မတ်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
====================
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံနဲ့ မြန်မာနိုင်ငံရေး ပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ်မှာ နှစ်လအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၄၀ နီးပါးကြဲချခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ ပြည်တွင်းသတင်းတွေ၊ နိုင်ငံတကာသတင်းတွေနဲ့ စီးပွားရေးသတင်းတွေကို နားဆင်ရပါမယ်။
အဲ့ဒီနောက်မှာတော့ Spring University က ပေးပို့တဲ့ နိုင်ငံတကာရာဇဝတ်မှုတရားရုံး အိုင်စီစီ နဲ့ပတ်သတ်တဲ့ အစီအစဉ်ကို နားဆင်ရမှာပါ။
သတင်းတွေအပြီးမှာတော့ ရေဒီယိုသတင်းဆောင်းပါးကို ဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။
https://youtu.be/QkRN1cmmUaA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
မတ်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့ ညပိုင်း မဇ္ဈိမရေဒီယို အစီအစဉ်
ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...
အာဏာသိမ်းမှုကို အာဆီယံက လက်မခံရုံနဲ့ မြန်မာနိုင်ငံရေး ပြဿနာကို ကြားဝင်စွက်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ကပြောဆိုလိုက်တဲ့ သတင်းနဲ့အတူ ချင်းပြည်နယ်မှာ နှစ်လအတွင်း စစ်ကောင်စီက ဗုံးအလုံးရေ ၁၄၀…

👍6😁1💩1
ဖားကန့်၊ မဂေါင်းတောင်ရွာတွင် အရပ်သား ၉ ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ PDFနှင့် KIA တပ်ဖွဲ့ဝင်တချို့ စစ်ဆေးခံနေရဟုဆို
===================
အဂမ်
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအုပ်စုရှိ မဂေါင်းတောင်ကျေးရွာ၌ဖြစ်ပွားခဲ့သော အရပ်သား ကိုးဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူဟုယူဆရသည့် PDF နှင့် KIA တပ်ဖွဲ့ဝင်အချို့ စစ်ဆေးခံနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့်နီးစပ်သည့် မဇ္ဈိမ၏သတင်းရင်းမြစ်များထံမှ သိရသည်။
မိုးကောင်းမြို့ ပြပြောက်ကျားအဖွဲ့ (UG Black K) အဖွဲ့ဝင်အချို့နှင့် KIA တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၂၀) မှတပ်သားအချို့ အပါအဝင် စုစုပေါင်း (၂၀) ဦးကို KIO/KIA ဌာနချုပ်တွင်ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကပြောသည်။
“ ဒီဖြစ်စဥ်မှာ အဓိကကတော့ သတင်းအမှားပေးတဲ့ သူတွေကြောင့်ပေါ့။ အခုက ဒလန်ထင်တယ်ဆိုတဲ့ ’ထင်’ တလုံးအောက်မှာ ကျူးလွန်မိသွားတာပေါ့။ ဒီကာလက ဒလန် လို့ဆိုတဲ့ အသုံးအနှုန်းက အရမ်းထိလွယ် ရှလွယ်တော့ ဒီလိုဖြစ်သွားတယ်နဲ့တူတယ်။ အခုဒီဘက်က ( KIA စစ်ဌာနချုပ်) လူတွေကို ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ဆေးမေးမြန်းနေပါပြီ။

👍15😁3
ပါဝင်တဲ့သူတွေကိုလည်း ဖမ်းထားပါပြီ”ဟု ကချင်သတင်းရင်းမြစ်ကပြောသည်။ အမှုမှန်ပေါ်ပေါက်ရေးကော်မရှင်ကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဗန်းမော်မြို့၊ မြစ်ကြီးနားမြို့၊ ဆားမှော်၊ မိုးကောင်းမြို့၊ ဖားကန့်မြို့နှင့် နမ္မတီးမြို့တို့မှ အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး KIO ဗဟိုအုပ်ချုပ်ရေးမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ စုံစမ်းစစ်ဆေးမှု များပြုလုပ်နေသည်ဟု သိရသည်။
