Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
Media is too big
VIEW IN TELEGRAM
ရွှေလီနယ်စပ်ဂိတ်မှတစ်ဆင့် ခရီးသည်ဝင်/ထွက်မှု ဆက်တိုက်မြင့်တက်နေကာ နေ့စဉ်သုံးထောင်ကျော် ခန့် ဝင်ထွက်လျှက်ရှိ

Watch more detail - https://youtu.be/gt2OJjE26IY

#BusinessRoundUp #VideoNews #shorts #reels
👍1👏1😱1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂၈ ဖေဖော်ဝါရီ ၂၀၂၃ )
====================

· မင်းအောင်လှိုင်မှ အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်ရန်တွက် ပုဂ္ဂလိကပညာရေးကို စနစ်ကို ဖျက်ဆီးရန် စတင်လုပ်ဆောင်နေသည်ကို ကြည့်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်၍ လူပြီသသည့် လူမှုအသိုင်းအဝိုင်း ထွက်ပေါ်လာမည်ကို စိုးရိမ်နေဖွယ်ရှိနေသည်။

#SpringRevolution 
#LatestNews 
#Mizzima
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍16🔥2😁1
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်ထုတ်လွှင့်မှုများ
==================

https://youtu.be/X8u5OE3EHnc

#PVTV
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5❤1😁1🤮1
ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရှေ့ဆက်ဖို့ခက်လာတော့မယ့် စစ်ကောင်စီ (ဆောင်းပါး)
=====================

အာဏာသိမ်း စစ်ကောင်စီအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ တဖြည်းဖြည်းတိုးမြင့်လာ နေပါတယ်။ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်ချိန်မှာ အမေရိကန်၊ ဗြိတိန်၊ ကနေဒါ နဲ့ ဩစတြေးလျတို့က စစ်ကောင်စီ အပေါ် အရေးယူပိတ်ဆို့မှုတွေထပ်မံချမှတ်ခဲ့သလို ဥရောပသမဂ္ဂ(အီးယူ)ကလည်း နောက်ထပ် အရေးယူပိတ်ဆို့မှု တွေထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာ ဥရောပသမဂ္ဂ(အီးယူ)က မြန်မာစစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနဲ့ ရေတပ်စစ်ဦးစီးချုပ်အပြင် စစ်ဘက်အရာရှိကြီးတွေနဲ့ လက်နက်ပွဲစားတွေအပါ အဝင် လူပုဂ္ဂိုလ် ၉ ယောက်၊ အဖွဲ့အစည်း ၇ ခုကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ခေါက် အရေးယူ ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စစ်တပ်အရာရှိတွေကတော့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဒုတိယ ပြည်ထဲရေးဝန်ကြီးနဲ့ ရဲချုပ် ဇင်မင်းထက်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်၊ စွမ်းအင်ဝန်ကြီး ဦးမျိုးမြင့်ဦးနဲ့ ရန်ကုန်တိုင်း စီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင် တို့ဖြစ်ပါတယ်။ အီးယူက ထုတ်ပြန်တဲ့စာရင်းထဲမှာ စစ်ကောင်စီအတွက် လက်နက်ပွဲစားလုပ်ပေးနေတဲ့ Myanmar Chemical and Machinery Company Limited ဥက္ကဋ္ဌ ဦးအောင်လှိုင်ဦး၊ Yatanarpon Aviation Support Company ဒါရိုက်တာ ဦးစစ်တိုင်းအောင်နဲ့ Sky Aviator Company Limited တည်ထောင်သူ ဦးကျော်မင်းဦးတို့လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။

https://youtu.be/QZ5LoErYmwM

#Newsfeature
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍12👏4❤1🔥1
​​ယူကရိန်းစစ်ပွဲတွင် ရုရှားအား စစ်ရေးအကူအညီပေးလျှင် တရုတ်အနေဖြင့် ကြီးကြီးမားမား ပေးဆပ်ရမည်ဟု အမေရိကန် သတိပေး
======================

