Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
🤬7🔥1
ဖားကန့်၊ ရှရော်ခရွာကို စစ်ကောင်စီဝင်စီးနင်းပြီး ဒေသခံ ၁၀၀ ကျော်ဖမ်းဆီးထား၊ ပြန်လွှတ်မပေးသေးဟု ဒေသခံများပြော
=======================

အဂမ်
မဇ္ဈိမ။ ။ ဖားကန့်မြို့နယ်၊ရှရော်ခကျေးရွာကို ယမန်နေ့က စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့်ဝင်စီးနင်းပြီး‌နောက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် အရပ်သား ၁၀၀ ကျော်သည် ယနေ့မတ်လ၂ရက် နံနက်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံများကပြောသည်။

ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စုအတွင်းရှိ ရှရော်ခ(Sharaw Hka)ကျေးရွာကို ယမန်နေ့မတ်လ ၁ရက်ညနေ ၄ နာရီခန့်တွင် စစ်ကောင်စီတပ်ကအင်အားအလုံးအရင်းဖြင့် စီးနင်းခဲ့ခြင်းဖြစ်သည်။ ကျောက်စိမ်းတူးသည့်အလုပ်လုပ်နေသော ရွှေ့
ပြောင်းလုပ်သားများအပါအဝင် ၁၀၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဖြစ်စဥ်အား တွေ့မြင်ခဲ့သည့် ဒေသခံတစ်ဦးက မဇ္ဈိမအား ပြောသည်။

''အရွယ်ကောင်းတဲ့ အမျိုးသား၊အမျိုးသမီးတွေ အ ကုန်လုံးကို ဖမ်းခေါ်သွားတာဟုတ်တယ်။ လူ ၁၀၀ လောက်တော့ ရှိမယ်။ အဲ့ထဲမှာ ကျနော်တို့ရဲ့ ရပ်မိရပ်ဖတွေရော ပါသွားတယ်"ဟု အထက်ပါ ဒေသခံကပြောသည်။

စစ်ကောင်စီတပ်သည် သေနတ်များ ပစ်ဖောက်၍ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး အသက် (၁၈) နှစ်အောက် ဆယ်ကျော်သက်လူငယ်များကို အများဆုံး ဖမ်းဆီးသွားကြောင်း သိရသည်။
" ဖမ်းသွားတာ ၁၃၅ ယောက်အထိ ရှ်ိနိုင်တယ်။ ဒီမနက်အထိ ပြန်မလွှတ်သေးပါဘူး။ သူတို့အတွက် စိတ်ပူနေရပါတယ်" ဟု ဖားကန့်ဒေသခံတစ်ဦးက ယနေ့ မတ်လ ၂ရက် နံနက်၉နာရီခန့်တွင် ပြောသည်။

အဖမ်းခံရသူအများစုမှာ ရှရော်ခရွာ စွန့်ပစ်မြေစာပုံအနီးတွင် နေထိုင်သူများဖြစ်ကြသည်။ရှရော်ခကျေးရွာတွင် နေထိုင်နေကြသူများမှာ စစ်ကိုင်းတိုင်း ပုလဲနှင့်ဂန့်ဂေါမြို့နယ်ဘက်မှ ပြောင်းရွေ့လာသူများဖြစ်ကြပြီး ရေးဆေးကျောက်ရှာဖွေခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေကြသူများဖြစ်သည်။

၎င်းတို့ကို ဖေဖော် ဝါရီလ (၂၅) ရက် နောက်ဆုံးထားကာ ထိုနေရာမှ အမြန်ဆုံး ပြောင်းရွေ့ရန် စစ်ကောင်စီက ဖေဖော်ဝါရီ လလယ်တွင် အမိန့်ပေးခဲ့သည်ဟု ဒေသခံများကပြောသည်။

ထို့နောက် ‌မတ်လ ၁ရက် ညနေတွင် ရွာကိုရုတ်တရက်ဝင်စီးနင်းပြီး အရပ်သားများကို ဖမ်းဆီးခြင်းဟု သိရသည်။

ဖမ်းဆီးခံရသူများကို ရှရော်ခကျေးရွာအနီးရှိ ရတနာမိုးမြေ ကျောက်စိမ်းလုပ်ကွက်အတွင်း ထားရှိကာ စစ်ကောင်စီတပ်က စစ်ဆေးနေသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရပြီး ၁၈နာရီခန့်ထိ ပြန်လွှတ်မြောက်လာခြင်းရှိသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။

