Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“ခယောင်းလမ်းကို ဖြတ်ကျော်‌နေသော သက်တံရောင်အလံ လွှင့်သူများ”
🥰6😁3👍1
“ခယောင်းလမ်းကို ဖြတ်ကျော်‌နေသော သက်တံရောင်အလံ လွှင့်သူများ”
==================

စောဖေ
“သူတို့ရဲ့လူမဆန်တဲ့ လုပ်ရပ်ကြီးက အရမ်းရွံဖို့ကောင်းတယ်”
ဒါကတော့ မန္တလေးမြို့က အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်ကြောရေးစခန်းမှာ ၂ လကြာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတဲ့ LGBT တော်လှန်ရေးသမား မစောဟန်နွေဦးက သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံကို ပြန်ပြောပြ တာဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးလို့ လူတွေပြောတဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလှုပ်ရှားမှုမှာ အသိပညာရှင်အတတ်ပညာရှင်တွေ၊ ရဟန်းသံဃာတွေ၊ ကျောင်းသားတွေနည်းတူ စစ်အာဏာရှင်ကို မကြောက်မရွံ့ဆန့်ကျင်ဆန္ဒပြကြသူတွေထဲမှာ LGBT လို့ခေါ်တဲ့ လိင်ခံယူချက် မတူကွဲပြားကြသူတွေ လည်းပါဝင်တာ တွေ့ရမှာပါ။ သူတို့ရဲ့ အများနဲ့မတူတဲ့လက္ခဏာတွေနဲ့ဆန္ဒပြမှုက ကမ္ဘာ့မီဒီယာတွေကို မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွဲဆောင်နိုင်ခဲ့ကြပါတယ်။

တကယ်တော့ လိင်စိတ်ခံယူချက်မတူကွဲပြားကြတဲ့ LGBT အများစုဟာ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အနု ပညာ၊ အလှအပနဲ့ ဖျော်ဖြေရေးနယ်တွေမှာ လုပ်ကိုင်နေကြသူတွေဖြစ်ပြီး သူတို့အတွက် အကျဉ်းထောင် တို့၊ လက်နက်ကိုင်တော်လှန်ရေးတို့ဆိုတာ မမက်ဖူးတဲ့အိပ်မက်နဲ့ ခက်ခဲကြမ်းတန်းတဲ့စိန်ခေါ်မှုလို့ ဆိုရမှာပါ။

စစ်အာဏာရှင်ကို ဆန္ဒပြနေရုံနဲ့မလုံလောက်ဘူးဆိုတာ အားလုံးသောတော်လှန်ရေးရဲဘော်များနည်းတူ LGBT တွေကလည်းလက်ခံတဲ့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆီ သွားရောက်ပြီး စစ်ပညာသင်ကြားကြပါတယ်။ ကေအိုင်အေနယ်မြေမှာ ၂ လ သင်တန်းတက်ရောက်ပြီး မန္တလေးကိုပြန် လာခဲ့တဲ့နောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ မစောဟန်နွေဦးဟာ စစ်ကောင်စီရဲ့ဖမ်းဆီး ခြင်းခံရပြီး စစ်ကြောရေးကို ရောက်ရှိခဲ့ရတာပါ။

စစ်ကြောရေးလို့ဆိုလိုက်တာနဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ ငရဲခန်းအကြောင်းဟာ ကမ္ဘာမှာ နာမည်ဆိုးနဲ့ ကျော်ကြားလွန်းပါတယ်။ ကျား/မ မရှိ၊ ဘုန်းကြီးရဟန်းမသိ၊ ကြီးငယ်မရွေးကို ရက်ရက်စက်စက် နှိပ်စက် တဲ့နေရာပါ။ ဒီလိုနေရာကိုရောက်သွားခဲ့ရတဲ့ မစောဟန်နွေဦးက သူဖြတ်သန်းခဲ့ရတဲ့ စစ်ကြောရေး အတွေ့အကြုံကို အခုလို ပြောပါ တယ်။