ယူကရိန်းစစ်ပွဲတွင် ရုရှားကို စစ်ရေးအကူအညီပေးလျှင် တရုတ်နိုင်ငံအနေဖြင့် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိတ်ခ်ဆူလီဗန်က ဖေဖော်ဝါရီလ ၂၆ တွင် ပြောကြားလိုက်သည်။ 

"ဒီစစ်ပွဲဟာ တရုတ်အတွက် တကယ့် ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေတယ်လို့ မိမိတို့ ယူဆပါတယ်။ နောက်ပြီး တရုတ်အနေနဲ့ စစ်ရေး အကူအညီတွေ ပေးသင့် မပေးသင့်ဆိုတာကို မိမိ ဘာသာဆုံးဖြတ်ချက် ချရပါလိမ့်မယ်။ တကယ်လို့ စစ်ရေးအကူအညီ ပေးမယ်ဆိုရင်တော့ တရုတ်အနေနဲ့ အမှန်တကယ် ကြီးကြီးမားမား ပေးဆပ်ရပါလိမ့်မယ်။ တရုတ်ခေါင်းဆောင်တွေက ဆုံးဖြတ်ချက်တွေချတဲ့အခါ အဲဒီအချက်ကို ချင့်တွက်နေကြတယ်လို့ ထင်ပါတယ်” ဟု ဆူလီဗန်က CNN သို့ ပြောကြားခဲ့သည်။

"အမေရိကန်က တိုက်ရိုက်ခြိမ်းခြောက်မှုတွေ လုပ်နေတာမဟုတ်ပါဘူး။ ပေးဆပ်ရမှာတွေနဲ့ အကျိုးဆက်တွေ ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို အတိအလင်း ချပြနေတာပါ” ဟု ဆူလီဗန်က ဆိုသည်။
👍21😁3🙉1
​​ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တရုတ်၏အဆိုပြုချက်ကို အမေရိကန် သတိထားစောင့်ကြည့်နေ
=========================

တရုတ်သည် ရုရှားထံ လက်နက်များရောင်းချရန် စဉ်းစားနေပြီး ဒီမိုကရေစီအသိုင်းအဝိုင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် လိုလားကြောင်း ပြသလျက် အတုအယောင် ငြိမ်းချမ်းရေးလမ်းစဉ်ကို ကမ်းလှမ်းလျက်ရှိသောကြောင့် ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး တရုတ်၏အဆိုပြုချက်ကို အမေရိကန်က သတိထားစောင့်ကြည့်နေသည်ဟု RFE/RL သတင်းတွင် ဖော်ပြထားသည်။ 

ရုရှား၏ကျူးကျော်စစ် ၁ နှစ်ပြည့်ချိန်နှင့် တိုက်ဆိုင်ပြီး တရုတ်နိုင်ငံက ဖေဖော်ဝါရီ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် အဆိုပြုချက် ၁၂ ချက်တွင် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရန်၊ အရပ်သားများအား ကူညီကယ်ဆယ်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းများ ထူထောင်ရန်၊ ယူကရိန်း၏ နှံစားသီးနှံ ပုံမှန်တင်ပို့မှုကို အာမခံရန်၊ ရုရှားအတွက် လုံခြုံရေးအာမခံချက် ပေးရန်၊ နျူကလီးယားလက်နက်အသုံးပြုမှုကို ဆန့်ကျင်ရန် တောင်းဆိုထားကြောင်း RFE/RL သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ အဆိုပြုချက် ၁၂ ချက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်နိုင်ရေး ပစ်ခတ်တိုက်ခိုက်မှုများကို ဖြည်းဖြည်းချင်း လျော့ချသွားရန် တောင်းဆိုထားသည်။
👍9😁4
​​တရုတ်လျှို့ဝှက်ရဲစခန်းများကိစ္စအဖြေရှာရန် အက်ဖ်ဘီအိုင်ကို အမေရိကန်အောက်လွှတ်တော်အထူးကော်မတီ တိုက်တွန်း
==================

