Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး
👍4😁1
ထီးလင်းမြို့နယ် တိုက်ပွဲမှာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ပတ်ကင်းအဖွဲ့ အားလုံး သေဆုံး
=========================

နောင်နောင်
မဇ္ဈိမ။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့နှင့် ထီးလင်း PDF တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်၏ ရှေ့ထွက်ကင်းပတ်အဖွဲ့ တစ်ဖွဲ့လုံး သေဆုံးသွားကြောင်း ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

အဆိုပါ နှစ်ဘက်ထိတွေ့ တိုက်ပွဲသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၉ နာရီကျော်အချိန်က ထီးလင်းမြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ရေဖြူကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄ )ကို လုံခြုံရေးယူပေးရန် ထီးလင်းမြို့နယ်ဘက်ခြမ်းက ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦးခန့် ပါဝင်သော ရှေ့ထွက်ပတ်ကင်းအဖွဲ့က ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာစဉ် ထီးလင်း PDF တို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုထိတွေ့ တိုက်ပွဲအတွင်း ဆိုင်ကယ်ဖြင့် လှည့်ကင်းပတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးလုံး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

“ထီးလင်းမြို့နယ်နဲ့ ပေါက်မြို့နယ်စပ်ကြား၊ နယ်စပ်လို့ ခေါ်ရမှာပေါ့၊ အဲဒီမှာ ကပစ (၂၄) ရဲ့ ကင်းစခန်းတစ်ခုရှိတယ်၊ အဲဒီဘက်ကို ကင်းပတ်တဲ့အချိန်မှာ သူတို့လည်း ကင်းပတ်တာနဲ့ သွားတွေ့တာပေါ့၊ သုံးယောက်လုံးသေဆုံးသွားတယ်ဆိုတာ ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတာမို့လို့ အတည်ပြုနိုင်တာပါ” ဟု ထီးလင်း PDF ၊ တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

ထီးလင်း PDF ဘက်က ထိခိုက်ကျဆုံးသူ မရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

ပုံတောင်နတ်ထိပ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့သည် ပုံမှန်အားဖြင့် သုံးယောက်တစ်ဖွဲ့ ဆိုင်ကယ်များဖြင့် ရှေ့ထွက်လှည့်ကင်းပတ်လေ့ ရှိသည်ဟု သိရသည်။

ထိတွေ့ပစ်ခတ်မှုသည် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ကိုင်ဆောင်လာသော MA 11 သေနတ်တစ်လက် ကျည်ဘောက် သုံးခု နှင့် ကျည်တောင့် ၈၀ တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထီးလင်း PDF က ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

ပေါက်မြို့နယ်၊ ရေဖြူကျေးရွာနှင့် သုံးမိုင်ခန့် ဝေးကွာသော ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) အမှတ် (၂၄) ကို ပြည်သူ့ကာကွယ်ရေးတပ် PDF များက တိုက်ခိုက်မည်ကို စိုးရိမ်၍ ပုံတောင်နတ်ထိပ်ဂိတ်၊ ရေဖြူကင်းစခန်းဂိတ်နှင့် သရက်တောဂိတ် သုံးခုဖြင့် စစ်ကောင်စီ တပ်က လုံခြုံရေးယူထားလျှက် ရှိသည်။

“ဂိတ်သုံးခု စောင့်နေတာပေါ့၊ ဘေးနားပတ်ချာလည်မှာလည်း ပျူစောထီးရွာတွေရှိတယ်၊ ပျူစောထီးရွာ နှစ်ရွာသုံးရွာလောက်ရှိတယ်၊ ပတ်ပတ်လည်မှာတော့ သူတို့ (စစ်ကောင်စီတပ်) ရဲ့ ဂိတ်တွေလို့ ပြောရမှာပေါ့” ဟု တပ်ရင်းမှူး ဗိုလ်ကျီးကန်းက မဇ္ဈိမကို ပြောသည်။

