Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
မတ်လ ၂ ရက်နေ့ ညနေ ၅ နာရီထိ နောက်ဆုံးရ ငွေစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေး၊ စားအုန်းဆီစျေး

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍5🔥1
​​မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့များ အလစ်အငိုက်တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး
==================

ပါခွီး
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက် အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံရပြီး တပ်သားခြောက်ဦး သေဆုံးခဲ့ကြောင်း မုံရွာနတ်ဆိုး တပ်ဖွဲ့မှ မတ်လ ၂ ရက် တွင် ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၈ ရက်၊ ညနေ ၆ နာရီခန့်တွင် အမှတ် (၂) ရဲစခန်းမှ စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ရှစ်ဦးသည် အေးရိပ်သာလမ်းအားပိတ်နေစဉ် နတ်ဆိုးအထူးကွန်မန်ဒိုတပ်ဖွဲ့မှ အနီးကပ် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ ကျောင်းထဲကအစောင့်တွေက သွပ်ဆူးကြိုးရိုက်ထားတဲ့ သစ်သားခုံတွေနဲ့ လမ်းပိတ်ဖို့ ထွက်လာတာမှာ အနီးကပ် ထိထိမိမိကိုပစ်ခဲ့တာ ကျနော်တို့ကို ပြန်တောင်မပစ်နိုင်ကြဘူး” ဟု မုံရွာ နတ်ဆိုးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှတ်(၂) ရဲစခန်းအနီးရှိ စာသင်ကျောင်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲများ အခြေစိုက်တပ်စွဲထားပြီး ညနေ ၆ နာရီခန့်တွင် ၎င်းတို့လုံခြုံရေးအတွက် လမ်းကိုအမြဲ ပိတ်လေ့ရှိကြောင်းသိသဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်။

မြေပြင်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်မပစ်ခတ်နိုင်ခြင်းမရှိသော်လည်း စာသင်ကျောင်းပေါ်ရှိ စက်ကလေးနှင့်စောင့်နေသည့် စစ်ကောင်စီတပ်တပ်သားမှ ပစ်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှတ် (၂) ရဲစခန်းတွင် အင်အား ၂၀ ခန့်ရှိသော်လည်း အခြေအနေပေါ်မူတည်ပြီး တပ်အင်အား အတိုးအလျော့ရှိတတ်ကြောင်းနှင့် ယင်းသို့ပစ်ခတ်ခံရပြီးနောက် အင်အားထပ်မံ ဖြည့်တင်းထားကြောင်းသိရသည်။

ထိုသို့ပစ်ခဲ့ပြီးမကြာမီ အရေးပေါ်လူနာတင်ကားများရောက်လာခဲ့ပြီး ၎င်းတို့၏စစ်ကားများနှင့်အတူ မုံရွာမြို့ဘက်သို့ အမြန်မောင်းနှင်သွားခဲ့ကြောင်း ဒေသခံများ၏ သတင်းပေးပို့ချက်ကို အဖွဲ့တာဝန်ရှိသူမှ ပြန်လည်ပြောပြသည်။

နတ်ဆိုးအဖွဲ့မှ ပစ်ခတ်မည့်အသင့်အနေအထားတွင် အမျိုးသမီးတစ်ဦး ပစ်ကွင်းအတွင်းသို့ ဝင်လာသဖြင့် ၎င်းအားဖယ်ခိုင်းနေခဲ့ရကာ မှတ်တမ်းတင်ခြင်း အဆင်မပြေဖြစ်ခဲ့ရကြောင်းလည်း သိရသည်။

အဆိုပါစစ်ကောင်စီတပ်သည် မတ်လ ၁ ရက်နေ့တွင် ရဲစခန်းရှေ့၌ တင်းတင်းကျပ်ကျပ် စစ်ဆေးခဲ့ပြီး ပြည်သူတစ်ဦးကိုပစ်ခတ်ခဲ့ကြောင်း နတ်ဆိုးအဖွဲ့တာဝန်ရှိသူမှ ဆက်လက် ပြောဆိုသည်။
၎င်းတို့ တပ်ဖွဲ့ စစ်ဆင်ရေးလှုပ်ရှားမှုများတွင် ပြည်သူများမထိခိုက်စေရေး ဦးစားပေး ဆောင်ရွက်ရသဖြင့် မစ်ရှင်များနောက်ကျခြင်း၊ ဖျက်သိမ်းခဲ့ရခြင်းများရှိလာ၍ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး စစ်ကောင်စီတပ်ဖွဲ့များနှင့် ဝေးသောနေရာများတွင် သွားလာနေထိုင်ကြရန် အသိပေးလိုကြောင်းဆိုသည်။

