Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထားဝယ်မြို့တွင် ကျဆုံးသူရဲကောင်း ၄ ဦး အတွက် အောက်မေ့ခြင်း လွမ်းသူပန်းခွေချ
=======================

ကိုရွှေမြိတ်
မဲဆောက်(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ရှမ်းမလယ်ဆွဲလမ်းဆုံတွင် ယနေ့ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းက ထားဝယ်ခရိုင် လူထုသပိတ်တွင် အစောဆုံးကျဆုံးသွားခဲ့သည့် ဒီမိုကရေစီသူရဲကောင်း လေးဦးအား အောက်မေ့ဂုဏ်ပြုခြင်းပြုလုပ်ကြသည်ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) ကထုတ်ပြန်ရေးသားထားသည်။

ကျဆုံးသူရဲကောင်းလေးဦးအတွက် အောက်မေ့ဂုဏ်ပြုသောအားဖြင့် လွမ်းသူပန်းခွေချခြင်းပြုလုပ်ခဲ့ ကြောင်း ထားဝယ်ခရိုင် Democracy Movement Strike Committee-Dawei (DDMSC)က ထုတ်ပြန် ထားသည်။
ထားဝယ်မြို့ပေါ်ရှိ ရှမ်းမလယ်ဆွဲလမ်းဆုံ၌ ထားဝယ်ခရိုင်လူထုသပိတ်အတွင်း စောဆုံးကျဆုံးသွားခဲ့ကြ သည့် သူရဲကောင်းလေးဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်ပင်မသပိတ် စစ်ကြောင်းချီတက်စဉ် အကြမ်းဖက်ဖြိုခွင်းပစ်ခတ်ခံခဲ့ရပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။

https://youtu.be/FPjMaZBa8fA

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#တနင်္သာရီတိုင်း
#ထားဝယ်မြို့
#DDMSC
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
❤3🔥2
​​AA နှင့် မပတ်သက်ရန် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပြောဆိုနေပြီး ဆိုးရွားစွာဆက်လုပ်လာပါက အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်ဟု AA အသိပေး
=====================

001
မဇ္စျိမ။ ။ ULA/AA နှင့် မပတ်သက်ရန် စစ်ကောင်စီတပ်ဖွဲ့က တစ်ရွာဝင် ၊ တစ်ရွာထွက် လိုက်ပြောနေပြီး ယင်းလုပ်ရပ်များကို ဆိုးရွားစွာဆက်လုပ်လာပါက တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်နိုင်ကြောင်း ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းပွဲတွင် ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် တောင်ကုတ်၊ သံတွဲနှင့် မောင်တောမြို့နယ်ဖက်များတွင် တစ်ရွာဝင် ၊ တစ်ရွာထွက် ULA/AAနှင့် မပတ်သက်ရန်၊ အဆက်အသွယ်မလုပ်ရန်၊ ကူညီထောက်ပံ့မှု မပြုရန်နှင့် ULA/AA သည် တရားမဝင်အဖွဲ့အစည်းဆိုသည့် ပြောဆိုမှုများ ရှိနေကြောင်း AA က ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော်တို့အနေနဲ့ အထူးသတိထားစောင့်ကြည့်နေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ ဒီလုပ်ရပ်အပြုအမူတွေကို ဆက်ပြီး ဆိုးဆိုးရွားရွားလုပ်လာရင် တိုက်ပွဲလမ်းကြောင်းကို အချိန်မရွေးပြန်ရောက်လာနိုင်တဲ့ အနေအထားရှိနေပါတယ်”ဟု ဆိုသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် နည်းဗျူဟာအရ အပစ်ရပ်ထားသော်လည်း အခြားတစ်ဖက်တွင် စစ်ရေးအရ လူ၊ ရိက္ခာ၊ လက်နက်အင်အား ဖြည့်တင်းမှုများကို နေ့စဉ်ရက်ဆက်ပြုလုပ်နေပြီး ULA / AAနှင့် ပတ်သက်၍လည်း နိုင်ငံရေးအရ တွန်းတိုက်မှုများ ဆက်လုပ်နေခြင်းများရှိကြောင်း ဦးခိုင်သုခက ပြောသည်။