အမေရိကန်မြေပေါ်ရှိ တရုတ်အစိုးရထိန်းချုပ်ထားသော လျှို့ဝှက်ရဲစခန်းများနှင့် ပတ်သက်၍ အဖြေရှာရန် ဗဟိုထောက်လှမ်းရေးအဖွဲ့ (အက်ဖ်ဘီအိုင်) ညွှန်ကြားရေးမှူး ခရစ်တိုဖာရေးထံသို့ အမေရိကန် အောက်လွှတ်တော်အထူးကော်မတီသစ် ဥက္ကဋ္ဌက ဖေဖော်ဝါရီလ ၂၄ ရက်တွင် စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။ 

တရုတ်က သြဇာလွှမ်းမိုးမှုစစ်ဆင်ရေးများလုပ်ဆောင်ရန် အမေရိကန်မြို့ကြီးများတွင် တရားမဝင်သော လျှို့ဝှက်ရဲစခန်းများထူထောင်ခြင်းနှင့် ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း ခရစ္စတိုဖာရေးက ကွန်ဂရက်လွှတ်တော်သို့ နိုဝင်ဘာလတွင် ပြောကြားခဲ့ပြီး စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်အသေးစိတ်ကိုမူ မထုတ်ပြန်ခဲ့ပေ။

"ဒီရဲစခန်းတွေနဲ့ တခြားအကျပ်ကိုင်တဲ့ နည်းလမ်းတွေကနေတစ်ဆင့် ကွန်မြူနစ်ပါတီ (CCP) က အမေရိကန် နိုင်ငံသားတွေ၊ နေထိုင်သူတွေနဲ့ ဧည့်သည်တွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်နေပါတယ်" ဟု ကော်မတီဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် မိုက်ခ်ဂယ်လ်လာဂါက စာထဲတွင် ရေးသားခဲ့သည်။
👍12😁1
Media is too big
VIEW IN TELEGRAM
The Cooking Guy Ep_26 Seg_2 | မုန့်ဟင်းခါး

Watch more detail - https://youtu.be/Ujb2_iSYVW8

#thecookingguy #mizzimatv #reels #shorts #cooking
❤2👍1🤮1
မတ်လ ၁ ရက် “မဇ္စျိမ ရေဒီယိုမနက်ခင်းအစီအစဉ်”
=====================

ဒီကနေ့မနက် နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

ရခိုင်မှာ ပြည်နယ်လုံးကျွတ် ရွေးကောက်ပွဲကျင်းပနိုင်ရေးဆောင်ရွက်ရမယ်လို့ စစ်ကောင်စီခေါင်းဆောင် ပြောတဲ့ သတင်းနဲ့ အတူ

ရွာသစ်ကြီးမှာ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းကို၀င်စီးပြီး ဘုန်းတော်ကြီးနဲ့ လူလေးဦးကိုဖမ်းဆီးတဲ့ သတင်းတွေအပါအ၀င် အခြားစိတ်ဝင်စားဖွယ် နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရမှာပါ။

သတင်းတွေအပြီးမှာတော့ အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ မရွှေမိုးရဲ့ လေးညှို့သံအစီအစဉ်ကိုလည်း နားဆင်ရဖို့ရှိပါမယ်။

https://youtu.be/Tr7TA0f8NNo

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍6🤮1
​​အလာဘာက မက်ဆီမဲပေးရွေချယ်မှုဟာ အသင်း အဆုံးအဖြတ်ဖြစ်ခဲ့တယ်လို့ ရီးယဲလ်ပရိသတ်တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်
====================

ဒေးဗစ် အလာဘာဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ကာရင် ဘန်ဇီမာကို ကျော်ပြီး လီယွန်နယ် မက်ဆီကို မဲပေးရွေးချယ်ခဲ့တယ်လို့ ဖီဖာက သြစတြီးယားသားရဲ့ မဲပေးမှုကို ဖော်ပြခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်ပရိသတ်တွေက သူ့အပေါ် တိုက်ခိုက်ခဲ့တာကြောင့် သူ့ကိုယ်သူ အင်္ဂါနေ့က ခုခံကာကွယ်ပြောဆိုခဲ့ပါတယ်။

ဖီဖာအကောင်းဆုံးဆုတွေကို တနင်္လာနေ့က ကြေညာခဲ့ရာမှာ ဘန်ဇီမာရဲ့ ရီးယဲလ်အသင်းဖော် အလာဘာဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်း မက်ဆီကို ပထမအဖြစ်ထားတဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ သူ့ရဲ့အသင်းပရိသတ်တွေရဲ့ လူမျိုးရေးအရ စော်ကားမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