Photos- ရှရော်ခ ကျေးရွာမြင်ကွင်း
စာတည်း - မောင်ကြီး

#ဖားကန့်မြို့နယ်
#ရှရော်ခကျေးရွာ
#အရပ်သား ၁၀၀ ကျော်
#လွတ်မြောက်လာခြင်းမရှိသေး
🔥2👍1😁1
​​တရုတ်က အနောက်တိုင်းနည်းပညာများရယူရန် တရားရုံးများကို အသုံးချနေ
=====================

အမေရိကန်နှင့်ပဋိပက္ခများ ကြီးထွားလာချိန်တွင် တရုတ်နိုင်ငံသည် ပြည်ပရှိ ဉာဏပစ္စည်းမူပိုင်ခွင့်ကို ချိုးဖောက်ရန်နှင့် တရုတ်စီးပွားရေးလုပ်ငန်းများ အထူးသဖြင့် နည်းပညာ၊ ဆေးဝါးများနှင့် မြေရှားသတ္တုလုပ်ငန်းများကို အကူအညီပေးရန် ၎င်း၏ တရားရုံးများနှင့် မူပိုင်ခွင့်ဆိုင်ရာအဖွဲ့များကို အသုံးပြုနေသည်ဟု အမေရိကန်နှင့် ဥရောပသမဂ္ဂ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

တရုတ်သည် အမေရိကန်ကုမ္ပဏီများထံမှ နည်းပညာ ခိုးယူရန် နည်းလမ်းများစွာ အသုံးပြုထားသည်။ အခြားနိုင်ငံများမှ နည်းပညာများကို ဖောက်ထွင်းခိုးယူမည့် တရုတ်၏ အစီအစဉ် နမူနာပုံစံကို Wall Street ဂျာနယ်က ၂၀၁၈ ခုနှစ်တွင် ထုတ်ဖော်ခဲ့သည်။ 

DuPont ကုမ္ပဏီသည် တရုတ်ရှိ ၎င်း၏မိတ်ဖက်ကုမ္ပဏီဟောင်းတစ်ခုက ၎င်း၏ အဖိုးတန် ဓာတုနည်းပညာကို ရယူထားသည်ဟု သံသယရှိကာ အဆိုပါအခြေအနေအား ရပ်တန့်ရန် ခုံသမာဓိရုံးတွင် ၁ နှစ်ကျော်ကြာ အမှုအခင်းဖြစ်ပွားခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံရှိ လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေးအာဏာပိုင် အဖွဲ့မှ စုံစမ်းစစ်ဆေးရေးမှူး အယောက် ၂၀ က ကုမ္ပဏီကို ဝင်ရောက်စီးနင်းခဲ့သည်။
😁3👍1
​​TNLA ဒုစစ်ဦးစီးချုပ်မှာ ၉၆ ပါးသောရောဂါြဖင့် ကွယ်လွန်ခြင်းသာဖြစ်
====================

TK
မဇ္ဈိမ။ ။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်(ခ)တားမူစယ်ကွယ်လွန်ခြင်းသည် အချင်းချင်းလုပ်ကြံခံရမှုကြောင့်ဖြစ်သည်ဟု လူမှုကွန် ရက် တွင် သတင်းဖြန့်ဝေမှုများ ရှိနေသည်။ သို့သော် ထိုအဆိုမှာ မှားယွင်းနေသည်။

TNLA မှ ဒုစစ်ဦးစီးချုပ်သည် ရောဂါကြောင့်ကွယ်လွန်ခြင်းမဟုတ်ဘဲ PDF များ၏ လုပ်ကြံခြင်းကြောင့် သေဆုံးခြင်းဖြစ်ကြောင်း "Myanmar Won" အမည်ရှိ လူပေါင်း ၃,၀၀၀ ကျော်မှ ကြိုက်နှစ်သက်ကြောင်း ပြောထားသည့် ဖေ့စ်ဘုတ်ပေ့ချ်တစ်ခုမှ စတင်ဖြန့်ဝေခဲ့သည်။ ထိုအဆိုမှာ တယ်လီဂရမ်ချန်နယ် ငါးခုတွင် ပျံ့နှံ့ခဲ့ပြီး ၂၀,၀၀၀ နီးပါးမှ ဖတ်ရှုထားသည်။

TNLA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော်ကွယ်လွန်ကြောင်းကို TNLA ၏ သတင်းထုတ်ပြန် ရေးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါထုတ်ပြန်ကြေညာချက်အပြီး ဖေဖော်ဝါရီလ ၂၂ ရက်တွင်ထုတ်ပြန်သည့် ဒုစစ်ဦးစီးချုပ်၏ အတ္ထုပ္ပတ္တိဘဝဖြစ်စဉ်အကျဉ်းတွင် ဗိုလ်မှူးကြီး တားအလှော်သည် ( ခ ) တားမူစယ်သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၄ နာရီ ၁၆ မိနစ်တွင် ၉၆ ပါးသောရောဂါဖြင့် ဘဝတပါးကူးပြောင်းသွားကြောင်း ထုတ်ပြန်ကြေညာထားသည်။

