကို စစ်ကြောင်းထိုးတဲ့အချိန်သာသာလောက်ပဲ ရှိတော့တာကို တွေ့ရပါတယ်။

ဒီတစ်ပတ်မှာတော့ “လွတ်မြောက်နယ်မြေဆိုတာ ဘာလဲ” ဆိုတာဘာလဲ၊ စစ်ကိုင်းတိုင်းက လွတ်မြောက်နယ်မြေတွေအကြောင်း သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေးနွေးထားပါတယ်။

https://youtu.be/pECFBFOI09A
👍8🤮2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်ထုတ်လွှင့်မှုများ

https://youtu.be/hqRlG79bDSk
#PVTV
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮3❤1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_26 Seg_1 | မုန့်ဟင်းခါး

Watch more detail - https://youtu.be/Ujb2_iSYVW8

#thecookingguy #mizzimatv #reels #shorts #cooking
👍5🤮1
​​ကနေဒါတွင် တရုတ်က မိမိတို့လိုလားသော အစိုးရ အာဏာရလာရေးမဟာဗျူဟာကို ကျင့်သုံးနေ
=====================

တရုတ်သည် ၂၀၂၁ ခုနှစ် ကနေဒါဖက်ဒရယ်ရွေးကောက်ပွဲတွင် လူနည်းစုလစ်ဘရယ်အစိုးရ အာဏာပြန်လည်ရရှိရေးနှင့် တရုတ်ကိုမလိုလားဟု ယူဆရသည့် ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများ နေရာမရရေးအတွက် ဆန်းပြားရှုပ်ထွေးသော မဟာဗျူဟာကို အသုံးပြုခဲ့သည့် သက်သေအထောက်အထားများကို ကနေဒါထောက်လှမ်းရေးအေဂျင်စီက ရရှိထားကြောင်း Globe and Mail သတင်းတွင် ဖော်ပြထားသည်။
👍8🔥1🤯1
​​ရာသီဥတုဖောက်ပြန်မှုဒဏ်အခံရဆုံး ဒေသများတွင် တရုတ်ပြည်နယ်များ ထိပ်ဆုံးမှ ပါဝင်နေ
=======================

ရာသီဥတုဖောက်ပြန်မှုဒဏ်ကို အခံရဆုံးဒေသများအနက် ၄ ပုံ ၃ ပုံကျော်သည် တရုတ်နိုင်ငံတွင် တည်ရှိပြီး ကမ္ဘာ့ အရေးအကြီးဆုံးကုန်ထုတ်စက်ရုံအချို့သည် ဆိုးရွားသောရာသီဥတုကြောင့် ခြိမ်းခြောက်ခံနေရကြောင်း အစီရင်ခံစာအသစ်တစ်ရပ်တွင် ဖော်ပြထားသည်။
👍4🔥1
ဖေဖော်ဝါရီလ ၂၈ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
==================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီထံ ပါတီမှတ်ပုံတင်မည်မဟုတ်ကြောင်း ALD ပါတီပြောတဲ့ သတင်းနဲ့ အတူ

မန္တလေးမှာ လျှပ်စစ်မီး ဆိုးဆိုးရွားရွားပြတ်တောက်ပြီး ရေပြတ်လပ်မှုဖြစ်ပေါ်နေတဲ့ သတင်းတွေ အပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ်ကဏ္ဍအနေနဲ့ Mizzima Editorial talk ဆွေးနွေးခန်းအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။

https://youtu.be/I-cl3HKUhTM

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4😁1
​​အမေရိကန်လေတပ်က တရုတ်၏ သယဖြစ်ဖွယ် သူလျှိုမိုးပျံပူဖောင်း ဓာတ်ပုံသစ်ကို ထုတ်ပြန်
==========================

မြောက်အမေရိကဝေဟင်တွင် ယခုလအစောပိုင်းက ဖြတ်သန်းဝင်ရောက်ခဲ့သော တရုတ်သူလျှိုမိုးပျံပူဖောင်းအား ရိုက်ကူးထားသည့် ဓာတ်ပုံကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
👍12😁1
​​အာဖဂန်တွင် အမျိုးသမီးများတော်လှန်ရေးလှုပ်ရှားမှု စတင်
=======================

