ဖယ်ခုံတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်နေပြီး ကျောင်းသားနှစ်ဦး သေဆုံးဟု KNDFထုတ်ပြန်
=====================
မဇ္ဈိမ။ ။ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းအတွင်း စာကျက်နေသည့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၁) - KNDF B (11) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၈ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်က ဖယ်ခုံ စကစတပ်မှ ဖယ်ခုံမြို့နယ်အတွင်းရှိ ကျေးရွာများသို့ အကြောင်းမဲ့ လက်နက်ကြီးများပစ်ခတ်မှုကြောင့် ခေါင်းအိကျေးရွာအုပ်စုမှ ဘုန်ကြီးကျောင်းတကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းကြီးကျောင်းတွင် စာကျက်နေသော ဆယ်တန်းကျောင်းသားညီအစ်ကိုနှစ်ဦးဒဏ်ရာရကာ သေဆုံးခဲ့သည်ဟု KNDF က ထုတ်ပြန်ထားသည်။သေဆုံးသူ ညီအစ်ကိုနှစ်ဦးမှာ အသက်(၁၉)နှစ် နှင့်အသက်(၁၅)နှစ် အရွယ်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လက်နက်ကြီးကျည်ကြောင့် ဘုန်းကြီးကျောင်းဓမ္မာရုံနှင့် ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတုများ၊မီးစက်နှင့် အခြားသောအသုံးအဆောင်ပစ္စည်းများစွာ ပျက်စီးခဲ့ရသည်ဟု KNDF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ထိပ်တိုက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများနေထိုင်ရာကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟုKNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၂၇ ရက် ည၈နာရီခန့်ကလည်း ဖယ်ခုံ စကစတပ်မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်ခြင်းကြောင့် ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာတရွာတွင် လက်နက်ကြီး ကျည်သုံးလုံးကျရောက် ပေါက်ကွဲရာ ဘုန်းကြီးကျောင်းတွင် ရှိနေသော အသက် (၄၀) အရွယ် အမျိုးသားတဦးနှင့် (၈) နှစ်အရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ယင်းနေ့ည၉ နာရီခန့်တွင်လည်း ဖယ်ခုံစကစတပ်မှ လက်နက်ကြီးများ ထပ်မံပစ်ခတ်ရာ ဖယ်ခုံအနောက်ဘက်ခြမ်းရှိကျေးရွာတစ်ရွာသို့ ကျရောက်ပေါက်ကွဲပြီး ဒေသခံနှစ်ဦးထိခိုက် ဒဏ်ရာရကြောင်း၊ ဆက်သွယ်ရေး အခက်အခဲကြောင့် ထိခိုက်မှုအခြေအနေများကို အသေးစိတ်မသိရသေးကြောင်း KNDFက ထုတ်ပြန်ထားသည်။
ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက်နီးပါး အကြောင်းမဲ့ ပစ်ခတ်နေသဖြင့် ပြည်သူများ ဘေးကင်းလုံခြုံရေးအတွက် သတိဝီရိယဖြင့် နေထိုင်ကြရန် KNDFက တ်ိုက်တွန်းထားသည်။
ဖယ်ခုံမြို့နယ်တွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင်ပါဝင်ပြီး ကရင်နီပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသည်။
စာတည်း -မောင်ကြီး
#ဖယ်ခုံမြို့နယ်
#စစ်ကောင်စီလက်နက်ကြီးကျည်
#ကျောင်းသားနှစ်ဦးသေဆုံး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U

👍3❤2🤬2😁1
စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ပြော
====================
002
စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမျှ လုံခြုံမှုမရှိသည်ကို သိစေရမည်ဟု NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF တပ်ဖွဲ့များသို့ ပြောကြားသည့် မိန့်ခွန်း၌ ထည့်သွင်းပြောကြားသည်။