ကြေညာချက် လင့် https://bit.ly/41yzCBn
TNLA ပြောခွင့်ရပုဂ္ဂိုလ်နှင့်နီးစပ်သူအသိုင်းအဝိုင်းထံ ဒုစစ်ဦးစီးချုပ်ကွယ်လွန်မှုနှင့်ပက်သက်ပြီး ဆက် သွယ်မေးမြန်းရာတွင် “ဒုဦးစီးချုပ်က ၉၆ ပါးရောဂါဖြင့်ကွယ်လွန်သွားပါတယ်" ဟု အတည်ပြု ဖြေကြား သည်။

ထို့ကြောင့် လက်ရှိလူမှုကွန်ရက်တွင်ပျံ့နှံ့နေသည့် TNLA ဒုစစ်ဦးစီးချုပ်ကွယ်လွန်ခြင်းသည် အချင်းချင်း လုပ်ကြံခံရခြင်းကြောင့်ဖြစ်သည်ဆိုသည်မှာ လုပ်ကြံရေးသားထားသည့် သတင်းတစ်ပုဒ်သာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#TNLA
#ဒုတိယစစ်ဦးစီးချုပ်
#တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
👍7😁3
​​ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ သားသမီးများကိုမွေးစာရင်း ထုတ်ပေးမည်ဟု NUG ကြေညာ
===================

002
ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ သားသမီးမ်ားကို မွေးစာရင်းလက်မှတ်ထုတ်ပေးမည်ဟု NUG အစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ် ၁ ရက်တွင် ကြေညာသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိ နေကြသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသည့် သားသမီးများအတွက် မွေးစာရင်း လက်မှတ် ထုတ်ပေးရေး လုပ်ငန်းအား ၂၀၂၃ ခုနှစ် ၊ မတ် ၁ ရက်မှစ၍ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများသိရှိ၊ လျှောက်ထား ဆောင်ရွက်နိုင်ရေးအတွက်အသိပေး ထုတ်ပြန်ရခြင်း ဖြစ်သည်ဟု NUG က ဆိုသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် သား/သမီးများအတွက် မွေးစာရင်းလက်မှတ် လျှောက်ထားထုတ်ယူနိုင်ရေးအတွက် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၏ website လိပ္စာ https://mohai.nugmyanmar.org/ နှင့် Immigration Department of MoHAI-NUG Facebook page တို့သို့ ဆက်သွယ်ချိတ်ဆက်၍ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးချိန်မှစပြီး နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးအပါအဝင် ကဏ္႑အသီးသီး၌ အလုံးစုံ ယိုယွင်းပျက်စီးလျက်ရှိကြောင်း ပြည်သူများသိရှိပြီး ဖြစ်သည်ဟု NUG က ဆိုသည်။

NUG အနေဖြင့် ပြည်သူများ ရင်ဆိုင်နေရသော စီးပြားပ်က္ကပ္မ်ား၊ လူနေမှုဘဝ မလုံခြုံမှုများ၊ ဘေးဒုက္ခများမှ လျော့ပါးသက်သာနိုင်ရေး အတွက် အဘက်ဘက်မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်လျက်ရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
👍15😁4👏1🤣1
မတ်လ 2 ရက်နေ့ မနက်ပိုင်း ၁၁ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍1🔥1
​​စစ်ခေါင်းဆောင်က ၎င်း၏ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်
=========================

001
မဇ္စျိမ။ ။ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ချီးမြှင့်လိုက်ကြောင်း မတ်လ ၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

၎င်းတို့အနေဖြင့် ဗုဒ္ဓသာသနာတော်ကို ပစ္စည်းလေးပါးတို့ဖြင့် ထူးခြားစွာထောက်ပံ့လှူဒါန်းခဲ့သည့်အတွက် အဂ္ဂမဟာ သီရိသုဓမ္မသိင်္ဂီဘွဲ့တံဆိပ်ကို ချီးမြှင့်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဘွဲ့တံဆိပ်ရရှိသူများတွင် သမ္မတဟောင်း ဦးသန်းစိန်၏ ဇနီး ဒေါ်ခင်ခင်ဝင်း၊ လက်ရှိ စစ်ကောင်စီ၏ ယာယီသမ္မတ ဦးမြင့်ဆွေ၏ ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေး၏ ဇနီး ဒေါ်မြမြစန်း၊ ဒုသမ္မတဟောင်း ဒေါက်တာစိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုံနှင့် ဗိုလ်ချုပ်ကြီးဟောင်း စိုးဝင်း၏ ဇနီး ဒေါ်သန်းသန်းနွဲ့တို့လည်း ပါဝင်သည်။