မြန်မာပြည်အလယ်ပိုင်းဒေသ မကွေးတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့အကြား နေ့စဉ်ထိတွေ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကျေးလက်ဒေသများကို လက်လွှတ်ထားရသော အာဏာသိမ်းစစ်ကောင်တပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခိုက်မှုများလည်း ပြုလုပ်နေသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#မကွေးတိုင်း
#ထီးလင်းမြို့နယ်
#စစ်ကောင်စီတပ်
#PDF
#တိုက်ပွဲ
👍16😁2❤1
ရွေးကောက်ပွဲဝင်ဖို့ ကျားဖြူပါတီမှတ်ပုံတင် (ရုပ်သံ)
==================

လင်းသူရိန်(မဇ္ဈိမ)

ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီလို့ခေါ်တဲ့ ကျားဖြုပါတီက စစ်ကောင်စီကကျင်းပမယ့်ည ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ ၂၀၂၃ခုနှစ်ဖေဖော်ဝါရီလ၂၇ရက်နေ့မှာ မှတ်ပုံတင်သွင်းလိုက်ပြီလို့သိရပါတယ်။

စစ်ကောင်စီကရွေးကောက်ပွဲကျင်းခဲ့မယ်ဆိုရင် ကျားဖြူပါတီက တစ်နိုင်ငံလုံးအတိုင်းတာနဲ့ ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့သိရပါတယ်။

https://youtu.be/YnkY3782TwU

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁5
ပြည်သူကိုသတ်နေသည့် မိစ္ဆာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု
🔥3🤯1
ပြည်သူကိုသတ်နေသည့် မိစ္ဆာစစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု
===================

ဝေယံမိုး(စစ်မြေပြင်သတင်းထောက်မှ MCIJ အတွက်ပေးပို့သည်။
ညစာစားပြီးစအချိန် ည ၈ နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။
ရာသီဥတုအေးလာသည်ကို မီးပုံအသေးကလေးနံဘေးတွင် ရဲဘော်များနှင့်အတူဝိုင်းထိုင်ကာ အန်တုနေကြသည်။ ရဲဘော်များက ၎င်းတို့၏တိုက်ပွဲအတွေ့အကြုံများကို အားတက်သရော ပြန်ပြောပြနေသည်။

ရုတ်တရက် "ဟာ...ဟိုမှာလာပြီ"ဟု ထိန့်လန့်စွာအော်ပြောရင်း ကောင်းကင်ကိုလက် ညှိုးထိုးပြသည်။

တလက်လက်တောက်နေသည့် ကြယ်ရောင်များနှင့်အတူ မီးလုံးအနီကြီး ခေါင်းပေါ်တည့်တည့် မီတာ ငါးရာအကွာမှ ပြေးလွှားနေသည်။
အချို့မီးပွားစလေးများ အောက်သို့ပြုတ်ကျလျှက်။

စက္ကန့်သုံးဆယ်အကြာခန့်တွင် မီးလုံးကြီးစတင်ထွက်ခွာလာသည့် အရှေ့တည့်တည့်အရပ်မှ ကျယ်လောင်လှသည့်အသံကြီး ကြားလိုက်ရသည်။

ပြေးနေသည့်မီးလုံးကြီးတဖြည်းဖြည်းမှိန်သွားပြီး အောက်သို့ထိုးဆင်းသွားသည်။

အရပ်မြင့်မြင့်နှင့်မျက်မှန်တပ်ထားသည့်ရဲဘော်က အခြားသူများသတိထားမီးအောင် "လက်နက်ကြီး လက်နက်ကြီး ပစ်ပြီဟေ့" ဟု အသံအောအောနဲ့ အော်ပေးနေသည်။

မကြာမီပင် ကျယ်လောက်လှသည့်ပေါက်ကွဲသံကြီးမှာ တောင်များကိုပဲ့တင်ရင်း ဟိန်းထွက်သွားသည်။

"ငါတို့အပါ်ကနေ အဲ့လောက်အမြင့်ကြီးကျော်သွားရင် ဒါ ငါတို့နဲ့ဝေးဝေးမှာပေါက်ကွဲတာ" ဟု အတွေ့အကြုံကိုအခြေခံကာ လက်နက်ကြီးကျရောက်ပေါက်ကွဲနိုင်မှုကို KNDF ဒုရင်းမှူးက ရှင်းပြနေသည်။