“မြန်မာပြည်ရဲ့အရိုးစွဲနေတဲ့အမြင်ကိုက LGBT ဆိုရင် အလိုလိုနေရင်း ဆန့်ကျင်အမြင်စောင်းနေကြတဲ့ အချိန်မှာ စစ်တပ်ရဲ့လုပ်ရပ်ကတော့ ပိုဆိုးတာပေါ့။ ခန္ဓာကိုယ်ပိုင်းကိုနာကျင်ထိခိုက်အောင်လုပ်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာကို တော်တော်ကြီးထိခိုက်နာကျင်အောင်လုပ်တယ်။ တကိုယ်လုံးကို ရေနွေးပူနဲ့လောင်း တာတွေ၊ လက်သည်းခွံတွေကိုလှန်ချိုးတာမျိုးတွေ၊ ပါးတွေရိုက်တာမျိုးတွေ၊ သေနတ်ဒင်နဲ့ခြေဖျားတွေကို ထုတာတွေ၊ နောက်ပြီးတော့ ခွဲစိတ်မှုလုပ်ပြီးသားလားဆိုတာ တကိုယ်လုံးချွတ်ကြည့်တာမျိုးတွေ၊ သူတို့ရဲ့ လိင်အင်္ဂါတွေထုတ်ပြပြီး လှောင်ပြောတာတွေ ကိုယ်တိုင် ကြုံခဲ့ရတာ” အသံအဖွဲ့ကပြုစုထားတဲ့စာတမ်းတစ်စောင်အရ နွေဦးတော်လှန်ရေးမှာ LGBT ၇၃ ဦးကျော် ဖမ်းဆီးခံခဲ့ ရပြီး ၁၂ ဦးထက်မနည်း အသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
👍8🤬6😁2
​​ရုရှားက တရုတ်သို့ ရေနံ တင်ပို့မှု စံချိန်တင် မြင့်တက်
==================

ယူကရိန်းကျူးကျော်မှုစတင်ပြီးနောက်ပိုင်း ရုရှားရေနံစိမ်းနှင့် လောင်စာဆီများ တရုတ်သို့တင်ပို့မှု စံချိန်တင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဧပြီလ၏ စံချိန်တင်ပမာဏကို ကျော်လွန်သွားခဲ့ကြောင်း အချက်အလက်စုံစမ်းထောက်လှမ်းရေးကုမ္ပဏီ Kpler က ဖော်ပြခဲ့သည်။

ဥရောပသမဂ္ဂသည် ရုရှစွမ်းအင်အပေါ် မှီခိုအားထားနေရမှုကို လျှော့ချရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် á€›á€Żá€›á€žá€Źá€¸á€™á€ž ရေနံတင်သွင်းမှုကို ပိတ်ပင်လိုက်ပြီးနောက် ရုရှားက တရုတ်သို့ စံချိန်တင်ပမာဏ တင်ပို့လာခြင်းဖြစ်သည်။

ဂျီ-၇ ၊ ဥရောပသမဂ္ဂနှင့် သြစတြေးလျတို့က ရုရှားရေနံစိမ်းကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၆၀ (ပေါင် ၄၉ ဒသမ ၅၀) ဖြင့် ဈေးနှုန်းသတ်မှတ်ထားသည်။

တရားနည်းလမ်းမကျသည့်ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေအဖြစ် အသုံးပြုနေသည့် ဝင်ငွေများကို ထိန်းချုပ်ရင်း ဖြစ်ရိုးဖြစ်စဉ်မဟုတ်သည့် ဈေးကွက်အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဈေးနှုန်းအတက်အကျများကို ထိန်းချုပ်ရန် ထိုသို့ ဈေးနှုန်းသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
🔥2❤1
​​အိန္ဒိယ နိုင်ငံပိုင် လက်နက်ကုမ္ပဏီက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့ 
=======================

အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံဆီ အမြောက်ပြောင်းများ ပေးပို့နေသည်ဟု တက်ကြွလှုပ်ရှားသည့် အဖွဲ့တစ်ရပ်က ပြောပြီး ယင်း အမြောက်များကို သဘောထားကွဲလွဲသူများအား ဖြိုခွင်းရာ၌ စစ်ကောင်စီက အသုံးပြုနိုင်သည်ဟု သတိပေးသည်။ 

