ဖေဖော်ဝါရီလ 28 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး
---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍1🔥1
ဝေါမြို့နယ်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်မှ ရွာသူ ရွာသားများအား မဖြစ်မနေ ကင်းစောင့်ခိုင်းနေ
=================
YT
မဇ္ဈိမ။ ။ ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်း၊ စစ်တောင်းမြစ်ကမ်းဘေးရှိ ရွာများတွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဂိတ်စခန်းများ၌ ရွာသူ၊ရွာသားများအား ကင်းစောင့်ရန်စေခိုင်းပြီး ကင်းမစောင့်နိုင်ပါက ပိုက်ဆံကောက်ခံနေကြောင်း သိရသည်။
မွန်ပြည်နယ်နှင့် ထိစပ်နေသော ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်၊ စစ်တောင်းမြစ်ကမ်းဘေးရှိ ကျေးရွာများအတွင်း ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာတစ်ရွာလျှင် နေရာသုံး၊ လေးနေရာ ခွဲ၍ အထိုင်ချကြကြောင်း သိရသည်။
ဝေါမြို့နယ်ရှိ မြစ်ကျိုးကျေးရွာ၊ စက်စုကျေးရွာ၊သူရဲသမိန်ကျေးရွာ၊ လက်ပန်ကျေးရွာ၊ ဆင်ရွာ၊ အုတ်ဖိုကျေးရွာ အစရှိသည့် ကျေးရွာများအတွင်း လမ်းဆုံလမ်းထောင့်၊ ရွာအဝင်နေရာ အစရှိသည့်နေရာများတွင် ဂိတ်အထိုင်ချထားသော စစ်ကောင်စီတပ်သည် ကျေးရွာနေဒေသခံများအား အလှည့်ကျ ကင်းစောင့်ခိုင်းကြောင်း၊ ကင်းမစောင့်နိုင်ပါက ရပ်၊ ကျေး ဥက္ကဋ္ဌများမှ ငွေ ၁၅,၀၀၀ ကျပ်နှုန်း ကောက်ခံကြောင်း သိရသည်။
"ကင်းစောင့်ဖို့အတွက်ကို အိမ်ထောင်စုမှာပါတဲ့ လူဦးရေအတိုင်း စာရင်းကောက်တာ။ ကိုယ့်အလှည့်ရောက်လို့ ကင်းမစောင့်နိုင်ရင် သူတို့သတ်မှတ်ထားတဲ့ ငွေပေးရတယ်။ တစ်ရွာနဲ့တစ်ရွာတော့ မတူဘူး။ တချို့ရွာမှာ ခြောက်ထောင်၊ တချို့ရွာမှာ တစ်သောင်းခွဲကောက်တယ်။ ရပ်၊ ကျေးအုပ်ချုပ်ရေးမှူးတွေပဲကောက်တာ" ဟု ဝေါမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။
"သူတို့(စစ်ကောင်စီတပ်သား) တွေက ဘေးကင်းတဲ့နေရာတွေမှာ ပျူစောထီးတွေ သူတို့လူတွေနဲ့ အိပ်ကြတယ်၊ ရွာသားတွေကိုကျ ကင်းစောင့်ခိုင်းထားတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ကျေးရွာတစ်ရွာ၌ တစ်ညလျှင် ကင်းနေရာ သုံး၊ လေး နေရာ ချထားပြီး တစ်နေရာလျှင် လူခြောက်ဦး၊ ခုနစ်ဦး ကင်းစောင့်ရတာကြောင့် အိမ်ခြေနည်းသော ကျေးရွာများတွင် အလှည့်ရောက်တာ မြန်ကြောင်း၊ မိမိအလှည့်ရောက်ပါက ကင်းမစောင့်နိုင်ပါလျှင် ပိုက်ဆံပေးရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ဒါ့အပြင် ကင်းစောင့်ရသူများတွင် ယောကျ်ားသားများသာမက သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကိုပါ ကင်းစောင့်ရန် စေခိုင်းကြောင်း ကင်းမစောင့်နိုင်ပါက ပိုက်ဆံပေးရကြောင်း သိရသည်။
" ကျွန်တော်တို့ရွာမှာတော့ ကင်းမစောင့်နိုင်တဲ့သူ၊ အသက်ကြီးတဲ့သူ၊ ငယ်သူ၊ မုဆိုးမပါမကျန် တစ်သောင်းခွဲကောက်တယ်။ အိမ်မှာ ယောကျ်ားသားမရှိတဲ့မိန်းမတွေဆို ကင်းစောင့်ခိုင်းတယ်။ မစောင့်ရင် တစ်သောင်းခွဲပဲ" ဟု ဆင်ရွာမှ ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်မှ ယခုကဲ့သို့ စစ်ကောင်းမြစ်ကမ်းဘေးရှိ ရွာကြီးများတွင် စခန်းချ အထိုင်ချခြင်းသည် KNU တပ်မဟာ (၁)၊ တပ်မဟာ (၃) ဘက်မှ PDF များအနေဖြင့် ပဲခူးတိုင်းထဲသို့ ဝင်ရောက်ရန် စစ်ကောင်းမြစ်ကို ကူး၍ ထိုရွာများအား ဖြတ်မှသာ ပဲခူးတိုင်းထဲ ရောက်မည်ဖြစ်၍ ထိုအရေးကို ကြိုတွေးကာ ကြိုတင်တပ်စွဲ အထိုင်ချနေကြကြောင်း ဝေါမြို့နယ် PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