"သြစတြီးယားအမျိုးသားအသင်းက ဒီဆုအတွက် ကျနော် တစ်ယောက်တည်းမဟုတ်ဘဲ အသင်းတစ်သင်းအနေနဲ့ မဲပေးခဲ့တာပါ။ အသင်းကောင်စီမှာရှိတဲ့ လူတိုင်းက မဲပေးနိုင်ပြီး အဲဒါကို ဆုံးဖြတ်ခဲ့တာပါ"လို့ သြစတြီးယားအသင်းခေါင်းဆောင် အလာဘာက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။
👍10😁1
​​တရုတ်က ထိုင်ဝမ်အား ကျူးကျော်ရန် မိမိ၏ စွမ်းဆောင်ရည်ကို သံယဝင်နေ
===================

ရုရှား၏ ယူကရိန်းစစ်ပွဲအတွေ့အကြုံအရ တရုတ်သည် ထိုင်ဝမ်အား အောင်မြင်စွာကျူးကျော်နိုင်ရန် မိမိ၏ စွမ်းရည်အပေါ် သံသယဝင်နေပုံရကြောင်း အမေရိကန် ထောက်လှမ်းရေး အကြီးအကဲ ဝီလျံဘန်းစ်က ပြောကြားခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။ 

သို့သော် ထိုင်ဝမ်အား ခြိမ်းခြောက်မှုရန်မှာ တရုတ်အတွက် အရေးကြီးနေသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။ အင်အားသုံးမည့်အလားအလာသည် ယခု ဆယ်စုနှစ်အကုန်နှင့် နောက်ပိုင်းကာလများတွင် မြင့်တက်လာဖွယ်ရှိကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ (CIA) အကြီးအကဲက ပြောကြားခဲ့သည်။ 

မလွှဲမရှောင်သာ စစ်တိုက်ရမည်ဆိုလျှင်ပင် ထိုင်ဝမ်ကို အပြည့်အဝထိန်းချုပ်လိုသည့် တရုတ်သမ္မတ ရှီကျင့်ဖျင့်၏ သဘောထားကို အမေရိကန်အနေဖြင့် အထူးသတိထားဂရုစိုက်ရန်လိုကြောင်း ဘန်းစ်က ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။
👍15😁4
​​အီရန်ရှိ အာဖဂန်သံရုံးကို တာလီဘန်ကြားဖြတ်အစိုးရထံ လွှဲပြောင်းပေးမည် The Khaama Press
==================

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဆွေးနွေးညှိနှိုင်းမှုများ လအတန်ကြာ ပြုလုပ်ပြီးနောက် တီဟီရန်မြို့ရှိ အာဖဂန်သံရုံးကို အာဖဂန်ကြားဖြတ်အစိုးရထံ လွှဲပြောင်းပေးရန် စီစဉ်နေသည်ဟု သံတမန်သတင်းရင်းမြစ်များက ပြောသည်။ 

အာဖဂန်သံရုံးအား မကြာမီရက်ပိုင်းအတွင်း တာလီဘန်များထံ တရားဝင်လွှဲပြောင်းပေးအပ်တော့မည်ဟု ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရှိသည့် အာဖဂန်သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ 

မိုဟာမက်အက်ဖ်ဇယ်လ် ဟက္ကာနီအား အီရန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ကြောင်း အာဖဂန်နစ္စတန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သဝဏ်လွှာတွင် ယခင်က ဖော်ပြခဲ့သည်။ သံရုံးရှိ ပထမအတွင်းဝန် ဟက္ကာနီသည် အီရန်နိုင်ငံရှိ အာဖဂန်သံတမန်အဖွဲ့၏ တာဝန်ခံဖြစ်လာမည်ဟု အဆိုပါသဝဏ်လွှာတွင် ဖော်ပြထားသည်။
👍4🔥1
မတ်လ 1 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1
ပုလောမှာ စစ်ကောင်စီတပ်က ကန့်သတ်ထားမှုကြောင့် လောင်စာဆီဈေးတက်နေ
=====================

