Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး
👍9🤮1🥱1
မြန်မာသံအမတ်ကြီးနှင့် အမေရိကန် ထိပ်တန်းတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေး
==================

မဇ္ဈိမ
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမေရိကန်နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Columbia University , Teachers College မှ Professor Doctor Judy Kuriansky နှင့် PhD Graduate ကျောင်းသားများ၊ Master Degree ကျောင်းသားများမှ ဖိတ်ကြားကာ မြန်မာ့အရေးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် လူ့အခွင့်အ ရေးချိုးဖောက်ခံရမှုများနှင့်အတူ စိတ်ကျန်းမာရေးထိခိုက်ခံခဲ့ရသော မြန်မာပြည်သူပြည်သားများအတွက် အဓိကဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမျိုးသမီးနှင့် ကလေးငယ်များ ဖမ်းဆီးနှိပ်စက်ခံရမှုဖြစ်စဉ်များ၊ ဆင်းရဲငတ်မွတ်ခေါင်းပါးမှုများ၊ ပြန်လည်ထူထောင်ရေး၊ ငြိမ်းချမ်းရေး၊ စစ်ပြေးဒုက္ခသည်များအရေး နှင့် လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံမှုများအတွက် သံတမန်ရေးရာနှင့် နည်းပညာဆိုင်ရာကျွမ်းကျင်မှုစသည်တို့ကို မေးခွန်းများအပြန်အလှန်မေးမြန်းကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ အခန်းကဏ္ဍများနှင့် ရပ်တည်ချက်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲအား ပါဝင်တက်ရောက်ခဲ့ကြသူများသည် Master Degree တန်းနှင့် PhD Graduate ကျောင်းသားကျောင်းသူများဖြစ်ကြပြီး ကမ္ဘာလုံးဆိုင်ရာ စိတ်ကျန်းမာရေး၊ နိုင်ငံတကာဆက်ဆံရေး၊ နိုင်ငံတကာ နှိုင်းယှဉ်ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံရေးများ ပညာရပ်များအား လေ့လာနေကြသူများ ဖြစ်သည်။

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မြန်မာ့အရေး
#အမေရိကန် ထိပ်တန်းတက္ကသိုလ်
#ဦးကျော်မိုးထွန်း
#လူ့အခွင့်အရေး ချိုးဖောက်ခံရမှု
👍16❤2🤮1
​​တမူးမြို့ ဒေသကာကွယ်ရေးတပ် အဖွဲ့ဖျက်သိမ်းပြီး ကျောင်းသားတပ်ကွပ်ကဲမှုခံယူ
====================

ပါခွီး
မဇ္စျိမ ။။ စစ်ကိုင်းတိုင်း ၊ တမူးမြို့နယ်အတွင် စစ်ကောင်စီတပ် ကို လက်နက်ကိုင် တော်လှန်တိုက်ပွဲဝင်နေသော Freedom Rangers Tamu(FRT) တပ်ဖွဲ့သည် ၎င်းတို့အဖွဲ့ကို ဖျက်သိမ်းကာ ဗမာ့ကျောင်းသားအဖွဲ့အစည်း (BSO)၏ ကွပ်ကဲမှုကို ခံယူ၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းသိရသည်။

မြေပြင်၏ လိုအပ်ချက်အရ၎င်း Chain of Command and Code of Conduct (COC) ရှိစေရန်နှင့် စစ်ရေးလိုအပ်ချက်အရ ကွပ်ကဲမှုကို မတ်လ ၁ရက်နေ့မှစ၍ ခံယူပြီး စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက်ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ကြောင်း BSO မှ အသိပေးထုတ်ပြန်ထားသည်။

“NUG ရဲ့ ခရိုင်အဆင့်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမှုအရ သူတို့ရဲ့လမ်းညွှန်ချက်အတိုင်း သွားနေတာဖြစ်ပါတယ်၊ ကျနော်တို့ အင်အားတွေကို ပိုမိုကျစ်လျစ်ဘို့အတွက် အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု BSO တာဝန်ခံ အောင်ဖြိုးကြွယ် က မဇ္စျိမ ကိုပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နှင့် ဆက်သွယ်ဆောင်ရွက်မှုတွေရှိနေပြီး တော်လှန်ရေးအရှိန်အဟုတ်မြှင့်နိုင်ရန်အတွက် ဒေသတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များအတွင်း ပူးပေါင်းဆောင်ရွက်လုပ်ကိုင်နေကြောင်း ဆိုသည်။
တမူးမြို့နယ်တွင် စစ်ကောင်စီတပ် ၊ ရဲများထက် ပျူစောထီးဆိုသူများသည် အင်အား ပိုမိုတောင့်တင်းကြောင်း ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးများပါ တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။