" အမျိုးသားညီညွတ်ရေးအစိုးရနဲ့PDF တပ်မတော်ရဲ့ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ ပါဝင်မှုဟာလည်း ပိုပြီး အားကောင်းလာတဲ့အတွက် မကြာခင်မှာ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျုဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်လိမ့်မယ်လို့ ယုံကြည် တယ်။ ပြည်သူကို ဆန့်ကျင်တဲ့ အကြမ်းဖက်စစ်ကောင်စီအဖို့ နေပြည်တော်အပါအဝင် ဘယ်နေရာမှာမှ လုံခြုံရာရှာမရနိုင်ဘူး ဆိုတာ သူတို့သိစေရမယ်" ဟု ဦးရည်မွန်က ပြောသည်။
ဖေဖော်ဝါရီ တစ်လအတွင်း စစ်တိုင်းနှင့် စစ်ဒေသ သုံးခုလုံးတွင် တနိုင်ငံလုံးအတိုင်းအတာနှင့် တပြိုင်နက်တည်း ဟန္ခ်က္ညီ စစ်ဆင်မှု အကြိမ် ၇၀ တိတိ ဖော်ဆောင်နိုင်ခဲ့ ကြောင်း၊ တိုက်ပွဲဖော်ဆောင်ခဲ့သည့် ဒေသများမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် နေပြည်တော်တို့ဖြစ် ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။
"တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကိုတော့ ၂၄ နာရီအတွင်း တပြိုင်တည်း ဟန္ခ်က္ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။ ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း နှစ်ခုနဲ့ ရဟတ်ယာဉ်ကွင်း တစ်ခု၊ ကပစစက်ရုံ သုံးခု၊ တိုင်းစစ်ဌာနချုပ် တစ်ခုနဲ့ တပ်မဌာနချုပ် တစ်ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း ၂၆ ခု၊ ရဲစခန်း ကိုးခု၊ ရန်သူ့စစ်ကြောင်း နှစ်ခု၊ ပျုစောထီးစခန်း၁၅ ခုတို့ ပါဝင်တယ်" ဟု ဦးရည်မွန်က ပြောသည်။
စစ်ဆင်မှုများမှာ စစ်ကောင်စီအတွက် စိတ်ပိုင်းနှင့်ရုပ်ပိုင်းများကို အထိနာစေခဲ့ကြောင်း၊ PDF များအတွက် အဆုံးအဖြတ်တိုက်ပွဲ များအတွက် ယုံကြည်မှုတိုးပွားစေကြောင်း၊ တိုက်ပွဲဝင်မှု အားနည်း နေသည့် ဒေသများတွင် လိုအပ်သည့် ပြင်ဆင်မှုများ၊ အားဖြည့်တင်း မှုများလုပ်ဆောင်နေကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။
" ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်။ ပြည်သူထောက်ခံတဲ့ တော်လှန်ရေးဖြစ်တဲ့ အားလျော်စွာ တစ်နိုင်ငံလုံးအကြားအလပ်မရှိ အင်အားတည်ဆောက်ပြီး အကြားအလပ်မရှိ တိုက်ပွဲဝင် ကြဖို့ဖြစ်တယ်။ ဒါသည်ပင် နွေဦးပြည်သူ့တော်လှန်ရေးရဲ့ ထူးခြားချက်ဖြစ်သလို အားသာချက်လည်း ဖြစ်တယ်" ဟု ဦးရည်မွန်က ပြောသည်။
တိုင်းဒေသများနည်းတူ ပြည်နယ်များတွင်လည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် PDF ရဲဘော်များ လက်တွဲပြီး မြို့ပြစစ်ဆင်မှုနှင့်စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြ ကြောင်း၊ ယင်းသို့လုပ်ဆောင်နိုင်ခြင်း မွာ PDF တပ်မတော်၏ စစ်ရေးစွမ်းရည် နောက်တဆင့် တိုးတက် လာမွုကို ဖော်ပြသည့် ပြယုဒ်တစ်ခုဖြစ်သည်ဟု ကာကွယ်ရေး ဝန်ကြီးက ပြောသည်။

👍25👏5😁3
စစ်ကောင်စီကိုချေမှုန်းရန်တိုက်ခိုက်ရေးပစ္စည်းများလိုအပ်ကြောင်းYANGON - RANGERSမြို့ပြအဖွဲ့ပြော
=====================
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်တဲ့ YANGON - RANGERS အနေနဲ့ မြို့ပြမှာခြေကုပ်ယူထားတဲ့ စစ်ကောင်စီကိုချေမှုန်းဖို့ တိုက်ခိုက်ရေးပစ္စည်းတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် အလှူငွေကောက်ခံနေပြီး လိုအပ်ရတဲ့အကြောင်းအရင်းကိုလည်း ပြော ကြားခဲ့ကာ တော်လှန်ရေးကာလ အစပိုင်းနဲ့ အရှိန်ရလာတဲ့ ယခုလိုအချိန်မျိုးတွေမှာ စစ်ကောင်စီကို တိုက်ခိုက်ရတဲ့အပေါ် ကွာခြားမှုတွေရှိလာတဲ့အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ယခုရုပ်သံကို မဇ္ဈိမရဲ့ သတင်းထောက် ဂန္ဒမာက တင်ဆက်ထားပါတယ်။
https://youtu.be/n5RWLYEPMDM
ရုပ်သံ
တည်းဖြတ်/တင်ဆက် - ဂန္ဒမာ
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

YouTube
စစ်ကောင်စီကိုချေမှုန်းရန်တိုက်ခိုက်ရေးပစ္စည်းများလိုအပ်ကြောင်းYANGON - RANGERSမြို့ပြအဖွဲ့ပြော