မြန်မာနိုင်ငံသည် လွန်ခဲ့သည့် နှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို စစ်ဗိုလ်ချုပ်များက ဖြုတ်ချပြီး တိုတောင်းသည့် ဒီမိုကရေစီ အတွေ့အကြုံ အဆုံးသတ်ကာ ဆန္ဒပြမှုကြီးများ ဖြစ်ပွားပေါ်ပေါက်ပြီးနောက် ဝရုန်းသုန်းကား အခြေအနေ ကျရောက်လျက်ရှိသည်။ 

စစ်တပ်သည် တော်လှန်မှုများကို ဖြိုခွင်းရန် လုံးပမ်းနေရပြီး အတိုက်အခံအုပ်စုများအား လက်နက်ကြီး တရစပ် တိုက်ခိုက်ခြင်းအပြင် လေကြောင်းတိုက်ခိုက်မှုများပါ ဆင်နွှဲနေကြောင်း လူ့အခွင့်အရေးအဖွဲ့များအရ သိရပြီး စစ်ကောင်စီထံ လက်နက်ထောက်ပံ့ခြင်းအား ရပ်တန့်ရန် နိုင်ငံတကာက တိုက်တွန်းထားသည်။
👍4🤮4👏2❤1🔥1
​​စစ်ကောင်စီက စစ်ရာဇဝတ်မှုများ ကျူးလွန်နေစဉ် မြန်မာကို လေယာဉ်ဆီ တင်ပို့မှုများ ဆက်ရှိနေ
=====================

အာဏာသိမ်းစစ်တပ်က စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်နေသော်လည်း မြန်မာသို့ လေယာဉ်ဆီ တင်ပို့ရောင်းချမှုများ ဆက်ရှိနေကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International )နှင့် နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ (Global Witness )တို့က မတ်လ ၁ ရက်တွင် ပြောသည်။ လေယာဉ်ဆီ ထောက်ပံ့ဖြည့်ဆည်းမှုကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော နောက်ထပ်ကုမ္ပဏီများကို ၎င်းတို့က ထုတ်ဖော်ခဲ့သည်။

“ဥပဒေနဲ့ ဆန့်ကျင်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကို အဆက်မပြတ်လုပ်ဆောင်ထားတဲ့ မြန်မာစစ်တပ်ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့ဖွယ် ရှိတဲ့ လေယာဉ်ဆီ ပို့ဆောင်ရောင်းချမှုအသစ်တွေကို မိမိတို့ ခြေရာခံစုံစမ်းထားခဲ့တယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုံမှန်အားဖြင့် ကလေးတွေအပါအဝင် အရပ်သားပြည်သူတွေ သေဆုံးကြရတယ်။ ဒါပေမယ့် လေယာဉ်တွေဆိုတာ လေယာဉ်ဆီ ရှိမှပဲ ပျံတက်နိုင်တာ ဖြစ်တယ်” ဟု Amnesty International ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ သုတေသီနှင့် အကြံပေး မွန့်စီ ဖာရားက ပြောသည်။

“၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဟာ သူတို့အပေါ် ဆန့်ကျင်အတိုက်အခံလုပ်သူတွေကို လူမဆန် ရက်ရက်စက်စက် ဖြိုခွင်းဖိနှိပ်ခဲ့သလို အရပ်သားတွေကိုလည်း မြေပြင်နဲ့ ဝေဟင်ကနေ တိုက်ခိုက်ထားခဲ့တယ်။ စစ်တပ်ဆီ လေယာဉ်ဆီ ရောက်ရှိအောင် ထောက်ပံ့ရောင်းချပေးတာက အဲဒီလို စစ်ရာဇဝတ်မှုတွေကို ထောက်ကူပံ့ပိုးတာပဲဖြစ်တယ်။ ဆိုတော့ ဒီလို တင်ပို့မှုတွေကို ခုချက်ချင်း ရပ်တန့်ရပါလိမ့်မယ်”
👍8🤬2❤1🔥1
​​ဘားအံတွင် ကျောင်းထိုင်ဆရာတော်နှင့် ဒကာ၊ ဒကာမ ၃ ဦး ဖမ်းဆီးခံရ
=====================

YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ဘားအံ-ကော့ကရိတ် လမ်းမပေါ်ရှိ ဆရာတော်မင်းသုည (ဗုဒ္ဓတက္ကသိုလ်) သတင်းသုံးခဲ့သော ဝုမုတ္တိသုခဝိဟာရ ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်နှင့် ကျောင်းဝေယျာဝစ္စတာဝန်ယူထားသော ဒါယကာ နှစ်ဦး၊ ဒါယိကာမ တစ်ဦးတို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

" ဖမ်းခံရတာ ၂၆ ရက်နေ့ကတည်းက၊ ဘုန်းကြီးတွေအရင်ဆုံး ဝင်လာတယ်ပြောတယ်၊ အဲ့ဒါတော့ ကျွန်တော်တို့မတွေ့တော့ သေချာမပြောပြတတ်ဘူး။ ကျွန်တော်တို့ သေချာပြောပြနိုင်တာကတော့ ကျောင်းထဲ ကားတွေဝင်လာပြီး ခဏနေတော့ အဖမ်းခံရတာပဲ။ အခုတော့ ကျောင်းထဲမှာ BGF တွေ ရှိနေတယ်" ဟု ဘားအံ သတင်းအရင်းအမြစ်က မဇ္ဈိမကိုပြောသည်။

အဖမ်းခံရသည့်ဖြစ်စဉ်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ၌ ဦးပဉ္စင်းတချို့ ဝိမုတ္တိဘုန်းကြီးကျောင်းအတွင်းသို့ ခေတ္တတည်းခိုရန် ဝင်လာခဲ့ပြီး၊ ထို့နောက်တွင် စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ BGF တပ်သားများ ကား လေးစီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးပြီး ပြန်သွားချိန်တွင် ကားပေါ်ပါလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နှင့် တည်းခိုရန်လာသော ဦးပဉ္စင်းများ ကျောင်းထဲတွင် ကျန်ရစ်ခဲ့ကြောင်း၊ တည်းခိုရန်လာသော ဦးပဉ္စင်းများသည် မ.ဘ.သ ( အမျိုးသား၊ဘာသာ၊သာသနာ စောင့်ရှောက်ရေး အဖွဲ့) ဘုန်းကြီးများဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

အဖမ်းခံလိုက်ရသည့်အချိန်မှစ၍ ဖမ်းခံရသည့်အကြောင်းအရင်းအား မသိရသလို ဆရာတော်အား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို ယခုအချိန်ထိ အစအနပင် မသိရကြောင်း ထိုဒေသခံကပြောသည်။

ဖမ်းဆီးခံရသော ဆရာတော်​၏ ဘွဲ့နာမည်မှာ ဥူးတိလောက ဖြစ်ပြီး ဝိမတ္တိသုခဝိဟာရကျောင်း၌ သီတင်းသုံးနေထိုင်ခဲ့သည်မှာ ငါးဝါခန့်ရှိပြီဖြစ်ကာ အဖမ်းဆီးခံ ဒါယကာနှစ်ဦးနှင့် ဒါယိကာမသည်လည်း ဤကျောင်းတွင် ကူညီလုပ်ကိုင်ပေးကြသည်မှာ နှစ်ချီနေပြီဟု သိရသည်။

ကျောင်းထိုင်ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမ သုံးဦးအား ဖမ်းဆီးပြီးချိန်မှစ၍ ဝိမုတ္တိသုခဝိဟာရကျောင်းအတွင်း၌ မ.ဘ.သ ဆရာတော်များ သီတင်းသုံးနေပြီး စစ်ကောင်စီ လက်အောက်ခံ BGF တပ်မှလည်း လုံခြုံရေးအပြည့်ချထားကြောင်း ဒေသခံတစ်ဦး​၏ ပြောကြားချက်အရ သိရသည်။