၎င်းအပြင် အိန္ဒိယကို တော်လှန်တိုက်ခိုက်နေသည်ဟု ဆိုသော ကသဲသူပုန်များသည်လည်း စစ်ကောင်စီတပ်မှ လက်နက်တပ်ဆင်ပေးထားပြီး ၎င်းတို့နှင့် အတူ စစ်ကြောင်းများတွင်ပါလေ့ရှိသဖြင့် တမူးမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အင်အားများသည့်ရန်သူများနှင့် ရင်ဆိုင်ရနိုင်သော အခြေအနေတွင်ရှိကြောင်း ကိုအောင်ဖြိုးကြွယ်က ဆက်လက်ပြောဆိုသည်။

၎င်းတို့တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်သစ်များ စုဆောင်းနေပြီး ဒေသခံတပ်အနေဖြင့် မရပ်တည်ဘဲ NUG ၏ လမ်းညွှန်မှုနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်သူလူထုအပေါ်ထားရှိသည့် တော်လှန်ရေးသစ္စာကို စောင့်သိသွားမည် ဖြစ်ကြောင်း သိရသည်။

၂၁၂၂ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့တွင် တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ စခန်းများကို စစ်ကောင်စီတပ်မှ အင်အားအများအပြားအသုံးချကာ သိမ်းယူခဲ့ရာ Freedom Ranger Tamu (FRT) ၊ Fighter Police CDM Tamu ၊ Burmese Students Organization ၊ ABSDF နှင့် PDF Tamu တပ်ရင်း (၄) နှင့် တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့၏ စခန်းများ စွန့်လွှတ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

ယင်းသို့ စခန်းများဆုံးရှုံးခဲ့ရပြီးနောက် ယခုကဲ့သို့ အင်အားများပြန်လည်တည်ဆောက် စုဖွဲ့လာခြင်းဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၂ရက်နေ့ကလည်း တမူးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) နှင့် တပ်ရင်း (၂) တို့သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြေပြင်လိုအပ်ချက်အရ တပ်ရင်း နှစ်ရင်းကို တမူးခရိုင် တပ်ရင်း(၁) အဖြစ် ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#တမူးမြို့နယ်
#ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#ကျောင်းသားတပ်
#NUG
👍21❤1🔥1😁1
​​သင်္ကန်းကျွန်း စံပြဆေးရုံရှေ့ မီးလောင်
===============

ကီရာ
ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရားလမ်း စံပြဆေးရုံအရှေ့ရှိ LifePlusဆေးဆိုင်သည် မတ်လ ၂ရက် နံနက် ၁၁နာရီကျော်တွင် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အဆိုပါအနီးအနားနေထိုင်သူများက ပြောသည်။

မီးပျက်၍ မီးစက်နှိုးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း အဆိုပါ ပတ်ဝန်းကျင်က ခနိ့မှနိးပြောဆိုနေကြသည်။

" မီးပျက်လို့ မီးစက်နှိုးရင်းကနေ မီးထလောင်တယ်လို့လဲ ကနဦး သိထားရပါတယ်။ ‌မီးလောင်တာကတော့ စဖြစ်ကတည်းက တွေ့ရတာပဲ ၁၁ နာရီ ၁၅လောက်ကပေါ့။ မီးကတော့ တော်တော်ကြီးတယ်"ဟု အဆိုပါ အနီးအနားနေထိုင်သူတစ်ဦးကပြောသည်။

စံပြဆေးရုံရှေ့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည့်အတွက် ဆေးရုံရှိလူနာများသည်လည်း ထိတ်လန့်မှုဖြစ်ပွားခဲ့ကြပြီး ဆေးရုံအနီးတွင် အောက်စီဂျင်ဖြညိ့ရာစက်ရုံရှိနေသည့်အတွက်လဲ စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ရကြောင်း အဆိုပါဆေးရုံမှ ဝန်ထမ်းတစ်ဦးက ပြောသည်။
" Oxygen plant ကြီးလည်း ဆေးရုံ‌နားမှာရှိနေတော့ အရမ်းစိုးရိမ်ခဲ့ရတယ်။ လူနာတွေကလည်း လန့်နေကြတာပေါ့။ အဲ့ဆေးခန်းကလဲ အခုမှဒီမှာ အသစ်လာဖွင့်တာ မနက်ဖြန်မှ ဖွင့်ပွဲလုပ်မှာလေ " ဟု ၎င်းက ပြောသည်။

‌မီးလောင်မှုကြောင့် လူထိခိုက်မှု ရရှိခြင်း မရှိဘဲ နာရီပိုင်းအတွင်း မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းကိုလည်း မြန်မာမီးသတ်ဌာနက လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
👍4😢4🔥1😱1
အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချ
=======================

ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယရဲ့ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို မကြာသေးခင်က လက်နက်အမြောက်အမြား တင်ပို့ရောင်းချခဲ့ပါတယ်။

မြန်မာပြည်သူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိစေရေးလှုပ်ရှားမှုကို လှုံ့ဆော်နေတဲ့ Justice For Myanmar က ထုတ်ပြန်ပြောဆိုလာတာဖြစ်ပြီး အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က နိုင်ငံပိုင်  စစ်လက်နက်ကုမ္ပဏီ Yantra India Limited ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ၁၂၂ မမ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