ဂန္ဒမာ
(မဇ္ဈိမ)။ ။ရန်ကုန်အခြေစိုက်အဖွဲ့တစ်ခုဖြစ်တဲ့ YANGON - RANGERS အနေနဲ့ မြို့ပြမှာခြေကုပ်ယူထားတဲ့ စစ်ကောင်စီကိုချေမှုန်းဖို့ တိုက်ခိုက်ရေးပစ္စည်းတွေလိုအပ်နေတယ်လို့ သိရပါတယ်။
ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် အလှူငွေကောက်ခံနေပြီး လိုအပ်ရတဲ့အကြောင်းအရင်းကိုလည်း…

👍18😁2
ဖေဖော်ဝါရီလအတွင်း တိုက်ပွဲအကြိမ် ၇၀ ဖော်ဆောင်နိုင်ခဲ့၍ PDF တပ်မတော်၏ ဂုဏ်ယူစရာ "လ” ဟု ဦးရည်မွန်ပြော
==================
ရွှေနွယ်
မဇ္ဈိမ။ ။ ဖေဖော်ဝါရီလအတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ၊ PDF တပ်ရင်းများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တစ်ပြိုင်နက်တည်း ဟန်ချက်ညီညီဖြင့် စစ်ဆင်မှုပေါင်း အကြိမ် ၇၀ ဖော်ဆောင်နိုင်ခဲ့သောကြောင့် ဖေဖော်ဝါရီလဟာ PDF တပ်မတော်အတွက် ဂုဏ်ယူစရာလ တစ်လ ဖြစ်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။
အဆိုပါ တိုက်ပွဲများကို စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ နေပြည်တော်တို့တွင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ပွဲ ကို ၂၄ နာရီအတွင်း တစ်ပြိုင်တည်း ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
"ဒီလို Coordinated Attacks ဖော်ဆောင်နိုင်ခြင်းဟာ PDF တပ်မတော်ရဲ့ စစ်ရေးစွမ်းရည် နောက်တစ်ဆင့် တိုးတက်လာမှုကို ဖော်ပြတဲ့ ပြယုဂ်ဖြစ်တယ်။ ဒါဟာ Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနဲ့ လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှုရဲ့ ရလဒ်လို့လည်း ဆိုနိုင်ပါတယ်” လို့ ဦးရည်မွန်မှပြောသည်။
အဆိုပါ စစ်ဆင်မှုများအတွင်း စစ်ကောင်စီ၏ လေတပ်စခန်း နှစ်ခု၊ ရဟတ်ယာဉ်ကွင်း တစ်ခု၊ ကပစစက်ရုံ သုံးခု၊ တိုင်းစစ်ဌာနချုပ် တစ်ခု၊ တပ်မဌာနချုပ် တစ်ခု၊ စစ်ကောင်စီအထိုင်တပ်နှင့် နောက်တန်းစခန်း ၂၆ ခု၊ ရဲစခန်း ကိုးခု၊ စစ်ကောင်စီစစ်ကြောင်း နှစ်ခုနှင့် ပျူစောထီးစခန်း ၁၅ ခုတို့ ပါဝင်ကြောင်းသိရသည်။
ထိုကဲ့သို့တိုက်ခိုက်ခဲ့မှုများဟာ တော်လှန်ရေးအင်အားစုဘက်မှ မဟာဗျူဟာက ကွက်ပြည့်နင်းတဲ့ဗျူဟာဖြစ်ပြီး စစ်ကောင်စီကို စိတ်ပိုင်းရော ရုပ်ပိုင်းပါ အထိနာစေခဲ့သလို PDF တပ်မတော်အနေနဲ့လည်း အဆုံးသတ်တိုက်ပွဲများ ဆက်လက်ဆင်နွှဲနိုင်ရန်အတွက် ယုံကြည်မှု ပိုမိုတိုးပွားစေခဲ့ကြောင်း ဦးရည်မွန်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ ပါဝင်မှုဟာလည်း ပိုမိုအားကောင်းလာသည့်အတွက် မကြာမီတွင် ပြည်သူ့တော်လှန်ရေးရဲ့မဟာဗျူဟာအတိုင်း ပိုပြီး ကွက်ပြည့်နင်းနိုင်မည်ဟု ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရည်မွန်က ပြောသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#အမျိုးသားညီညွတ်ရေးအစိုးရ
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#မဟာမိတ်
#တိုင်းရင်းသားတော်လှန်ရေးအဖွဲ့

👍21😁3❤2
ဇွဲကပင်တောင်တွင် တောမီးလောင်နေ
=============
YT
(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်တောင်တွင် မတ်လ ၁ ရက်နေ့ ည ၇ နာရီက တောမီး စတင်လောင်ကျွမ်းခဲ့ပြီး ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းအထိ မီးညွန့်ကျန်နေသေးကာ ဆက်လက် လောင်ကျွမ်းနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ဒေသခံများက မဇ္ဈိမကို ပြောသည်။