ကိုရွှေမြိတ်

မဲဆောက်(မဇ္ဈိမ)။ ။ စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားတဲ့ မြိတ်ခရိုင်ထဲက ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ဓာတ်ဆီ တစ်ဘူးထက်ပိုပြီး မဝယ်ယူဖို့ သတိပေးပြီး၊ ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အရပ်သားတွေကို စက်သုံးလောင်စာဆီ လိုသလောက် ဝယ်ယူလို့ မရအောင် ပုလောမြို့ အဝင်/ထွက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ တားဆီး စစ်ဆေးမှုတွေ ရှိနေပါတယ်၊ ဒါကြောင့် ဝယ်ယူဖို့ ခက်ခဲရာကနေ စျေးခုန်တက်လာတာလို့ ကဒဲရွာခံ တစ်ဦးက မဇ္ဈိမကို အခုလို ပြောပါတယ်။

https://youtu.be/S60ZC49LJ8s

#mizzima
#လောင်စာဆီ
#ပုလောမြို့နယ်
#စစ်ကောင်စီတပ်

သတင်း-ကိုရွှေမြိတ်
တင်ဆက်/တည်းဖြတ်- ကိုရွှေမြိတ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3👍1
​​အမေရိကန်၏ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ ကြန့်ကြာနေခြင်းကို ပါကစ္စတန်ရှိ အာဖဂန်ဒုက္ခသည်များ ဆန္ဒပြ
====================

တာလီဘန်အစိုးရလက်ထက်တွင် အန္တရာယ်ရှိသဖြင့် ထွက်ပြေးလာရသော အာဖဂန်များကို ရွှေ့ပြောင်းနေရာချထားရာတွင် အကူအညီပေးမည့် အမေရိကန်အစီအစဉ် နှောင့်နှေးကြန့်ကြာနေသည့်အတွက် ရာနှင့်ချီသော အာဖဂန်ဒုက္ခသည်များသည် ပါကစ္စတန်နိုင်ငံမြို့တော်တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ဆန္ဒပြခဲ့ကြသည်။

P1 နှင့် P2 ဟုခေါ်သော အမေရိကန်အစိုးရ၏ ဒုက္ခသည်ဆိုင်ရာ ဦးစားပေး-၁ နှင့် ဦးစားပေး-၂ အစီအစဉ်များသည် အာဖဂန်နစ္စတန်ကို တာလီဘန်များ သိမ်းပိုက်ပြီးနောက် သတင်းသမားများနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အပါအဝင် အန္တရာယ်ရှိသော အာဖဂန်များအတွက် အမြန်ဆုံး ဗီဇာထုတ်ပေးရန် ရည်ရွယ်သည်။ အဆိုပါအစီအစဉ်အတွက် လျှောက်ထားခွင့်ရှိသူများသည် အမေရိကန်အစိုးရ၊ အမေရိကန်အခြေစိုက် မီဒီယာအဖွဲ့အစည်း သို့မဟုတ် အာဖဂန်နစ္စတန်ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုခုတွင် အလုပ်လုပ်ဖူးပြီး အမေရိကန်အခြေစိုက် အလုပ်ရှင်မှ ထောက်ခံချက်ပေးသူ ဖြစ်ရမည် ဖြစ်သည်။

လျှောက်ထားသူများသည် မိမိတို့၏ ဗီဇာလျှောက်လွှာများကို အမေရိကန်အရာရှိများက ဆောင်ရွက်ပေးရေးအတွက် ပါကစ္စတန်တွင် ၁ နှစ်ခွဲကျော် စောင့်ဆိုင်းနေခဲ့ရသည်။ ဗီဇာရရှိရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာ ကြန့်ကြာမှုများကြောင့် အာဖဂန်လျှောက်ထားသူများသည် ငွေရေးကြေးရေးအကျပ်အတည်းများကြုံနေရပြီး ပါကစ္စတန်တွင် ကျန်းမာရေး၊ ပညာရေးနှင့် အခြားဝန်ဆောင်မှုများကို လက်လှမ်းမီ ရယူနိုင်ခြင်းမရှိသည့်အတွက် ကူကယ်ရာမဲ့ ဖြစ်နေကြရသည်။
👍3🔥2😁1
​​အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားခြင်းအား အရေးယူမည့် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ရန် စစ်ကောင်စီပြင်ဆင်
====================