ထိုပစ်ခတ်မှုမှာ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းတွင်အခြေစိုက်ထားသည့် စစ်ကောက်စီတပ် ခလရ (၁၀၂) မှဖြစ်နိုင်ကြောင်း ရဲဘော်များကသုံးသပ်ပြသည်။

အသစ်စက်စက်တူးထားသည့် ဗုံးခိုကျင်းမှာ ကျွန်ုပ်တို့မီးပုံ မျက်နှာချင်းဆိုင် သုံးလန်ခန့်အကွာတွင်အသင့်ရှိနေသည်။
ငါးမိနစ်ခန့်အကြာတွင် ထိုအရှေ့အရပ်တည့်တည့်မှ လျှပ်စီးလက်သကဲ့သို့ အရောင်းတစ်ခုတောက်လာပြန်သည်။

"ဟာ လာပြန်ပြီ ..ငါတို့နဲ့တဲ့တဲ့ဟ လခွမ်းနဲ့မှ ဗုံးခိုကျင်းထဲ ဝင်ကြဟေ့" အော်သံမဆုံးမီမှာပင် မီးပုံနံဘေးရှိ ကျွန်တော်နှင့်အတူ ရဲဘော် ၁၀ ဦးခန့်မှ ကျင်းထဲရောက်သွားကြလေပြီ။

နားနှစ်ဖက်ကိုပိတ်ထားရင်း ပေါက်ကွဲသံကိုနားစွင့်နေမိသည်။
စက္ကန့် သုံးဆယ်ခန့်အကြာတွင် "မကွဲဘူး မကွဲဘူး" ဆိုတဲ့ ရဲဘော်တစ်ယောက်၏အသံက တိတ်ဆိတ်မှုကို ဖြတ်ကျော်ပြီးထွက်လာသည်။

ဒီတစ်ခေါက်တော့ ကျွန်တော်တို့ ကျင်းထဲမှ တော်ဝောာ်နဲ့ပြန်မထွက်ဖြစ်ဘဲ ငြိမ်နေမိကြသည်။

မိနစ်အနည်းငယ်ကြာတော့ ဗုံးခိုကျင်းထဲမှ ပြန်ထွက်ကြပြန်သည်။
အနီးရှိတဲမှ ခြေထောက်တစ်ဘက်ဆုံးရှုံးထားသည့် ရဲဘော်တစ်ဦးလည်း ကျွန်တော်တို့နံဘေး ရောက်လာသည်။

နောက်ထပ်လက်နက်ကြီးပစ်ခတ်နိုင်ခြေရှိနေရာ ဒုရင်းမှူးက သူ့ကို ကျင်းနှင့်အနီးဆုံးတွင် နေခိုင်းသည်။

ခဏအကြာတွင် မီးလုံးအနီကြီးတက်လာပေပြန်ပြီ။
"ဟာ ပစ်ပြီဟ ပြေး..ပြေး." ဟု အညာသား ရဲဘော်တစ်ဦးက အလန့်တကြားအော်လိုက်ပြန်ရာ ခြေအတုဖြင့်ရဲဘော်က ဦးဆုံးဝင်ပြေးသည်။

သို့သော်ခြေတုကျွတ်ကာ ကျင်းဝတွင်တစ်နေသည်။
"ငါတို့အပေါ်ကအမြင့်ကြီးကဆို အဝေးမှာကွဲတယ်လေကွာ မင်းဟာက အလန့်တကြားနဲ့ကွာ" ဟု ဒုရင်းမှူးကပြော သည်။
👍8🤬2❤1
​​အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ် ရန်လိုမှုကို တန်ပြန်ရန် မဟာမိတ်ဖွဲ့စည်းခြင်း အရေးကြီးလာ
=======================