ဇွဲကပင်တောင် တောမီးသည် လွန်ခဲ့သည့် နှစ်ရက်ခန့်ကတည်းက စတင်လောင်ကျွမ်းနေခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ညတွင် မီးများလာခြင်းဖြစ်ကြောင်း ဇွဲကပင်တောင် ဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တောမီးလောင်တာပါ။ ညကတော့ တောင်အောက် ဟိုတယ်ဇုန်နားမှာ တစ်ချက်လောင်တယ်။ ကေဘယ် (Cable) လိုင်းကြိုးတွေနားမှာလည်း လောင်တယ်။ ကေဘယ်နားကတဲတွေလည်း တစ်ဝက်လောက် လောင်သွားပါတယ်” ဟု ၎င်းက မဇ္ဈိမကိုပြောသည်။
“ညက လျှပ်စစ်မီးလည်းရနေတော့ ရေတင်ပြီး တောင်ပေါ်ကနေ ည ၁၂ နာရီလောက်ထိ တောင်ပတ် ပတ်လည်ကို တောက်လျှောက်ရေဖျန်းပြီး မီးသတ်ခဲ့ပါတယ်။ အဲဒီတောမီးက ဒီနေ့ မနက် ၉ နာရီ ၁၀ နာရီ လောက်မှာ ဇွဲကပင်တောင်ရဲ့ အရှေ့ဘက်တောင်နှာမောင်းလို့ခေါ်တဲ့ စန္ဒမုနိဘုရားဘက်နဲ့ ဝိဇ္ဇာညီနောင် ဘုရားဘက်မှာ ဆက်လောင်နေတယ်” ဟု အဆိုပါ ဂေါပကအဖွဲ့ဝင်က ဆိုသည်။
ဇွဲကပင်တောင်၌ တောမီးလောင်ကျွမ်းမှုသည် ဖေဖော်ဝါရီလနှင့်မတ်လအတွင်း နှစ်စဉ်လောင်ကျွမ်းလေ့ ရှိပြီး တောမီးတစ်ကြိမ်လောင်လျှင် အနည်းဆုံးတစ်ပတ်ခန့်အထိကြာမြင့်ကြောင်း ဒေသခံများထံမှ သိရ သည်။
ယင်းကြောင့် တောမီးဘေးကိုကြိုတင်ကာကွယ်ရန် ပြီးခဲ့သည့် တစ်ပတ်ခန့်မှစ၍ ဇွဲကပင်ရင်ပြင်တော် တစ်ဝိုက်၊ ဝိဇ္ဇာညီနောင် စေတီအနီးတစ်ဝိုက်၊ ဇွဲကပင်တောင် အရှေ့နှင့် မြောက်ဘက်ရှိ ဘာသာရေး အဆောက်အအုံများ၏ အနီးတစ်ဝိုက်၌ မီးတားလမ်းများအား ကြိုတင်ပြင်ဆင်ထားခြင်းများပြုလုပ်ထား ကြောင်း ဘားအံမြို့နယ်အတွင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံတစ်ဦးက ပြောသည်။
“ကိုယ်တို့ကလည်း ခရီးသွားလုပ်ငန်းလုပ်နေတဲ့သူဖြစ်တဲ့အတွက် ဒီတောတောင် ရေမြေတွေကို ကာကွယ် စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လေ။ အဲ့ဒါကြောင့် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားနိုင်ခဲ့ပါ တယ်။ အရမ်းကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိပါဘူး။ ဒါပေမယ့် မီးဝိုင်းနေတဲ့အခြေအနေမျိုးနဲ့ ဘာသာ ရေးအဆောက်အအုံတွေကိုတော့ စိတ်ပူရတာမျိုးတော့ ရှိတာပေါ့” ဟု ဘားအံမြို့ခံတစ်ဦးက ပြောသည်။
ယခုနှစ် ဇွဲကပင်တောင် တောမီးလောင်ခြင်းနှင့်ပတ်သက်၍ စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်တယ်လီ ဂရမ်ချန်နယ်များတွင် KNU ၊ PDF များမှ မီးရှို့သည်ဟု ရေးသားဖော်ပြနေကြပြီး အဆိုပါ ရေးသားဖြန့်ဝေ မှုသည် လုံးဝမှားယွင်းကြောင်း ဘားအံဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
“အခုချိန်မှာတော့ သူတို့က ဘာနေနေ အကုန် PDF လုပ်တယ် ပြောနေမှာပဲ။ ဘားအံကလူတွေအတွက် တော့ ဒါဟာပုံမှန်ပဲ။ တောမီးက နှစ်တိုင်းလောင်နေကျဆိုတာ မြို့ခံတိုင်းသိတယ်” ဟု ပြောသည်။
တောမီးလောင်ကျွမ်းမှုကြောင့် မတ်လ ၃ ရက်နေ့တွင်စတင်ကျင်းပမည့် ဇွဲကပင်တောင် တပေါင်းပွဲတော် အား အကျဉ်းချုံးပြီး အဆင်ပြေအောင် ကျင်းပသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
https://youtu.be/boUlesVV6TU
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ
#ဇွဲကပင်တောင်
#တောမီး
#ဘားအံမြို့
#mizzimatv

ဇွဲကပင်တောင်…

👍8👎2🔥2
မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး
👍9🤮1🥱1
မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး
==================
