Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး
👍2🔥1
ဒီမော့ဆိုမြို့နယ်တွင် စစ်ရှောင်မိသားစုများ စားနပ်ရိက္ခာအတွက် တစ်နိုင်တပိုင်စိုက်ပျိုး
========================

MTO
မဇ္ဈိမ။ ။ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ရှောင်နေရသည့် မိသာစုများက စားနပ်ရိက္ခာ အတွက် တစ်နိုင်တပိုင် စိုက်ပျိုးမှုများဆောင်ရွက်နေကြောင်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ စစ်ရှောင်ပြည် သူများကို အကူအညီပေးနေသည့် ကျေးလက်မြေအဖွဲ့မှ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

“ဧကဝက်ရှိတဲ့သူက ဧကဝက်စိုက်တယ်၊ တစ်ဧကရှိတဲ့သူက တစ်ဧကစိုက်တယ်။ မျိုးစေ့တွေကတော့ နီးစပ်ရာဆွေမျိုးအသိုင်းအဝိုင်းက ရတာမျိုးရှိသလို ပိုက်ဆံနဲ့ ဝယ်စိုက်ကြတာတွေလည်းရှိတယ်” ဟု ၎င်း က ပြောသည်။

စိုက်ပျိုးရာတွင် စပါး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မြေပဲ၊ ခရမ်းချဉ်နှင့် ဖရဲကို အဓိက ထားစိုက်ပျိုးကြပြီး စစ်ကောင်စီတပ်ဖွဲ့က ဒုက္ခပေးနေသော်လည်း ဝမ်းရေးအတွက် မဖြစ်နေစိုက်ပျိုးရခြင်းဖြစ်ကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။

“အလုပ်မလုပ်ဘဲနေလို့ရပေမယ့် မစားလို့ကမရဘူးလေ။ အချိန်တန်ရင်ဗိုက်ဆာတယ် ဒါကြောင့် သေနတ် သံတွေကိုမကြောက်ဘဲ အာဟာရနဲ့ အစားအသောက်မပြတ်ဖို့ စိုက်ပျိုးရတာ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ကရင်နီပြည်နယ်၌ စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ မကြာခ‌ဏဖြစ်ပွားနေသည့်အတွက် တပြည်နယ်လုံးအတိုင်းအတာဖြင့် စစ်ရှောင်ဦးရေမှာ ၂၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်သည်ဟု ကျေးလက်မြေအဖွဲ့၏ စစ်ရှောင်များကို ကူညီကယ်ဆယ်ပေးသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်နီပြည်နယ်
#ဒီးမော့ဆိုမြို့နယ်
#စစ်ဘေးရှောင်
#စိုက်ပျိုးရေး
#ကျေးလက်မြေ
👍8🔥1
​​ရုရှားနှင့်အတူ အမျိုးသားအကျိုးစီးပွားနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန် အသင့်ဖြစ်ကြောင်း တရုတ် ပြောကြား 
==================

ယူကရိန်းစစ်ပွဲတွင် တရုတ်က ရုရှားကို ပိုမိုခိုင်မာသော ကူညီပံ့ပိုးမှု ပေးနိုင်ခြေရှိမှုအပေါ် ကမ္ဘာ့နိုင်ငံများက အနီးကပ် စောင့်ကြည့်နေစဉ်မှာ နှစ်နိုင်ငံသည် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ဆုံခြင်းဖြင့် နက်ရှိုင်းသော ဆက်ဆံရေးကို ပြသလိုက်သည်။

ယူကရိန်းပဋိပက္ခသည် ကမ္ဘာ့သံတမန်အခင်းအကျင်းကို အနှောင့်အယှက်ဆက်ဖြစ်နေစဉ်မှာ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံခြားရေးမူဝါဒ အကြီးတန်းအရာရှိ ဝမ်ယိ၏ ရှရှားခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ ဝမ်ယိသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေမည်ဟု ကတိပြုခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“ရုရှားနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးကို ဘယ်နိုင်ငံကမှ လာထိလို့ မရပါဘူး” ဟု ဝမ်ယိက ပြောခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးယုံကြည်မှုကို လေးနက်စေရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် နှစ်နိုင်ငံစလုံးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန် ရုရှားနှင့် လက်တွဲလုပ်ဆောင်ရေးဆန္ဒရှိကြောင်း ဝမ်က ပူတင်ကို ပြောကြားခဲ့သည်။
👎6👍2❤1🔥1
မြန်မာအမျိုးသမီးများသမဂ္ဂမှဦးဆောင်၍ ကရင်နီစစ်ဘေးရှောင်စခန်းများတွင် စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းများ ပြုလုပ်ပေးနေ
====================