အိန္ဒိယအစိုးရ၏ အဆိုပါလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေလိုက်နာရန် ပျက်ကွက်မှုဖြစ်နိုင်ပြီး ယင်း ၁၂၂ မမ လက်နက်ကြီးပြောင်းများကို အမေရိကန်၊ ဗြိတိန်၊ အီးယူနှင့် ကနေဒါတို့က အရေးယူပိတ်ဆို့ထားသော စစ်တပ်ရဲ့ ကာကွယ်ရေးလက်နက်ထုတ်စက်ရုံများ ညွှန်ကြားရေးမှူးရုံးက ထုတ်လုပ်တဲ့ ဟောင်ဝဇ္ဇာအမြောက် အဖြစ် ပေါ်ထွက်လာခြင်းဖြစ်ပါတယ်။

https://youtu.be/hVNFKiV5uvA


#Political News
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬18👍3💩2👏1😁1
​​အိန္ဒိယနိုင်ငံပိုင် Yantra India Limited က စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများရောင်းချဟု JFM ထုတ်ပြန်
==================

001
မဇ္စျိမ။ ။ အိန္ဒိယနိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီက နိုင်ငံတကာဉပဒေကို ချိုးဖောက်ပြီး စစ်ကောင်စီကို ၁၂၂ မမ အမြောက်ပြောင်းများ တင်ပို့ရောင်းချခဲ့ကြောင်း Justice for Myanmarက မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

အိန္ဒိယ၏ နိုင်ငံပိုင်စစ်လက်နက်ကုမ္ပဏီ Yantra India Limited က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီတပ်ကို ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိသည့် ၁၂၂ မမ အမြောက်ပြောင်းအလက် ၂၀ ကို တင်ပို့ခဲ့ ကြောင်း Justice for Myanmarက ဖော်ပြသည်။
အဆိုပါ အမြောက်ပြောင်းများကို စစ်ကောင်စီ၏ စစ်လက်နက်ပွဲစား ဦးကျော်ကျော်ထွန်းပိုင်ဆိုင်သည့် Innovative Industrial Technologies Co.,ltd ကို ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံက အမြောက်ပြောင်းများ တင်ပို့မှုကို ခွင့်ပြုပေးခြင်းသည် မြန်မာအရပ်သားပြည်သူများအပေါ် စစ်အုပ်စု၏ အဆင်ခြင်မဲ့တိုက်ခိုက်မှုများကို တိုက်ရိုက်ကူညီပံ့ပိုးပေးနေခြင်းဖြစ်ပြီး ယင်းအမြောက် ပြောင်းများကို စစ်အုပ်စုက နိုင်ငံတကာဉပဒေချိုးဖောက်မှုများကို ဆက်ပြီးကျူးလွန်ရာတွင် အသုံးပြုမည် ဖြစ်ကြောင်း Justice for Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

ထို့ကြောင့် အိန္ဒိယအနေဖြင့် စစ်ကောင်စီကို စစ်လက်နက်ပစ္စည်းထောက်ပံ့မှု ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဉပဒေအရ တာဝန်များကို စောင့်ထိန်းရန် JFM က တိုက် တွန်းထားသည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင်ရှိနေသည့် ပြဿနာများကို ပြည်တွင်းရေးပြဿနာဟု သဘော ထားပြီး ဝင်ရောက်စွက်ဖက်မှုမပြုဆိုသည့် သဘောထားမျိုးရှိပုံရကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။

“အိန္ဒိယနိုင်ငံဟာ နိုင်ငံကြီးတွေရဲ့ သဘာဝအတိုင်းပဲ သူ့အကျိုးစီးပွားအပေါ်မှာပဲ ရပ်တည်ပြီးတော့ မြန်မာ နိုင်ငံနဲ့ ဆက်ဆံနေတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လတ်တလော အာဏာသိမ်းထားတဲ့ စစ်ကောင်စီ အင်အားစုနဲ့ပဲဆက်ဆက်ဆံမယ်။ နောက် ဒီလိုအကျိုးစီးပွားဆိုင်ရာ ဆက်ဆံရေးမှာလည်း စီးပွားရေးဆိုင် ရာ ရင်းနှီးမြှုပ်နှံမှုတွေထပ်ပြီးလုပ်သလို လက်နက်တွေလည်း ရောင်းနေပါတယ်။ ဒါ တရုတ်တို့ ရုရှားတို့ နည်းတူ ဒီနိုင်ငံတွေရဲ့ သဘောထားက အဲ့ဒီအတိုင်း ရှိပါတယ်”ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဒီမိုကရေစီနိုင်ငံဖြစ်ပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယအနေဖြင့် စစ်အုပ်စုနှင့် အတူမရပ်တည်ဘဲ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးရန် အိန္ဒိယအစိုးရကိုတောင်းဆိုကြောင်း Justice for Myanmar က ထုတ်ပြန်ထားသည်။