အိမ်စီးကားများအနေဖြင့်လည်း ကားမှန်ချပြီး မောင်းနှင်ပေးရန်နှင့် ပစ်ခတ်သံများကြားပါက အလျှင်အမြန် လုံခြုံသည့်နေရာရှာပြီး သတိဖြင့်နေထိုင်ကြပါရန် မေတ္တာရပ်ခံထားသည်။

စာတည်း ။။ Alden
စာမူတည်းဖြတ်။ ။သန့်ဇော်(သန်လျင်)

#မုံရွာမြို့
#အမှတ်(၂)_ရဲစခန်း
#တိုက်ခိုက်
#သေဆုံး
#နတ်ဆိုးအဖွဲ့
👍12❤2🥴2
​​ပါကစ္စတန်၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ ၂၀၂၃ ဘဏ္ဍာရေးနှစ် ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်း
=====================

ပါကစ္စတန်တွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) သည် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း ၄၄ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပါကစ္စတန်အခြေစိုက်ဘဏ္ဍာရေးဆိုင်ရာနေ့စဉ်သတင်းစာ Business Recorder က ဖော်ပြသည်။

နိုင်ငံ၏ FDI ပမာဏသည် ၂၀၂၂ ခုနှစ် ဇူလိုင်မှ ၂၀၂၃ ဇန်နဝါရီ ၂၃ ရက် အထိ အမေရိကန်ဒေါ်လာ ၆၈၃ သန်းရှိပြီး ယမန်နှစ် ဘဏ္ဍာနှစ်၏ အလားတူကာလ၌ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံ ရှိခဲ့ကြောင်း ပါကစ္စတန်ဗဟိုဘဏ် (SBP) ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်ခဲ့သည်။ 

ယခုဘဏ္ဍာရေးနှစ်၏ ပထမ ၇ လအတွင်း အသားတင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁၄ သန်းဖြင့် အနုတ်လက္ခဏာဆောင်နေကြောင်း နိုင်ငံတော်ဘဏ်မှ အချက်အလက်များအရ သိရသည်။
👍6🔥1😁1
ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာကို စစ်ကောင်စီတပ် ရဟတ်ယာဉ်နဲ့ပစ်ခတ်နေလို့ ဒေသခံတွေထွက်ပြေးနေရ
===================

KMN
မဇ္ဈိမ။ ။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ရက်နေ့က စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ်မူကြောင့် တက္ကသိုလ်ဝန်ထမ်းဖြေဆိုမယ့် ကျောင်းသားနှစ်ဦး သေဆုံးခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု ကို ဒီကနေ့ မတ်လ ၂ ရက်နေ့ နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်ကနေ ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်နေတာကြောင့် အရေးပေါ်ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ညက လက်နက်ကြီးတွေနဲ့ ရန်းသန်းပစ်ခတ်မူကြောင့် ခေါင်းအိကျေးရွာ ဘုန်းကြီးကျောင်းအတွင်းကိုကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းမှာ စာကျက်နေတဲ့ ဆယ်တန်းကျောင်းသား အသက် ၁၉ နှစ်နဲ့ အသက် ၁၅ နှစ် အရွယ် ညီအစ်ကို နှစ်ဦး သေဆုံးခဲ့တာပါ။ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ ဇရပ်ပျက်စီးခဲ့ပြီး ဘုရားဆင်းတု၊ မီးစက်နဲ့အခြားအသုံးအဆောင်ပစ္စည်းတွေ ထိခိုက်ခဲ့ပါတယ်။

ဒီကနေ့ မတ်လ ၂ ရက်နေ့ မှာလည်း ရဟတ်ယာဉ်နဲ့ လေးကြိမ်ထက်မနည်းပစ်ခတ်နေတယ်လို့ ခေါင်းအိကျေးရွာ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။ ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စုမှာ လူဦးရေ ကိုးထောင်နီးပါးနေထိုင်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင် လေကြောင်းကနေပါ ပစ်ခတ်နေတာကြောင့် နီးစပ်ရာတောတောင်တွေမှာ
စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ နေ့စဉ်ရက်ဆက်အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ သတိဝီရိယနဲ့ နေထိုင်ကြပါဖို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် ၊အမှတ် (၁၁) တပ်ရင်းကသတင်း ထုတ်ပြန်ထားပါတယ်။

https://youtu.be/-B2DM2ExeGY

ရုပ်သံတင်ဆက်၊တည်းဖြတ် - KMN
#mizzima
-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
🤬4👍2🔥2👏1
​​ကမ္ဘောဒီးယားတွင် ငှက်တုပ်ကွေးကြောင့် ကလေးငယ် ၁ ဦး သေဆုံး၍ သိပ္ပံပညာရှင်များ သတိပေးလာ 
=======================