ထို့အပြင် စစ်ကောင်စီက လွတ်လပ်​ရေးရပြီး ၇၅နှစ်တာကာလအတွင်း နိုင်ငံ့တာဝန်များ စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများဟုဆိုပြီး ဝန်ကြီး ၊ ဒုဝန်ကြီး​​ဟောင်းများ၊ သံအမတ်ကြီးဟောင်းများနှင့် ညွန်ကြားရေးမှူးချူပ်​​ဟောင်းများ စုစုပေါင်း ၃၇ ဦးအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ မတ်လ ၂ ရက်နေ့က ချီးမြှင့်ခဲ့သေးသည်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်က ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့၊ အမျိုးသား အောင်ပွဲနေ့တို့တွင်လည်း လူပုဂ္ဂိုလ် အများအပြားအား ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းများ ပြုလုပ်ခဲ့သည်။
😁18💩7👍3🤮2🖕2
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
🤬5🔥1
ယင်းမာပင်မြို့နယ် ကုန်းရွာတွင် စစ်တပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကို မီးရှို့ပြီး ပြည်သူ ၃ ဦး ကို ပစ်သတ်
======================

လွှမ်းမိုး
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကုန်းရွာတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်နေအိမ် ၆၀၀ ခန့်ကိုမီးရှို့ပြီး ပြည်သူ သုံးဦးကိုပါ ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ယင်းမာပင်အနောက်ခြမ်းတွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်မှ အိမ်ခြေ ၇၅၀ ခန့်ရှိသည့် ကုန်းရွာမှနေအိမ်များကို ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီတွင် မီးတင်ရှို့ခဲ့ခြင်းဟု ဆိုသည်။

“ ည မှောင်ရီတန်း အချိန်ကနေစပြီး မီးတောက်တွေကို အဝေးကနေ မြင်နေရတာပေါ့ ။ ရွာက ကြီးပြီး အိမ်ခြေကစိတ်တော့ တော်တော်လေး ဆုံးရှုံးမှူများသွားတယ်။ အခု မီးလောင်အိမ်ခြေ စာရင်းလုပ်ကြည့်တာတော့ ပြာကျသွားတဲ့ အိမ်ခြေ ၆၀၀ လောက်တော့ ရှိမယ်” ဟု ၎င်းက ဆိုသည်။

ထို့အပြင် ကုန်းရွာတွင် နေထိုင်သည့် အသက် ၆၀ အရွယ် ဦးဆန်းလင်း၊ အသက် ၄၃ နှစ်အရွယ် ကိုအေးလွင် နှင့်အတူ စစ်ကြောင်းတွင် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်လာသည့် အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးတို့ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင်လည်း ယင်းမာပင်မြို့နယ်၊ တာဝကျေးရွာရှိ ပြည်သူပိုင်နေအိမ် အလုံး ၂၀ ကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ယင်းမာပင် မြို့နယ်တွင် စစ်ကောင်စီတပ်၏ စစ်ကြောင်း နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်ထိတွေ့မှုများ ဆက်လက်ဖြစ်ပွားနေပြီး ပေါက်ပန်းဖြူ ၊ ဇီးတော၊ ရင်ပေါင်တိုင် ၊ ကျွန်းတော ၊ မြင်သာကုန်း ၊ မေတ္တာကုန်း ၊ နတ်ထောက် ၊ စားတော်ပြင် စတဲ့ ကျေးရွာများမှ ဒေသခံ ပြည်သူ ၉,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#ယင်းမာပင်မြို့နယ်
#ကုန်းရွာ
#မီးရှို့
#စစ်ကြောင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🤬4❤1
Belarus leader 'fully supports' China's Ukraine peace plan
=====================

Belarus President Alexander Lukashenko tells his Chinese counterpart Xi Jinping that his country "fully supports" Beijing's proposals for ending the Ukraine conflict. "Belarus is actively coming up with peace proposals, and fully supports the initiative on international security you have put forward," Lukashenko explains, referring to a position paper by Beijing on Moscow's offensive in Ukraine insisting it is a neutral party and calling for dialogue.

https://youtu.be/ORw1wGeNUp8

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍2🔥1