" ဒီဘက် တပ်မဟာ (၁) တပ်မဟာ (၃) က PDF တွေက ပဲခူးထဲကို ဝင်မယ်ဆိုရင် စစ်တောင်းမြစ်ကို ဖြတ်ရတယ်လေ။ ကားလမ်းတွေက သူတို့ပိတ်ဆို့နိုင်ပြီးသား။ ရေလမ်းက လာမှာကို စိုးရိမ်နေတာ။
အဲ့ဒါကြောင့် သူတို့က ပဲခူးဘက် စစ်တောင်းမြစ်ကမ်းမှာ အထိုင်ချနေတာ" ဟု ၎င်းကပြောသည်။
ဒါ့အပြင် ထိုကျေးရွာများအတွင်း အထိုင်ချထားသော စစ်ကောင်စီတပ်သားများသည် ရွာသားများ၏ စက်လှေများအား အသုံးပြု၍ စစ်တောင်းမြစ်အတွင်း၌ ညဘက်များတွင် စက်လှေများဖြင့် ကင်းလှည့်နေကြကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်တောင်းမြစ်ကမ်း
#ဝေါမြို့နယ်
#ကျေးရွာ
#စစ်ကောင်စီတပ်

👍5❤1🔥1
Nestle ကုမ္ပဏီက မြန်မာနိုင်ငံရှိ စက်ရုံနှင့် ရုံးချုပ်ကို ပိတ်မည်
=========================
“လက်ရှိ စီးပွားရေး အခြေအနေ” ကြောင့် ရန်ကုန်ရှိ Nestle စက်ရုံနှင့် ယင်း၏ ရုံးချုပ်တို့တွင် လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောသည်။ မည်သည့်အချိန်တွင် ရပ်မည် ဆိုသည်ကို ဖော်ပြခြင်း မရှိပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
=========================
“လက်ရှိ စီးပွားရေး အခြေအနေ” ကြောင့် ရန်ကုန်ရှိ Nestle စက်ရုံနှင့် ယင်း၏ ရုံးချုပ်တို့တွင် လုပ်ငန်းများ ရပ်ဆိုင်းသွားတော့မည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီကို ပြောသည်။ မည်သည့်အချိန်တွင် ရပ်မည် ဆိုသည်ကို ဖော်ပြခြင်း မရှိပေ။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
Chinese livestreamers flock outdoors for late-night tips
=====================
https://youtu.be/VzXpJHRsTI4
=====================
https://youtu.be/VzXpJHRsTI4
YouTube
Chinese livestreamers flock outdoors for late-night tips
In the dead of night on a bridge in southern China, around two dozen livestreamers sat crooning and chatting into microphones, their identical ring lights spaced a few metres apart in glowing rows. The surreal scene appears most nights, with streamers choosing…
🔥1
ပါကစ္စတန်ကုန်ဈေးနှုန်းတက်မှုနဲ့ ဆင်းရဲမွဲတေမှု | VOA on Mizzima
===================
ပါကစ္စတန်နိုင်ငံမှာ ကုန်ဈေးနှုန်းဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ အစားအစာနဲ့အခြေခံလူသုံးကုန်ပစ္စည်းဝယ်ဖို့ မတတ်နိုင်ကြတော့ဘဲ ဖြစ်နေပါတယ်။ နိုင်ငံစီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရပြီး ပြည်ပကကုန်ပစ္စည်းတွေ တင်သွင်းခကို ကာမိဖို့ အစိုးရက ရန်ပုံငွေ ရှာနေပါတယ်။ အေပီသတင်းဆောင်းပါးတပုဒ်ကို မအေးသန္တာကျော် တင်ဆက်ထားပါတယ်။
https://youtu.be/22M5AC3xfXY
#မဇ္ဈိမအတွက်ဗွီအိုအေ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

ပါကစ္စတန်နိုင်ငံမှာ ကုန်ဈေးနှုန်းဆက်လက်မြင့်တက်နေတာကြောင့် ပြည်သူတွေ အစားအစာနဲ့အခြေခံလူသုံးကုန်ပစ္စည်းဝယ်ဖို့ မတတ်နိုင်ကြတော့ဘဲ ဖြစ်နေပါတယ်။ နိုင်ငံစီးပွားရေးအကျပ်အတည်းနဲ့ ကြုံနေရပြီး ပြည်ပကကုန်ပစ္စည်းတွေ တင်သွင်းခကို ကာမိဖို့ အစိုးရက ရန်ပုံငွေ ရှာနေပါတယ်။…
🔥1
စစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေဟု AA ပြော
=======================
စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ်ဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိနေသယောင် နိုင်ငံတကာမှာ ပုံရိပ်ကောင်းရဖို့ နိုင်ငံရေးအရ အမြတ်ထုတ်မှုရှိ၊မရှိဆိုတာကိုလည်း စောင့်ကြည့် သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ကပြုလုပ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီတပ်က အင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် ရခိုင်လူမျိုးတွေကို သွေးခွဲတာတွေ ဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲလမ်းကြောင်း ပြန်သွားရလိမ့်မယ်လို့ ပြောကြားထားပါတယ်။
အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သေနတ်သံတိတ်နေပေမယ့် အာမခံချက် အပြည့်အဝရှိတဲ့ အခြေအနေလို့ ပြောလို့မရကြောင်း ရက္ခိုင့်တပ်(AA)က ဆိုပါတယ်။
“စစ်တပ်အနေနဲ့ အပစ်ရပ်ထားပေမယ့် တစ်ဖက်မှာ လူ၊ လက်နက်၊ ရိက္ခာအင်အားတွေ ဖြည့်တင်းတာတွေကို နေ့စဉ်လုပ်ဆောင်နေတယ်"လို့ ၎င်းက ပြောပါတယ်။
https://youtu.be/cmWZlB-qTxU
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ်ဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိနေသယောင် နိုင်ငံတကာမှာ ပုံရိပ်ကောင်းရဖို့ နိုင်ငံရေးအရ အမြတ်ထုတ်မှုရှိ၊မရှိဆိုတာကိုလည်း စောင့်ကြည့် သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက် ကပြုလုပ်တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ရဲ့ သတ္တမအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောလိုက်တာပါ။
ရခိုင်ပြည်နယ်မှာ အပစ်အခတ် ရပ်စဲပြီးနောက် စစ်ကောင်စီတပ်က အင်အားနဲ့ ရိက္ခာဖြည့်တင်းတာတွေအပြင် ရခိုင်လူမျိုးတွေကို သွေးခွဲတာတွေ ဆက်လက်လုပ်ဆောင်နေပါက တိုက်ပွဲလမ်းကြောင်း ပြန်သွားရလိမ့်မယ်လို့ ပြောကြားထားပါတယ်။
အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ သေနတ်သံတိတ်နေပေမယ့် အာမခံချက် အပြည့်အဝရှိတဲ့ အခြေအနေလို့ ပြောလို့မရကြောင်း ရက္ခိုင့်တပ်(AA)က ဆိုပါတယ်။
“စစ်တပ်အနေနဲ့ အပစ်ရပ်ထားပေမယ့် တစ်ဖက်မှာ လူ၊ လက်နက်၊ ရိက္ခာအင်အားတွေ ဖြည့်တင်းတာတွေကို နေ့စဉ်လုပ်ဆောင်နေတယ်"လို့ ၎င်းက ပြောပါတယ်။
https://youtu.be/cmWZlB-qTxU
#politicalnews
#newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
စစ်ခေါင်းဆောင်၏ ရခိုင်ခရီးစဉ်ကို စောင့်ကြည့်နေဟု AA ပြော
စစ်ခေါင်းဆောင်ရဲ့ ရခိုင်ခရီးစဉ်ဟာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရှိနေသယောင် နိုင်ငံတကာမှာ ပုံရိပ်ကောင်းရဖို့ နိုင်ငံရေးအရ အမြတ်ထုတ်မှုရှိ၊မရှိဆိုတာကိုလည်း စောင့်ကြည့် သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) ပြောခွင့်ရ ခိုင်သုခက ပြောကြားထားပါတယ်။
ဖေဖော်ဝါရီ…
ဖေဖော်ဝါရီ…
👍7🔥1💩1
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================
01:01-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
02:22-ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုတဲ့သတင်း
05:08-သန်းခေါင်စာရင်း ပြန်လည်ကောက်ယူသွားမယ်လို့စစ်ကောင်စီဥက္ကဌပြောတဲ့သတင်း
08:32-Nestle ကုမ္ပဏီ မြန်မာပြည်က လုပ်ငန်းတွေရပ်မယ့်သတင်းအပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LMFsAEQcwAE
.#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
