Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မုံရွာတွင် စစ်ကောင်စီတပ်သတင်းပေး စစ်မှုထမ်းဟောင်း ပစ်သတ်ခံရ
==========================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီတပ်ကိုသတင်းပေးပြီး ရိက္ခာများ ထောက်ပံ့ပေးနေသည့် စစ်မှုထမ်းဟောင်း ဒုတပ်ကြပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဗန္ဓုလနှင့် အဖွဲ့သားများ ထံမှသိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်၊ နေ့လယ် ၁၂ နာရီ ၄၀ မိနစ်ခန့်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်နေ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်ဟောင်းဦးသန်းနိုင်ကို မြို့၏တစ်နေရာတွင် ဝင်ရောက်ဖမ်း ဆီးခေါ်ဆောင်ပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် တိုင်းလွှတ်တော်အကြားတွင် ပစ်သတ်ခဲ့ခြင်းဟုဆိုသည်။

“ ကျနော်တို့ကို ပြည်သူများက သတင်းပေးတိုင်ကြားတဲ့အတွက် စောင့်ကြည့် ခဲ့တာအချိန် တစ်ခုကြာခဲ့ပါပြီ။ သူက သတင်းပေး၊ ထောက်ပို့တင်မကဘူး။ စစ်ကြောင်းတွေနဲ့ပါလိုက်တယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ကျနော်တို့ ရထားခဲ့တဲ့အတွက် အခုလိုရှင်းလင်းခဲ့တာပါ ” ဟု ဗန္ဓုလနှင့်အဖွဲ့သားများတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ပြီး ၎င်းထံမှစစ်မှုထမ်းအဖွဲ့ဝင်ကဒ်၊ ၉ မမ ကျည်ဆန်နှစ်တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် ဖုန်းတစ်လုံးသိမ်းဆည်းရခဲ့မိကြောင်း သိရသည်။

သေဆုံးသူသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တပ်အတွင်းသို့ ရိက္ခာများထောက်ပို့ခြင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများကိုစုံစမ်းသတင်းပေးခဲ့ကြောင်း ဆိုသည်။

ထို့အပြင် မုံရွာမြို့အနီးကျေးရွာများသို့ စစ်ကောင်စီတပ်၏စစ်ကြောင်းများတွင် လိုက်ပါဆောင်ရွက်နေသည်ကို အချိန်ကြာမြင့်စွာစောင့်ကြည့် အတည်ပြုခဲ့ပြီးနောက် ရှင်းလင်းခဲ့ ခြင်းဟု သိရသည်။

ဒုတပ်ကြပ်သန်းနိုင် အသတ်ခံရပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ ၎င်း မိသားစုဝင် သားနှစ်ယောက် သမီးတစ်ယောက်နှင့် ဇနီးအား တပ်အတွင်း သို့ လာရောက်ခေါ်ဆောင်သွားကြောင်း ပြန်ကြားရေးတာဝန်ခံမှပြောသည်။

အဆိုပါ ရှင်းလင်းမှုကို မုံရွာ - ဗန္ဓုလနှင့် အဖွဲ့သားများ အဖွဲ့ ၊ Black Falcom မြို့တွင်း ပြောက်ကျားတပ်ဖွဲ့ ၊ Brave Heart Army – BHA နှင့် Special Force – 11 PDF တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မုံရွာ
#စစ်မှုထမ်းဟောင်း
#ပစ်သတ်
#ဗန္ဓုလနှင့်အဖွဲ့သားများ
👍14🔥1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_2

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
👍5🍌1
ရန်ကုန်မြို့တွင် ပထမဆုံး ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်
=====================

ဂန္ဒမာ၊ မေဘယ်လ်သူ
မဇ္ဈိမ ။ ။ ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် ပြည်သူလေးဦးအား အောက်မေ့ဂုဏ်ပြုသည့် အနေဖြင့် ၎င်းတို့ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် YRF မှ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ကျဆုံးသွားခဲ့ ပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိနေရာအချို့၌ Yangon Revolution Force - YRF ၏ Soft Strike Community ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
👍14❤3🔥1
စစ်တပ်မှအာဏာသိမ်းယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရက်ရက် စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ ကိုဟိန်းထွဋ်အောင် (၂၃ နှစ်) နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့ ကျဆုံးခဲ့ရသည်။

“ သူရဲကောင်း လေးဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရရာနည်းလမ်းနဲ့တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည် " ဟု Yangon Revolution Force – YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) က ထပ်မံအသိပေး တိုက်တွန်း ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်မြို့
#ပြည်သူလေးဦး
#သူရဲကောင်း
#ကျဆုံး
❤6😢4👎1🔥1
​​ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် လွှတ်တော်အမတ်များ အပြန်အလှန် အပြစ်တင်
===================

ပါကစ္စတန်နိုင်ငံတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် တာဝန်ရှိကြောင်း အထက်လွှတ်တော်နှင့် အတိုက်အခံအမတ်များအကြား အောက်လွှတ်တော်တွင် အပြန်အလှန် အပြစ်တင်နေကြသည်။ 

ဆင်းဒ်ပြည်နယ် ပါကစ္စတန်ပြည်သူ့ပါတီ (PPP ) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အထက်လွှတ်တော်အမတ် ဝါကွာ မက်ဒီသည် အောက်လွှတ်တော်တွင် ပထမဆုံးပြောကြားသည့်မိန့်ခွန်း၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သော ပါကစ္စတန် တီရစ်-အင်-အီဆက်ဖ် (PTI) ပါတီအစိုးရသည် အကြမ်းဖက်သမားများအား ပံ့ပိုးအားပေးနေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