“လက်ရှိရခိုင်ပြည်မှာ သေနတ်သံတွေ တိတ်နေတယ်ဆိုပေမယ့် အာမခံချက် အပြည့်အဝရှိတဲ့ တည်ငြိမ်မှုလို့ ပြောလို့မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီနှင့် AAတို့အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်မှစ၍ လူသားချင်းစာနာမှုအရဟုဆိုကာ နှစ်ဖက် ယာယီအပစ်ရပ်ထားကြခြင်းဖြစ်သည်။

ထို့သို့ အပစ်အခတ်ရပ်စဉ်က AAနှင့် ဆက်သွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးခံထားရသည့် ပြည်သူများကို နှစ်လအတွင်း ပြန်လွှတ်ပေးရန် ကတိကဝတ်ရှိသော်လည်း စစ်ကောင်စီဘက်က ပျက်ကွက်နေသည့်အတွက် ညှိနှိုင်းနေရဆဲဖြစ်ကြောင်းလည်း AA က အဆိုပါ သတင်းစာရှင်းပွဲတွင် ထည့်သွင်း​ပြောဆိုခဲ့သည်။

စစ်​ကောင်စီက ဖမ်းဆီးထားသည့် ရခိုင်ပြည်သူ​ပေါင်း ၅၉၄ ဦးရှိပြီး ထိုအထဲမှ ၃၉၁ ဦးပြန်လွတ်လာကာ စစ်​ကောင်စီ၏ အချုပ်ခန်း၊ အကျဥ်း​​ထောင်များတွင် ဆက်လက်ဖမ်းဆီးခံထားရသူ ၂၀၃ ​ဦးကျန်ရှိ​နေ​သေး​ကြောင်း AA၏ စာရင်းအရ သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ရက္ခိုင့်တပ်တော်AA
#စစ်ကောင်စီတပ်
#အပစ်အခတ်ရပ်စဲရေး
😁5👍4❤1
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3🔥1
​​ပူတင်နှင့်တွေ့ဆုံရန် ရှီကျင့်ဖျင် ရုရှားသို့ သွားမည်
=================

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် လာမည့်လများအတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ထိပ်သီးဆွေးနွေးပွဲ အတွက် ရုရှားနိုင်ငံ မော်စကိုမြို့ သွားရောက်ရန် ပြင်ဆင်နေကြောင်း Wall Street Journal က ဖော်ပြသည်။

ရှီကျင့်ဖျင်နှင့်ပူတင်တို့၏ ထိပ်သီးအစည်းအဝေးသည် တစ်နှစ်ကြာ ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှပိုမိုပါဝင်ရန် တရုတ်၏ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းဖြစ်သလို အဖွဲ့များစွာပါသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် တွန်းအားပေးမှုတစ်စိတ်တစ်ပိုင်းလည်း ဖြစ်ကြောင်း ယင်းခရီးစဉ်နှင့်နီးစပ်သူကို ကိုးကား၍ သတင်းတွင် ဖေဖော်ဝါရီ ၂၁ ရက်က ဖော်ပြသည်။
နျူကလီးယားလက်နက် အသုံးမပြုသင့်ကြောင်း တရုတ်က ထိပ်သီးအစည်းအဝေးတွင် ထပ်လောင်းပြောဆိုသွားမည်ဟု ဆိုသည်။

တရုတ်သမ္မတရှီ၏ ခရီးစဉ်အတွက် ကနဦးကြိုတင်ပြင်ဆင်မှုများကိုသာ ပြုလုပ်နေဆဲဖြစ်ပြီး အချိန်ကို မသတ်မှတ်ရသေးကြောင်းနှင့် ရုရှားက ဂျာမနီကို အနိုင်ရသော ဒုတိယကမ္ဘာစစ် အောင်ပွဲပြုလုပ်မည့်အချိန် ဧပြီ သို့မဟုတ် မေလ အစောပိုင်းတွင် ဖြစ်နိုင်သည်ဟု Wall Street Journal တွင် ဖော်ပြသည်။
👍2❤1👏1
ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး
👍4😁1
ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး
=========================