ထို့အပြင် ဘားအံမြို့ရှိ မ.ဘ.သ ဆရာတော်တစ်ပါးဖြစ်သူ စောကြယ်ဖြူဆိုသည့်အကောင့်မှ ဝိမုတ္တိသုခဝိဟာရ ကျောင်းတိုက်အတွင်းမှ အပြင်ဘက်မုခ်ဝသို့ မြင်ရသော ဓါတ်ပုံတစ်ပုံအား ၎င်း​၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖြန့်ဝေထားကြောင်း တွေ့ရသည်။
ဝိမုတ္တိသုခဝိဟာရကျောင်းအား ၂၀၁၅ ခုနှစ်တွင် ဆရာတော် မင်းသုည (ဗုဒ္ဓတက္ကသိုလ်) က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ဆရာတော်သည် စစ်ကောင်စီအာဏာသိမ်းမှုအား ဆန့်ကျင်ခဲ့သဖြင့် စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုကြောင့် ၂၀၂၁ ခုနှစ်ကတည်းက လွတ်မြောက်ရာနေရာသို့ တိမ်းရှောင်ခဲ့ရပြီး ဆရာတော်သည် ယခုကာလများတွင် လွတ်မြောက်နယ်မြေမှတစ်ဆင့် တရား၊ဓမ္မ အဆုံးအမများအား မျှဝေလျက်ရှိကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ဝိမုတ္တိသုခဝိဟာရကျောင်း
#ဘားအံမြို့နယ်
#ဆရာတော်မင်းသုည
#စစ်ကောင်စီတပ်

ဓါတ်ပုံ - စောကြယ်ဖြူအကောင့်မှ မျှဝေထားသော ဝိမုတ္တိသုခဝိဟာရကျောင်းတိုက် မုဒ်ဦးပုံ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12
👍5❤3🔥1👏1🤬1
​​တောင်တရုတ်ပင်လယ်ဆိုင်ရာ á€‘ုတ်ပဟန်ကဟ္ညဏခဝက်မဝဏးကို ခိုင်မာစေရန် တရုတ်အစိုးရက ရှေးဟောင်းသုတေသနဌာနကို ရည်ရွယ်ဖွဲ့စည်းထား
========================

တရုတ်သည် á€Ąá€„ဟင်းပွဏးမသု ပြင်းထန်နေသော ရေပိုင်နက်တွင် တောင်းဆိုချက်များ ခိုင်မာစေရေးအတွက် ကြိုးပမ်းမှုအဖြစ် တောင်တရုတ်ပင်လယ်ဆိုင်ရာ ရေအောက်ရှေးဟောင်းသုတေသနဌာနကို မကြာမီက ထူထောင်ထားသည်။

ကျယ်ပြောလှသော တောင်တရုတ်ပင်လယ်သည် ပင်လယ်ရေကြောင်း ပိုးလမ်းမ၏ အရေးကြီးသော အစိတ် အပိုင်းဖြစ်ကြောင်း တောင်ပိုင်းကျွန်းပြည်နယ် ဟိုင်နန်တွင် ဖေဖော်ဝါရီလ ၁၈ ရက်ကပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေး ဒါရိုက်တာ လီချင်က ပြောကြားခဲ့သည်။

အဆိုပါဌာနဖွင့်လှစ်လိုက်ခြင်းကြောင့် တောင်တရုတ်ပင်လယ်သည် ရေအောက်ရှေးဟောင်းပစ္စည်းများ အများဆုံးရှိရာ ရေပြင်ဖြစ်ကြောင်း သိလာစေခဲ့သလို á€á€›á€Żá€á€şá€šá€‰á€şá€€á€ťá€ąá€¸á€™á€žá€Żá€Ąá€™á€˝á€ąá€Ąá€”သစ်မဝဏးဥတွက် အရေးပါသော နေရာဖြစ်လာကြောင်း လီက ပြောခဲ့သည်ဟု အမျိုးသားယဉ်ကျေးမှုအမွေအနှစ် စီမံခန့်ခွဲရေးဌာန၏ WeChat အကောင့်တွင် ရေးသားထားသည်။
🔥5
မတ်လ ၁ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
========================

01:09-အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံနဲ့ မြန်မာနိုင်ငံရေးပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်း