မဇ္ဈိမ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD Graduate ကျောင်းသားများ၊ Master Degree ကျောင်းသားများမှ ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများနှင့်အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိကဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီးနှိပ်စက်ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှုများ၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုစသည်တို့ကို မေးခွန်းများအပြန်အလှန်မေးမြန်းကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အခန်းကဏ္ဍများနှင့် ရပ်တည်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။
ဆွေးနွေးပွဲအား ပါဝင်တက်ရောက်ခဲ့ကြသူများသည် Master Degree တန်းနှင့် PhD Graduate ကျောင်းသားကျောင်းသူများဖြစ်ကြပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ နှိုင်းယှဉ်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ပညာရပ်များအား လေ့လာနေကြသူများ ဖြစ်သည်။
စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)
#မြန်မာ့အရေး
#အမေရိကန် ထိပ်တန်းတက္ကသိုလ်
#ဦးကျော်မိုးထွန်း
#လူ့အခွင့်အရေး ချိုးဖောက်ခံရမှု

👍16❤2🤮1
တမူးမြို့ ဒေသကာကွယ်ရေးတပ် အဖွဲ့ဖျက်သိမ်းပြီး ကျောင်းသားတပ်ကွပ်ကဲမှုခံယူ
====================
ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင် စစ်ကောင်စီတပ် ကို လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်နေသော Freedom Rangers Tamu(FRT) တပ်ဖွဲ့သည် ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းကာ ဗမာ့ကျောင်းသားအဖွဲ့အစည်း (BSO)၏ ကွပ်ကဲမှုကို ခံယူ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရသည်။
မြေပြင်၏ လိုအပ်ချက်အရ၎င်း Chain of Command and Code of Conduct (COC) ရှိစေရန်နှင့် စစ်ရေးလိုအပ်ချက်အရ ကွပ်ကဲမှုကို မတ်လ ၁ရက်နေ့မှစ၍ ခံယူပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ကြောင်း BSO မှ အသိပေးထုတ်ပြန်ထားသည်။
“NUG ရဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုအရ သူတို့ရဲ့လမ်းညွှန်ချက်အတိုင်း သွားနေတာဖြစ်ပါတယ်၊ ကျနော်တို့ အင်အားတွေကို ပိုမိုကျစ်လျစ်ဘို့အတွက် အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု BSO တာဝန်ခံ အောင်ဖြိုးကြွယ် က မဇ္စျိမ ကိုပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် ဆက်သွယ်ဆောင်ရွက်မှုတွေရှိနေပြီး တော်လှန်ရေးအရှိန်အဟုတ်မြှင့်နိုင်ရန်အတွက် ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေကြောင်း ဆိုသည်။
တမူးမြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရဲများထက် ပျူစောထီးဆိုသူများသည် အင်အား ပိုမိုတောင့်တင်းကြောင်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများပါ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
၎င်းအပြင် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည်ဟု ဆိုသော ကသဲသူပုန်များသည်လည်း စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးထားပြီး ၎င်းတို့နှင့် အတူ စစ်ကြောင်းများတွင်ပါလေ့ရှိသဖြင့် တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားများသည့်ရန်သူများနှင့် ရင်ဆိုင်ရနိုင်သော အခြေအနေတွင်ရှိကြောင်း ကိုအောင်ဖြိုးကြွယ်က ဆက်လက်ပြောဆိုသည်။
၎င်းတို့တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်သစ်များ စုဆောင်းနေပြီး ဒေသခံတပ်အနေဖြင့် မရပ်တည်ဘဲ NUG ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထုအပေါ်ထားရှိသည့် တော်လှန်ရေးသစ္စာကို စောင့်သိသွားမည် ဖြစ်ကြောင်း သိရသည်။