YT
မဇ္ဈိမ။ ။ကရင်နီပြည်နယ်အတွင်း စစ်ဘေးရှောင်စခန်းများရှိ ဒေသခံစစ်ဘေးရှောင်ပြည်သူများ၏ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် မြန်မာအမျိုးသမီးများသမဂ္ဂ(BWU) မှ ဦးဆောင်၍ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်းများ၊ လိင်နှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများမျှဝေခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နေအိမ်တွင်မနေရဘဲ တိမ်းရှောင်နေရသော စစ်ဘေးရှောင်များစွာရှိပြီး ၎င်းတို့၏စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရမှုများအား လျှော့ ချရန် BWU မှ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးသင်တန်း(MHPST) နှင့် လိင်နှင့်ပတ်သက်သော အသိပညာ များ၊ သားဆက်ခြားနည်းလမ်းများ၊ အပျိုဖော်ဝင်ခြင်းနှင့်သက်ဆိုင်သော ဗဟုသုတများအား လိင်ပိုင်းဆိုင် ရာမျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့်အရေးသင်တန်း (SRHRT)အဖြစ် ပို့ချခဲ့ကြောင်း သိရသည်။
👍7🔥1
“အဓိကတော့ ဒီလိုပဲကာလရှည်ကြာ စစ်ရှောင်နေရဦးမယ်ဆိုရင် ကြာလာရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်မွန်းကြပ်လာကြတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးမိခင်တွေဆိုရင် လိုအပ်တဲ့အာဟာရ မရတော့ သူတို့ရဲ့ကျန်းမာရေးတွေ နေရေးထိုင်ရေးတွေအခက်အခဲတွေရှိတော့ အဲ့ဒါတွေကို တွေးပူနေကြ တာ” ဟု ကရင်နီပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏ စိတ်ပူပန်မှုများအား သင်တန်းပို့ချပေးသော သင်တန်းပို့ချပေးနေသော BWU မှ ဆရာမတစ်ဦးက မဇ္ဈိမကိုပြောသည်။

စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်းတွင် စိတ်ဓါတ်မြှင့်တင်ရေးသင်ခန်းစာများ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း များအပြင် စိတ်ဓာတ်ကျစေသော ခံစားချက်များအား ကျော်လွန်နိုင်သော နည်းလမ်းများကို ဆွေးနွေးခဲ့ကြ ပြီး သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် စိတ်ပါဝင်စားစွာ ဝင်ရောက်ဆွေးနွေးမှုကြောင့် မိမိတို့၏ စိတ်ခံစားမှုများအား လျှော့ချတတ်လာကြကာ အချို့သင်တန်းသားများသည် ဆွေးနွေးမှုကြောင့် စိတ်ပေါ့ ပါးသွားကြောင်း ပြန်လည်ကြားသိရသည်ဟုလည်း ဆိုသည်။

ထို့ပြင် အဆိုပါဒေသရှိ အမျိုးသမီးငယ်များအနေဖြင့် လိင်နှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတ အား နည်းကြပြီး လွဲမှားသော အယူအဆများရှိနေကြကြောင်းသိရသည်။

“ဆယ်ကျော်သက် အမျိုးသမီးငယ်တွေအနေနဲ့ လစဉ်သုံးပစ္စည်းကို တစ်နေ့လုံးနေမှ တစ်ခုပဲသုံးရမယ်လို့ သိကြတယ်။ ပြီးတော့ မှားယွင်းတဲ့အယူအဆတွေ ရှိနေကြတယ်”ဟု ကရင်နီဒေသမှ စစ်ရှောင်အမျိုးသမီး ငယ်များ၏ အခြေအနေအား မဇ္ဈိမကိုပြောသည်။

“ကျွန်မတို့သင်တန်းပေးတဲ့အချိန်မှာ အုပ်စုဖွဲ့ဆွေးနွေးကြတာတွေ ရှိတယ်။ အဲဒီထဲမှာ ယောကျ်ားလေး တွေလည်းပါတယ်။ အဲ့ဒီလိုအခါမျိုးဆို အမျိုးသမီးတွေက ရှက်ကြတယ်။ မဆွေးနွေးရဲကြဘူး။ ဒါပေမယ့် နောက်ပိုင်းကျ ဒါဟာသဘာဝဖြစ်စဉ်တစ်ခုပဲဆိုတာကို သူတို့လက်ခံလာတယ်။ ရာသီစက်ဝန်းတွက်နည်း တွေ၊ ပြီးတော့ မျိုးဆက်ပွားအကြောင်းဆွေးနွေးတဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်ဘယ် လိုထိန်းသိမ်းရမယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုပါ ပြောပြပေးခဲ့ပါတယ်” ဟု ဆရာမ က ပြောသည်။

ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင်နေရသည်မှာ မေလတွင်နှစ်နှစ်ပြည့်မည်ဖြစ်ပြီး စစ်ဘေးရှောင် အများစုမှာ ယခင်က မြို့နှင့်အနီးပတ်ဝန်းကျင်တွင်နေထိုင်ခဲ့ကြသူများဖြစ်၍ လူတင်မက စိတ်ပါ ခက်ခဲ ပင်ပန်းရကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ဒါရိုက်တာ ကိုဗညားကဆိုသည်။