ကမ္ဘာ့စီးပွားရေး ထိပ်သီး ၇ နိုင်ငံ (ဂျီ-၇) သည် နိုင်ငံအလိုက် မဟာဗျူဟာများ ကွဲပြားနေသော်လည်း တရားဥပဒေစိုးမိုးရေးကို ကတိပြုထားကြပြီး ၂၀၂၁ ခုနှစ်ကတည်းက အင်ဒို-ပစိဖိတ် ဒေသတွင် အနောက်တိုင်းညွန့်ပေါင်းတည်ဆောက်ရေး ကြိုးပမ်းမှုများကို ဦးဆောင်ခဲ့ကြောင်း ဒိန်းမတ်နိုင်ငံတကာလေ့လာရေးဌာန၏ အစီရင်ခံစာအသစ်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးများကို ဖိနှိပ်ကာ မီဒီယာများကို အလုံးစုံ ဆင်ဆာဖြတ်တောက်နေသည့် တရုတ်၊ တိဗက်၊ ရှင်ကျန်း၊ မြောက်ကိုးရီးယား၊ ဝီဂါတို့နှင့် ပတ်သက်သည့် ဆင်ဆာမဲ့ သတင်းအချက်အလက်များကို အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ (VAA) က ဖော်ပြခဲ့သည်။

နေတိုးအတွင်းရေးမှူး ယန်းစတိုတန်ဘာ့ဂ်သည် အတ္တလန္တိတ်ဖြတ်ကျော်နှင့် အင်ဒို-ပစိဖိတ်ဆိုင်ရာ လုံခြုံရေးများ အပြန်အလှန်ချိတ်ဆက်နေကြောင်း သတင်းစကားပါရန် တောင်ကိုရီးယားနှင့် ဂျပန်သို့ မကြာသေးမီက သွားရောက်ခဲ့သည်။
👍4❤2🔥1
ပြည်ထောင်စုအဆင့်ဝင်ပြိုင်နိုင်ရန် ပြည်သူ့ပါတီနဲ့ NUDP တို့ ပူးပေါင်းရဟုဆို (ရုပ်သံ)
=====================

(မဇ္ဈိမ)

လာမည့်ရွေးကောက်ပွဲမှာ ပြည်ထောင်စုအဆင့်အထိဝင်ပြိုင်နိုင်ဖို့ ဦးကိုကိုကြီးဦးဆောင်တဲ့ ပြည်သူ့ပါတီ နဲ့ မအူပင်ဦးစိန်ဝင်းဦးဆောင်တဲ့ NUDP ပါတီတို့ ပူးပေါင်းကြတာဖြစ်တယ်လို့ ပြည်သူ့ပါတီပြန်ကြားရေး တာဝန်ခံက မဇ္ဈိမကို ပြောပါတယ်။
ဒီသတင်းအပြည့်အစုံကိုတော့ မဇ္ဈိမရဲ့ရုပ်သံသတင်းထောက် မောင်ခက်နွေကတင်ဆက်ပေးမှာပါ။

https://youtu.be/4AbT948Sa0g

#ရွေးကောက်ပွဲ
#ပြည်သူ့ပါတီ
#UNDP

သတင်း၊တည်းဖြတ်၊တင်ဆက် - မောင်ခက်နွေ

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5👎5💩3
​​ရေစကြိုမှာ စစ်ကောင်စီတပ်စွဲထားရာနေရာကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး ဒဏ်ရာပြင်း ထန်
===================

MTO
မဇ္ဈိမ။ ။ မကွေးတိုင်း၊ ရေစကြိုမြို့နယ် အမှတ် (၂) စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံ ဝင်းအတွင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးလက်နက်- ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး ပြင်းထန် ဒဏ်ရာများ ရရှိသွားကြောင်း Myingyan Black Tiger-MBT အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ စစ်ကောင်စီဘက်က လေးယောက် ရေစကြိုမြို့ပေါ်ဆေးရုံမှာ အသက်လုနေရပြီး သေဖို့ ရာခိုင်နှုန်း ပိုများပါတယ်” ဟုပြောသည်။