ရွှေနွယ်
မဇ္ဈိမ။ ။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများတွင် အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို ထည့်သွင်းသင်ကြားခြင်းနှင့် အခြားမလိုလားအပ်သော သင်ကြားမှုများကို ထိရောက်စွာ ဟန့်တားအရေးယူနိုင်ရန်အတွက် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ရန် စစ်ကောင်စီမှ ပညာရေးဝန်ကြီးဌာနသို့ ညွှန်ကြားထားကြောင်း သိရသည်။

စစ်ကောင်စီမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင်ပြုလုပ်သော ညှိုနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
"ပုဂ္ဂလိကကျောင်းတွေမှာ ပန်းချီ၊ ဂီတ၊ အနုပညာ နဲ့ စာပေသင်ကြားမှုအပိုင်းတွေမှာ အနောက်တိုင်းယဉ်ကျေးမှုနဲ့နှီးနွှယ်တဲ့ သင်ကြားပြသမှုတွေမလုပ်ဖို့ ဖိအားပေးထားတာတွေရှိတယ်လို့ကြားတယ်၊ ပြောရရင် အရင်ကတည်းကလည်း ကျောင်းတွေမှာက သရုပ်ပျက်တွေ ဘာမှသင်ကြားနေတာမရှိပါဘူး၊ သင်သင့်သင်ထိုက်တာကိုပဲ သင်နေကြတာပါ၊ ဒါသူတို့က အကြောက်လွန်လို့ပြောနေတယ်လို့ပဲမြင်ပါတယ်" ဟု ပုဂ္ဂလိကကျောင်းတွင် တက်ရောက်သင်ကြားနေသူ ကျောင်းသားတစ်ဦး၏ မိဘမှ ပြောသည်။

ထို့အပြင် ပုဂ္ဂလိကကျောင်းများတွင် ထိုကဲ့သို့ဖိအားပေးညွှန်ကြားမှုများအပြင် CDM ဆရာ၊ ဆရာမများအား အလုပ်ခန့်ထားခြင်းမပြုရန်နှင့် ခန့်ထားသည်များရှိပါကလည်း ၎င်းတို့အားအသိပေးအကြောင်းကြားရန် ဖိအားပေးထားသည်များရှိသည်ကို ကြားသိရသည်ဟု အဆိုပါ ကျောင်းသားမိဘမှ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း အစိုးရကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများသည် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့ကြသည်။

ထို့နောက်တွင် အချို့သော ကျောင်းသူ၊ ကျောင်းသားများသည် ပုဂ္ဂလိကကျောင်းများတွင် ပြောင်းရွှေ့တက်ရောက်သူများရှိသကဲ့သို့ Online Education စနစ်ဖြင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းအတိုင်း သင်ကြားနေသော ကျောင်းများတွင် တက်ရောက်သင်ကြားနေကြသူများလည်း ရှိသည်။

“လက်ရှိမှာက online ကျောင်းတွေရော ပြင်ပ ပုဂ္ဂလိကကျောင်းတွေရောက အရမ်းများနေတယ်၊ တချို့လည်း လိုင်စင်ရှိကြတယ်၊ တချို့လည်းလိုင်စင်မရှိကြဖူးပေါ့၊ အခုသူတို့ပြဋ္ဌာန်းမယ်ဆိုတဲ့ဥပဒေထဲမှာ ဒီလိုင်စင်ကိစ္စတွေလည်းပါလိမ့်မယ်လို့ယူဆတယ်၊ ဒီထက်ပိုပြီး ပုဂ္ဂလိကကျောင်းတွေအပေါ်မှာ တင်းကျပ်လာမယ်ဆိုရင်တော့ လုပ်ရကိုင်ရတာလည်းကျပ်လာမယ်၊ သင်ကြားရတာကမှ အစပေါ့" ဟု ပုဂ္ဂလိကကျောင်းတွင် စာသင်ကြားနေသူ ဆရာမတစ်ဦးက ပြောသည်။