“အဆိုးဆုံးက စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပေါ့။ အထူးသဖြင့် မိခင်တွေက ပိုပြီး စိတ်ပိုင်းဆိုင်ရာထိခိုက် ရတယ်။ တချို့မိသားစုတွေမှာဆို အမျိုးသားတွေက အသောက်အစားရှိတဲ့အခါမျိုးမှာ အိမ်တွင်းအကြမ်း ဖက်မှုပုံစံတွေပါ ခံစားလာရတော့ သူတို့အတွက် အရမ်းစိတ်ဖိစီးစေတယ်”ဟု ပြောကြားသည်။

“နေ့တိုင်း လက်နက်ကြီးသံတွေကြားနေရတော့ မိန်းကလေးတွေက ပိုဆိုးတာပေါ့ဗျာ။ တချို့ဆို နှလုံး ရောဂါပါရကုန်ကြတယ်။ နေ့တိုင်း ဒီအသံတွေကြားနေရတာ ညဘက်တွေဆို မအိပ်ဘဲထိုင်ငိုနေကြတဲ့သူ တွေလည်းတွေ့ဖူးတယ်။ အဲ့လိုအခါမျိုးဆို ကျွန်တော်တို့ သီချင်းဆိုတယ်၊ ကပြတယ်၊ ရယ်စရာတွေပြော တယ် အဲဒီလိုမျိုးတွေကြောင့် သူတို့ ခဏတော့စိတ်ပြေကြတယ်”ဟု စစ်ရှောင်အမျိုးသားတစ်ဦးကလည်း ပြောသည်။

မြန်မာအမျိုးသမီးများသမဂ္ဂ(BWU)မှ ယခုကဲ့သို့ သင်တန်းများပို့ချပေးခြင်းသည် စစ်ဘေးရှောင်များ အတွက် လွန်စွာထိရောက်မှုရှိကြောင်းနှင့် စစ်ဘေးရှောင်များရှိရာနေရာအနှံ့တွင် ပြုလုပ်ပေးရန် လိုအပ် ကြောင်း ကရင်နီပြည်နယ်တွင်း စစ်ရှောင်များအား အကူအညီပေးနေသူတစ်ဦးက ပြောသည်။

“ကျွန်မတို့အနေနဲ့ လက်လှမ်းမှီသလောက် ဒီကရင်နီပြည်နယ်ထဲက စစ်ရှောင်စခန်းတွေမှာ ဒီလိုသင်တန်း တွေ ပြုလုပ်ပေးသွားဖို့ရှိပါတယ်။ အခုလည်း လုပ်နေဆဲပါ။ ပြီးတော့ ထိုင်း၊ မြန်မာနယ်စပ်မှာလည်းသင် တန်းပေးနေတာရှိပါတယ်” ဟု BWU မှ ဆရာမ Karenni Queen ကဆိုသည်။

အာဏာသိမ်းခြင်း နှစ်နှစ်တာကာလအတွင်း ကရင်နီပြည်နယ်တစ်ခုလုံးအနေဖြင့် စစ်ဘေးရှောင်ဦးရေ ၂၀၀,၀၀ ကျော်ရှိနေပြီး စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းများအား လက်နက်ကြီးများဖြင့် ပစ်ခတ် ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကြောင့် ဒေသခံစစ်ဘေးရှောင်များအနေဖြင့် စိုးရိမ်ကြောက်ရွံ့မှု များစွာ ရှိနေသည်ဟု သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မြန်မာအမျိုးသမီးများသမဂ္ဂ
# ကရင်နီစစ်ဘေးရှောင်စခန်း
#စိတ်ဓာတ်မြှင့်တင်ရေးသင်တန်း
👍8🔥1
မုံရွာမြို့တွင် လဝကရုံး လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၍ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး
===================

ပါခွီး

မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ လဝကရုံးတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက်နက်ကြီးများ ဖြင့်ပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးသွားကြောင်း Golden Eagle Force – Monywa -V2 က ထုတ်ပြန်ထား သည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီ ကျော်တွင် လဝကရုံးအား ၄၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“အဲဒီ စစ်ကောင်စီတပ်ထဲမှာ ညနေဆိုရင် Tik Tok ဆော့တဲ့နှစ်ကောင်ရှိတယ်။ အခုသေတာ အဲဒီ နှစ် ယောက်ရယ်၊ တခြားတယောက်ရယ်ဆိုတာကို ကျနော်တို့ရဲ့ဖရဲသီး (စစ်ကောင်စီသတင်းပေး) ဆီကနေ ပြန်သိရတယ်” ဟု Golden Eagle Force – Monywa -V2 အဖွဲ့ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောသည်။