ကမ္ဘောဒီးယားနိုင်ငံတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့ရသည့် ငှက်တုပ်ကွေး မျိုးကွဲသည် လက်ရှိတွင် လူသို့ အလွယ်တကူ ကူးစက်နိုင်အောင် သန္ဓေပြောင်းနေပြီဖြစ်ကြောင်း သိပ္ပံပညာရှင်များက သတိပေးချက် ထုတ်လာခဲ့သည်။

---------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
👍2🔥1
ဒီမော့ဆိုးမြို့ရှိ စစ်ရှောင်စခန်း၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပြုလုပ်
🔥2😁1
ဒီမော့ဆိုးမြို့ရှိ စစ်ရှောင်စခန်း၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပြုလုပ်
======================

ဂျူချန်း
မဇ္ဈိမ။။ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) အဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ ပူးပေါင်းပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သင်တန်းကို ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကရင်နီပြည်နယ်ဆိုတာက စစ်ရှောင်ဦးရေ နှစ်သိန်းကျော် ရှိနေတဲ့အတွက် စစ်ရှောင်မိသားစုတွေက နေ့တိုင်းလိုလိုမှာ ဒီလက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ရင်ဆိုင်နေရပါတယ်။ ဒီစစ်ရှောင်မိသားစုတွေက အိုးအိမ်ပျက်စီးမှုတွေရှိသလို မိသားစုအသက်တွေကလည်း ကြီးကြီးမားမား ပေးဆပ်မှုတွေလည်း ရှိပါတယ်။ အဲ့လိုစစ်ရှောင်ပြည်သူတွေကို စိတ်ခွန်အား ပေးနိုင်ဖို့အတွက် ဒီသင်တန်းကို ပေးရခြင်းဖြစ်ပါတယ်” ဟု ကျေးလက်မြေအဖွဲ့ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။

အဆိုပါသင်တန်းတွင် ဒီမောဆိုးမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုမှ အမျိုးသမီး ၂၅ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို တက်ခြင်းအားဖြင့် မိမိကိုယ်တိုင်အပါအဝင် အခြားသူများအားလည်း စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပြန်လည်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။

စာတည်း- သန့်ဇော်(သန်လျင်)

#mizzima
#ဒီမောဆိုးမြို့နယ်
#စစ်ဘေးရှောင်စခန်း
#အမျိုးသမီးဖောင်ဒေးရှင်း
#ကျေးလက်မြေအဖွဲ့
❤3👍1🔥1🥴1
​​KNU တပ်မဟာ(၃)နယ်မြေတွင် ဒေသခံ ၂ ဦး အသတ်ခံရ
===================

YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အသတ်ခံထားရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ညောင်ပင်သာကျေးရွာအတွင်း စစ်ကောင်စီမှ လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးမှုကြောင့် ရွာလုံးကျွတ် ဘေးကင်းရာသို့ စစ်ဘေးရှောင်နေခဲ့ရသည်။ ရွာသားများအနေဖြင့် ရိက္ခာပြတ်လပ်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေအိမ်သို့ စားနပ်ရိက္ခာယူရန် ခေတ္တပြန်လာစဉ် ရွာသားနှစ်ဦးအား သေဆုံးလျက်ပြန်တွေ့ခဲ့ရသည်ဟု သိရသည်။

သေဆုံးသူများမှာ ဦးကျော်မိုးဝင်းနှင့် ဦးကြာပေါ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့၏ နေအိမ်၌ ခန္ဓာကိုယ်အနှံ့ ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

“သတ်ခံရတာကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပါပဲ။ စစ်ကောင်စီက တအားယုတ်မာတာ၊ ဘယ် တော့မှ သေနတ်နဲ့တန်း ပစ်မသတ်ဘူး။ ဓားတွေနဲ့ထိုး၊ နှိပ်စက်ပြီးမှ သတ်တာ”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။

ထို့ပြင် ညောင်ပင်သာကျေးရွာအတွင်းရှိနေအိမ်များအား စစ်ကောင်စီတပ်မှ မွှေနှောက်သွားပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများ ယူသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“စစ်ကောင်စီတပ်က သူတို့မသင်္ကာတဲ့အိမ်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေဆို တက်မွှေပြီးတန်ဖိုးကြီး ပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ယူသွားနေကြပဲ” ဟု BPDF-3702 Yoma မှ တာဝန်ရှိသူက ဆက်လက်ပြော ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ညောင်ပင်သာကျေးရွာအတွင်း လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ် သည်။

၂၀၂၂ ခုနှစ်အတွင်းကလည်း KNU တပ်မဟာ (၃ ) တပ်ရင်း (၈) နှင့် (၉) တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#KNU
#တပ်မဟာ(၃)
#BPDF-3702Yoma
🤬8❤1👍1😁1