၂၁၂၂ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စခန်းများကို စစ်ကောင်စီတပ်မှ အင်အားအများအပြားအသုံးချကာ သိမ်းယူခဲ့ရာ Freedom Ranger Tamu (FRT) ၊ Fighter Police CDM Tamu ၊ Burmese Students Organization ၊ ABSDF နှင့် PDF Tamu တပ်ရင်း (၄) နှင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့၏ စခန်းများ စွန့်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
ယင်းသို့ စခန်းများဆုံးရှုံးခဲ့ရပြီးနောက် ယခုကဲ့သို့ အင်အားများပြန်လည်တည်ဆောက် စုဖွဲ့လာခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ကလည်း တမူးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြေပြင်လိုအပ်ချက်အရ တပ်ရင်း နှစ်ရင်းကို တမူးခရိုင် တပ်ရင်း(၁) အဖြစ် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#တမူးမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ကျောင်းသားတပ်
#NUG

👍21❤1🔥1😁1
သင်္ကန်းကျွန်း စံပြဆေးရုံရှေ့ မီးလောင်
===============
ကီရာ
ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်း စံပြဆေးရုံအရှေ့ရှိ LifePlusဆေးဆိုင်သည် မတ်လ ၂ရက် နံနက် ၁၁နာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါအနီးအနားနေထိုင်သူများက ပြောသည်။
မီးပျက်၍ မီးစက်နှိုးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ပတ်ဝန်းကျင်က ခနိ့မှနိးပြောဆိုနေကြသည်။
" မီးပျက်လို့ မီးစက်နှိုးရင်းကနေ မီးထလောင်တယ်လို့လဲ ကနဦး သိထားရပါတယ်။ မီးလောင်တာကတော့ စဖြစ်ကတည်းက တွေ့ရတာပဲ ၁၁ နာရီ ၁၅လောက်ကပေါ့။ မီးကတော့ တော်တော်ကြီးတယ်"ဟု အဆိုပါ အနီးအနားနေထိုင်သူတစ်ဦးကပြောသည်။
စံပြဆေးရုံရှေ့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ဆေးရုံရှိလူနာများသည်လည်း ထိတ်လန့်မှုဖြစ်ပွားခဲ့ကြပြီး ဆေးရုံအနီးတွင် အောက်စီဂျင်ဖြညိ့ရာစက်ရုံရှိနေသည့်အတွက်လဲ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရကြောင်း အဆိုပါဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
" Oxygen plant ကြီးလည်း ဆေးရုံနားမှာရှိနေတော့ အရမ်းစိုးရိမ်ခဲ့ရတယ်။ လူနာတွေကလည်း လန့်နေကြတာပေါ့။ အဲ့ဆေးခန်းကလဲ အခုမှဒီမှာ အသစ်လာဖွင့်တာ မနက်ဖြန်မှ ဖွင့်ပွဲလုပ်မှာလေ " ဟု ၎င်းက ပြောသည်။
မီးလောင်မှုကြောင့် လူထိခိုက်မှု ရရှိခြင်း မရှိဘဲ နာရီပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းကိုလည်း မြန်မာမီးသတ်ဌာနက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

👍4😢4🔥1😱1
အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချ
=======================
ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို လှုံ့ဆော်နေတဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်ရဲ့ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
https://youtu.be/hVNFKiV5uvA
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို လှုံ့ဆော်နေတဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်ရဲ့ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။
https://youtu.be/hVNFKiV5uvA
#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချ
ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။
မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို…

🤬18👍3💩2👏1😁1
အိန္ဒိယနိုင်ငံပိုင် Yantra India Limited က စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများရောင်းချဟု JFM ထုတ်ပြန်
==================
001