စုပေါင်းရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကွင်းအတွင်းတန်းစီနေချိန်တွင် ပခုံးထမ်း ရော့ကက်များ၊ ရှေ့ထွက်လောင်ချာများ ၊ ၄၀ မမ ၊ လက်နက်ငယ်များဖြင့်ပါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ကြောင်း MBT အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ စစ်ကောင်စီတပ်ဘက်ကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်ချိန် မိနစ် ၂၀ လောက် ကြာပါတယ်၊ ကျတော်တို့ဘက်ကတော့ ထိခိုက်တာမျိုးမရှိပါဘူးဗျ” ဟု ၎င်းက ပြောသည်။
ယင်းစုပေါင်းရုံးကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းမှာ ယခုလ အတွင်း နှစ်ကြိမ်မြောက်သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့ တွင်လည်း Myingyan Black Tiger နှင့် ခွပ်ဒေါင်းနီ တပ်ဖွဲ့တို့ ပူးပေါင်းကာ အဝေးပစ်လောင်ချာများဖြင့်သွားရောက်တိုက်ခိုက်ခဲ့ကြောင်း MBT အဖွဲ့ ထုတ်ပြန်ထား သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#MyingyanBlackTiger
#ခွပ်ဒေါင်းနီ
#ရေစကြိုမြို့နယ်
#စစ်ကောင်စီတပ်ဖွဲ့
👍9🔥1
​​မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၈ ဦးသေဆုံးဟုဆို
====================

MTO
မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှစ်ဦးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက ပြောသည်။

ကားလေးစီး ၊ ဆိုင်ကယ် ၁၀ စီးဖြင့် အင်အား ၆၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို နဘူးအိုင်ရွာတောင်ဘက်၊ မြောက်ပင်လယ် ဆည်ဘောင်အနီးတွင် ပဒေသာ နှစ်ဆင့်မိုင်း ၁၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“စစ်ကြောင်းထိုးပြီး ပြန်လာတယ်ဆိုတာ ကြိုတင်သတင်းရလို့ သူတို့ ပြန်မယ့်လမ်းကြောင်းမှာ ကြိုတင် မိုင်းထောင်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ သူတို့က တိုက်ခိုက်ခံလိုက်ရတဲ့နေရာမှာရှိတဲ့ လူ(ပြည်သူ)တွေကို စစ်ဆေးမှုတွေ လုပ်နေတာ စစ်ဆေးခံခဲ့ရတဲ့ ပြည်သူတစ်ဦးက ပြန်ပြောလို့ သိရတာ” ဟု ၎င်းကပြောည်။
မိုင်းခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ ဘက်မှ ကားတစ်စီး ပျက်စီးသွားပြီး တိုက်ခိုက်ခံခဲ့ရသည့်နေရာ၌ပင် ထားခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် မြင်းခြံမြို့နယ်အတွင်းရှိ ဆေးရုံများ၊ စာသင် ကျောင်းများ နှင့် ဘုန်းကြီးကျောင်းများတွင် တပ်စွဲနေထိုင်လေ့ရှိကြောင်း နဂါးနီးပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူကဆိုသည်။
“သူတို့က တစ်နေရာကို အင်အား ၃၀ ကနေ ၅၀ လောက်ထိ သုံးပြီးတပ်စွဲထားကြတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြင်းခြံမြို့နယ်အတွင်း အရပ်သားပြည်သူများကို ဖမ်ဆီးစစ်ဆေးခြင်းများ ပြုလုပ်လေ့ရှိပြီး ကျေးရွာများကို စစ်ကြောင်းထိုးသည့် အချိန်များတွင်လည်း နေအိမ်များရှိ ပစ္စည်းများကို ယူဆောင်လေ့ရှိကြောင်း နဂါးနီ ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူက သည်။

“ပြည်သူတွေအားလုံးကို ခြောက်လှန့်ထုတ် ပြည်သူတွေထွက်ပြေးပြီဆိုရင် အထဲမှာ သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ကားနဲ့ထိုးတင်တယ် ပြီးပြီဆိုလို့ အိမ်အခွံချည်း ကျန်ပြီဆိုရင် မီးနဲ့ရှို့ပစ်ခဲ့တယ်” ဟု ၎င်းက ပြောသည်။

