ဒီမော့ဆိုးမြို့ရှိ စစ်ရှောင်စခန်း၌ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပြုလုပ်
🔥2😁1

======================
ဂျူချန်း
မဇ္ဈိမ။။ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) အဖွဲ့နှင့် ကျေးလက်မြေအဖွဲ့တို့ ပူးပေါင်းပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသင်တန်း ပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး သင်တန်းကို ယနေ့ မတ်လ ၂ ရက်နေ့ နံနက် ၉နာရီမှ ညနေ ၄နာရီအထိ ကရင်နီပြည်နယ်၊ ဒီမောဆိုးမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ကရင်နီပြည်နယ်ဆိုတာက စစ်ရှောင်ဦးရေ နှစ်သိန်းကျော် ရှိနေတဲ့အတွက် စစ်ရှောင်မိသားစုတွေက နေ့တိုင်းလိုလိုမှာ ဒီလက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံတွေကို ရင်ဆိုင်နေရပါတယ်။ ဒီစစ်ရှောင်မိသားစုတွေက အိုးအိမ်ပျက်စီးမှုတွေရှိသလို မိသားစုအသက်တွေကလည်း ကြီးကြီးမားမား ပေးဆပ်မှုတွေလည်း ရှိပါတယ်။ အဲ့လိုစစ်ရှောင်ပြည်သူတွေကို စိတ်ခွန်အား ပေးနိုင်ဖို့အတွက် ဒီသင်တန်းကို ပေးရခြင်းဖြစ်ပါတယ်” ဟု ကျေးလက်မြေအဖွဲ့ နာယကဖြစ်သူ ဦးဇော်မင်းထိုက်က ပြောသည်။
အဆိုပါသင်တန်းတွင် ဒီမောဆိုးမြို့နယ်၊ စစ်ဘေးရှောင်စခန်းတစ်ခုမှ အမျိုးသမီး ၂၅ ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို တက်ခြင်းအားဖြင့် မိမိကိုယ်တိုင်အပါအဝင် အခြားသူများအားလည်း စိတ်ပိုင်းဆိုင်ရာ ကုစားမှု ပြန်လည်လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကြောင်း ဆိုသည်။
စာတည်း- သန့်ဇော်(သန်လျင်)
#mizzima
#ဒီမောဆိုးမြို့နယ်
#စစ်ဘေးရှောင်စခန်း
#အမျိုးသမီးဖောင်ဒေးရှင်း
#ကျေးလက်မြေအဖွဲ့

Facebook
#mizzima – Explore
explore #mizzima at Facebook
❤3👍1🔥1🥴1
KNU တပ်မဟာ(၃)နယ်မြေတွင် ဒေသခံ ၂ ဦး အသတ်ခံရ
===================
YT
မဇ္ဈိမ။ ။ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာမှ ဒေသခံပြည်သူနှစ်ဦး ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အသတ်ခံထားရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ညောင်ပင်သာကျေးရွာအတွင်း စစ်ကောင်စီမှ လက်နက်ကြီး များဖြင့်ပစ်ခတ်ခဲ့ပြီး စစ်ကြောင်းထိုးမှုကြောင့် ရွာလုံးကျွတ် ဘေးကင်းရာသို့ စစ်ဘေးရှောင်နေခဲ့ရသည်။ ရွာသားများအနေဖြင့် ရိက္ခာပြတ်လပ်မှုကြောင့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့၌ နေအိမ်သို့ စားနပ်ရိက္ခာယူရန် ခေတ္တပြန်လာစဉ် ရွာသားနှစ်ဦးအား သေဆုံးလျက်ပြန်တွေ့ခဲ့ရသည်ဟု သိရသည်။
သေဆုံးသူများမှာ ဦးကျော်မိုးဝင်းနှင့် ဦးကြာပေါ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့၏ နေအိမ်၌ ခန္ဓာကိုယ်အနှံ့ ဓါးဒဏ်ရာအများအပြားဖြင့် သေဆုံးလျက်တွေ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
“သတ်ခံရတာကတော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာပါပဲ။ စစ်ကောင်စီက တအားယုတ်မာတာ၊ ဘယ် တော့မှ သေနတ်နဲ့တန်း ပစ်မသတ်ဘူး။ ဓားတွေနဲ့ထိုး၊ နှိပ်စက်ပြီးမှ သတ်တာ”ဟု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြောသည်။
ထို့ပြင် ညောင်ပင်သာကျေးရွာအတွင်းရှိနေအိမ်များအား စစ်ကောင်စီတပ်မှ မွှေနှောက်သွားပြီး တန်ဖိုးကြီး လက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများ ယူသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“စစ်ကောင်စီတပ်က သူတို့မသင်္ကာတဲ့အိမ်တွေ၊ အိမ်ကြီးအိမ်ကောင်းတွေဆို တက်မွှေပြီးတန်ဖိုးကြီး ပစ္စည်းတွေ၊ ဆိုင်ကယ်တွေကို ယူသွားနေကြပဲ” ဟု BPDF-3702 Yoma မှ တာဝန်ရှိသူက ဆက်လက်ပြော ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ညောင်ပင်သာကျေးရွာအတွင်း လက်နက် ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရခြင်းဖြစ် သည်။
၂၀၂၂ ခုနှစ်အတွင်းကလည်း KNU တပ်မဟာ (၃ ) တပ်ရင်း (၈) နှင့် (၉) တွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်က ဒေသခံနှစ်ဦးအား ဓားဖြင့်အချက်ပေါင်းများစွာ ထိုးနှက်သတ်ဖြတ်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ BPDF-3702 Yoma မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ
#KNU
#တပ်မဟာ(၃)
#BPDF-3702Yoma