ခေတ်မီလာသော နည်းပညာခေတ်တွင် အနောက်တိုင်းပညာရေး၊ အရှေ့တိုင်းပညာရေးဟုဆို၍မရကြောင်း၊ သူ့ခေတ်သူ့အခါနှင့်အညီ သင်သင့်သည်များကို သင်ပေးမှသာ တိုင်းပြည်ဟာ နောက်ကျကျန်နေမှာဟုတ်ကြောင်း အဆိုပါဆရာမက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ငွေကြေးတတ်နိုင်သောမိသားစုများမှ ကျောင်းသားလူငယ်များသည် နိုင်ငံရပ်ခြားတွင် သွားရောက်ပညာသင်ကြားမှုများ ပိုမိုများပြားလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် စစ်ကောင်စီ၏ပညာရေးဝန်ကြီးဌာနမှကျင်းပမည့် တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုခဲ့သူ ကျောင်းသားဦးရေ ၂၈၀,၀၀၀ ကျော်ရှိခဲ့သော်လည်း ယခုနှစ်တွင် ဖြေဆိုရန်လျောက်ထားသည့် ကျောင်းသားဦးရေသည် ၂၀၀,၀၀၀ အောက်သာရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီ
#ပညာရေးဝန်ကြီးဌာန
#အနောက်တိုင်း
#ဒီမိုကရေစီယဉ်ကျေးမှု
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
💩11👍5❤1🤮1
​​ခမရ(၅၈၃) တပ်ကို ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်
=================

ဂျူချန်း
မဇ္ဈိမ ။။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာအခြေစိုက် စစ်ကောင်စီတပ်၏ ခမရ(၅၈၃) တပ်ရင်းအား ရေးဘီလူးအဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်ရှိ စကခ(၁၉)လက် အောက်ခံဖြစ်သည့် ကျောင်းရွာအခြေစိုက် အမှတ် (၅၈၃) ခြေမြန်တပ်ရင်းအား ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၈ နာရီ ၂၀မိနစ် ခန့်တွင် ရေးဘီလူးအဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး နှစ်လုံးချ တိုက်ခိုက်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်ထံမှ သိရသည်။
စစ်ကောင်စီတပ်များ နေရာယူထားသည့် ဘန်ကာတွင်းသို့ ဗုံးသီးချနိုင်ခဲ့သဖြင့် အထိအခိုက်ရှိနိုင်သော်လည်း လတ်တလောတွင် အတည်မပြုနိုင်သေကြောင်း ဆိုသည်။

“ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘူး။ ဘန်ကာထဲကိုတော့ အသီးရောက်တယ်။ ဒရုန်းနဲ့ အသီးနှစ်လုံးနဲ့ ဖြိုခွင်းခဲ့ပါတယ်” ဟု ရေးဘီလူးခေါင်းဆောင်က မဇ္ဈိမ ကိုပြောသည်။

အဆိုပါတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်ခဲ့မှုများ ရှိခဲ့သော်လည်း ဒရုန်းရော လူပါ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်းမှ ရေးမြို့နယ်သို့အဝင် ရေးတံတားကြီးဂိတ်စခန်းအား ရေးဘီလူးအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ​ဆိုသည်။

လွန်ခဲ့သည့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရေးဘီလူးအဖွဲ့၏ ပထမဆုံး ဒရုန်းမစ်ရှင်အဖြစ် ကျောင်းရွာအခြေစိုက် ခမရ(၅၉၁) တပ်ရင်းအား ဗုံးသီးတစ်လုံးချကာ တိုက်ခိုက်ခဲ့ပြီး ယခု ခမရ(၅၈၃) တပ်ရင်းအား တိုက်ခိုက်ခြင်းမှာ ဒုတိယအကြိမ်ဒရုန်းမစ်ရှင် ဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ရေးဘီလူးအဖွဲ့
#ရေးမြို့နယ်
#ကျောင်းရွာအခြေစိုက်
#စစ်ကောင်စီတပ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍21🔥1🥱1