Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ရန်ကုန်မြို့တွင် ပထမဆုံး ကျဆုံးခဲ့သည့် ပြည်သူ ၄ ဦး၏ ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်
=====================

ဂန္ဒမာ၊ မေဘယ်လ်သူ
မဇ္ဈိမ ။ ။ ရန်ကုန်မြို့တွင် ပထမဆုံးကျဆုံးခဲ့သည့် ပြည်သူလေးဦးအား အောက်မေ့ဂုဏ်ပြုသည့် အနေဖြင့် ၎င်းတို့ရုပ်ပုံပါအင်္ကျီများဝတ်ဆင်ကာ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် YRF မှ လွမ်းဆွတ်ခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။

ကျဆုံးသွားခဲ့ ပြည်သူ လေးဦး၏ ရုပ်ပုံရိုက်နှိပ်ထားသည့် အင်္ကျီကိုဝတ်ဆင်ကာ ၎င်းတို့ကျဆုံးခဲ့သည့် နေရာများအပါအဝင် ရန်ကုန်မြို့ရှိနေရာအချို့၌ Yangon Revolution Force - YRF ၏ Soft Strike Community ရဲဘော်များမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
👍14❤3🔥1
စစ်တပ်မှအာဏာသိမ်းယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ၏ ရက်ရက် စက်စက် ဖြိုခွင်းပစ်ခတ်မှုကြောင့် မောင်ဇင်လင်းထက် (၂၀ နှစ်)၊ ဒေါ်တင်နွဲ့ရီ (၅၉ နှစ်)၊ ကိုဟိန်းထွဋ်အောင် (၂၃ နှစ်) နှင့် ကိုညီညီအောင်ထက်နိုင် (၂၃ နှစ်) တို့ ကျဆုံးခဲ့ရသည်။

“ သူရဲကောင်း လေးဦးအပါအဝင် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ကြတဲ့ ပြည်သူတွေ၊ တော်လှန်ရေးသူရဲကောင်းတွေအတွက် ရရာနည်းလမ်းနဲ့တော်လှန်ကြရန်၊ တော်လှန်ရေးကို အားဖြည့်ကြရန် ပြည်သူအားလုံးကို ထပ်မံအသိပေး တိုက်တွန်းလိုက်ပါသည် " ဟု Yangon Revolution Force – YRF (ရန်ကုန်တော်လှန်ရေးအင်အားစု) က ထပ်မံအသိပေး တိုက်တွန်း ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရန်ကုန်မြို့
#ပြည်သူလေးဦး
#သူရဲကောင်း
#ကျဆုံး
❤6😢4👎1🔥1
​​ပါကစ္စတန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ မြင့်တက်လာမှုအပေါ် လွှတ်တော်အမတ်များ အပြန်အလှန် အပြစ်တင်
===================

ပါကစ္စတန်နိုင်ငံတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းအပေါ် တာဝန်ရှိကြောင်း အထက်လွှတ်တော်နှင့် အတိုက်အခံအမတ်များအကြား အောက်လွှတ်တော်တွင် အပြန်အလှန် အပြစ်တင်နေကြသည်။ 

ဆင်းဒ်ပြည်နယ် ပါကစ္စတန်ပြည်သူ့ပါတီ (PPP ) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အထက်လွှတ်တော်အမတ် ဝါကွာ မက်ဒီသည် အောက်လွှတ်တော်တွင် ပထမဆုံးပြောကြားသည့်မိန့်ခွန်း၌ ဝန်ကြီးချုပ်ဟောင်း အီမရန်ခန်း ဦးဆောင်သော ပါကစ္စတန် တီရစ်-အင်-အီဆက်ဖ် (PTI) ပါတီအစိုးရသည် အကြမ်းဖက်သမားများအား ပံ့ပိုးအားပေးနေသည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