စာတည်း။ စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#Justice_for_Myanmar
#အိန္ဒိယနိုင်ငံ
#အမြောက်ပြောင်းများရောင်းချ
#Yantra_India_Limited
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬15👍3👏2😁1💩1
မတ်လ ၂ ရက်၊ မွန်းလွဲ ၂ နာရီ Mizzima News Hour မဇ္စျိမသတင်းအစီအစဥ်
=======================

01:04 - ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ ကိုမွေးစာရင်း ထုတ်ပေးမယ်လို့ NUG ကြေညာ

02:22 - စစ်ခေါင်းဆောင်က သူရဲ့ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်လိုက်တဲ့ သတင်း

03:43 - စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့စစ်တပ်အတွက် ပြည်ပကုမ္ပဏီတွေ လေယာဉ်ဆီ ဆက်လက်ပေးပို့နေတဲ့ သတင်း

08:31 - အီးယူရဲ့အာမေးနီးယားနယ်စပ်မစ်ရှင်အပေါ် ရုရှားနဲ့အဇာဘိုင်ဂျန်တို့ ဝေဖန်လိုက်တဲ့ သတင်းအပါအဝင် တခြား အရေးကြီးသတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

https://youtu.be/zyfz5AU5zIs

#2pmnews
#Mizzimanewshour
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3😁2🔥1
​​သံတောင်မြို့နယ် ဘိုတဲကုန်းကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်၍ စစ်ကြောင်းထိုး
========================

YT
မဇ္ဈိမ။ ။ကရင်ပြည်နယ်၊ သံတောင်မြို့နှင့် ၁၃ မိုင်ခန့်ကွာဝေးသောဘိုတဲကုန်းကျေးရွာသို့ ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်း ထိုး ဝင်ရောက်လာကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၂ ရက်နေ့ နံနက် ၇ နာရီမှစ၍ ဘိုတဲကုန်းကျေးရွာသို့ ငွေတောင်းကြီး- ကျွဲဖြူတောင်လမ်းမှ တစ် ဆင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးလာခဲ့ပြီး နံနက် ၁၀ နာရီအထိ ပစ် ခတ်နေဆဲဖြစ်ကာ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“မီးရှို့ခံလိုက်ရတဲ့အိမ်က အရင်က ခရစ်ယာန်သင်းအုပ် သိက္ခာတော်ရဆရာတော်ရဲ့ အိမ်ပါ။ တောပြာ ကလေးရွာနဲ့နီးတော့ PDF တွေကို အိမ်မှာတည်းခိုခွင့်ပေးတယ်ဆိုပြီး လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ လိုက်တာ” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။
စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့်ပစ်ခတ်မှုများကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုရှိပြီး (၈)နှစ်အရွယ် ကလေးငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ထားကြောင်း သိရသည်။

“ကလေးက ၈ နှစ်ဝန်းကျင်အရွယ်။ ရွာမှာ ကြက်ခြေနီတစ်ယောက်ရှိတော့ သူကကူညီပေးနေပါတယ်” ဟု သံတောင်မြို့မှ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ထို့ပြင် PDF များအား အကူအညီပြုနေသည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ဒေသခံ သုံးဦးအား ဖမ်းဆီးသွားပြီး ဆိုင်ကယ်လေးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။
အဖမ်းခံရသူများသည် PDF များအား အကြိုအပို့လုပ်ခြင်း၊ PDF များအား နေထိုင်ခွင့်ပြုခြင်း စသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

“ဆိုင်ကယ်တွေက PDF တွေကို အကြိုအပို့လုပ်တဲ့ဆိုင်ကယ်တွေဆိုပြီး မီးပုံရှို့လိုက်တာ လေးစီးပါ။ ဖမ်း ခံရတဲ့သူတွေကိုလည်း PDF တွေနဲ့ သက်ဆိုင်တယ်ဆိုပြီး ဖမ်းတာ၊ တစ်ယောက်တော့ ပြန်လွတ်လာပြီ”ဟု သတင်းအရင်းအမြစ်က ဆိုသည်။

ယခုအချိန်ထိ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားအချို့ ဘိုတဲကုန်းကျေးရွာအတွင်းရှိနေသေး ပြီး အချို့မှာ သံတောင်မြို့ ၁၃ မိုင်၊ စိုက်ပျိူးရေးခြံသွားလမ်း၊ ဒေမူးလောလမ်း နှင့် ကျွဲဖြူတော်ရွာပြန်လမ်း စသည့်နေရာများတွင် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်လျက်ရှိကြကြောင်း သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#ကရင်ပြည်နယ်
#သံတောင်မြို့နယ်
#ဘိုတဲကုန်းကျေးရွာ
#စစ်ကြောင်းထိုး
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬9👍3🔥1👏1
​​မြိတ်ခရိုင်တွင် ပျူစောထီးများက ဆက်ကြေးကောက်ခံမှု ပိုများလာ
=================