၄၀ မမ ၁၀လုံး ပစ်ခတ်ခဲ့ရာတွင် သုံးဦးသေဆုံးသွားသည့်အပြင် ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဆို သည်။

ယင်းတိုက်ခိုက်မှုကို Golden Eagle Force – Monywa -V2 တပ်ဖွဲ့နှင့်အတူ ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့ ၊ People Defence Force (East Monywa) ၊ Peacock King People Defence Force – Monywa တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လဝကရုံးရှိ စစ်ကောင်စီတပ်ဖွဲ့များသည် လမ်းသွားလာလာပြည်သူများကို အကြောင်းမဲ့ အကြမ်း ဖက်စစ်ဆေးခြင်း၊ အမျိုးသမီးများ ကာယိန္ဒြေပျက်ပြားစေရန် ရိသဲ့သဲ့လုပ်ခြင်း၊ အကြမ်းဖက်၍ အဓမ္မပြု ကျင့်ခြင်းများရှိကြောင်း ဗိုလ်လင်းယုန်ကဆိုသည်။

အမျိုးသမီးခြောက်ဦး အဓမ္မပြုကျင့်ခံရပြီး တစ်ဦးမှာမိမိကိုယ်ကို အဆုံးစီရင်သွားကြောင်းပြောဆိုသော် လည်း မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဒေသတွင်း သတင်းရေးသားဖြန့်ချိနေသည့် မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက အဆိုပါ လဝက ရုံးရှေ့မှသွားလာမှုဆင်ခြင်ကြရန် သတိပေးစာကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

လဝကရုံးတွင် တပ်စွဲထားသောစစ်ကောင်စီတပ်သားများက ရုံးအတွင်းသို့ ခေါ်ဆောင်ကာ လိင်အကြမ်း ဖက်မှု၊ အဓမ္မပြုကျင့်မှုများရှိသောကြောင့် မလိုအပ်ဘဲ လမ်းသွားလာမှုများ ဆင်ခြင်ကြရန် ဖော်ပြသတိ ပေးထားသည်။

https://youtu.be/Dv8Gqb5clag

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းတိုင်း
#မုံရွာမြို့
#လဝကရုံး

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍10🔥1
ရွာသစ်ကြီးတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို၀င်စီးပြီး ဘုန်းတော်ကြီးနှင့် လူလေးဦးကိုဖမ်း ဆီး
🤬4❤1👍1
ရွာသစ်ကြီးတွင် စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို၀င်စီးပြီး ဘုန်းတော်ကြီးနှင့် လူလေးဦးကိုဖမ်း ဆီး
===================

007
မဇ္စျိမ။ ။စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာရှိ၊ သက်တော်ရကျောင်းတိုက်အား စစ်ကောင်စီတပ်က ၀င် ရောက်စီးနင်းပြီး ဘုန်းတော်ကြီးတစ်ပါးနှင့် ဝေယျာ၀စ္စသမားလေးဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။

“သက်တော်ရဦးဇင်းနဲ့ အဲဒီရွာက ကိုကုလားဆိုသူအပါအ၀င် လေးယောက်ကို ဖမ်းသွားတာပါ။ ကိုကုလား တို့က ကျောင်းမှာဝေယျာ၀စ္စ လုပ်ပေးနေကြသူတွေလို့ ပြောတယ်။ အားလုံးပေါင်း လေးယောက်နဲ့ ဆရာတော်တစ်ပါးပေါ့။ ဆရာတော်ဘွဲ့နာမည်တော့ မေ့နေတယ်။ သက်တော်ရဦးဇင်းလို့ပဲ ဒီဘက်မှာက ခေါ်ကြတာ” ဟု စစ်ကိုင်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကိုင်း-မုံရွာကားလမ်းဘေး ရွာသစ်ကြီးကျေးရွာရှိ သက်တော်ရဘုန်းကြီးကျောင်းတိုက်ကို ဖေဖော်ဝါရီ လ ၂၆ ရက်နေ့ နံနက် ၆ နာရီခန့်တွင် စစ်ကိုင်းမြို့ တပ်မ(၃၃)မှထွက်လာသော စစ်ကောင်စီတပ်ဖွဲ့က ၀င်ရောက်စီးနင်းကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။
“မနက်လင်းအားကြီးလောက်မှာ စကစတွေ ရွာထဲ၀င်လာပြီး ခဏစခန်းချတယ်လို့ ပြောတယ်။ နောက် တော့ ကျောင်းဘက်ကိုထွက်သွားပြီး ၀င်စီးတာတဲ့။ စစ်ရှောင်တွေကိုစောင့်ရှောက်ထားတဲ့ကိစ္စအတွက် စစ်ဆေးဖို့ခေါ်သွားတာလို့ လတ်တလောသိထားတယ်” ဟု စစ်ကိုင်းရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ကပြော သည်။