အာဖဂန်နစ္စတန်နိုင်ငံတွင် အခြေခံလူ့အခွင့်အရေးနှင့် အမျိုးသမီးအခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် ရည်ရွယ်ပြီး တော်လှန်ရေးလှုပ်ရှားမှု စတင်လိုက်ကြောင်း အမျိုးသမီးအဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီလ ၂၅ ရက်က ကြေညာလိုက်သည်။
👍9👏4🔥1
ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုဒဏ်ခံနေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ
=====================

ရန်ကုန်မြို့က အဆင်းရဲဆုံးဖြစ်တဲ့ မြို့နယ် ၈ မြို့နယ်က လူ ၃၀၀၀ ကို ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ် UNDP က စစ်တမ်းကောက်ယူရာမှာ လူဦးရေရဲ့ လေးပုံတစ်ပုံက ဝင်ငွေမရှိသလို၊ သုံးပုံတစ်ပုံက အစားလျှော့စားရတဲ့ အခြေအနေအထိ ရှိနေတယ်လို့ UNDP ရဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရန်ကုန်မြို့က အဆင်းရဲဆုံးမြို့နယ်တွေက လူထုအနေနဲ့ အစားလျှော့စားရတဲ့အပြင် ဝင်ငွေမရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ပိုင်ဆိုင်မှုတွေကို ရောင်းချနေရသလို ဒီလို ဝင်ငွေလျော့နည်းလာတဲ့ အခြေအနေက အိမ်ထောင်စုတွေရဲ့ ကျန်းမာရေးနဲ့ ရေရှည်လူမှုစီးပွားကို ခြိမ်းခြောက်နေတယ်လို့လည်း ဖော်ပြပါတယ်။

အစီအရင်ခံစာနဲ့ စစ်တမ်းကောက်ယူမှုအရ မြို့နယ် ၈ ခုမှာ နေထိုင်သူတွေဟာ တခြားမြို့နယ်ကလူတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခြေအနေတွေ ပိုပြီး နိမ့်ကျနေတယ်လို့လည်း ဆိုပါတယ်။

https://youtu.be/YtMl8psChKY

#politics
#newsfeature

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8❤1
သံပုရာသီးရဲ့အကျိုးကျေးဇူးများ
==============

-သံပုရာသီးက သင့်ကျန်းမာရေးအတွက် ဘာတွေအကျိုးပြုမလဲ ?

-သံပုရာသီးမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေက ဘာတွေလဲ ?

-သံပုရာသီးမှာရှိတဲ့ လျှို့ဝှက်ချက် အကျိုးအာနိသင်တွေက ဘာတွေလဲ ?

အစရှိတဲ့ အကြောင်းအရာတွေကို ဒီအစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပါ ......

https://youtu.be/dSBnksKJucE

#Nature
#NatureArticle
#VideoNews
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍9🤮1
​​ယူကရိန်းကျူးကျော်စစ် ဆင်နွှဲသော ရုရှားကို ရှုတ်ချရန် တရုတ် လက်မခံခြင်းကြောင့် ဂျီ-၂၀ ပူးတွဲကြေညာချက် မထုတ်ပြန်နိုင်
=====================

အိန္ဒိယတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၏ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ ယူကရိန်းကျူးကျော်စစ်နှင့်ပတ်သက်ပြီး ရုရှားအား ရှုတ်ချရန် တရုတ်က ငြင်းဆန်လိုက်သဖြင့် ပူးတွဲကြေညာချက်ထုတ်ရန် သဘောတူညီမှု မရရှိခဲ့ပေ။ 

ရုရှား၏ ကျူးကျော်ရန်စမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချသည့် ဂျီ-၂၀ ကြေညာချက်ပါ အချက်များကို လက်ခံရန် တရုတ်က ငြင်းဆိုခဲ့သည်။ ပဋိပက္ခအဆုံးသတ်ရေး အစီအစဉ်ကို တရုတ်က ယခုသီတင်းပတ်တွင် ထုတ်ပြန်ပြီးနောက် ဂျီ-၂၀ ထုတ်ပြန်ချက်ပြဿနာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဂျီ-၂၀ ဆွေးနွေးပွဲကို နိုင်ငံတောင်ပိုင်း ဘန်ဂါလူရူမြို့တွင် ယခုသီတင်းပတ်အတွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အိန္ဒိယသည် အစည်းအဝေးတွင် နယ်ပယ်စုံဆွေးနွေးမှုဆိုင်ရာ အနှစ်ချုပ်အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ယူကရိန်းအရေးနှင့် ရုရှားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများနှင့်ပတ်သက်ပြီး အကဲဖြတ်မှု အမျိုးမျိုးရှိနေကြာင်း ထည့်သွင်းဖော်ပြခဲ့သည်။
👍3🔥2
​​ပါကစ္စတန်တွင် လုပ်ကိုင်နေသော တရုတ်ကုမ္ပဏီများ အခက်ကြုံနေ
=======================