မက်ဒီက တာလီဘန်ကောင်း နှင့် တာလီဘန်ဆိုး ဟူသော အသုံးအနှုန်းနှင့်ပတ်သက်ပြီး အကြမ်းဖက်သမားဟူသည် မည်သည့်ပုံစံဖြင့်ဖြစ်ပါစေ မကောင်းနိုင်ကြောင်း ပြောကြားခဲ့သည်။
👍2🔥1
​​The Best ဖီဖာအကောင်းဆုံးဆုကို မက်ဆီက အမ်ဘာပေကို ကျော်ဖြတ်ပြီး ဆွတ်ခူး၊ အမျိုးသမီးဆုကို ပူတဲလက်စ် ဆက်လက်သိမ်းပိုက်
=======================

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်းနဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုအပြီး တနင်္လာနေ့က ပါရီမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ၂၀၂၂ ခုနှစ်အတွက် The Best ဖီဖာအမျိုးသားကစားသမားဆုကို ရရှိခဲ့ပြီး စပိန်ရဲ့ အလက်ဆီယာ ပူတဲလက်စ်က အမျိုးသမီးဆုကို ဆက်လက်ရယူခဲ့ပါတယ်။

မက်ဆီဟာ သူ့ရဲ့ ပဲရစ်စိန့်ဂျာမိန်း အသင်းဖော်နဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲပြိုင်ဘက် အမ်ဘာပေ၊ ဘလွန်းဒီအော်ဆုရှင် ဘန်ဇီမာတို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။

ဘလွန်းဒီအော် စီစဉ်သူ France Football ကနေ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ခွဲထွက်ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဖီဖာက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုကို မက်ဆီက ဒုတိယအကြိမ် ရရှိတာဖြစ်ပါတယ်။
❤5👍3🔥1
နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး
👍1🔥1
နိုင်ငံကူးလက်မှတ် တစ်ရက်လျှင် လူ ၂၅၀၀နှုန်းဖြင့် လူ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေး
==========================

ကီရာ
ဖေဖော်ဝါရီ ၂၄ရက်က စတင်လုပ်ဆောင်ခဲ့သော နိုင်ငံကူးလက်မှတ်လျှောက်ထားမှု စနစ်သစ်တွင် ဖေဖော်ဝါရီ ၂၇ရက်မှ မတ်လ ၂၁ရက်အထိ ရက်ချိန်းများ ထုတ်ပေးထားပြီး တစ်ရက်လျှင် လူ၂၅၀၀နှုန်းဖြင့် လူဦးရေ ၄၀၀၀၀ အထိ ရက်ချိန်းများ ထုတ်ပေးထားသည်ဟု ၎င်းတို့ နိုင်ငံကူးလက်မှတ် ဝဘ်ဆိုဒ်မှ ဖော်ပြချက်အရ သိရသည်။
နိုင်ငံကူးလက်မှတ်ဝင်ရောက် လျှောက်ထားသူများပြားသည့်အတွက် ဆာဗာချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၂၅ရက်ညပိုင်းတွင် လျှောက်ထားမှုအသစ်များကို ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ရပြီး ဖေဖော်ဝါရီ ၂၇ရက် ညပိုင်းတွင် ‌ပြန်လည်လျှောက်ထားမှုရရှိကြောင်းကိုလည်း လျှောက်ထားသူများထံမှ သိရသည်။

ပြန်လည် ဖွင့်လှစ်သည့် ပထမဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၂၇ရက်ညပိုင်းအထိ လူများပြည့်နှက်နေကြောင်းကိုလည်း နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ဆောင်သူများထံမှ သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍"ည ၉နာရီခွဲအထိ ရုံးထဲမှာပါ နောက်မှာလူ၂၀၀လောက်‌ ကျန်သေးတယ်။ ည ၁၀နာရီ ၂၀အထိ စောင့်နေရတုန်း" ဟု နိုင်ငံကူးလက်မှတ်သွားရောက်လုပ်ကိုင်သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရသည်။

နိုင်ငံကူးလက်မှတ်လုပ်ဆောင်ရာတွင် လူမျိုးခြား သွေးနှောများမှာ အချိန်ပိုမိုကြာမြင့်စွာ စောင့်‌ဆိုင်းရသည်ဟုလည်း သိရသည်။
ထို့အပြင် နိုင်ငံကူးလက်မှတ်ရုံးရှေ့တွင် နေရာဦးထားပြီး နေရာနှင့် ထိုင်ခုံရောင်းသူများလည်း ရှိသည်ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောသည်။