01:01-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
02:22-ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုတဲ့သတင်း
05:08-သန်းခေါင်စာရင်း ပြန်လည်ကောက်ယူသွားမယ်လို့စစ်ကောင်စီဥက္ကဌပြောတဲ့သတင်း
08:32-Nestle ကုမ္ပဏီ မြန်မာပြည်က လုပ်ငန်းတွေရပ်မယ့်သတင်းအပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။
https://youtu.be/LMFsAEQcwAE
.#12pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖေဖော်ဝါရီလ ၂၈ ရက်၊ ၁၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:01-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
02:22-ဂျီနီဗာမှာပြုလုပ်မယ့်အစည်းအဝေးကို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုတဲ့သတင်း
05:08-သန်းခေါင်စာရင်း…

👍5😁2🤮1
အာဆီယံအနေဖြင့် စစ်ကောင်စီကို အသိအမှတ်မပြုသော်လည်း မြန်မာပြည်တွင်းရေး၌ ဝင်စွက်ဖက်ခွင့် မရှိဟု စင်္ကာပူ ပြော
======================
၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံခြင်း မရှိသော်လည်း အာဆီယံအုပ်စုအနေဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်စွက်ဖက်နိုင်ခွင့် မရှိဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပြောသည်။ စစ်ကောင်စီလက်အောက် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် “လမ်းဆုံး” တစ်ခုကို ဦးတည်နေပြီဟု မိမိအနေဖြင့် ထင်မြင်ယူဆကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
======================
၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက သဘောတူထောက်ခံခြင်း မရှိသော်လည်း အာဆီယံအုပ်စုအနေဖြင့် မြန်မာ့ပြည်တွင်းရေးတွင် ဝင်စွက်ဖက်နိုင်ခွင့် မရှိဟု စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘလာကရစ်ရှ်နန်က ဖေဖေါ်ဝါရီ ၂၇ ရက်တွင် ပြောသည်။ စစ်ကောင်စီလက်အောက် လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေသည် “လမ်းဆုံး” တစ်ခုကို ဦးတည်နေပြီဟု မိမိအနေဖြင့် ထင်မြင်ယူဆကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍8🤮3😁2👏1
မတ္တရာမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၄ ဦးသေဆုံး
=====================
ရွှေနွယ်
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကြာပင်အုပ်စု၊ ကျွန်းပင်ကျေးရွာတွင် နယ်မြေရှင်းလင်းရန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ ခြေလျင်စစ်ကြောင်းအား ယမန်နေ့ ဖေဖော်ဝါရီ လ၂၇ ရက် နံနက် ၈ နာရီအချိန်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ ဗိုလ်လင်းယုန်က မဇ္ဈိမကိုပြောသည်။
ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား လေးဦး နေရာတွင်ပင် သေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိသွားသည်ဟု ၎င်းကပြောသည်။
“သတင်းကြိုရလို့ စောင့်ပြီး မိုင်းဆွဲတာပါဗျ၊ သေဆုံးကအတည်ပြုပြီးပါပြီ” ဟု ဗိုလ်လင်းယုန်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ဇာမဏီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု၊ ကောင်းကင်တော်လှန်ရေးအင်အားစု