ပါကစ္စတန်၌ လုပ်ငန်းဆောင်ရွက်နေသော တရုတ်ကုမ္ပဏီများအနေဖြင့် အခက်အခဲများကို ကြုံတွေ့ကြရာတွင်   စီးပွားရေးစင်္ကြံအတွက် တရုတ်၏ ကနဦးရင်းနှီးမြှုပ်နှံမှုအများစုသည် လျှပ်စစ်ကဏ္ဍတွင် ဖြစ်သည်။

သို့သော် ရင်းနှီးမြှုပ်နှံမှုများသည် ယင်းစီမံကိန်းများ၏ အနာဂတ်ငွေကြေးစီးဆင်းမှုတွင် ကြွေးမြီအမြောက်အမြားကို ဖြစ်ပေါ်စေခဲ့ကြောင်း မဟာဗျူဟာဆက်သွယ်ရေးဆိုင်ရာ အင်ဒိုပစိဖိတ်စင်တာ (IPSCS) ၏ အစီရင်ခံစာက ဖော်ပြခဲ့သည်။

ပါကစ္စတန်နှင့် တရုတ်ကုမ္ပဏီများ လက်မှတ်ရေးထိုးထားသော သဘောတူညီချက်အများစုသည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သောတရုတ်ကုမ္ပဏီများအတွက် အမြတ်များ အဆမတန် ပြန်ပေးရန် အာမခံထားကြောင်း အစီရင်ခံ၌ ဖော်ပြထားသည်။

ပါကစ္စတန်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း စီးပွားရေးအကျပ်အတည်းကို ဖြတ်သန်းခဲ့ရသဖြင့် ကြွေးမြီများကို အချိန်မီပြန်ဆပ်ရန် အဆင်ပြေခဲ့ဟန်မပေါ်ပေ။
👍3🔥1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၃ | VOA on Mizzima
======================

အမေရိကန်ပြည်ထောင်စုရောက် မြန်မာလူမျိုးစုတွေ စုပေါင်းပြီး စစ်ကောင်စီအကြမ်းဖက်မှုတွေ လျော့အောင် အမေရိကန်အစိုးရ ဖိအားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီလို စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေအပြင် နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/kgIOeQZ2Fn8

#မဇ္ဈိမအတွက်ဗွီအိုအေ
#mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥1
အမေရိကန်ရောက် မြန်မာလူမျိုးစုများ ဆန္ဒပြပွဲ | VOA on Mizzima
=====================

မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ လူမျိုးစုဒေသတွေမှာ စစ်ကောင်စီက အကြမ်းဖက်နှိမ်နိင်းနတာတွေနဲ့ ပတ်သတ်ပြီး ရပ်တန့်အောင် အမေရိကန်အစိုးရအနေနဲ့ ဖိအားပေးဖို့ အမေရိကန်ပြည်ထောင်စုရောက် လူမျိုးစုတွေက တောင်းဆိုလိုက်ပါတယ်။ ပြည်နယ်အတော်များများက လာကြသူတွေဟာ မြို့တော် ဝါရှင်တန်ဒီစီက အစိုးရရုံးတွေမှာ ချီတက်ဆန္ဒပြတောင်းဆိုကြတာပါ။ ဒီအကြောင်း ကိုအောင်အောင်က ရိုက်ကူးတင်ပြပေးထားပါတယ်။

https://youtu.be/aQ9huIhPssk

#မဇ္ဈိမအတွက်ဗွီအိုအေ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍7🔥1
​​ကချင်သင်းအုပ်ဆရာ ခလမ် ဆမ်ဆန်ကို ဖမ်းဆီးထားခြင်းအတွက် အမေရိကန်အစိုးရ၊ WCC နှင့် WKC တို့ ရှုတ်ချ 
======================