03:21-အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားခြင်းကို အရေးယူမယ့် ပုဂ္ဂလိကပညာရေးဥပဒေရေးဆွဲထုတ်ပြန်ဖို့ စစ်ကောင်စီပြင်ဆင်တဲ့ သတင်း

04:42-တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို NUG ကသာ အာမခံချက်ပေးနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောတဲ့ သတင်း

07:13- အမေရိကန်က TikTok ပိတ်ပင်လိုက်မှုအပေါ် တရုတ်ရှုတ်ချတဲ့ သတင်း
အပါအဝင်တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်သွားမှာပါ။

https://youtu.be/rznOuoliLxs

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8😁2
​​ကြံခင်းမြို့နယ်တွင် လူမဲ့သပိတ်ပြုလုပ်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့်ရဲများ သေနတ်များပစ်ခတ်ပြီး မြို့အနှံ့ပိတ်ဆို့ရှာဖွေနေ
=====================

မင်းထက်
မဇ္စျိမ။ ။ဧရာဝတီတိုင်း ၊ကြံခင်းမြို့နယ်၊ မြို့ရှောင်လမ်းအနီးတွင် ယနေ့ မတ်လ ၁ ရက်နေ့ ၊ နံနက်ပိုင်းအချိန်က လူမဲ့သပိတ်တစ်ခုပြုလုပ်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများ မြို့အနှံ့ပိတ်ဆို့ရှာဖွေနေသည်ဟု ဒေသခံများက ပြောသည်။

ကြံခင်းမြို့နယ်၊ မြို့ရှောင်လမ်း ကပ်လျှက်၌ရှိသည့် ရေကာတာ၏ မြေသားနံရံတွင် "စစ်ခွေးနိဂုံး ၂၀၂၃"စာသားပါ ဘန်နာကပ်ကာ ဆန္ဒထုတ်ဖော်ထားသည့်အတွက် စစ်ကောင်စီတပ်နှင့် ရဲများခြေရှုပ်နေခြင်းဖြစ်သည်ဟု ဆို သည်။

နံနက် ၉ နာရီခန့် အချိန်မှစတင်ကာ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စုထိပ်ရှိ နေရာ နှစ်နေရာတွင် ပိတ်ဆို့ရှာဖွေခြင်း၊ ပေါက်တောကြီး ကျေးရွာ ၊တလိုင်းကွင်းကျေးရွာနှင့် ပန်းရံစုကျေးရွာများအတွင်း စစ်ဆေးမှုပြုလုပ်ခြင်းများကို စစ်အုပ်စုနှင့် ရဲများက ပြုလုပ်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"လူမဲ့ သပိတ်လုပ်ထားတယ်ဆိုတာကို သိကတည်းက တစ်မြို့လုံးကို ပတ်နေကြတာ။ လူမဲ့သပိတ်လုပ်ထားတဲ့ ဗီနိုင်းကိုလည်း သေနတ်နဲ့ပစ်ပြီး မြို့ရှောင်လမ်းမှာလည်း သေနတ်တွေ မိုးပေါ်ထောင်ပစ်သေးတယ်"ဟု ပြောသည်။

၎င်းအပြင် မြန်အောင်မြို့မှ ကြံခင်းမြို့နယ်ဘက်သို့ လာသည့်ကားများကိုလည်း ယခင်သွားနေကျ မြို့ရှောင်လမ်းမှမသွားခိုင်းဘဲ၊ စစ်ဆေးမှုများပြုလုပ်ပြီး ကြံခင်းမြို့ထဲမှသွားခိုင်းနေသည်ဟု ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် လူမဲ့သပိတ်ပြုလုပ်ထားသည့် ဘန်နာ(ဗီနိုင်း) အား စစ်ကောင်စီတပ်များနှင့် ရဲများကဖြုတ်သိမ်းသွားပြီဖြစ်ပြီး၊ အရပ်ဝတ် စစ်ကောင်စီတပ်နှင့် ရဲများ ကြံခင်းမြို့နယ်အတွင်း ကျေးရွာအချို့တွင် ရှိနေသေးသည့်အတွက် မတရားဖမ်းဆီးမှုများပြုလုပ်လာမည်ကို စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်အချိန်က ကြံခင်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းမကြီးပေါ်တွင် ပြုလုပ်ထားသည့် လူမဲ့သပိတ်အား ဖြုတ်သိမ်းရန်လာသည့် (စရဖ) တပ်ဖွဲ့ဝင် ကိုကျော်ဇင်ဝင်းဆိုသူ မြို့ရှောင်လမ်း၌ ရပ်ထားသည့် ၁၀ ဘီးကားကို ဝင်တိုက်ကာ သေဆုံးခဲ့သေးသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ကြံခင်းမြို့နယ်
#လူမဲ့သပိတ်
#စစ်ကောင်စီတပ်
#စစ်ဆေး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6😁3❤1🔥1
​​သဘာဝ ဘေးအန္တရာယ်များအတွက် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိ 
====================