အသတ်ခံရသူများသည် ဆားမှော်၊ နမ္မတီး၊ ဗန်းမော်အစရှိသည့် နေရာဒေသအသီးသီးမှ ဖားကန့်သို့လာရောက်ခဲ့ကြသူများဖြစ်သည်။ဇန်နဝါရီလ ၂၄ ရက်နေ့က ၎င်းတို့၏ သူငယ်ချင်းဖြစ်သူ ဦးကျော်စိုး (မိုးကောင်းမြို့နေ) ပိုင်ဆိုင်သော လဝါးကျေးရွာရှိ စိုက်ပျိုးရေးခြံသို့သွား၍ ငါးဖမ်းထွက်ကြစဉ် ယင်းနေ့၌ပင် ဖမ်းဆီးခံလိုက်ရခြင်းဟုဆိုသည်။
၎င်းတို့ဖမ်းဆီးခံရပြီး တလခန့်အကြာ ဖေဖော်ဝါရီ ၂၅ ရက်၌ သွားရောက်စုံစမ်းစစ်ဆေးစဉ် လဝါးကျေးရွာနှင့် ၂ မိုင်ခန့်အကွာတွင် ခုနှစ်ပေခန့်ကျယ်ဝန်းသော ကျင်းတခုအတွင်း ခုနှစ်ဦး၏အလာင်းနှင့် အခြားကျင်းတခုတွင် နှစ်ဦး၏ အလောင်းကို မြှုပ်နှံထားသည်ကိုတွေ့ရကြောင်း မဇ္ဈိမ၏ သတင်းရင်းမြစ်ကပြောသည်။
“ အသတ်ခံရတဲ့ကိုးယောက်ရဲ့အလောင်းတွေကို ကျင်းထဲကနေပြန်ထုတ်ပြီး ကျနော်တို့မီးသင်္ဂြိုဟ် လိုက်ပါပြီ။ ကောင်းကောင်း ပြန်ပြီးမြုပ်ပေးလိုက်တာပေါ့။ အလောင်းတွေကိုက ရွာ(လဝါးရွာ)ရဲ့ ချောင်ကျတဲ့ နေရာမှာ မြုပ်ထားတာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
သတ်ဖြတ်ခံခဲ့ရသည့် ကိုးဦးထဲမှ ခုနှစ်ဦးကို ဇန်နဝါရီ ၂၄ ရက် ည ၈ နာရီက UG Black K အဖွဲ့က မေးမြန်းရန်ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားပြီး ကျန်နှစ်ဦးကို နောက်တနေ့ ဇန်နဝါရီ ၂၅ ရက်နေ့တွင် ထပ်မံဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်က ဆိုသည်။
၎င်းတို့သတ်ဖြတ်ခံရအပြီး သုံးရက်အကြာတွင် မိုးကောင်းမြို့ပြပြောက်ကျား (UG Black K) အဖွဲ့က "ဇန်နဝါရီ ၂၄ ရက် ညပိုင်းက SNA မှ ကျော်စိုး (ခ) မင်းမင်းလှိုင်နဲ့အပေါင်းအပါ (၉) ယောက်အဖွဲ့ကို ဖမ်းဆီးရမိပြီး ဖော်ထုတ်ချက်အရ တပ်မ ၄၇ တပ်ရင်းက ကွန်မန်ဒို ထောက်လှန်ရေးဗိုလ်ကြီး ပိုင်သူစိုး (ခ) မင်းစစ်နိုင်ကို ဇန်နဝါရီ ၂၈ ရက် နေ့လယ်ပိုင်းမှာ ဖမ်းဆီးရမိခဲ့တယ်"ဟု ၎င်းတို့အဖွဲ့၏ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်တွင် မိုးကောင်းမြို့ပြ ပြောက်ကျား (UG Black K) အဖွဲ့မှ အဆိုပါထုတ်ပြန်ချက်ကို ပြန်လည်ဖျက်ခဲ့သည့်အပြင် ယင်အဖွဲ့မှတပ်သားအချို့လည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သည်ဟု ကချင်သတင်းရင်းမြစ်များက ဆိုသည်။
ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ဦးဂျန်မောလဆိုသူသည်လည်း ၎င်း၏လုံခြုံရေးအန္တရာယ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကာ သေဆုံးသူများ၏ မိသားစုဝင်များနှင့် ရပ်ရွာလူကြီးများမှ လုံခြုံသည့်နေရာသို့ ပို့ဆောင်ထားကြောင်း သိရသည်။
မဇ္ဈိမအနေဖြင့် ဦးဂျန်မောလနှင့်ပတ်သက်သည့် ကိစ္စရပ်အသေးစိတ်ကို မသိရှိရသေးဘဲ မေးမြန်းနိုင်ရန် ဆက်သွယ်နေဆဲဖြစ်သည်။