သက်တော်ရကျောင်းတိုက်ကို ပြည်တော်သာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်စိုး၏လမ်းပြမှုဖြင့် စစ်ကောင်စီတပ်ကစီးနင်းခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဘေးရှောင်များအား လက်ခံထားကြောင်း သတင်းပေး တိုင်ကြားသဖြင့် ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း ဒေသခံများကပြောဆိုကြသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းမြို့နယ်
#ရွာသစ်ကြီးကျေးရွာ
#သက်တော်ရဘုန်းကြီးကျောင်း
🤬5❤1👍1
ကလေး ပန်းချီကားမှ ပြောစကားများ(ရုပ်သံ)
===================

မဇ္ဈိမ
အာရှတရားမျှတမှုနှင့် လူ့အခွင့်အရေးအဖွဲ့ (Asia Justice & Rights-AJAR)နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး မတ်လ ၂၄ ရက်နေ့မှာ ကျရောက်မယ့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ထိခိုက်နစ်နာသူများအတွက် ဂုဏ်သိက္ခာနှင့်အညီ အမှန်တရားရရှိရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အနေနဲ့ “တော်လှန်ခုခံတရားမှန် ကလေးပန်းချီပြိုင်ပွဲ”ကို ပြုလုပ်ကြပါတယ်။

ကလေးပန်းချီ ပြိုင်ပွဲမှာ ကရင်နီစစ်ရှောင်စခန်းက ကလေးငယ်များ၊ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကလေးငယ်များ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းက ကလေးငယ်များအပါအဝင် အွန်လိုင်းမှ ကလေးငယ် ၁၈၀ ကျော်မှ ရေးဆွဲထားတဲ့ ပန်းချီကားနဲ့အတူ ရင်တွင်းစကားသံလေးတွေကို ပေးပို့ထားတယ်လို့ သိရပါတယ်။

ကရင်နီစစ်ရှောင်စခန်းက ကလေးငယ်တွေရဲ့ ကလေးပန်းချီပြိုင်ပွဲအကြောင်း မေးမြန်းတင်ဆက်ထားပါတယ်။

https://youtu.be/Z_GJOA3m-FU

#ကလေးပန်းချီပြိုင်ပွဲ
#လူ့အခွင့်အရေး
#ကရင်နီပြည်နယ်

သတင်း-ဂျူချန်း
တင်ဆက်/တည်းဖြတ်- ဂျူချန်း
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍5🤮1
တစ်ကျော့ပြန်အာဏာသိမ်းမှု နောက်ဆက်တွဲထိပါးလာသော ချင်းတောင်တန်းပေါ်က ဘာသာရေးလွတ်လပ်ခွင့်များ
================================

မဇ္ဈိမ
‘’ဘုရားကျောင်းမှာ ဘုရားရှိခိုးဖို့အတွက် ဝတ်ပြုကိုးကွယ်ခြင်းအစီအစဉ်ကို တစ်လစာကြိုပေးရတယ်။ ပြီးတော့ အိမ်မှာဆုတောင်းဝတ်ပြုကိုးကွယ်ခြင်းလုပ်မယ်ဆိုရင် တစ်ပတ်စာကြိုတင်ပြီးတော့ ထွေအုပ်ရုံးမှာစာတင်ရတယ်’’ ဟုချင်းတောင်တန်းပေါ်က ဆွေမျိုးတစ်ဦး ပြောသံကြားရတော့ ကျနော့်မှာ တော်တော်လေး ဆွံ့အသွားခဲ့ရသည်။

ဒီအစီအစဉ်က ၂၀၂၃ခုနှစ်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီး နှစ်နှစ်ပြည့်၊ သက်တမ်းခြောက်လထပ်တိုးပြီး ချင်းပြည်နယ် ခုနစ်မြို့နယ်မှာ စစ်အုပ်ချုပ်ရေး (မာရှယ်လော)အမိန့်ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင်ပေါ်ထွက်လာတဲ့ညွှန်ကြားချက် အသစ်လည်းဖြစ်သည်။
🤬5👍1🔥1
တကယ်တော့ ဘာသာရေးလွတ်လပ်ခွင့်ကိုထိပါးတာ ချင်းပြည်နယ်မှာအထူးအဆန်းတော့မဟုတ်။ ဟိုးယခင် စစ်အုပ်ချုပ်ရေးကာလ (နဝတ) လက်ထက်ထဲက ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခဲ့ဖူးသည်။ အဲဒီအချိန်တုန်းက ခရစ်ယာန်ဘာသာကိုးကွယ်သူများ အထွဋ်အမြတ်ထားရာလက်ဝါးကပ်တိုင်များ ဖြိုဖျက်မှုများပြုခဲ့ကြသည်။