🤬8❤1👍1😁1
ထိုင်ဝမ်အတွက် စစ်ရေးလေ့ကျင့်မှု ရင်းမြစ်များ တိုးချဲ့ရန် အမေရိကန် ပြင်ဆင်နေ
======================
အမေရိကန်နှင့် တရုတ်ကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် ထိုင်ဝမ်စစ်တပ်ကို စစ်ရေးလေ့ကျင့်ပေးမည့် တပ်ဖွဲ့ဝင်အရေအတွက် တိုးချဲ့ရန် စီစဉ်နေကြောင်း အမေရိကန်အရာရှိ ၂ ဦးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။
အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင်အနည်းငယ်သည် ထိုင်ဝမ်တွင် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးရန် အလှည့်ကျ လာရောက်ကြကြောင်း Reuters သတင်းဌာနက ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့သည်။
ပင်တဂွန်သည် လာမည့်လများအတွင်း ထိုတပ်ဖွဲ့ဝင်အရေအတွက်ကို တိုးမြှင့်ပေးမည်ဟု မျှော်လင့်ရကြောင်း အမည်မဖော်လိုသူ အရာရှိများက ပြောသည်။

👍5🔥2
တရုတ်ကုမ္ပဏီက ရုရှားသို့ ဒရုန်းများ ရောင်းချရန် ဆွေးနွေးနေဟု ဂျာမနီမဂ္ဂဇင်း ဖော်ပြ
========================
ရုရှားသည် ဒရုန်းအစင်း ၁၀၀ ဝယ်ယူရန် တရုတ်ထုတ်လုပ်သူနှင့် ဆွေးနွေးနေပြီး ဧပြီလတွင် ပို့ဆောင်ခိုင်းနိုင်ကြောင်း ဂျာမနီမဂ္ဂဇင်း Der Spiegel က ဖေဖော်ဝါရီ ၂၃ ရက်တွင် ဖော်ပြသည်။
အမေရိကန်၊ ဂျာမနီနှင့် အခြားသော အနောက်နိုင်ငံများက ယူကရိန်းအပေါ် စစ်ပွဲဆင်နွှဲနေသော ရုရှားထံ လက်နက်မရောင်းရန် မကြာသေးမီက တရုတ်ကို သတိပေးခဲ့ပြီး ယင်းလုပ်ရပ်သည် ပြင်းထန်သော အကျိုးဆက်များ ဖြစ်လာနိုင်သည်ဟု ပြောဆိုခဲ့သည်။
ယူကရိန်းအား ကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများ၏ ပြင်းထန်သော ပိတ်ဆို့ အရေးယူမှုများကို ခံနေရသော ရုရှားသည် အီရန်ဒရုန်းများအပါအဝင် အီရန်နှင့် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သည်ဟု ယူဆရပြီး တရုတ်နိုင်ငံမှ ယခုအချိန်အထိ မဝယ်ယူသေးပေ။