သေဆုံးခဲ့သူများမှာ ဗန်းမော်မြို့မှ အသက် (၅၄) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်တူးလွမ်၊ အသက် (၃၅) နှစ်ခန့်အရွယ်ရှိ ဦးလဇွမ်ထွယ်ရှောင်(ခ) ထွန်းအေး၊ အသက် (၅၀) နှစ်ခန့်အရွယ်ရှိ ဦးမြင့်ထွေး၊ အသက် (၂၇) နှစ်ခန့်အရွယ်ရှိ ဦးထွန်းယုံနှင့် ဦးဖိုးလေး၊ နမ္မတီးမြို့ လမ်းခွကျေးရွာမှ အသက် (၄၇) နှစ်ခန့်အရွယ် ဦးယောဟန်၊ မိုးညှင်းမြို့နယ် ဆားမှော်ကျေးရွာမှ အသက် (၂၈) နှစ်ရှိ ဒေါ်အင်ဒေါင်နန်လွမ်နှင့် ဒေါ်ဖောင်မားခေါန်ဘူ၊ အသက် (၄၉) နှစ်ခန့်အရွယ် ဦးကျော်စိုးတို့ဖြစ်ကြောင်း သိရသည်။
ရှမ်းနီပြည်သူ့စစ်ခေါင်ဆောင်ဟု အမည်ထွက်နေသည့် ဦးကျော်စိုးဆိုသူကို KIA ၊ PDF ပူးပေါင်းတပ်များမှ သွားရောက်ဖမ်းခေါ်ချိန် အတူရှိနေကြသည့်အတွက် ယခုကဲ့သို့ဖမ်းဆီးခံလိုက်ရခြင်းဖြစ်နိုင်ကြောင်း လဝါးကျေးရွာမှ သတင်းရင်းမြစ်ကသုံးသပ်သည်။
ဦးကျော်စိုးသည် ရှမ်းနီတိုင်းရင်းသားဖြစ်ကြောင်းနှင့် ဌာနေရှမ်းပြည်သူ့စစ်သင်တန်းတက်ခဲ့ဖူးသူဖြစ်ကာ လက်ရှိတွင် လဝါးကျေးရွာဘက်၌ ခြံလုပ်နေသည်မှာ နှစ် နှစ်ကျော်ခန့်ရှိပြီဟု လဝါးကျေးရွာမှ နောက်ထပ်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
ဦးကျော်စိုး၏မိသားစုနှင့် နီးစပ်သူတစ်ဦးကမူ
"သေဆုံးသူ ဦးကျော်စိုးဟာ ပြည်သူ့စစ် စစ်သားဖြစ်တယ်ဆိုတာ မမှန်ကန်ဘဲ လိမ်ညာစွပ်စွဲမှုတစ်ခုသာ ဖြစ်တယ်"ဟု ဆိုသည်။
ဖြစ်စဥ်ဖြစ်ပွားခဲ့သည့် လဝါးကျေးရွာလမ်းပိုင်းတွင် စစ်ကောင်စီ၊ရှမ်းနီ(SNA)ပူးပေါင်းတပ်ဖွဲ့နှင့် KIA၊PDFပူးပေါင်းတပ်ဖွဲ့တို့ မကြာ ခဏတိုက်ပွဲများဖြစ်ပွားလေ့ရှိပြီး အဆိုပါလမ်းပိုင်းကို ခြေကုပ်ယူနိုင်ရန်လည်း နှစ်ဖက်အားပြိုင်မှုများ ရှိနေသည်။
အထက်ပါကိစ္စရပ်များနှင့်ပတ်သက်၍ Mizzima အနေဖြင့် UG Black K အဖွဲ့ထံ မေးမြန်းရန်ကြိုးပမ်းနေပြီး အဆက်အသွယ်မရသေးပေ။ KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ မတ်လ(၁)ရက်ည ၇နာရီ ၂၁မိနစ်က ဆက်သွယ်ခဲ့ရာ ဖုန်းကိုင်ဆောင်သူက ဗိုလ်မှူးကြီးနော်ဘူ အစည်းအဝေးလုပ်နေ၍ လတ်တလောဖြေကြားနိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ပြောကြားသည်။
#ဖားကန့်မြို့နယ်
#KIA
#PDF

👍15😁2
မြင်းမူမြို့တွင် အရပ်သားကလေးငယ် ၂ ဦး အသတ်ခံရ၊ စကစတပ်က ဓားစာခံအဖြစ် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ဟုဆို
🤬7❤3👍3😁1

======================
007
မဇ္စျိမ။ ။စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင်၊ ပြီးခဲ့သည့်ရက်ပိုင်းက အရပ်သားကလေးငယ် နှစ်ဦး ခေါင်းဖြတ်အသတ်ခံခဲ့ရကြောင်း ဒေသခံများထံကသိရသည်။
“စစ်တပ်က၊ ညောင်ပင်ကန်(ရွာ)ကကလေးနှစ်ယောက်ကို၊ PDF စခန်းလိုက်ပြခိုင်းပြီး၊ ဟိုရောက်တော့ ဘုန်းကြီး ကျောင်းထဲမှာတင် ခေါင်းဖြတ်သတ်လိုက်တာပါ၊ ခေါင်းတွေကိုကွပ်ပျစ်ပေါ်မှာတစ်ခု၊ ခြံစည်းရိုးတိုင်မှာတစ်ခု ချိတ် ထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ခေါင်းဖြတ်အသတ်ခံခဲ့ရသူနှစ်ဦးသည် အသက်မပြည့်သေးသည့်ကလေးငယ်များဖြစ်ပြီး၊ အရာတော်မြို့နယ် မှ မြင်းမူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်က သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများက ဆိုသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက၊ မြင်းမူမြို့နယ်အတွင်းရှိ Zero ပြောက်ကျားတပ်ဖွဲ့ ယာယီစခန်းချရာ ကန်တော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးနေရာအား၊ ညောင်ပင်ကန် ကျေးရွာက အသက် ၁၃ နှစ်အရွယ်ကလေးနှစ်ဦးကို လိုက်ပြခိုင်းပြီး၊ ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲအတွင်း၊ စစ်ကောင်စီတပ်ဘက်က ၁၇ ယောက်သေဆုံးပြီး ကာကွယ်ရေး တပ်သားနှစ်ယောက်လည်း ကျဆုံံးခဲ့ကြောင်း၊ ထို့အပြင် သိန်းတစ်ရာဝန်းကျင်တန်သည့် မီးစက်တစ်လုံံးအပါအဝင် ကျပ်သိန်းနှစ်ရာခန့်ဆုံးရှုံးခဲ့ကြောင်း Zero ပြောက်ကျားတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရသိရသည်။
“ဖမ်းခေါ်ခဲ့တဲ့ ကလေးနှစ်ယောက်ကို၊ စခ(စစ်ကောင်စီတပ်သား)တွေက Zero အဖွဲ့ရဲ့စခန်းကို လိုက်ပြခိုင်းပြီး၊ စခန်းရောက်တော့ ကလေးတွေကို စခတွေက ရက်ရက်စက်စက် ခေါင်းဖြတ်သတ်ပစ်ခဲ့ပါတယ်၊ အသတ်ခံရတဲ့ကလေးနှစ်ယောက် ဟာ အသက် ၁၂ နှစ် ၁၃ နှစ်သာရှိသေးတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၎င်းတပ်ဖွဲ့နှင့်ဆက်သွယ်မေးမြန်းနေသော်လည်း အဆက်အသွယ်မရသေးပေ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ဝါဒဖြန့်သတင်းများတွင်လည်း၊ PDF နှစ်ဦးအားပစ်သတ်ခဲ့ကြောင်းဆိုထားပြီး၊ မီးစက်တစ်လုံးနှင့်လက်နက်ခဲယမ်းများသိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်ကိုတွေ့ရသည်။
အရပ်သားကလေးငယ်နှစ်ဦး ခေါင်းဖြတ်သတ်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍တော့ ဖော်ပြထားခြင်းမရှိပေ။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#စစ်ကောင်စီ
#ဝါဒဖြန့်သတင်းများ
#မြင်းမူမြို့နယ်
#ပြောက်ကျားတပ်ဖွဲ့

Facebook
#mizzima – Explore
explore #mizzima at Facebook
🤬7😢3👍2❤1😁1
စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေး၏တပ်ဦးနေရာတွင်ရှိနေဟု ပြည်ထောင်စုလွှတ်တော် နာယကဆို
=====================
ဂန္ဒမာ(မဇ္ဈိမ)။ ။ စစ်ကိုင်းတိုင်းသည် နွေဦးတော်လှန်ရေးအတွင်း စံနမူနာယူကြရသည့် တိုင်းဒေသကြီးဖြစ်ပြီး တော်လှန်ရေး၏ တပ်ဦးနေရာတွင်ရှိနေသည်ဟု CRPH ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်ကပြောသည်။
မတ်လ ၁ ရက်နေ့ ပြုလုပ်ကျင်းပခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် တတိယအကြိမ် ပုံမှန်အစည်းအဝေးမိန့်ခွန်းတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်ကြည်ညွန့်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" စစ်ကိုင်းတိုင်းအတွင်းမှာရှိကြသော ပြည်သူများနှင့် ပြည်သူ့ကိုယ်စားလှယ်များဟာ ပေးဆပ်မှုပေါင်း မြောက်များစွာနဲ့ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ မဆုတ်မနစ် ပါဝင်ဆင်နွှဲနေကြတာ ကမ္ဘာကပင် အသိအမှတ်ပြုနေရပါတယ်။ ဘဝကိုပေးဆပ်ပြီး လမ်းသစ်ဖောက်ကာ လျှောက်လှမ်းနေကြရတာလည်းဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်က ဆိုသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များသည် လူထုလူတန်းစား အလွှာအသီးသီးမှ ရောက်ရှိလာကြသူများ ဖြစ်သော်လည်း ပြည်သူများ၏လိုလားချက်ကို ဖြည့်ဆည်းပေးရန်ဟူသည့် ခံယူချက်တူညီစွာဖြင့် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ၎င်းက ဆက်လက်ပြောသည်။