‘’မှတ်မှတ်ရရ ကျွန်တော်တို့မတူပီမှာ ၁၅ပေအမြင့်ရှိတဲ့ ကွန်ကရစ်ကျောက်တိုင် လက်ဝါးကပ်တိုင်နှစ်ခုကို တောင်ထိပ်မှာဆောက်ထားတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မတူလူမျိုးတွေက အခုလိုမလေးရှား၊ စင်္ကာပူနိုင်ငံမှာ သွားလုပ်ကြတဲ့သူတွေမရှိဘူး၊ ထိုင်းနဲ့ဖားကန့်မှာ သွားလုပ်ကြတဲ့သူတွေပဲရှိတယ်။ သူတို့ချွေးနှဲစာနဲ့ပို့တဲ့ ငွေတွေနဲ့မတူပီဂိုဏ်းပေါင်းစုံက တည်ဆောက်ကြတာပေါ့နော်။ အဲဒီမှာစစ်တပ်က ဖြိုဖျက်ခဲ့ကြတယ်လေ။ အဲဒီချိန် မတူပီမှာ နာမည်ကြီးဗျူဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်ဆိုတာလေ။ သူလည်း နောက်ဆုံးမှာ မစားနိုင်မသောက်နိုင်ကင်ဆာရောဂါနဲ့ဆုံးသွားပါပြီ’’ဟုလည်း လက်ဝါးကပ်တိုင် တည်ဆောက်ရာတွင်ပါဝင်သူတစ်ဦးက ပြောသည်။

အဆိုပါလက်ဝါးကပ်တိုင်ကို ၂၀၀၁ခုနှစ်မှစတင်ပြီး မတူပီခရစ်ယာန်အသင်းတော်များကောင်စီမှ (ထိုစဉ်အခါက)ငွေကျပ် ၃ဒသမ ၅သန်းကုန်ကျခံပြီးတည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၀၂ခုနှစ်တွင် ပြီးစီးခဲ့သည့်လက်ဝါးကပ်တိုင်ကို အကြောင်းပြချက်မရှိဘဲ စစ်တပ်မှ ၂၀၀၅ ခုနှစ် ဇန်နဝါရီ ၃ရက်နေ့တွင် ဖြိုချခဲ့သည်။

ယခုအခါတွင်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် ချင်းပြည်နယ်တစ်ခုလုံးတွင် ဘုရားကျောင်း ၂၅ကျောင်းနှင့် ဘာသာရေးအဆောက်အအုံပေါင်း ၇၀ ကျော် ပျက်စီးခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က ထုတ်ပြန်သည်။

အဆိုပါ ဖြစ်စဉ်များထဲတွင် ထန်တလန်မြို့၏ဂုဏ်ဆောင် ရှေးဟောင်းနှစ်ခြင်းဘုရားကျောင်း မီးလောင်ပျက်စီးခြင်းနှင့်အတူ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ထန်တလန်မြို့ရှိ ရာပြည့်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သင်းအုပ်ဆရာတော် သေဆုံးခဲ့ရသည့်ဖြစ်စဉ်လည်း ပါဝင်သည်။

‘’မီးလောင်နေသည့်နေအိမ်များကို မီးငြိမ်းသတ်ရန် ဆိုင်ကယ်ဖြင့်ထွက်လာသည့်အသင်းတော်မှ လူငယ်ပါစ္စတာတစ်ဦးကို စစ်တပ်မှသေနတ်ဖြင့်ပစ်ခတ်ပြီး သေဆုံးသွားသည့်အခါတွင်လည်း လက်သူကြွယ်ဖြတ်ပြီးဝတ်ဆင်ထားသည့် မင်္ဂလာလက်စွပ်ကို ဖြုတ်ယူသွားသည့်ဖြစ်စဉ်သည် ခရစ်ယာန်ဘာသာဝင်များအတွက် မေ့မရတဲ့ရက်စွဲတွေပဲ ။’’ဟု ထန်တလန်ဒေသခံတစ်ဦးက ပြောသည်။

ဒါ့အပြင် ဖလမ်းမြို့နယ်အတွင်းရှိ ရာလ်သိးကျေးရွာရှိ ဘုရားကျောင်းတစ်ကျောင်းမီးလောင် ပြာကြခဲ့ပြီး၊ တလန်ရောရ်ရွာရှိဘုရားကျောင်းနှင့် ရမ်ထလိုရွာ ဘုရားကျောင်းလည်း ဖျက်ဆီးခံခဲ့ရသည်။

‘’တားရ်ရွာဘုရားကျောင်းထဲမှာ သမ္မာကျမ်းစာ စာအုပ်တွေကို မီးရှို့ပြီးထမင်းဟင်းချက်ကြတယ်၊ ဘုရားကျောင်းပလ္လင်အထက်မှာလည်းအရက်သေစာသောက်စားပြီး အမှိုက်တွေကိုစွန့်ပစ်ထားခဲ့ကြတယ်။ ပြီးတော့ ဘုရားကျောင်းအပြင်ဖက်မှာဆိုရင်လည်း ဓမ္မသီချင်းစာအုပ်တွေကိုမီးပုံရှို့ထားခဲ့တာဗျ။ ပြီးတော့ ဘုရားကျောင်းက အလှူခံသေတ္တာတွေကိုလည်း ရိုက်ဖွင့်ထားခဲ့ကြတယ်’’ဟုလည်း ဖလမ်းဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ဝါဒဖြန့်မီဒီယာများတွင်PDF,CDF များက ဗုဒ္ဓဘာသာများကိုသတ်ဖြတ်ခြင်း၊ ဘုန်းကြီးကျောင်းများကိုမီးရှို့ခြင်းများ လုပ်ဆောင်နေသည်ဟု ရေးသားဖြန့်ဝေကြသည်ကိုလည်း တွေ့ရှိရသည်။