တပ်ခွဲ (၁)နှင့် ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့်က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၀နာရီ ၃၀မိနစ် ခန့်ကလည်း စဥ့်ကိုင်မြို့နယ် နတ်ရေကန်အုပ်စုအတွင်း ကင်းပတ်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားကို ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုနှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း တပ်တွင်းဖရဲသီး၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ ဗိုလ်လင်းယုန်က ပြောသည်။
ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုသည် မန္တလေးတိုင်းအတွင်းတွင် ကျောက်ဆည်ခရိုင် တပ်ရင်း (၁) နဂါးနီပြောက်ကျားတပ်ဖွဲ့နှင့် Mission များပူးပေါင်းလုပ်ဆောင်လေ့ရှိပြီး NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဖြစ်ရန် လျှောက်ထားဆဲဖြစ်သည်ဟု သိရသည်။
ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တွန်းလှန် တိုက်ပွဲဝင်သွားမည်ဟု ပြည်သူလူထုကို အသိပေးထားသည်။
ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီတပ်များနှင့်နီးနီးကပ်ကပ်မနေကြရန်၊ စစ်ကောင်စီကားများနှင့်လည်း နီးနီးကပ်ကပ် မောင်းနှင်ခြင်းများ မပြုကြရန် ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုမှ သတိပေးမေတ္တာရပ်ခံထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မန္တလေးတိုင်း
#မတ္တရာမြို့နယ်
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု

👍12👏3😁2
French Foreign Minister says China must show "caution" in Russia-Ukraine conflict
=========================
https://youtu.be/mlNDeB-LjWc

French Foreign Minister Catherine Colonna says China should exercise "caution" amidst the Russia-Ukraine conflict.
Speaking to journalists on the sidelines of a UN Human Rights Council session in Geneva, the minister says it is France’s “very clear wish…

🤮2
Hong Kong residents tire of city's lingering face mask mandate
====================
https://youtu.be/nR_pQwDfPhQ

Hongkongers say they are tired of masking as the city became one of the last holdouts to require wearing face coverings in virtually all public settings after neighbouring Macau eased the restriction on Monday. "Many people have been infected once, or even…
🤮1
မော်လမြိုင်ကျွန်းမြို့တွင် မဘသ ဥက္ကဋ္ဌဆိုသူ ပစ်ခတ်ခံရ၍ သေဆုံး
=======================
မင်းထက်
မဇ္စျိမ ။ ။ ဧရာဝတီတိုင်း ၊မော်လမြိုင်ကျွန်းမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်က သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရသည့် မဘသ ဥက္ကဋ္ဌ၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်တင့်ဦးဆိုသူသည် ယမန်နေ့က သေဆုံးသွားကြောင်း မော်ကျွန်း ဒေသခံများထံက သိရသည်။
ဦးကျော်တင့်ဦးသည် အမှတ် (၁၀) ရပ်ကွက် Happy လက်ဖက်ရည်ဆိုင်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး လက်မောင်း ၊ဝမ်းဗိုက်နှင့် ဆီးခုံတို့တွင် ဒဏ်ရာများရရှိခဲ့သည်။
ထို့နောက် ပုသိမ်မြို့၊ တောင်ပေါ်ရှိ စစ်ဆေးရုံ (မဆရ ၄) တွင် ဆေးကုသမှုခံယူနေစဉ် ယမန်နေ့ဖေဖော်ဝါရီလ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန်၌ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