နောင်နောင်
မဇ္ဈိမ။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့နှင့် ထီးလင်း PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားကြောင်း ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ နှစ်ဘက်ထိတွေ့ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေဖြူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄ )ကို လုံခြုံရေးယူပေးရန် ထီးလင်းမြို့နယ်ဘက်ခြမ်းက ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦးခန့် ပါဝင်သော ရှေ့ထွက်ပတ်ကင်းအဖွဲ့က ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာစဉ် ထီးလင်း PDF တို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

“ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်စပ်ကြား၊ နယ်စပ်လို့ ခေါ်ရမှာပေါ့၊ အဲဒီမှာ ကပစ (၂၄) ရဲ့ ကင်းစခန်းတစ်ခုရှိတယ်၊ အဲဒီဘက်ကို ကင်းပတ်တဲ့အချိန်မှာ သူတို့လည်း ကင်းပတ်တာနဲ့ သွားတွေ့တာပေါ့၊ သုံးယောက်လုံးသေဆုံးသွားတယ်ဆိုတာ ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတာမို့လို့ အတည်ပြုနိုင်တာပါ” ဟု ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

ထီးလင်း PDF ဘက်က ထိခိုက်ကျဆုံးသူ မရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ပုံမှန်အားဖြင့် သုံးယောက်တစ်ဖွဲ့ ဆိုင်ကယ်များဖြင့် ရှေ့ထွက်လှည့်ကင်းပတ်လေ့ ရှိသည်ဟု သိရသည်။

ထိတွေ့ပစ်ခတ်မှုသည် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လာသော MA 11 သေနတ်တစ်လက် ကျည်ဘောက် သုံးခု နှင့် ကျည်တောင့် ၈၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDF က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ်၊ ရေဖြူကျေးရွာနှင့် သုံးမိုင်ခန့် ဝေးကွာသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် (၂၄) ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်မည်ကို စိုးရိမ်၍ ပုံတောင်နတ်ထိပ်ဂိတ်၊ ရေဖြူကင်းစခန်းဂိတ်နှင့် သရက်တောဂိတ် သုံးခုဖြင့် စစ်ကောင်စီ တပ်က လုံခြုံရေးယူထားလျှက် ရှိသည်။

“ဂိတ်သုံးခု စောင့်နေတာပေါ့၊ ဘေးနားပတ်ချာလည်မှာလည်း ပျူစောထီးရွာတွေရှိတယ်၊ ပျူစောထီးရွာ နှစ်ရွာသုံးရွာလောက်ရှိတယ်၊ ပတ်ပတ်လည်မှာတော့ သူတို့ (စစ်ကောင်စီတပ်) ရဲ့ ဂိတ်တွေလို့ ပြောရမှာပေါ့” ဟု တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ မကွေးတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးလက်ဒေသများကို လက်လွှတ်ထားရသော အာဏာသိမ်းစစ်ကောင်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မကွေးတိုင်း
#ထီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#PDF
#တိုက်ပွဲ
👍16😁2❤1
ရွေးကောက်ပွဲဝင်ဖို့ ကျားဖြူပါတီမှတ်ပုံတင် (ရုပ်သံ)
==================

လင်းသူရိန်(မဇ္ဈိမ)

ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ ကျားဖြုပါတီက စစ်ကောင်စီကကျင်းပမယ့်ည ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ၂၇ရက်နေ့မှာ မှတ်ပုံတင်သွင်းလိုက်ပြီလို့သိရပါတယ်။

စစ်ကောင်စီကရွေးကောက်ပွဲကျင်းခဲ့မယ်ဆိုရင် ကျားဖြူပါတီက တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

https://youtu.be/YnkY3782TwU

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5
ပြည်သူကိုသတ်နေသည့် မိစ္ဆာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု
🔥3🤯1
ပြည်သူကိုသတ်နေသည့် မိစ္ဆာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု
===================

ဝေယံမိုး(စစ်မြေပြင်သတင်းထောက်မှ MCIJ အတွက်ပေးပို့သည်။
ညစာစားပြီးစအချိန် ည ၈ နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။
ရာသီဥတုအေးလာသည်ကို မီးပုံအသေးကလေးနံဘေးတွင် ရဲဘော်များနှင့်အတူဝိုင်းထိုင်ကာ အန်တုနေကြသည်။ ရဲဘော်များက ၎င်းတို့၏တိုက်ပွဲအတွေ့အကြုံများကို အားတက်သရော ပြန်ပြောပြနေသည်။