အွန်လိုင်းဘိုကင်စနစ်သစ် စတင်လုပ်ဆောင်သည့် ဖေဖော်ဝါရီ ၂၄ရက်မှစတင်၍ လက်ရှိအချိန်အထိ ကိုယ်ရေးအချက်အလက်များ‌ဖြည့်သွင်းပြီး ငွေပေးချေမှုများ လုပ်ဆောင်ပြီးသော်လည်း ရက်ချိန်းရရှိခြင်းမရှိသူများ၊ ငွေထပ်မံပေးချေရန် အကြောင်းကြားမှုများ ကြုံနေရသူများနှင့် ကိုယ်ရေးအချက်အလက်ဖြည့်သွင်းပြီး ဆာဗာချို့ယွင်းမှုကြောင့် ငွေပေးချေရန် ကျန်နေသူများလည်း ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။
👍2🔥1
​​ဘဏ္ဍာနှစ် ၁၀ လအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကန်ဒေါ်လာ ၂၂ ဘီလီယံကျော်အထိ တိုးတက် 
=====================

၂၀၂၂-၂၃ ဘဏ္ဍာနှစ်၏ ပထမ ဆယ်လ (၂၀၂၂ ဧပြီမှ ၂၀၂၃ ဇန်နဝါရီ) အတွင်း မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသည် ယခင်နှစ်ကထက် ၁၉ ဒသမ ၄၂ ရာခိုင်နှုန်း ထိုးတက်ကာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၂၄ ဘီလီယံရှိကြောင်း စစ်ကောင်စီလက်အောက် ကုန်သွယ်ရေးဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များကို ကိုးကားပြီး Business Standard က ဖော်ပြသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👏1
​​"ကျနော် UFC အတွက် အဆင်သင့်ဖြစ်နေပါပြီ" - Fury FC ချန်ပီယံ ဂျော့ရှူဝါဗန်
=========================

လျင်မြန်စွာ ထွန်းတောက်လာတဲ့ ဖလိုင်းဝိတ် ချန်ပီယံ ချင်းပြည်နယ်ဖွား ဖိုက်တာ ဂျော့ရှူဝါဗန် “The Fearless”ဟာ ဒီကန့ပွဲတွေမှာ အလားအလာရှိတဲ့ ထိပ်တန်းလူငယ်ကစားသမားတွေထဲက တစ်ဦးဖြစ်သည်မှာ သေချာပါတယ်။

သူဟာ ၈ ပွဲထိုးသတ်ရာမှာ ၇ ပွဲနိုင် ၁ ပွဲရှုံးထားပါတယ်။ ဒီဇင်ဘာလတွင် UFC Fight Pass မှာ Fury FC Flyweight ဖလိုင်းဝိတ် ချန်ပီယံရှစ်ကို အနိုင်ရဖို့အတွက် ကလိဗ်လန် မက်ခ်လန်းကို submission နဲ့အနိုင်ရခဲ့ပါတယ်။

သူ့ကိုယ်သူ ကစ်ဘောက်စ်သမားလို့ ဖော်ပြတဲ့ ဗန်က တခြား ထိပ်တန်း အလားအလာရှိတဲ့ လူငယ်ကစားသမားတွေကနေ သီးခြားဖြစ်သွားတာက သူ့ရဲ့ အတွေးအခေါ်လို့ ပြောပါတယ်။
❤3🔥1
​​အမေရိကန်၏ မိတ်ဖက်နိုင်ငံများဦးစားပေး မဟာဗျူဟာအရ ဆေးဝါးထုတ်လုပ်ရောင်းချမှုလုပ်ငန်းများ အိန္ဒိယသို့ ရောက်ရှိ လာနိုင်
==========================