"ဦးကျော်တင့်ဦး သေနတ်နဲ့ပစ်ခံရပြီး ချက်ချင်းပဲ ပုသိမ်စစ်ဆေးရုံကို ခေါ်သွားကြတယ်။ စစ်ဆေးရုံမှာ ခွဲစိတ်တာတွေလုပ်ပြီး ကျည်တွေအကုန်ထုတ်လိုက်ပြီလို့ ဒလန်(စစ်ကောင်စီသတင်းပေး) တွေဘက်က တင်ထားပေမဲ့၊ ဗိုက်ကိုထိတဲ့ ကျည်က နံကြားကို ကျည်ဝင်သွားတော့ ထုတ်မရလို့သေတာထင်တယ်"ဟု ဆိုသည်။
သေဆုံးသူ ဦးကျော်တင့်ဦး၏ ရုပ်အလောင်းကို ပုသိမ် စစ်ဆေးရုံမှ မော်လမြိုင်ကျွန်းဆေးရုံသို့ ယမန်နေ့ ညနေပိုင်းက ပြန်လည်သယ်ဆောင်လာခဲ့ပြီး ယနေ့ မွန်းလွဲ ၁ နာရီအချိန်၌ သင်္ဂြိုဟ်မည်ဟု သိရသည်။
ဦးကျော်တင့်ဦးသည် ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်ပြီး မောင်လမြိုင်ကျွန်းမြို့၏ မဘသ ဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၎င်း၏ စစ်ကောင်စီသတင်းပေးလုပ်ရပ်များကြောင့် ဖမ်းဆီးခံခဲ့ရသည့် ဒေသခံပြည်သူအများအပြားရှိကြောင်း ဒေသခံကပြောသည်။
၎င်းအပြင် လူမှုကွန်ရက်ပေါ်၌ PDF တပ်ဖွဲ့ဝင်များကို စိန်ခေါ်သည့်စာများ၊ NUG အစိုးရအား တိုက်ခိုက်သည့် စာများရေးကာ ဝါဒဖြန့်နေသူဖြစ်သည်ဟုလည်း သိရသည်။
ဦးကျော်တင့်ဦးသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ကလည်း မော်လမြိုင်ကျွန်း STF၊ ဝါးခယ်မ STF နှင့် ဧရာဝတီလင်းပိုင်အဖွဲ့တို့ ပူးပေါင်းကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဆေးရုံတက် ကုသခဲ့ရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
ထို့နောက် ၎င်းသည် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြန်လည်ပူးပေါင်းကာ မော်လမြိုင်ကျွန်းမြို့နယ်ရှိ ပြည်သူများအား နည်းမျိုးစုံဖြင့် ဒုက္ခပေးခြင်း၊ မတရားပုဒ်မများဖြင့် ပြည်သူများ ဒုက္ခရောက်အောင် ဆောင်ရွက်ခြင်း၊ Social Media ပေါ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဆဲဆိုစိန်ခေါ်ခြင်းတို့ကြောင့် ထပ်မံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဧရာဝတီလင်း ပိုင်(မော်ကျွန်း)နှင့် ဘိုကလေးလင်းပိုင် PDF အဖွဲ့တို့က ထုတ်ပြန်ထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#မဘသ
#PDF

👍19👏3❤1🔥1
FATF အဖွဲ့က သတ်မှတ်ထားသည့် အမည်ပျက်စာရင်းတွင် မြန်မာနိုင်ငံဆက်လက်တည်ရှိနေ
========================
မေဘယ်လ်သူ
မဇ္ဈိမ။ ။ ငွေကြေးခဝါချမှုအပါအဝင် အကြမ်းဖက်မှုများနှင့် ဆက်နွယ်သည့် စီးပွားရေးလုပ်ငန်းများကို စောင့်ကြည့်လေ့လာသည့်အဖွဲ့ ဖြစ်သည့် ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း (Black List) တွင်သာ ဆက်လက်ထားရှိမည်ဖြစ်ကြောင်း ကြေညာထားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ကျင်းပသည့် FATF ၏ ဒုတိယအကြိမ် မျက်နှာစုံညီအစည်းအဝေးအပြီး ထုတ်ပြန်လိုက်သည့် ကြေညာချက်တွင် မြန်မာနိုင်ငံကို အမည်မည်းစာရင်းတွင်သာ ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် အီရန်နှင့် မြောက်ကိုရီးယား နိုင်ငံများနှင့်အတူ FATF ၏ အမည်မည်းစာရင်းတွင် ဆက်လက်ပါဝင်နေမည်ဖြစ်ပြီး ၎င်းတို့အကြံပြုထားသည့် လုပ်ဆောင်ချက်အစီအစဉ်များကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်းလည်း FATF က တိုက်တွန်းထားသည်။
FATF က သတ်မှတ်ထားသည့် အမည်းရောင်နှင့် မီးခိုးရောင်အဆင့် စာရင်းတွင်ရှိနေသည့် နိုင်ငံများအတွက် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့က ငွေကြေးအကူအညီများ ပေးအပ်မည်မဟုတ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအား ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (FATF)မှ အမည်ပျက်စာရင်းထည့်သွင်းထားသော်လည်း “၎င်းအဖွဲ့မှ ချမှတ်ထားသည့် ငွေလွှဲလုပ်ငန်း အဆင့်သတ်မှတ်ချက်များ တိုးမြှင့်ရရှိခဲ့ကြောင်း” စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပြောဆိုခဲ့ပြန်သည်။
ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ (Financial Action Task Force-FATF) က မြန်မာနိုင်ငံကို အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း အောက်တိုဘာလ ၂၁ရက် ညပိုင်းက ကြေညာပြီးနောက် ပြည်တွင်းတွင် ကျပ်ငွေတန်ဖိုးများဆက်တိုက်ကျဆင်းနေခြင်း ဖြစ်သည်။
FATF ၏ အမည်ပျက်စာရင်းထဲသို့ မြန်မာနိုင်ငံရောက်ရှိသွားသောကြောင့် နိုင်ငံတကာနှင့် ဆက်သွယ်လုပ်ဆောင်နေသည့် ငွေရေးကြေးရေးစီးဆင်းမှုများအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းများ၊ နိုင်ငံတကာတွင် ဖွင့်လှစ်ထားရှိပြီးသော မြန်မာနိုင်ငံသားဘဏ်အကောင့်များမှ ငွေစီးဆင်းမှုများတွင် ယခင်ထက်များပြားသည့် အဆင့်များအား ဖြတ်ကျော်လုပ်ကိုင်ရမည့် အခက်အခဲများ ရှိလာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့ကလည်း ထောက်ပြပြောဆိုထားသည်။
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#FATF
#ဘဏ်စနစ်
#အမည်ပျက်စာရင်း
#ငွေကြေးခဝါချမှု

👍7😁1
လုပ်ငန်းအချိန်မီမပြီးစီးသည့် တရုတ်ကုမ္ပဏီအား ပါကစ္စတန်စီမံကိန်းတစ်ခုက ဒဏ်ငွေချမှတ်
========================
ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်ရှိ မြို့နယ်များဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းအဖွဲ့ (PICIIP က တရုတ်ကုမ္ပဏီ ကန်းစုအပြည်ပြည်ဆိုင်ရာကော်ပိုရေးရှင်းကို မိလ္လာပိုက်လိုင်းများ ပြုပြင်ထိန်းသိမ်းရာတွင် လုပ်ငန်းနှောင့်နှေးမှုများကြောင့် ဒဏ်ရိုက်ခဲ့ကြောင်း Dawn သတင်းက ဖော်ပြသည်။

👍7❤1🔥1
ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================
01:06-စစ်ကောင်စီကျူးလွန်နေမှုများကို လာမည့်ကုလလူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းနိုင်ရန် ကြိုးပမ်းတဲ့သတင်း
04:10-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
05:32-ဝေါမြို့နယ်ရှိ ကျေးရွာတချို့ မှာ စစ်ကောင်စီတပ်မှ ရွာသူ ရွာသားတွေကို မဖြစ်မနေ ကင်းစောင့်ခိုင်းနေတဲ့သတင်း
10:43-ရန်ကုန်မြို့မှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်ပုံပါအင်္ကျီတွေဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/6iiKZjXLDl8
Photo - CJ
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
========================
01:06-စစ်ကောင်စီကျူးလွန်နေမှုများကို လာမည့်ကုလလူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းနိုင်ရန် ကြိုးပမ်းတဲ့သတင်း
04:10-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
05:32-ဝေါမြို့နယ်ရှိ ကျေးရွာတချို့ မှာ စစ်ကောင်စီတပ်မှ ရွာသူ ရွာသားတွေကို မဖြစ်မနေ ကင်းစောင့်ခိုင်းနေတဲ့သတင်း
10:43-ရန်ကုန်မြို့မှာ ပထမဆုံး ကျဆုံးခဲ့တဲ့ ပြည်သူ ၄ ဦးရဲ့ ရုပ်ပုံပါအင်္ကျီတွေဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/6iiKZjXLDl8
Photo - CJ
#2pmnews
#Mizzimanewshour
#MizzimaTV
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
ဖေဖော်ဝါရီလ ၂၈ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