ကိုရွှေမြိတ်
(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းမှကျေးရွာများတွင် ပျူစောထီးအဖွဲ့ဝင်များက “ရပ်ရွာလုံခြုံ ရေး”ဟု အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ ဆက်ကြေးကောက်ခံမှုပိုများလာနေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစုနှင့် တနင်္သာရီမြို့နယ်တို့ရှိကျေးရွာများတွင် ဒေသခံများထံမှ လစဉ် တစ်အိမ်ထောင်လျှင် ၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ် အထိ ကောက်ခံနေသည်ဟု ဒေသခံ သတင်း အရင်းမြစ်များထံမှ သိရသည်။

“ပေးနေရတာကတော့ ကြာပြီး တစ်လ ၅,၀၀၀ ပေးရတယ်၊ မပေးရင် ခြိမ်းခြောက်ခံရတာမျိုးရှိတယ်”ဟု ကျွန်းစုမြို့နယ် မိုင်းသွေးရွာ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ ဆက်ကြေးကောက်ခံမှုသည် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပျူစော ထီးအဖွဲ့ အင်အားကောင်းသည့်ကျေးရွာများမှ “ပြည်သူ့ လုံခြုံရေး အတွက်”ဟု ဆိုကာ တစ်အိမ်ထောင်ကို တစ်လလျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ကောက်ခံနေခြင်း ဖြစ်သည်။

“သူတို့ ကောက်တဲ့ ဆက်ကြေးတွေကို ညဖက် ကင်းတဲတွေမှာ အရက်ဝိုင်းထောင် သောက်စားမူးယစ်တာ တွေလုပ်တာများတယ်၊ နောက်ပြီး မိသားစုဝင်တွေအတွက် အိမ်သုံးစရိတ်တွေလည်း သူတို့သုံးတယ်” ဟု ပုလောမြို့နယ်ရှိ ကျောက္ကာကျေးရွာမှဒေသခံ တစ်ဦးကလည်း ပြောဆိုသည်။

အလားတူ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပိုင်းဒေသများတွင် ဒေသခံ ငါးဖမ်းလှေများနှင့် ခရီးသည်တင် စက်လှေများကိုလည်း ပျူစောထီးအဖွဲ့က ဂိတ်ချကာ တားဆီးစစ်ဆေးမှုများရှိနေပြီး ဂိတ်များ၌ ကမ်း မကပ်သော စက်လှေများကို သေနတ်ပစ်ဖောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်းလည်း မြိတ် ဒေသခံ များက ပြောသည်။

ဓာတ်ပုံ- မြိတ်တောင်ကျေးရွာ အုပ်ကြီးက ပျူစောထီးများကို ထောက်ပံ့ကြေး ပေးအပ်နေစဉ်

စာတည်း။ ။ နောင်နောင်
စာမူတည်းဖြတ်။ ။စောဖေ

#မြိတ်
#ပျူစောထီး
#ဆက်ကြေး
#mizzimatv
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
🤬5👍3❤1😁1
​​မင်းလှမြို့မှ ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကားတိမ်းမှောက်၊ ၅ ဦးသေဆုံး
================

ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စိန်ကန့်လန့်နှင့် မြို့ချောင်းကြားမှတစ်ဆင့် တောလမ်းအတိုင်း ခါချဉ်တောင်ပေါ်သို့ တက်လာသော စစ်ကောင်စီတပ်ကား သုံးစီးအနက် တစ်စီးသည် ချောက်ထဲထိုးကျကာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည်ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စုမှုးမှပြောသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ယနေ့ နံနက် ၄ နာရီလောက်က ပဲခူးရိုးမထဲသို့ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး၊ ယာဉ် ချောက်ထဲကျသွားသည့်အတွက် စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည့်အပြင် အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

"လက်ရှိမှာ စိန်ကန့်လန့်စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ လောက်ရှိနေတယ်၊ ယာဉ်တိမ်းမှောက်သောနေရာမှာ စစ်ကောင်စီကား နှစ်စီးရှိနေပြီး စိန်ကန့်လန့်−မြို့ချောင်းလမ်းကိုလည်း ပိတ်ထားတယ်၊ ဘယ်ယာဉ်ကိုမှ ဖြတ်သန်းသွားလာခွင့်မပြုဘူး" ဟု မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်စုမှုးမှ ပြောသည်။

လက်ရှိတွင် သေဆုံးရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို ပြည်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းလှမြို့နယ် ခလရ (၁)၊ သာယာဝတီခရိုင် ခလရ (၃၅)၊ အုတ်ဖိုမြို့နယ် ခလရ (၆) တပ်တို့မှ တပ်သားတွေဖြစ်ပြီး ပဲခူးရိုးမအတွင်းသို့ စစ်ကြောင်းထိုးရန် တက်လာသော စစ်ကြောင်းဖြစ်သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#စစ်ကောင်စီတပ်
#စစ်ကြောင်း
#မင်းလှမြို့နယ်
#အုတ်ဖိုမြို့နယ်
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍10👏7😁1🥱1
​​မော်လမြိုင်ကျွန်းမြို့မဘသဥက္ကဌ အသတ်ခံရမှု အကြောင်းပြပြီး ငွေကြေးပြည့်စုံသူမြို့ခံ ၁၄ ဦးကို စစ်ကောင်စီဖမ်းဆီး ငွေညှစ်နေဟုဆို
==================