မက်ဒီက တာလီဘန်ကောင်း နှင့် တာလီဘန်ဆိုး ဟူသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး အကြမ်းဖက်သမားဟူသည် မည်သည့်ပုံစံဖြင့်ဖြစ်ပါစေ မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
👍2🔥1
​​The Best ဖီဖာအကောင်းဆုံးဆုကို မက်ဆီက အမ်ဘာပေကို ကျော်ဖြတ်ပြီး ဆွတ်ခူး၊ အမျိုးသမီးဆုကို ပူတဲလက်စ် ဆက်လက်သိမ်းပိုက်
=======================

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး တနင်္လာနေ့က ပါရီမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ၂၀၂၂ ခုနှစ်အတွက် The Best ဖီဖာအမျိုးသားကစားသမားဆုကို ရရှိခဲ့ပြီး စပိန်ရဲ့ အလက်ဆီယာ ပူတဲလက်စ်က အမျိုးသမီးဆုကို ဆက်လက်ရယူခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ပဲရစ်စိန့်ဂျာမိန်း အသင်းဖော်နဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက် အမ်ဘာပေ၊ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။

ဘလွန်းဒီအော် စီစဉ်သူ France Football ကနေ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ခွဲထွက်ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဖီဖာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုကို မက်ဆီက ဒုတိယအကြိမ် ရရှိတာဖြစ်ပါတယ်။
❤5👍3🔥1
နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး
👍1🔥1
နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး
==========================

ကီရာ
ဖေဖော်ဝါရီ ၂၄ရက်က စတင်လုပ်ဆောင်ခဲ့သော နိုင်ငံကူးလက်မှတ်လျှောက်ထားမှု စနစ်သစ်တွင် ဖေဖော်ဝါရီ ၂၇ရက်မှ မတ်လ ၂၁ရက်အထိ ရက်ချိန်းများ ထုတ်ပေးထားပြီး တစ်ရက်လျှင် လူ၂၅၀၀နှုန်းဖြင့် လူဦးရေ ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေးထားသည်ဟု ၎င်းတို့ နိုင်ငံကူးလက်မှတ် ဝဘ်ဆိုဒ်မှ ဖော်ပြချက်အရ သိရသည်။
နိုင်ငံကူးလက်မှတ်ဝင်ရောက် လျှောက်ထားသူများပြားသည့်အတွက် ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းတွင် လျှောက်ထားမှုအသစ်များကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၇ရက် ညပိုင်းတွင် ‌ပြန်လည်လျှောက်ထားမှုရရှိကြောင်းကိုလည်း လျှောက်ထားသူများထံမှ သိရသည်။

ပြန်လည် ဖွင့်လှစ်သည့် ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၂၇ရက်ညပိုင်းအထိ လူများပြည့်နှက်နေကြောင်းကိုလည်း နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ဆောင်သူများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍"ည ၉နာရီခွဲအထိ ရုံးထဲမှာပါ နောက်မှာလူ၂၀၀လောက်‌ ကျန်သေးတယ်။ ည ၁၀နာရီ ၂၀အထိ စောင့်နေရတုန်း" ဟု နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် လူမျိုးခြား သွေးနှောများမှာ အချိန်ပိုမိုကြာမြင့်စွာ စောင့်‌ဆိုင်းရသည်ဟုလည်း သိရသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် နေရာဦးထားပြီး နေရာနှင့် ထိုင်ခုံရောင်းသူများလည်း ရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
👍2🔥1
​​ဘဏ္ဍာနှစ် ၁၀ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၂၂ ဘီလီယံကျော်အထိ တိုးတက် 
=====================

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ဆယ်လ (၂၀၂၂ ဧပြီမှ ၂၀၂၃ ဇန်နဝါရီ) အတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၁၉ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးတက်ကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလီယံရှိကြောင်း စစ်ကောင်စီလက်အောက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များကို ကိုးကားပြီး Business Standard က ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏1
​​"ကျနော် UFC အတွက် အဆင်သင့်ဖြစ်နေပါပြီ" - Fury FC ချန်ပီယံ ဂျော့ရှူဝါဗန်
=========================

လျင်မြန်စွာ ထွန်းတောက်လာတဲ့ ဖလိုင်းဝိတ် ချန်ပီယံ ချင်းပြည်နယ်ဖွား ဖိုက်တာ ဂျော့ရှူဝါဗန် “The Fearless”ဟာ ဒီကန့ပွဲတွေမှာ အလားအလာရှိတဲ့ ထိပ်တန်းလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်သည်မှာ သေချာပါတယ်။

သူဟာ ၈ ပွဲထိုးသတ်ရာမှာ ၇ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ဒီဇင်ဘာလတွင် UFC Fight Pass မှာ Fury FC Flyweight ဖလိုင်းဝိတ် ချန်ပီယံရှစ်ကို အနိုင်ရဖို့အတွက် ကလိဗ်လန် မက်ခ်လန်းကို submission နဲ့အနိုင်ရခဲ့ပါတယ်။

သူ့ကိုယ်သူ ကစ်ဘောက်စ်သမားလို့ ဖော်ပြတဲ့ ဗန်က တခြား ထိပ်တန်း အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကနေ သီးခြားဖြစ်သွားတာက သူ့ရဲ့ အတွေးအခေါ်လို့ ပြောပါတယ်။
❤3🔥1