‘’ကျွန်တော်တို့ချင်းဆိုတာနဲ့ ဒီကောင်တွေခရစ်ယာန်တွေပဲဆိုပြီး တံဆိပ်ကပ်လိုက်တယ်။ ကယ်တော့ ကျွန်တော်တို့မင်းတပ်၊ ကန်ပက်လက်ဘက်မှာဆိုရင် ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်က အချိုးတူတူပဲဗျာ။ ခေါ်နူးစုမ် တောင်ထိပ်ကို သွားကြည့်လိုက်ပါ။ ထိုင်တော်မှုဘုရားအကြီးကြီး တစ်ဆူရှိတယ်၊ ဇရပ်တစ်ဆောင်ရှိတယ်။ အဲဒီကအမှိုက်တွေဆိုရင်လည်း ဒီကခရစ်ယာန်တွေပဲကောက်ပေးကြတာပဲ။

တကယ်က သူတို့ပဲဖျက်ဆီးတာလေ၊ ဟိုတလောကမင်းတပ်မှာ လေယာဉ်နဲ့လာပစ်လို့ ဘုန်းကြီးကျောင်းတွေ ပျက်စီးသွားတယ်။ မနှစ်တုန်းကလည်း မင်းတပ်မြို့ပေါ် (၂၇၄) တပ်ရင်းကနေလက်နက်ကြီးနဲ့ပစ်လို့ ဘုန်းကြီးကျောင်း၊ ဇရပ်တွေပျက်စီးခဲ့တာပဲလေ’’ဟု မင်းတပ်ဒေသခံတစ်ဦးက ပြောသည်။

လက်တလောထုတ်ပြန်လိုက်သည့် မာရှယ်လောတွင် လူငါးယောက်ထက်မပိုရ၊ မနက် ၆နာရီမှ ည၆နာရီအတွင်း အပြင်မထွက်ရ စသည့် သတ်မှတ်ချက်များပါရှိသည့်အတွက်လည်း ဘုရားကျောင်းအသင်းတော်များတွင် ညဘက်ဆုတောင်းဝတ်ပြုခြင်းနှင့် တနင်္ဂ‌နွေဝတ်ပြုခြင်းများအတွက်အခက်အခဲများ ကြုံတွေ့နေရသည်။

ဒီတော့ မြို့ပေါ်ဘုရားကျောင်းတွေကတော့ တိတ်ဆိတ်နေပြီး CDF ထိန်းချုပ်နယ်မြေတွေမှာရှိတဲ့ ဘုရားကျောင်းတွေကတော့ ဓမ္မတေးသံတွေပြန့်နှံ့နေမြဲဖြစ်သည်။

#mizzima
#ဘုရားကျောင်း
#ဝတ်ပြုကိုးကွယ်ခြင်း
#ချင်းတောင်တန်း

ပုံ - ဖျက်ဆီးခံခဲ့ရသည့် မင်းတပ်မြို့နယ်နှင့်ဖလမ်းမြို့နယ်အတွင်းကျေးရွာများရှိဘုရားကျောင်းများ
🤬6👍4🔥1😢1
​​ကမ္ဘောဒီးယားမှတပ်သားပုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ပုံဖျက်တိုက်ခိုက်
===================

JC
မဇ္ဈိမ ။ ။ပြည်သူ့ကာကွယ်ရေးတပ်(PDF) လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်နေသော သေနတ်ပစ် လေ့ကျင့်သည့်ဘုတ်ကို ကိုင်ကာရိုက်ထားသည့်ပုံတစ်ခု ပျံ့နှံ့နေသည်။ ယင်းမှာ မှားယွင်းနေသည်။

မှိုင်းဝေနှင့် ကိုသက် တယ်လီဂရမ်ချန်နယ်များမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် “PDFတွေ လေ့ကျင့်သား တော်တော်ပြည့်ဝနေပြီ။ အထူးသတိထားကြပါ။ ကျုပ်ကတော့ တော်တော်ကြောက်နေပြီ” ဟု ရေးသား ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်သည့်ဘုတ်တစ်ခုကိုကိုင်ပြီး ရိုက်ထားသည့်ပုံတစ်ပုံကို ဖြန့်ဝေထားသည်။ ယင်းကို ကြည့်ရှုသူ ၂၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဖေ့စ်ဘုတ် တွင်လည်း ပျံ့နှံ့လျက်ရှိနေသည်။