မင်းထက်
မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့မှ မဘသဥက္ကဌ ဦးကျော်တင့်ဦး အသတ်ခံရပြီးနောက် အဆိုပါအမှုအတွက် သံသယရှိသည်ဟု အကြောင်းပြကာ ငွေကြေးအဆင်ပြေသူ မြို့ခံ ၁၄ ဦးကို စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု ဒေသခံများက ပြောသည်။

ဦးကျော်တင့်ဦးသည် မော်လမြိုင်ကျွန်းမြို့‌ ပေါ်ရှိ လက်ဖက်ရည်ဆိုင်တဆိုင်တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။ ထိုနောက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်
မော်လမြိုင်ကျွန်းမြို့ အမှတ် (၁၂) ရပ်ကွက်မှ ဒေသခံ ငါးဦးနှင့် အမှတ် (၉)ရပ်ကွက်မှ ကိုးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ဦးကျော်တင့်ဦးအသတ်ခံရမှုနှင့်ပတ်သက်၍ စစ်ဆေးမည်ဟု အကြောင်းပြကာ ငွေညစ်နေသည်ဟု ဒေသခံတဦးက မဇ္ဈိမသို့ပြောသည်

"မော်ကျွန်းမှာက ဒလန်အသတ်ခံရလို့ စစ်တပ်က ဖမ်းပြီဆိုရင် ပိုက်ဆံရှိတဲ့ လူတွေကိုပဲ ရွေးဖမ်းခံရတာ၊။ ပိုက်ဆံတောင်းပြီး ပြန်လွှတ်တယ်။သတင်းပေးသေတာ သူတို့စိတ်မဝင်စားဘူး။ ငွေရဖို့ပဲ စိတ်ဝင်စားကြတာ။အခုလည်း ဖမ်းထားပြန်ပြီ။ ဘယ်လောက်တောင်းဦးမယ် မသိဘူး"ဟု ယင်း ဒေသခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မော်လမြိုင်ကျွန်းမြို့တွင်စစ်ကောင်စီသတင်းပေး ခြောက်ဦးထက်မနည်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ထိုသတင်းပေးများအသတ်ခံရစဥ်ကလည်းဒေသခံပြည်သူများကို စစ်ကောင်စီတပ်များနှင့်ရဲများက ဖမ်းဆီးကာ ငွေကြေးတောင်းယူမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

"အရင်တုန်းကလည်း ဒလန်တစ်ယောက် အသတ်ခံရင် လူ၄၀ ၊ ၅၀ လောက်ဖမ်းတယ်။ တချို့ဆိုရင် သိန်းကို ရာနဲ့ချီပြီးပေးမှ ပြန်လွတ်တယ်။ စစ်တပ်နဲ့ ရဲတွေက ဒလန်သေရင် ပြည်သူကို ဖမ်းပြီး ငွေညှစ်ရမယ်ဆိုပြီး ပျော်နေကြတာပါ"ဟု မော်လမြိုင်ကျွန်းမြို့ခံကဆက်လက်ပြောသည်။

ဦးကျော်တင့်ဦး အသတ်ခံရမှုနှင့် ပတ်သက်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် ဒေသခံ(၁၄) ဦးကို မော်လမြိုင်ကျွန်း မြို့မရဲစခန်းတွင် ဖမ်းဆီးထားပြီး ယနေ့မတ်လ ၂ရက်အထိ မိသားစုဝင်များနှင့်တွေ့ခွင့်မရသေးကြောင်း ဒေသခံများကပြောသည်။

ဦးကျော်တင့်ဦးသည် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများရရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ သေဆုံးခဲ့သည်။ ၎င်းသည် အသက် ၆၁နှစ်အရွယ်ရှ်ိပြီး မော်လမြိုင်ကျွန်းမြို့မဘသ ဥက္ကဌတာဝန်အပြင် စစ်ကောင်စီကဖွဲ့စည်းထားသည့် ပြည်သူ့စစ်အဖွဲ့၏ ခေါင်းဆောင်တဦးလည်းဖြစ်သည်။ စစ်ကောင်စီနှင့်ပူးပေါင်းကာ ပြည်သူများနှင့်တော်လှန်ရေးအင်အားစုများအား ဒုက္ခပေးနေသူဖြစ်ကြောင်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်ကလည်း သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသေးသည်။ ယခုအခါ နောက်တကြိမ်ထပ်မံပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်သည်။

ဦးကျော်တင့်ဦး ပစ်ခတ်ခံရမှုသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့်ဧရာဝတီလင်းပိုင်(မော်ကျွန်း)နှင့် ဘိုကလေး လင်းပိုင် PDF အဖွဲ့တို့က ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

#ဧရာဝတီတိုင်း
#မော်လမြိုင်ကျွန်းမြို့
#မဘသဥက္ကဌ
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍4❤3💩2😁1🖕1
ဉာဏ်ရည်တု နည်းပညာသုံး လူ့အသံတု ဖန်တီးမှု
===================