မဇ္စျိမ။ ။ အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီက နိုင်ငံတကာဉပဒေကို ချိုးဖောက်ပြီး စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများ တင်ပို့ရောင်းချခဲ့ကြောင်း Justice for Myanmarက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။
အိန္ဒိယ၏ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိသည့် ၁၂၂ မမ အမြောက်ပြောင်းအလက် ၂၀ ကို တင်ပို့ခဲ့ ကြောင်း Justice for Myanmarက ဖော်ပြသည်။
အဆိုပါ အမြောက်ပြောင်းများကို စစ်ကောင်စီ၏ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းပိုင်ဆိုင်သည့် Innovative Industrial Technologies Co.,ltd ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံက အမြောက်ပြောင်းများ တင်ပို့မှုကို ခွင့်ပြုပေးခြင်းသည် မြန်မာအရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အဆင်ခြင်မဲ့တိုက်ခိုက်မှုများကို တိုက်ရိုက်ကူညီပံ့ပိုးပေးနေခြင်းဖြစ်ပြီး ယင်းအမြောက် ပြောင်းများကို စစ်အုပ်စုက နိုင်ငံတကာဉပဒေချိုးဖောက်မှုများကို ဆက်ပြီးကျူးလွန်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။
ထို့ကြောင့် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဉပဒေအရ တာဝန်များကို စောင့်ထိန်းရန် JFM က တိုက် တွန်းထားသည်။
အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ရှိနေသည့် ပြဿနာများကို ပြည်တွင်းရေးပြဿနာဟု သဘော ထားပြီး ဝင်ရောက်စွက်ဖက်မှုမပြုဆိုသည့် သဘောထားမျိုးရှိပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
“အိန္ဒိယနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ သဘာဝအတိုင်းပဲ သူ့အကျိုးစီးပွားအပေါ်မှာပဲ ရပ်တည်ပြီးတော့ မြန်မာ နိုင်ငံနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လတ်တလော အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အင်အားစုနဲ့ပဲဆက်ဆက်ဆံမယ်။ နောက် ဒီလိုအကျိုးစီးပွားဆိုင်ရာ ဆက်ဆံရေးမှာလည်း စီးပွားရေးဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုတွေထပ်ပြီးလုပ်သလို လက်နက်တွေလည်း ရောင်းနေပါတယ်။ ဒါ တရုတ်တို့ ရုရှားတို့ နည်းတူ ဒီနိုင်ငံတွေရဲ့ သဘောထားက အဲ့ဒီအတိုင်း ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။
ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် စစ်အုပ်စုနှင့် အတူမရပ်တည်ဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။
စာတည်း။ စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#Justice_for_Myanmar
#အိန္ဒိယနိုင်ငံ
#အမြောက်ပြောင်းများရောင်းချ
#Yantra_India_Limited

🤬15👍3👏2😁1💩1
မတ်လ ၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================
01:04 - ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ ကိုမွေးစာရင်း ထုတ်ပေးမယ်လို့ NUG ကြေညာ
02:22 - စစ်ခေါင်းဆောင်က သူရဲ့ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်လိုက်တဲ့ သတင်း
03:43 - စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်အတွက် ပြည်ပကုမ္ပဏီတွေ လေယာဉ်ဆီ ဆက်လက်ပေးပို့နေတဲ့ သတင်း
08:31 - အီးယူရဲ့အာမေးနီးယားနယ်စပ်မစ်ရှင်အပေါ် ရုရှားနဲ့အဇာဘိုင်ဂျန်တို့ ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/zyfz5AU5zIs
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
=======================
01:04 - ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ ကိုမွေးစာရင်း ထုတ်ပေးမယ်လို့ NUG ကြေညာ