"ပြည်သူကို ကိုယ်စားပြု တဲ့ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီ အခွင့်အရေးများကို မှန်မှန်ကန်ကန်ကျင့်သုံးပြီး တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိကာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး စောင့်ထိန်းရမယ့် ကျင့်ဝတ်သိက္ခာနဲ့အညီ ပြုမူကျင့်ကြံ လုပ်ဆောင်ကြရမှာလည်း ဖြစ်ပါတယ် " ဟု ဦးအောင်ကြည်ညွန့်ကဆိုသည်။
လွှတ်တော် ကိုယ်စားလှယ်များအားလုံးသည် မိမိတို့မဲဆန္ဒနယ်မြေမှ ပြည်သူများ၏ စုစည်းမှုအင်အားကိုအခြေပြုကာ နွေဦးတော်လှန်ရေးအင်အားစုများနှင့် လက်တွဲပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကာ နွေဦးတော်လှန်ရေး အောင်ပွဲဆီသို့ ဆက်လက် ချီတက်ကြမည်ဟု ဦးအောင်ကြည်ညွန့် က နိဂုံးချုပ်ပြောကြားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်သို့ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးရေ ၇၆ ဦး တက်ရောက်ခွင့်ရှိသည့်အနက် တက်ရောက်သူဦးရေ ၄၃ ဦးရှိခဲ့ပြီး နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပွားနေသည့် တော်လှန်ရေးကာလ အခြေအနေများအား ဆွေးနွေးခဲ့ကြသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း နေအိမ်၊ အဆောက်အအုံ မီးရှို့ဖျက်ဆီးခံရမှု စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းသည် စစ်ကိုင်းတိုင်အတွင်းဖြစ်ပွားခဲ့ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့အထိ နေအိမ်ပေါင်း ၅၇,၈၀၇ လုံး မီးရှို့ခံခဲ့ရကြောင်း ISP Myanmar က ထုတ်ပြန်သည်။
အလားတူ PDF များအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု များအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုအများအပြားကို စစ်ကောင်စီတပ်က ကျူးလွန်ခဲ့ကြောင်း NUG မှလည်း ရေးသား ထုတ်ပြန်ထားသည်။
စာတည်း ။ ။ Alden
#စစ်ကိုင်းတိုင်း
#လွှတ်တော်
#နွေဦးတော်လှန်ရေး
#CRPH

👍17🤮3😁1
နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ မတ် ၂၀၂၃ )
====================
· အကြမ်းဖက်စစ်ကောင်စီမှ မြန်မာ့သံယံဇာတများကို ထုတ်ရောင်းချရန် စီစဉ်နေသည်ကို ကြည့်ခြင်းဖြင်း နိုင်ငံခြားဝင်ငွေလိုအပ်နေဖွယ်ရှိသည်။
------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3🔥2😁2
National Unity Government (NUG)၏ PVTV Channel မှ ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ထုတ်လွှင့်မှုများ
===============
https://youtu.be/LiedidAPogQ
#PVTV
#MizzimaTV

လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး…

👍5🔥1😁1