ငလျင်၊ ရေကြီးခြင်းနှင့် မုန်တိုင်းများကဲ့သို့သော အဖြစ်များလာသည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်ရန် ကမ္ဘာက လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိကြောင်း အစီရင်ခံစာတစ်ရပ်က ဖော်ပြပြီး ကမ္ဘာလုံးဆိုင်ရာ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် တိုက်တွန်းသည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🔥3❤1
​​ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ(၄)ကြိမ်တွင် စစ်ကောင်စီဘက်က(၄၀)ကျော် သေဆုံးဟုဆို
=====================

ကိုရွှေမြိတ် မဲဆောက် (မဇ္ဈိမ)
မဇ္စျိမ။ ။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ မြို့နယ်များတွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲလေးကြိမ် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၄၄ ဦး ထက် မနည်း သေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် ထားဝယ်ခရိုင် တပ်ရင်း (၁) က ထုတ်ပြန်သည်။

ထားဝယ်၊ သရက်ချောင်း၊ လောင်းလုံး၊ ရေဖြူမြို့နယ်တို့ပါဝင်သော ထားဝယ်ခရိုင်အတွင်း တိုက်ပွဲအ‌ခြေအ‌နေကို ယနေ့မတ်လ (၁)ရက်နံနက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

မဟာမိတ် တော်လှန်ရေးအစုအဖွဲ့များနှင့် စုပေါင်းကာ ထားဝယ်မြို့နယ်ရှိ ထားဝယ်-ထီးခီးလမ်းပေါ်တွင်သုံးကြိမ်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင်တစ်ကြိမ် စုစုပေါင်းတိုက်ပွဲ လေးကြိမ် ဖော်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထားယ်-ထီးခီး လမ်းပိုင်းရှိ ပကာရီရဲကင်းကို ဝင်‌ေရာက်ပစ်ခတ်စဥ်က အကြောင်းအမျိုးမျိုးကြောင့် စစ်ကောင်စီဘက်မှသေဆုံးမှုကို တိတိကျကျ မသိခဲ့ရကြောင်းထုတ်ပြန်သည်။ ထိုတိုက်ပွဲတွင် မဟာမိတ်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့သလို ကွာလီတောင်ထိပ် တိုက်ပွဲတွင်လည်း တပ်ရင်းရဲဘော် တစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ထားဝယ်ခရိုင် တပ်ရင်း (၁) သည် ၎င်းတို့ ဖော်ဆောင်သည့် တိုက်ပွဲများကို ပွဲပြီးပြီးချင်း ဖော်ပြလေ့ မရှိဘဲ ယခုကဲ့သို့ လချုပ် ထုတ်ပြန်လေ့ ရှိကြောင်း တနင်္သာရီ စစ်ဒေသခွဲ-ကွပ်ကဲရေး အဖွဲ့ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင် တပ်ရင်း (၁) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တနင်္သာရီ စစ်ဒေသခွဲအောက်တွင် ဖွဲ့စည်းထားသည်။

စာတည်း - မောင်ကြီး

#တနင်္သာရီတိုင်း
#ထားဝယ်ခရိုင်
#ထားဝယ်ခရိုင်တပ်ရင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍5👏2😁2
​​တရုတ်က စစ်အေးခေတ်မှ တိုက်လေယာဉ်များကို ထိုင်ဝမ်ထိုးစစ်အတွက် သုံးနိုင်မည့် အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေ
=======================