စာတည်း။ ။ ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#နဂါးနီပြောက်ကျားတပ်ဖွဲ့
#စစ်ကောင်စီတပ်
#တိုက်ခိုက်မှု
👍10❤3🤮1
​​ရခိုင်တွင် ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရမည်ဟု စစ်ကောင်စီခေါင်းဆောင် ပြော
=================

001
မဇ္စျိမ။ ။ရခိုင်တွင် ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း အာဏာ သိမ်းစစ်ကောင်စီဉက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော ပြည်နယ်အတွင်းမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် ပြောသည်။

စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေပြီး ရွေးကောက်ပွဲ ကျင်းပချိန်တွင် ရခိုင်ပြည်နယ်လုံးကျွတ်ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုးပမ်းရမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောဆိုခြင်းဖြစ်သည်။

လက်ရှိ၌ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းနေသည့်သဘောရှိသည့်အတွက် စစ်ကောင်စီဉက္ကဋ္ဌက ပြည်နယ်အနှံ့ ရွေးကောက်ပွဲကျင်းပမည့်ပုံစံမျိုး ပြောဆိုလာခြင်းဖြစ်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

“ဒါက လောလောဆယ် ရခိုင်မှာ ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ အပစ်အခတ်ရပ်စဲထားတဲ့ အခြေ အနေနဲ့ဆိုင်တယ်။
လောလောဆယ်တည်ငြိမ်နေတယ်ဆိုပေမယ့် ဒီအပစ်အခတ်ရပ်စဲရေးဟာ အချိန် မရွေးပျက်သွားနိုင်တယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ULA/AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက လည်းပြောထားတယ်။ တိုက်ပွဲတွေပြန်ဖြစ်လာရင်တော့ ရွေးကောက်ပွဲဖြစ်စရာ အကြောင်းမရှိတော့ဘူး ပေါ့။ နဂိုတည်းက ရခိုင်ပြည်သူတွေက ရွေးကောက်ပွဲကို စိတ်မဝင်စားဘူး”ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲများသည် ရခိုင်ပြည်သူများ၏ ဘဝဖြစ်ပေါ်ပြောင်းလဲမှု၊ တိုးတက်မှုများကို တစ်စုံတစ်ရာ အထောက်အပံ့မဖြစ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
ထို့ပြင် ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်ပြီး ပြည်သူများ ဆက်အဖမ်းခံနေရမည်ဆိုပါက ရွေးကောက်ပွဲ အဆင်ပြေမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

စစ်ကောင်စီအနေဖြင့် လာမည့်ဩဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟုပြောဆိုထားသော် လည်း ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကိုမူ ပြောဆိုခြင်းမရှိသေးပေ။

လက်ရှိတွင် စစ်ကောင်စီက သာမာန်အခြေအနေမဟုတ်ဟုဆိုကာ အရေးပေါ်ကာလကို သက်တမ်း ထပ် တိုးထားပြီး အဆိုပါကာလကုန်မှ ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ထုတ်ပြန်လာနိုင်သကဲ့သို့ အရေးပေါ် ကာလကို ထပ်ပြီးလည်းသက်တမ်းတိုးနိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ရခိုင်ပြည်နယ်
#ရွေးကောက်ပွဲ
#စစ်ခေါင်းဆောင်
🤣8👍3😁3👎1
ဖေဖော်ဝါရီလ (၂၈) ရက်၊ မဇ္ဈိမရေဒီယို ညနေပိုင်းအစီအစဉ်
======================

FATF အဖွဲ့က သတ်မှတ်ထားတဲ့ အမည်ပျက်စာရင်းမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေဆဲဖြစ်တဲ့သတင်းနဲ့အတူ

နိုင်ငံကူးလက်မှတ်ကို တစ်ရက် လူ ၂၅၀၀ နှုန်းနဲ့ လူ ၄၀၀၀၀ အထိ ရက်ချိန်း ထုတ်ပေးနေတဲ့ သတင်းအပါအဝင်