01:06-စစ်ကောင်စီကျူးလွန်နေမှုများကို လာမည့်ကုလလူ့အခွင့်အရေးကောင်စီညီလာခံမှာ တင်သွင်းနိုင်ရန် ကြိုးပမ်းတဲ့သတင်း
04:10-ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့တွေ့ဆုံခွင့် ရှေ့နေအဖွဲ့တင်ပြပေမယ့် စစ်ကောင်စီ က တွေ့ခွင့်မပြုတဲ့သတင်း
05:32-ဝေါမြို့နယ်ရှိ…

👍7🤮1
နတ်တလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ ၁၄ ဦးကိုဖမ်းဆီးသွား
====================
ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ပေါက်ခေါင်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပဲခူးရိုးမပေါ်တွင် တောင်ယာခုတ်နေသော ဒေသခံ ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးသွားသည်ဟု နတ်တလင်းမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ထို့နောက် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် တောင်ညိုဆည် တောလမ်းအတိုင်း မကျီးပင်ရွာဘက်သို့ ထွက်ခွာသွားသည်ဟု သိရသည်။
"ရစ်ကွင်းရွာအထက်နားမှာပါ ဆပ်သေမြောင်နားလောက်မှာပေါ့ ဖမ်းဆီးသွားတာပါ၊ ယောက်ျားသားတွေရော မိန်းမသားတွေရောအပြင် ကလေးတွေတောင် ပါပါတယ်” ဟု နတ်စစ်သည်အဖွဲ့ဝင် ကိုရဲသွင်အောင်က ပြောသည်။
ထိုကဲ့သို့ ဒေသခံများကို မဖမ်းဆီးမီ စစ်ကောင်စီတပ်သားများသည် PDF များရှိသည်ဟု ယူဆသောနေရာများသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သေးသည်ဟု ဆိုသည်။
ဖမ်းဆီးခံလိုက်ရသော ဒေသခံများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သတင်းတစ်စုံတစ်ရာ မသိရှိရသေးဟု ဆိုသည်။
ထို့အပြင် မကျီးပင်ရွာဘက်သို့ အင်အားဖြည့်ရန် ဖေဖော်ဝါရီလ ၂၆ ရက် နံနက် ၈နာရီခန့်က အင်အား ၃၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့၏ ကားတစ်စီးသည် မန်ကျီးပင်ရွာနှင့် တစ်မိုင်ခန့်အကွာရှိ ရှင်းလင်းတောင်ဘက်တွင် စစ်ကောင်စီတပ်သားများကို လာချသွားသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
နတ်တလင်းမြို့နယ်အတွင်း တောင်ညိုဆည်အနီးရှိ မကျီးပင်စက်လှေဆိပ်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ အထိုင်ချထားပြီး ရိုးမပေါ်နှင့် တောင်ညိုဆည်နားတစ်ဝိုက်တွင် နေထိုင်လုပ်ကိုင်စားသောက်နေသော ဒေသခံများအား ထိုကဲ့သို့ဖမ်းဆီးမှုများမကြာခဏ ပြုလုပ်လေ့ရှိသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
ထို့အပြင် တောင်ညိုဆည်အတွင်း နေထိုင်သူများ ဆန်၊ ဆီ၊ ဆား၊ ရိက္ခာများ ထွက်ဝယ်ရာတွင်လည်း အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးသည်ဟု ဆိုသည်။
ရိက္ခာအပိုရှိပါက PDF များကို ထောက်ပံံ့မည်စိုးသောကြောင့် ထိုကဲ့သို့ အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပေးခြင်းဖြစ်သည်ဟု ဒေသခံများ၏ အပြောအရ သိရသည်။
https://youtu.be/zcRzVODrc7s
စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#ပဲခူးတိုင်း
#နတ်တလင်းမြို့
#စစ်ကောင်စီ
#ကာကွယ်ရေးတပ်ဖွဲ့

မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် နတ်တလင်းမြို့တွင် ပေါက်ခေါင်းဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၆၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ပဲခူးရိုးမပေါ်တွင် တောင်ယာခုတ်နေသော ဒေသခံ ၁၄ ဦးကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီးသွားသည်ဟု…

🤬5👍2🔥1