ဉာဏ်ရည်တု AI ကိုအသုံးပြုပြီး လူ့အသံတွေကို ပုံတူဖန်တီးဖို့ စီးပွါးရေး လုပ်ငန်းရှင်တွေ ကြိုးစားလာကြပါတယ်။ ကုမ္ပဏီ၊ အဖွဲ့အစည်းတွေအတွက် ကြော်ငြာနဲ့ ဈေးကွက်ရှာဖွေရေး တွေမှာ အလွယ်တကူသုံးနိုင်တဲ့ ဉာဏ်ရည်တုအသုံးပြု ပေါင်းစပ်အသံတွေကို ဖန်တီးလာကြတဲ့အကြောင်း Phil Dierking သတင်းပေးပို့ထားတာကို မမြသဇင်အောင် တင်ဆက်ထားပါတယ်။

https://youtu.be/at4ZcjeQCkY

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🔥2
ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေး
===============

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအနေနဲ့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်ကို လက်ခံဖို့ လိုအပ်နေကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ဗွီအိုအေကိုပြောပါတယ်။ ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ ကုလသမဂ္ဂ ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမြင့်သူ ရာထူးကနေနှုတ်ထွက်သွားပြီးနောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာကိုယ်စားလှယ်နေရာကို အလွတ်ထားရှိထားတာဖြစ်ပါတယ်။ တနင်္လာနေ့က စတင်ကျင်းပနေပြီဖြစ်တဲ့ (၅၂) ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

https://youtu.be/hEqvmngC9co

#VOA

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍4🔥1😁1
မဇ္ဈိမအတွက် ဗွီအိုအေ သတင်းလွှာ (မတ်လ ၂ ရက် ၂၀၂၃ ခုနှစ်)
=-=================

ကုလလူ့အခွင့်အရေးကောင်စီနဲ့ မြန်မာ့အရေးအကြောင်း အပါအဝင် စိတ်ဝင်စားစရာ နိုင်ငံတကာသတင်းဆောင်းပါးတွေ၊ နောက်ဆုံးရ ငွေကြေးဈေးကွက် သတင်းတွေကို ၂၀၂၃ ခုနှစ်၊ မတ်လ ၂ ရက်၊ မဇ္ဈိမအတွက် ဗွီအိုအေ အစီအစဉ်မှာ ကြည့်ရှုနိုင်ပါတယ်။

https://youtu.be/1lpHDB6AobU

#VOA
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
😁2🔥1
​​ကန့်ဘလူမြို့နယ် ချပ်ကြီးရွာရှိ စစ်ကောင်စီတပ်စခန်းကို PDF ပူပေါင်းအဖွဲ့များမှဝင်တိုက်
=====================

ကိုခင်မောင်
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ကန်ဘလူမြို့နယ်၊ ချပ်ကြီးရွာရှိ ပျူစောထီးနှင့် စစ်ကောင်စီတပ် ပူးပေါင်းတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့များမှ မတ်လ ၂ ရက် နံနက် ၄ နာရီဝန်းကျင် ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ချပ်ကြီးရွာတွင် စစ်ကောင်စီတပ်သား ၁၀ ဦးခန့်နှင့် လက်နက်တပ်ဆင်ပေးထားသော ပျူစောထီး အင်အား ၃၀ ဦး စုစုပေါင်း ၄၀ ကျော် တပ်စွဲအထိုင်ချထားကြောင်းနှင့် စခန်းသိမ်းတိုက်ပွဲအဖြစ် ဆင်နွဲခဲ့ခြင်းဟုလည်း သိရသည်။

“ တိုက်ပွဲကတော့ စခန်းကိုဝင်သိမ်းလိုက်တာဗျ။ တိုက်ပွဲမှာလက်နက်တွေ သိမ်းဆည်းနိုင်ခဲ့ပါတယ်။ လက်နက်တွေကတော့ အစုံပဲဗျာ။ ဒီဟာတွေကို စာရင်းမပြုစုရသေးဘူးဗျ။ ကျတော်တို့ကလည်း အခုမှ အဲ့ဒီရွာကနေ ထွက်ခဲ့တာဆိုတော့လေ” ဟု ကန့်ဘလူမြို့နယ်-ပကဖ မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ကိုမင်းခက ပြောသည်။

နံနက် ၄ နာရီမှ ၆ နာရီအထိ ၂ နာရီကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီပူးပေါင်းတပ်ဘက်မှ အထိနာကာ သေဆုံးသူနှင့် ထွက်ပြေးလွတ်မြောက်သွားသူများလည်းရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အထိနာခဲ့သည့် စစ်ကောင်စီတပ်ဘက်က နံနက် ၇ နာရီခွဲခန့်တွင် MI-17 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ကူခြင်းများလည်းလုပ်ဆောင်ခဲ့သည်ဟု ကိုမင်းခက မဇ္ဈိမသို့ပြောသည်။