ရုတ်တရက် "ဟာ...ဟိုမှာလာပြီ"ဟု ထိန့်လန့်စွာအော်ပြောရင်း ကောင်းကင်ကိုလက် ညှိုးထိုးပြသည်။

တလက်လက်တောက်နေသည့် ကြယ်ရောင်များနှင့်အတူ မီးလုံးအနီကြီး ခေါင်းပေါ်တည့်တည့် မီတာ ငါးရာအကွာမှ ပြေးလွှားနေသည်။
အချို့မီးပွားစလေးများ အောက်သို့ပြုတ်ကျလျှက်။

စက္ကန့်သုံးဆယ်အကြာခန့်တွင် မီးလုံးကြီးစတင်ထွက်ခွာလာသည့် အရှေ့တည့်တည့်အရပ်မှ ကျယ်လောင်လှသည့်အသံကြီး ကြားလိုက်ရသည်။

ပြေးနေသည့်မီးလုံးကြီးတဖြည်းဖြည်းမှိန်သွားပြီး အောက်သို့ထိုးဆင်းသွားသည်။

အရပ်မြင့်မြင့်နှင့်မျက်မှန်တပ်ထားသည့်ရဲဘော်က အခြားသူများသတိထားမီးအောင် "လက်နက်ကြီး လက်နက်ကြီး ပစ်ပြီဟေ့" ဟု အသံအောအောနဲ့ အော်ပေးနေသည်။

မကြာမီပင် ကျယ်လောက်လှသည့်ပေါက်ကွဲသံကြီးမှာ တောင်များကိုပဲ့တင်ရင်း ဟိန်းထွက်သွားသည်။

"ငါတို့အပါ်ကနေ အဲ့လောက်အမြင့်ကြီးကျော်သွားရင် ဒါ ငါတို့နဲ့ဝေးဝေးမှာပေါက်ကွဲတာ" ဟု အတွေ့အကြုံကိုအခြေခံကာ လက်နက်ကြီးကျရောက်ပေါက်ကွဲနိုင်မှုကို KNDF ဒုရင်းမှူးက ရှင်းပြနေသည်။

ထိုပစ်ခတ်မှုမှာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင်အခြေစိုက်ထားသည့် စစ်ကောက်စီတပ် ခလရ (၁၀၂) မှဖြစ်နိုင်ကြောင်း ရဲဘော်များကသုံးသပ်ပြသည်။

အသစ်စက်စက်တူးထားသည့် ဗုံးခိုကျင်းမှာ ကျွန်ုပ်တို့မီးပုံ မျက်နှာချင်းဆိုင် သုံးလန်ခန့်အကွာတွင်အသင့်ရှိနေသည်။
ငါးမိနစ်ခန့်အကြာတွင် ထိုအရှေ့အရပ်တည့်တည့်မှ လျှပ်စီးလက်သကဲ့သို့ အရောင်းတစ်ခုတောက်လာပြန်သည်။

"ဟာ လာပြန်ပြီ ..ငါတို့နဲ့တဲ့တဲ့ဟ လခွမ်းနဲ့မှ ဗုံးခိုကျင်းထဲ ဝင်ကြဟေ့" အော်သံမဆုံးမီမှာပင် မီးပုံနံဘေးရှိ ကျွန်တော်နှင့်အတူ ရဲဘော် ၁၀ ဦးခန့်မှ ကျင်းထဲရောက်သွားကြလေပြီ။

နားနှစ်ဖက်ကိုပိတ်ထားရင်း ပေါက်ကွဲသံကိုနားစွင့်နေမိသည်။
စက္ကန့် သုံးဆယ်ခန့်အကြာတွင် "မကွဲဘူး မကွဲဘူး" ဆိုတဲ့ ရဲဘော်တစ်ယောက်၏အသံက တိတ်ဆိတ်မှုကို ဖြတ်ကျော်ပြီးထွက်လာသည်။

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကျင်းထဲမှ တော်ဝောာ်နဲ့ပြန်မထွက်ဖြစ်ဘဲ ငြိမ်နေမိကြသည်။