မဇ္ဈိမမှ အဆိုပါပုံအားအချက်အလက်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံမှပြည်သူ့ကာကွယ်ရေးတပ်သား(PDF)ပုံ မဟုတ်ဘဲ ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်သားတစ်ဦး၏ဓာတ်ပုံအား ရင်ဘတ်နှင့်လက်မောင်းအမှတ်တံဆိပ် များကို ပြုပြင်ထားသည့် ပုံဖြစ်ကြောင်း တွေ့ရသည်။

“Poclice Cute” အမည်ရှိ ကမ္ဘောဒီးယားနိုင်ငံမှ ရဲနှင့်စစ်သားများအကြောင်း တင်လေ့ရှိသည့် ပေ့ချ်တစ်ခု တွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့၌ “ဓါးစာခံက မင်းရဲ့ ရည်းစားဟောင်းဖြစ်နေတဲ့အခါ” ဆိုသည့် ခေါင်းစဉ် ဖြင့် ကမ္ဘောဒီယားရဲတပ်သားတစ်ဦးမှ သေနတ်ပစ်လေ့ကျင့်သည့်ဘုတ်ပြားအား ကိုင်ထားသည့်ပုံကို စနောက်ကာဟာသအဖြစ်တင်ထားသည်။ လင့် https://bit.ly/3EIX1pN
အဆိုပါ ရဲတပ်သား၏ ရင်ဘတ်နှင့် လက်မောင်းတွင် ကမ္ဘောဒီးယား ရဲတပ်ဖွဲ့အမှတ်တံဆိပ်လည်း အထင် အရှားပါဝင်ပြီး အဆိုပါရဲတပ်သားအပါအဝင် အနောက်မှ တပ်သားမှများ၏ ဝတ်စုံသည်လည်း မြန်မာနိုင်ငံ ကာကွယ်ရေးတပ်မှ ဝတ်စုံမဟုတ်ဘဲ ကမ္ဘောဒီယားနိုင်ငံမှ ရဲဝတ်စုံဖြစ်သည်။

အဆိုပါ ကမ္ဘောဒီးယားရဲတပ်သား၏ပုံမှာ ဖေ့စ်ဘုတ်တွင်သာမက အခြားလူမှုကွန်ယက်စာမျက်နှာများ ဖြစ်သည့် တွစ်တာတွင်လည်း ဟာသအနေဖြင့် ပျံ့နှံ့ခဲ့ပြီးသားဖြစ်သည်။ လင့် https://bit.ly/3ZrVYTb

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)လက်မောင်းတံဆိပ်ဖြင့် ပစ်မှတ်လွဲချော်သည့်ဘုတ်ကိုကိုင် ကာရိုက်ထားသည့်တပ်သားပုံသည် ကမ္ဘောဒီးယားနိုင်ငံရဲတပ်သားတစ်ဦးမှ စနောက်ကာတင်ထားသည့်ပုံ အား ရင်ဘတ်နှင့် လက်မောင်းအမှတ်တံဆိပ်များအား ပြုပြင်ကာ ဖြန့်ဝေထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#ပြည်သူ့ကာကွယ်ရေးတပ်(PDF)
👍13😁4
ဖေဖော်ဝါရီ ၂၈ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္ဈိမပင်မသတင်းအစီအစဉ်
=================

- AA နှင့် မပတ်သက်ဖို့ စစ်ကောင်စီတပ်ဖွဲ့က လိုက်လံပြောဆိုနေပြီး ဆိုးရွားစွာဆက်လုပ်လာပါက အချိန်မရွေးတိုက်ပွဲပြန်ဖြစ်နိုင်တယ်လို့ AA အသိပေးတဲ့သတင်း

-ပြည်ထောင်စုအဆင့်ဝင်ပြိုင်နိုင်ဖို့ ပြည်သူ့ပါတီနဲ့ NUDP တို့ပူးပေါင်းရတာလို့ဆိုတဲ့သတင်း

-စားသောက်ကုန်လုပ်ငန်းကြီး Nestle ကုမ္ပဏီ မြန်မာပြည်မှ လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့သတင်း

-ကျားဖြူပါတီ ရွေးကောက်ပွဲဝင်ရန် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်တဲ့သတင်း

-ကမ္ဘောဒီးယားမှတပ်သားပုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များကို ပုံဖျက်တိုက်ခိုက်တဲ့သတင်း

- စစ်ကောင်စီလက်ထက် မြန်မာနဲ့ တရုတ်အကြား တရားမဝင်ကုန်သွယ်မှု ကြီးထွားလာနေကြောင်း ISP-Myanmar ထုတ်ပြန်တဲ့သတင်း အပါအဝင် တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://www.youtube.com/live/Icr-mEyydbk?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍13👏1🤮1