👍3😁2❤1
အင်းတော်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်သူကို PDFဟု စွပ်စွဲပြီး စစ်ကောင်စီက ထောင်ဒဏ်တသက်တကျွန်းချ
=====================
ကိုခင်မောင်
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် မီးသွေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံအမျိုးသား တဦးကို PDF ဟု စစ်ကောင်စီက စွပ်စွဲဖမ်းဆီးကာ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ကြောင်း Indaw Revolution- IR က သတင်းထုတ်ပြန်သည်။
အင်းတော်မြို့၊ ကမ်းနီကျေးရွာမှ ကိုမင်းမင်းဦး(ခ)ကိုလမင်းကို စစ်ကောင်စီက ဖမ်းဆီးပြီး ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
"အဲ့အကို(ကိုမင်းမင်းဦး)က ကမ်းနီရွာသား။ တောထဲမှာ မီးသွေးဖုတ်တာပါ။ PDF မဟုတ်ဘူးဗျ ” ဟု အင်းတော်မြို့ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
ကိုမင်းမင်းဦးသည် အသက် (၂၆)နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ဝင်ဖြစ်သည်ဟုဆိုကာ အင်းတော်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၈ရက် နေ့လယ်ပိုင်းအချိန်၌ စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်သည်။ ထို့နောက် အကြမ်းဖျက်တိုက်ဖျက်ရေး
ဥပဒေပုဒ်မ၅၀(ည)ဖြင့်အမှုဖွင့်ကာ ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် အင်းတော်မြို့စစ်ခုံရုံးမှ ထောင်ဒဏ်တသက်တကျွန်းချမှတ်လိုက်ခြင်းဟု သိရသည်။
"သူ့ အိမ်ကလူတွေလည်း ဖမ်းဆီးခံရပြီး သုံးရက်လောက်မှ သိတာ။ ထောင်ဝင်စာ သွားတွေ့တာလည်း တွေ့ခွင့်မပေးဘူး" ဟု ကိုမင်းမင်းဦး၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
အင်းတော်မြို့နယ်သည် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသောမြို့ဖြစ်သည်။ စစ်ကောင်စီတပ်သည် ဒေသခံအရပ်သားများကို အကြမ်းဖက်သမားအဖြစ် စွပ်စွဲဖမ်းဆီးမှုများ ရှိနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။
ဇန်နဝါရီလ ၂၉ရက်က အလှပြင်ပစ္စည်းဝယ်ရန် အင်းတော်မြို့ပေါ် သို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရသောမနွေနွေကိုနှင့် အင်းတော်မြို့တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့က အာဏာသိမ်းမှု (၂)နှစ်မြောက်နေ့အဖြစ် အသံတိတ်သပိတ်ပြုလုပ်နေချိန် လမ်းမပေါ်လူရှင်းနေသည့် မှတ်တမ်းဓာတ်ပုံကို ရိုက်ယူနေ၍ မြို့တွင်းကင်းလှည့်နေသည့် ရဲတပ်သားများ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ဦးလှအောင်တို့နှစ်ဦးလည်း ယနေ့မတ်လ ၂ရက်အထိ ပြန်မလွတ်သေးကြောင်း Indaw Revolution- IR ထံမှသိရသည်။
Indaw Revolution- IR အဖွဲ့သည် အင်းတော်ဒေသအတွင်းရှိ တော်လှန်ရေးသတင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဆက်စပ်သော သတင်းများကို မိဘပြည်သူများ သိရှိနိုင်ရန် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ထောက်ပို့ကူညီနေသည့် အဖွဲ့တခုဖြစ်သည်။
စာတည်း - မောင်ကြီး
#စစ်ကိုင်းတိုင်း
#အင်းတော်မြို့နယ်
#ဒေသခံအမျိုးသား
#ထောင်ဒဏ်တသက်တကျွန်း

🤬3👍2🔥2😁1
ရွေးကောက်ပွဲအပေါ် တရုတ်၏ ဝင်ရောက်စွက်ဖက်မှုကို သတိပြုရမည်ဟု ကနေဒါဝန်ကြီးချုပ် ပြောကြား
================
တရုတ်က ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသောသတင်းများ ထွက်ပေါ်ပြီးနောက် ရွေးကောက်ပွဲကို တခြားနိုင်ငံက ဝင်ရောက်စွက်ဖက်မှုသည် အလွန်ဆိုးရွားသော ပြဿနာဖြစ်ပြီး ကနေဒါက သတိပြုရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုးက ပြောသည်။
မြောက်အမေရိကလေပိုင်နက်အတွင်းသို့ ဖေဖော်ဝါရီလအစောပိုင်းက တရုတ်သူလျှိုမိုးပျံပူဖောင်းဟု သံသယ ရှိသော ပူဖောင်းတစ်လုံး ပစ်ချခံရမှုနှင့် တရုတ်က ယခင်ရွေးကောက်ပွဲကို လွှမ်းမိုးရန် ကြိုးပမ်းခဲ့သည်ဟူသော သတင်းကို ကနေဒါမီဒီယာများက ဖော်ပြမှုများအပြီး တင်းမာနေပြီးသား တရုတ်နှင့် ကနေဒါ ဆက်ဆံရေးသည် ပိုမိုဆိုးရွားလာခဲ့သည်။
တရုတ်သံတမန်များနှင့် ၎င်းတို့၏ လက်အောက်ခံများသည် တရုတ်ကို မလိုလားသည့် ကွန်ဆာဗေးတစ်နိုင်ငံ ရေးသမားများကို အနိုင်ယူရန် လုပ်ဆောင်ခဲ့ကြောင်း ထိပ်တန်း ကနေဒါထောက်လှမ်းရေးအေဂျင်စီ၏ လျှို့ဝှက် စာရွက်စာတမ်းများအကြောင်းကို ပြီးခဲ့သည့် သီတင်းပတ်က Globe and Mail သတင်းစာက ဖော်ထုတ်ခဲ့သည်။

😁4👍1
“လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် ရွာပေါင်းစုံသပိတ်
===================
ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၂၀ ရက်မြောက်အဖြစ် မတ်လ ၂ရက်၊ ယနေ့တွင် ဆက်လက်ချီ တက်ကြသည်။
လူထု သပိတ်စစ်ကြောင်းသည်““လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်း ခဲ့ကြသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း
#အာဇာနည်
(ပုံသတင်း)

👍12❤2🔥1😁1