တရုတ်တွင် ၂၀၂၂ ခုနှစ်အတွင်း ကိုဗစ်နှင့်ဆက်စပ်သည့် အသွားအလာကန့်သတ်မှုများသည် ကမ္ဘာ့ ဆေးဝါးထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များကို ထိခိုက်စေခဲ့သည်။ ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် အကြီးစားစီးပွားရေး လိုအပ်ချက်ဆိုင်ရာ အခြေအနေအရပ်ရပ်များကြောင့် ကမ္ဘာတစ်ဝန်းရှိ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များ၏ အနေအထားကို ပြန်လည်သုံးသပ်လာကြသည်။ ဆေးဝါးလုပ်ငန်းတွင် အမေရိကန်၏ မိတ်ဆွေနိုင်ငံများသို့ လုပ်ငန်းများရွှေ့ပြောင်းရေး မဟာဗျူဟာသစ်တွင် အိန္ဒိယသည် အဓိကကျသည့်နေရာ ဖြစ်လာနိုင်သည်။ 

ကမ္ဘာ့စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ရုန်းထွက်လာချိန် အထူးသဖြင့် ပထဝီနိုင်ငံရေးအရ အန္တရာယ်များသည့် ဒေသများတွင် အရေးကြီးသော ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များ စုပုံနေချိန်တွင် နိုင်ငံခေါင်းဆောင်များက လွတ်လပ်စွာ ကုန်သွယ်မှု၏ သဘောတရားအပေါ် အယုံအကြည်ရှိသည့်ပုံ မပေါ်တော့ပေ။ အမေရိကန် တာဝန်ရှိသူများကြားတွင် စက်ရုံများကို အာဏာရှင်နိုင်ငံများမှ မိတ်ဆွေနိုင်ငံများကို ရွှေ့ပြောင်းခြင်းသည် ကုန်ကျစရိတ်ကိုထည့်တွက်သောနည်းနှင့် မတူသည့် ဦးစားပေးမဟာဗျူဟာအဖြစ် ပေါ်ထွက်လာပြီး အကန့်သတ်မဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလုပ်ငန်းများကို ပြည်တွင်းသို့ပြန်လည်ရွှေ့ပြောင်းမှု ၂ ခုစလုံး၏ အားနည်းချက်များကို သဘောပေါက်လာကြခြင်း ဖြစ်သည်။

ကပ်ရောဂါကြောင့် ပိုမိုအရေးပါလာသည့် ဆေးဝါးထုတ်လုပ်ရောင်းချရေး လုပ်ငန်းစဉ်များအား အာဏာရှင်နိုင်ငံများမှ မိတ်ဆွေနိုင်ငံများသို့ ပြောင်းရွှေ့ရာတွင် အိန္ဒိယသည် မျက်စိကျစရာအကောင်းဆုံး နိုင်ငံတစ်ခု ဖြစ်ပုံရသည်။
👍3😁1
စစ်ရှောင်အများဆုံးရှိတဲ့ ဒီးမော့ဆိုအနောက်ဘက်ကို လက်နက်ကြီးကျည်ကျအမျိုးသမီး ၁ ဦးသေ၂ ဦးပြင်းထန်ဒဏ်ရာရ
=======================

(မဇ္ဈိမ) ။ ။ စစ်ရှောင်ပြည်သူတွေ အများဆုံးရှိတဲ့ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းက စစ်ဘေးရှောင်တွေနေထိုင်တဲ့နေရာကို ဖေဖော်ဝါရီ လ ၂၇ ရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ က မဇ္ဈိမကို ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲနဲ့ အပြန်အလှန် ပစ်ခတ်တဲ့ တိုက်ခိုက်ပွဲတွေ မရှိဘဲ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခဲ့တာလို့ ဆိုပါတယ်။

သတင်း အပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ ရုပ်သံသတင်းထောက် မောင်ခက်နွေက တင်ဆက်ပေးမှာပါ။

https://youtu.be/G320w9INaGs

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#လက်နက်ကြီးပစ်ခတ်

သတင်း၊ တည်းဖြတ်၊ တင်ဆက် - မောင်ခက်နွေ(မဇ္ဈိမ)

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬4👍2🔥2