နောက်ဆုံးရ ပြည်တွင်းသတင်းတွေနဲ့ နိုင်ငံတကာသတင်းတွေကို နားဆင်ကြရပါမယ်။

အဲဒီနောက်မှာတော့ နောက်ဆုံးရ စီးပွားရေးသတင်းတွေကို နားဆင်ကြရဖို့ရှိပါတယ်။

သတင်းတွေအပြီးမှာတော့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်နဲ့အတူ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ကြရမှာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ တိုင်းရင်းသားတွေရဲ့အသံကို စုစည်းတင်ဆက်ပေးနေတဲ့ BNI ရေဒီယိုအစီအစဉ်ကိုလည်း ထုတ်လွှင့်မှာဖြစ်ပါတယ်။

https://youtu.be/y-nS7wMQ9no

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤮1
ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး
👍2🔥1
ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး
========================

MTO
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်နေရသည့် မိသာစုများက စားနပ်ရိက္ခာ အတွက် တစ်နိုင်တပိုင် စိုက်ပျိုးမှုများဆောင်ရွက်နေကြောင်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည် သူများကို အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

“ဧကဝက်ရှိတဲ့သူက ဧကဝက်စိုက်တယ်၊ တစ်ဧကရှိတဲ့သူက တစ်ဧကစိုက်တယ်။ မျိုးစေ့တွေကတော့ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းက ရတာမျိုးရှိသလို ပိုက်ဆံနဲ့ ဝယ်စိုက်ကြတာတွေလည်းရှိတယ်” ဟု ၎င်း က ပြောသည်။

စိုက်ပျိုးရာတွင် စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ၊ ခရမ်းချဉ်နှင့် ဖရဲကို အဓိက ထားစိုက်ပျိုးကြပြီး စစ်ကောင်စီတပ်ဖွဲ့က ဒုက္ခပေးနေသော်လည်း ဝမ်းရေးအတွက် မဖြစ်နေစိုက်ပျိုးရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“အလုပ်မလုပ်ဘဲနေလို့ရပေမယ့် မစားလို့ကမရဘူးလေ။ အချိန်တန်ရင်ဗိုက်ဆာတယ် ဒါကြောင့် သေနတ် သံတွေကိုမကြောက်ဘဲ အာဟာရနဲ့ အစားအသောက်မပြတ်ဖို့ စိုက်ပျိုးရတာ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခ‌ဏဖြစ်ပွားနေသည့်အတွက် တပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ရှောင်ဦးရေမှာ ၂၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု ကျေးလက်မြေအဖွဲ့၏ စစ်ရှောင်များကို ကူညီကယ်ဆယ်ပေးသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#စိုက်ပျိုးရေး
#ကျေးလက်မြေ
👍8🔥1
​​ရုရှားနှင့်အတူ အမျိုးသားအကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် အသင့်ဖြစ်ကြောင်း တရုတ် ပြောကြား 
==================

ယူကရိန်းစစ်ပွဲတွင် တရုတ်က ရုရှားကို ပိုမိုခိုင်မာသော ကူညီပံ့ပိုးမှု ပေးနိုင်ခြေရှိမှုအပေါ် ကမ္ဘာ့နိုင်ငံများက အနီးကပ် စောင့်ကြည့်နေစဉ်မှာ နှစ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံခြင်းဖြင့် နက်ရှိုင်းသော ဆက်ဆံရေးကို ပြသလိုက်သည်။

ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့သံတမန်အခင်းအကျင်းကို အနှောင့်အယှက်ဆက်ဖြစ်နေစဉ်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒ အကြီးတန်းအရာရှိ ဝမ်ယိ၏ ရှရှားခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝမ်ယိသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟု ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ရုရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဘယ်နိုင်ငံကမှ လာထိလို့ မရပါဘူး” ဟု ဝမ်ယိက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးယုံကြည်မှုကို လေးနက်စေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နှစ်နိုင်ငံစလုံးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ရုရှားနှင့် လက်တွဲလုပ်ဆောင်ရေးဆန္ဒရှိကြောင်း ဝမ်က ပူတင်ကို ပြောကြားခဲ့သည်။
👎6👍2❤1🔥1