မိနစ်အနည်းငယ်ကြာတော့ ဗုံးခိုကျင်းထဲမှ ပြန်ထွက်ကြပြန်သည်။
အနီးရှိတဲမှ ခြေထောက်တစ်ဘက်ဆုံးရှုံးထားသည့် ရဲဘော်တစ်ဦးလည်း ကျွန်တော်တို့နံဘေး ရောက်လာသည်။

နောက်ထပ်လက်နက်ကြီးပစ်ခတ်နိုင်ခြေရှိနေရာ ဒုရင်းမှူးက သူ့ကို ကျင်းနှင့်အနီးဆုံးတွင် နေခိုင်းသည်။

ခဏအကြာတွင် မီးလုံးအနီကြီးတက်လာပေပြန်ပြီ။
"ဟာ ပစ်ပြီဟ ပြေး..ပြေး." ဟု အညာသား ရဲဘော်တစ်ဦးက အလန့်တကြားအော်လိုက်ပြန်ရာ ခြေအတုဖြင့်ရဲဘော်က ဦးဆုံးဝင်ပြေးသည်။

သို့သော်ခြေတုကျွတ်ကာ ကျင်းဝတွင်တစ်နေသည်။
"ငါတို့အပေါ်ကအမြင့်ကြီးကဆို အဝေးမှာကွဲတယ်လေကွာ မင်းဟာက အလန့်တကြားနဲ့ကွာ" ဟု ဒုရင်းမှူးကပြော သည်။
👍8🤬2❤1
​​အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ် ရန်လိုမှုကို တန်ပြန်ရန် မဟာမိတ်ဖွဲ့စည်းခြင်း အရေးကြီးလာ
=======================

ကမ္ဘာ့စီးပွားရေး ထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) သည် နိုင်ငံအလိုက် မဟာဗျူဟာများ ကွဲပြားနေသော်လည်း တရားဥပဒေစိုးမိုးရေးကို ကတိပြုထားကြပြီး ၂၀၂၁ ခုနှစ်ကတည်းက အင်ဒို-ပစိဖိတ် ဒေသတွင် အနောက်တိုင်းညွန့်ပေါင်းတည်ဆောက်ရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ကြောင်း ဒိန်းမတ်နိုင်ငံတကာလေ့လာရေးဌာန၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးများကို ဖိနှိပ်ကာ မီဒီယာများကို အလုံးစုံ ဆင်ဆာဖြတ်တောက်နေသည့် တရုတ်၊ တိဗက်၊ ရှင်ကျန်း၊ မြောက်ကိုးရီးယား၊ ဝီဂါတို့နှင့် ပတ်သက်သည့် ဆင်ဆာမဲ့ သတင်းအချက်အလက်များကို အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (VAA) က ဖော်ပြခဲ့သည်။

နေတိုးအတွင်းရေးမှူး ယန်းစတိုတန်ဘာ့ဂ်သည် အတ္တလန္တိတ်ဖြတ်ကျော်နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးများ အပြန်အလှန်ချိတ်ဆက်နေကြောင်း သတင်းစကားပါရန် တောင်ကိုရီးယားနှင့် ဂျပန်သို့ မကြာသေးမီက သွားရောက်ခဲ့သည်။
👍4❤2🔥1
ပြည်ထောင်စုအဆင့်ဝင်ပြိုင်နိုင်ရန် ပြည်သူ့ပါတီနဲ့ NUDP တို့ ပူးပေါင်းရဟုဆို (ရုပ်သံ)
=====================

(မဇ္ဈိမ)

လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အထိဝင်ပြိုင်နိုင်ဖို့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ နဲ့ မအူပင်ဦးစိန်ဝင်းဦးဆောင်တဲ့ NUDP ပါတီတို့ ပူးပေါင်းကြတာဖြစ်တယ်လို့ ပြည်သူ့ပါတီပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ရုပ်သံသတင်းထောက် မောင်ခက်နွေကတင်ဆက်ပေးမှာပါ။

https://youtu.be/4AbT948Sa0g

#ရွေးကောက်ပွဲ
#ပြည်သူ့ပါတီ
#UNDP

သတင်း၊တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5👎5💩3