တရုတ်သည် ရာနှင့်ချီသော စစ်အေးခေတ်သုံး တိုက်လေယာဉ်ဟောင်းများကို ထိုင်ဝမ်အား အကြီးအကျယ် ထိုးစစ်ဆင်ရာတွင် သုံးနိုင်သော အသေခံဒရုန်းများအဖြစ် ပြောင်းလဲရန် စီစဉ်နေသည်။
တရုတ်၏ နောက်ဆုံးထုတ် Chengdu J-7 တိုက်လေယာဉ်များကို ယခုနှစ်တွင် အသုံးပြုမှု ရပ်ဆိုင်းနိုင်ပြီး အချို့မှာ ဒရုန်းများဖြစ်လာနိုင်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

အဆိုပါလက်နက်များသည် ကုန်ကျစရိတ်သက်သာပြီး စွမ်းဆောင်ရည်မြင့်မားမည်ဟု ကျွမ်းကျင်သူများက ယူဆထားကြောင်း Business Insider က ဖော်ပြခဲ့သည်။ ဒရုန်းများသည် မူလလေယာဉ်များနှင့် ဆင်တူသည့် လက္ခဏာများ ပါရှိမည်ဖြစ်ပြီး မတော်တဆမှုများကို လျှော့ချနိုင်မည်ဖြစ်သည်
🔥4❤1
မတ်လ ၁ ရက်၊ ညနေ ၄နာရီ Mizzima News Hour မဇ္ဈိမသတင်းအစီအစဉ်
==================

-တိုင်းပြည်တည်ငြိမ်မှုနဲ့ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို NUG ကသာ အာမခံချက်ပေးနိုင်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောတဲ့သတင်း

-ကရင်နီစစ်ဘေးရှောင်စခန်းတွေမှာ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်းတွေ ပြုလုပ်ပေးနေတဲ့သတင်း

-ချင်းပြည်နယ်မှာ စစ်ကောင်စီကနှစ်လအတွင်း လေကြောင်း တိုက်ခိုက်မှု ၁၁၅ကြိမ်ထက်မနည်းပြုလုပ်တဲ့သတင်း

-မန္တလေးမှာ စစ်ကောင်စီရဲ့ ကျူးကျော်လို့သတ်မှတ်ခံရတဲ့အိမ်တွေကို ဆက်လက်ရှင်းနေတဲ့သတင်း အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/x47ztiUUi9E

#4pmnews
#Mizzimanewshour
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍14😁1🤮1
Media is too big
VIEW IN TELEGRAM
"အချစ်ပုံပြင်" LOVE STORY | Ep_16 seg_3

Watch more detail - https://youtu.be/sLRTmvn4qaI

#myanmardramaseries #lovestory #BLSeries #reels
👍2🍌1
အာဏာသိမ်းမှုကိုလက်မခံရုံဖြင့် မြန်မာနိုင်ငံရေးကိုဝင်စွက်ခွင့် လိုင်စင်မရှိကြောင်းစင်ကာပူဝန်ကြီးပြော
===================

အာဆီယံဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကိစ္စများကို ကြားဝင်စွက်ဖက်ဖို့အတွက် လိုင်စင်မရထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တာကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လက်မခံရုံနဲ့ အာဆီယံဟာ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ခွင့်ရသွားတာမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ လမ်းဆုံးကိုရောက်နေပြီ ဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟာ လွှတ်တော်အစည်းအဝေးအတွင်း မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီး အထက်ပါကဲ့သို့ ပြောဆိုသွားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ပြဿနာတွေဟာ ဒုတိယကမ္ဘာစစ်ကတည်းက ရှိနေခဲ့တာဖြစ်ပြီး အာဏာသိမ်းမှုကြောင့် ပိုလို့ဆိုးဝါးစေခဲ့တာလို့လည်း နိုင်ငံခြားရေး ဝန်ကြီးဗီဗီယန်ကပြောပါတယ်။

https://youtu.be/GGtwJaBdeM0

#Political News
#MizzimaTV
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍3👏2😁2👎1🤯1