ရွာဘေးဝန်းကျင်ရှိ တောစပ်နေရာများသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အပြင် MI-17 ပေါ်မှ စစ်သားများရွာအတွင်းကို ထပ်မံအင်အားဖြည့်ကာ ပြန်လည်တပ်စွဲထားကြောင်းသိရသည်။
ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းမကြီးဘေးတွင်ရှိသော ချပ်ကြီးရွာသည် အိမ်ခြေ ၄၅၀ ကျော်ရှိပြီး ပျူစောထီးအဖွဲ့များအားကောင်းသည့် ရွာတစ်ရွာဖြစ်ကြောင်းလည်း ကိုမင်းခထံမှသိရသည်။

အဆိုပါ စစ်ဆင်ရေးကို မဟာမိတ်တပ်များဖြစ်ကြသည့် ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့-ပကဖ၊ KB2၊ တောညီနောင်အဖွဲ့အပါအဝင် တစ်ခြားမဟာမိတ်ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

စာတည်း ။ ။ Alden

#ကန့်ဘလူမြို့နယ်
#ချပ်ကြီးရွာ
#စခန်းသိမ်းတိုက်ပွဲ
#လေကြောင်း
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍12❤4🔥1😁1
​​ရွှေကြာပင်ရပ်ကွက်တွင် တစ်လအတွင်း ဗုံးဖောက်ခွဲမှု ၂ ကြိမ်ပြုလုပ်ခဲ့ဟု မြို့ပြပြောက်ကျားတပ်ဖွဲ့ပြော
===================

001
မဇ္စျိမ။ ။ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်ရပ်ကွက်တွင် ဖေဖော်ဝါရီလအတွင်း ဗုံးဖောက်ခွဲမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း နေပြည်တော် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က ရွှေကြာပင်ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးတင်ခိုင် ၏နေအိမ်ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၈ ရက်၊ ည ၇ နာရီကျော်ခန့်တွင် အဆိုပါရပ်ကွက်အတွင်းရှိ ပထမအကြိမ် အမျိုးသား လွှတ်တော် ဒုတိယဉက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် ကြံ့ခိုင်ရေးပါတီဝင် ဦးမြညိမ်း၏ နေအိမ်ကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်းဆိုသည်။

“ ဦးမြညိမ်းက အရင်တည်းက အကြမ်းဖက်လိုစိတ်ရှိသူဖြစ်တယ်။ ဘာလို့ပြောလဲဆိုရင် သူတစ်ချိန်က ရွေးကောက်ပွဲမဲဆွယ်စကားတွေကို လေ့လာရင်သိနိုင်ပါတယ်။ အခုလည်း မင်းအောင်လှိုင်နဲ့လူတစ်စု အာဏာသိမ်းတော့ လူတစ်စုဆိုတဲ့အထဲပါတဲ့သူက ပူးပေါင်းနေတယ်။ အကြမ်းဖက်မှုတွေကို အားပေး ကူညီနေတယ်။ ဒါကိုသိလို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်” ဟု စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့ သတင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်ဒရယ်ဂွန်ကပြောသည်။
အထက်ပါ တိုက်ခိုက်မှုနှစ်ခုစလုံးတွင် နေအိမ်ထိခိုက်ပျက်စီးမှုရှိခဲ့သော်လည်း လူထိခိုက်မှုမရှိကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကလည်း ဇေယျာသီရိမြို့နယ်ရှိ ဂိတ်စခန်းတစ်ခုကို သွားရောက် တိုက်ခိုက်ခဲ့ရာ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတိထားမိသွားသည့်အတွက် ကင်းဘန်ကာနှင့် ခပ်လှမ်းလှမ်းကိုသာ ပစ် ခတ်နိုင်ခဲ့ကြောင်းဆိုသည်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးတင်းကျပ်ထားသည့် နေပြည်တော်တွင်လည်း ဗုံးဖောက်ခွဲခံရမှုများဖြစ် ပွားလေ့ရှိပြီး မတ်လ ၁ ရက်နေ့ ညပိုင်းကလည်း ဇမ္ဗူသီရိမြို့နယ်ရှိ ဧရာဝတီလမ်းမတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မတ်လ ၁ ရက်နေ့ ည ၇ နာရီဝန်းကျင်က ဧရာဝတီလမ်းပေါ်ရှိ Mandalay Paradise စားသောက်ဆိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ကြောင်း အဆိုပါ စားသောက် ဆိုင်အနီးမှ ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း နေပြည်တော် လယ်ဝေးမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်အစပ် တွင်ရှိသော စစ်ကောင်စီ၏ အမှတ်(၂၀၃၁) လေကြောင်းရန်ကာကွယ်ရေးတပ်ကို နေပြည်တော် ပြည်သူ ကာကွယ်ရေးတပ်ဖွဲ့မှ ဒုံးလက်နက်ဖြင့် ပစ်ခတ်ခဲ့သေးသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#နေပြည်တော်
#ဗုံးခွဲတိုက်ခိုက်
#ရွှေကြာပင်ရပ်ကွက်
#မြို့ပြပြောက်ကျား
-------------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍6🔥1🥱1