သင်းအုပ်ဆရာ ခလမ် ဆမ်ဆန်သည် လူနည်းစု ကချင်ခရစ်ယာန်များကို ကိုယ်စားပြုသော ကချင်ပြည်နယ်တွင် အခြေစိုက်သည့် ကချင်နှစ်ခြင်းခရစ်ယာန် ညီလာခံ၏ အကြီးအကဲဟောင်းဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်က မြန်မာနိုင်ငံတွင် အာဏာသိမ်းယူခဲ့သော စစ်ကောင်စီလက်အောက်က အာဏာပိုင်များက ၂၀၂၂ ဒီဇင်ဘာအတွင်း ဖမ်းဆီးထားခြင်း ဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤮1
နောင်ကြီးအိုင် ရဲစခန်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရ
===================

ပါခွီး

မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ၊ နောင်ကြီးအိုင်ရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်း၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) က ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ရက်တွင် ထုတ်ပြန်သည်။

အဆိုပါရဲစခန်းကို ဖေဖော်ဝါရီလ ၂၅ရက် ညနေ ၅နာရီအချိန်မှ စ၍ တစ်နာရီကျော်ကြာ လက်နက်ကြီး လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“ကျနော်တို့ လက်နက်ကြီးအလုံးရေ ၃၀ကျော်နဲ့ ပစ်ခတ်ခဲ့တယ် ၊ လူအသေအပျောက်တော့ အတည်ပြုလို့မရသေးဘူး ၊ ကားနဲ့ အိမ်တွေ ပျက်စီးသွားတာတော့ သိရတယ်” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

လက်နက်ကြီးကျည်ကြောင့် ရဲစခန်းအတွင်းရှိ ကားများနှင့် နေအိမ်တစ်လုံး ပျက်စီးသွားခဲ့ပြီး အထိအခိုက်စာရင်းကိုမူ မသိရှိရသေးကြောင်းဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခတ်သဖြင့် ပြည်သူတစ်ဦး ထိမှန်ခဲ့ကြောင်း သိရ၍ စိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန် ချက်တွင်ဖော်ပြထားသည်။

အဆိုပါ နောင်ကြီးအိုင် ရဲစခန်းတွင် ပုံမှန်အားဖြင့် ရဲတပ်သား ၃၀ ခန့် တပ်စွဲနေထိုင်သော်လည်း ယခု အရာတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသဖြင့် စစ်ကောင်စီတပ်သားများ အင်အားဖြည့်တင်းထားကာ ၁၀၀ ခန့် ရှိနိုင်ကြောင်း ပြန်ကြား ရေးတာဝန်ခံက ခန့်မှန်းပြောဆိုသည်။

ထိုပစ်ခတ်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၂) တပ်ခွဲ (၄) Fight For People ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ် မတော် (Chindwin Attack Force ) တပ်ရင်း (၃) တပ်ခွဲ (၃) ဂဠုန်နက် PDF ၊ ကျားသစ်နက် (LPDF) ၊ ယက္ခညီနောင် (LPDF) ၊ မုံရွာခရိုင် တပ်ရင်း (၁၈) နှင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၂၄ရက် နံနက် ၁၁နာရီ ၄၅မိနစ်အချိန်ကလည်း ဘုတလင်မြို့ရှိ စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ပစ်ခတ်ရာတွင် ပြည်သူအယောင်ဆောင်ထားသော စစ်ကောင်စီတပ်သားက ပြန်လည်ပစ်ခတ်ခဲ့သဖြင့် ကာကွယ်ရေးတပ်သား တစ်ဦး အသေးစား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၂) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၃) ၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း တပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ထိုးစစ်တိုက်ခိုက်နေသောကြောင့် လက်နက်ခဲယမ်းများ အရေးပေါ် လိုအပ်နေကြောင်းလည်း ပြည်သူများကို အသိပေးထားသည်။

https://youtu.be/H48FiLSAnIs

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း
#အရာတော်မြို့နယ်
#နောင်ကြီးအိုင်ရဲစခန်း
#တိုက်ခိုက်မှု
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🔥1