02:22 - စစ်ခေါင်းဆောင်က သူရဲ့ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်လိုက်တဲ့ သတင်း
03:43 - စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်အတွက် ပြည်ပကုမ္ပဏီတွေ လေယာဉ်ဆီ ဆက်လက်ပေးပို့နေတဲ့ သတင်း
08:31 - အီးယူရဲ့အာမေးနီးယားနယ်စပ်မစ်ရှင်အပေါ် ရုရှားနဲ့အဇာဘိုင်ဂျန်တို့ ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
https://youtu.be/zyfz5AU5zIs
#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
YouTube
မတ်လ ၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
01:04 - ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ ကိုမွေးစာရင်း ထုတ်ပေးမယ်လို့ NUG ကြေညာ
02:22 - စစ်ခေါင်းဆောင်က သူရဲ့ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်လိုက်တဲ့ သတင်း
03:43 - စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်အတွက်…

👍3😁2🔥1
သံတောင်မြို့နယ် ဘိုတဲကုန်းကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး
========================
YT
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ သံတောင်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသောဘိုတဲကုန်းကျေးရွာသို့ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်း ထိုး ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။
မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီမှစ၍ ဘိုတဲကုန်းကျေးရွာသို့ ငွေတောင်းကြီး- ကျွဲဖြူတောင်လမ်းမှ တစ် ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နံနက် ၁၀ နာရီအထိ ပစ် ခတ်နေဆဲဖြစ်ကာ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
“မီးရှို့ခံလိုက်ရတဲ့အိမ်က အရင်က ခရစ်ယာန်သင်းအုပ် သိက္ခာတော်ရဆရာတော်ရဲ့ အိမ်ပါ။ တောပြာ ကလေးရွာနဲ့နီးတော့ PDF တွေကို အိမ်မှာတည်းခိုခွင့်ပေးတယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ လိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ထားကြောင်း သိရသည်။
“ကလေးက ၈ နှစ်ဝန်းကျင်အရွယ်။ ရွာမှာ ကြက်ခြေနီတစ်ယောက်ရှိတော့ သူကကူညီပေးနေပါတယ်” ဟု သံတောင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့ပြင် PDF များအား အကူအညီပြုနေသည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးအား ဖမ်းဆီးသွားပြီး ဆိုင်ကယ်လေးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဖမ်းခံရသူများသည် PDF များအား အကြိုအပို့လုပ်ခြင်း၊ PDF များအား နေထိုင်ခွင့်ပြုခြင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။
“ဆိုင်ကယ်တွေက PDF တွေကို အကြိုအပို့လုပ်တဲ့ဆိုင်ကယ်တွေဆိုပြီး မီးပုံရှို့လိုက်တာ လေးစီးပါ။ ဖမ်း ခံရတဲ့သူတွေကိုလည်း PDF တွေနဲ့ သက်ဆိုင်တယ်ဆိုပြီး ဖမ်းတာ၊ တစ်ယောက်တော့ ပြန်လွတ်လာပြီ”ဟု သတင်းအရင်းအမြစ်က ဆိုသည်။
ယခုအချိန်ထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားအချို့ ဘိုတဲကုန်းကျေးရွာအတွင်းရှိနေသေး ပြီး အချို့မှာ သံတောင်မြို့ ၁၃ မိုင်၊ စိုက်ပျိူးရေးခြံသွားလမ်း၊ ဒေမူးလောလမ်း နှင့် ကျွဲဖြူတော်ရွာပြန်လမ်း စသည့်နေရာများတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်လျက်ရှိကြကြောင်း သိရသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#ကရင်ပြည်နယ်
#သံတောင်မြို့နယ်
#ဘိုတဲကုန်းကျေးရွာ
#စစ်ကြောင်းထိုး

🤬9👍3🔥1👏1