Mizzima
✔
47.4K subscribers
33.8K photos
2.57K videos
36 files
76.7K links
Share & Follow us. https://mizzima.carrd.co Mizzima News brings you the latest news and insightful reports about Myanmar.
Download Telegram
“လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် ရွာပေါင်းစုံသပိတ်
===================

ပါခွီး
(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာပေါင်းစုံ သပိတ်ကော်မတီနှင့် ဒေသခံပြည်သူများပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ရက်ပေါင်း ၇၂၀ ရက်မြောက်အဖြစ် မတ်လ ၂ရက်၊ ယနေ့တွင် ဆက်လက်ချီ တက်ကြသည်။

လူထု သပိတ်စစ်ကြောင်းသည်““လူထုအား အခြေပြု တပ်ပေါင်းစုကို ပုံဖော်” ဆိုသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြခြင်းဖြစ်သည်။
ဆက်လက်ပြီး နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းအား ဦးညွှတ်အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်း ခဲ့ကြသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima
#ယင်းမာပင်မြို့နယ်
#သပိတ်စစ်ကြောင်း
#အာဇာနည်
(ပုံသတင်း)
👍12❤2🔥1😁1
မတ်လ (၂) ရက်၊ ည ၇ နာရီ The Mizzima Primetime မဇ္စျိမပင်မသတင်းအစီအစဥ်
=======================

- နေပြည်တော်အပါအဝင် ဘယ်နေရာကမှ လုံခြုံမှုမရှိဘူးဆိုတာ သိစေရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောတဲ့သတင်း

-အိန္ဒိယအစိုးရပိုင်ကုမ္ပဏီက မြန်မာစစ်တပ်ကို လက်နက်အမြောက်အမြား ရောင်းချနေတဲ့ သတင်း

- စစ်ခေါင်းဆောင်က သူရဲ့ ဇနီးနှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေရဲ့ ဇနီးတို့ကို ဘွဲ့တံဆိပ် ချီးမြှင့်လိုက်တဲ့ သတင်း

- ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ သားသမီးတွေ ကိုမွေးစာရင်း ထုတ်ပေးမယ်လို့ NUG ကြေညာတဲ့ သတင်း

- ဇွဲကပင်တောင် တောမီးလောင်နေတဲ့ သတင်း

-ငလျင်လှုပ်ပြီးနောက်ပထမဆုံးအဖြစ် ဆီးရီးယားသူပုန်ထိန်းချုပ်ဒေသသို့ WHO အကြီးအကဲသွားရောက်နေတဲ့

သတင်းအပါအဝင် တခြားအရေးကြီးတဲ့သတင်းတွေနဲ့ စိတ်ဝင်စားဖွယ်သတင်းတွေကို တင်ဆက်ပေး ပါမယ်။

https://www.youtube.com/live/vMkQbxHAEPE?feature=share

#7pmnews
#themizzimaprimetime
#MizzimaTV
----------------------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍8🤮1🥴1
မတ်လ ၂ ရက်၊ ကြာသပတေးနေ့ ညပိုင်း မဇ္ဈိမ ရေဒီယိုအစီအစဉ်
===================

ဒီကနေ့ည နားဆင်ရမယ့် အစီစဉ်တွေကတော့ ...

စစ်ကောင်စီအတွက် နေပြည်တော်သာမက မည်သည့်နေရာမှာမှ လုံခြုံမှုမရှိဘူးဆိုတာကို သိစေရမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးကပြောဆိုလိုက်တဲ့သတင်းနဲ့အတူ မြန်မာ့အရေးဟာ ဒေသတွင်းလုံခြုံမှုကို ထိပါး လာတာကြောင့် ငြိမ်းချမ်းရေးရအောင် နည်းလမ်းသစ်ရှာဖို့လိုအပ်နေပြီဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် တခြားစိတ်ဝင်စားဖွယ် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေကိုနားဆင်ကြရပါမယ်။

အဲ့ဒီနောက်မှာတော့ စီးပွားရေးသတင်းတွေနဲ့ ဒီကနေ့အတွက် သတင်းသုံးသပ်ချက်အစီအစဉ်ကို နားဆင်ရဖို့ရှိသလို အစာအိမ်နဲ့ပတ်သတ်တဲ့ကျန်းမာရေးအကြောင်းပြောပြထားတဲ့ ကျန်းမာသုတ လူမှုဘဝ အစီအစဉ်ကို နားဆင်ရမှာဖြစ်ပါတယ်။

https://youtu.be/Vz4l1flpMjE

-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U
👍3🤮2😁1
​​တရုတ်အစိုးရ ကြိုးဆွဲရာ ကရသည့် သစ္စာဖောက် ရှင်ကျန်းပြည်နယ်အုပ်ချုပ်ရေးမှူး 
======================

ဝီဂါတက်ကြွလှုပ်ရှားသူများနှင့် ပြည်ပရောက်အဖွဲ့များသည် ဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် ရှင်ကျန်းပြည်နယ်မှ အုပ်ချုပ်ရေးမှူး အာကင်တူနီယက်ဇ်ကို သစ္စာဖောက်လောက်ကောင်၊ တရုတ်အစိုးရ၏ ကြိုးဆွဲရုပ်အဖြစ် အကြီးအကျယ် ပြစ်တင်ရှုတ်ချနေကြကြောင်း ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာ မဂ္ဂဇင်း Bitter Winter တွင် ဖော်ပြထားသည်။

တူနီယက်ဇ်အား လက်ခံကြိုဆိုခြင်းသည် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မသိကျိုးကျွံပြုခြင်း ဖြစ်ကြောင်း နိုင်ငံရေးသမားများနှင့် ဝီဝါတက်ကြွလှုပ်ရှားသူများက ပြစ်တင်ရှုတ်ချခဲ့ကြသည့်အတွက် ၎င်း၏ ဗြိတိန်နှင့် ဥရောပသမဂ္ဂသို့ ခရီးစဉ်ကို မကြာသေးမီက ဖျက်သိမ်းခဲ့သည်။

တူနီယက်ဇ်သည် ၂၀၁၉ ခုနှစ်က ကုလသမဂ္ဂတွင် မိန့်ခွန်းပြောကြားခဲ့ပြီး ပညာပေးစခန်းများမှတစ်ဆင့် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ခြင်းကို ပိတ်သိမ်းထားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ စခန်းများတည်ရှိမှုကို တရုတ်က အချိန်အတော်ကြာ ငြင်းဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အသက်မွေးဝမ်းကျောင်းပညာ လေ့ကျင့်ရေးကျောင်းများ ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
😁3👍2
​​တရုတ်မှတစ်ပါး အခြားကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီး ပြောကြား
======================

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဂျိုင်းရှန်ကာက မိမိတို့သည် တရုတ်မှလွဲ၍ ကျန်ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်းနှင့် တရုတ်က နယ်စပ်စီမံခန့်ခွဲမှု သဘောတူညီချက်များကို ချိုးဖောက်ခဲ့ကြောင်း ပြောကြားသည်။ 

ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံရေးတွင် မငြိမ်မသက်ဖြစ်နေသော်လည်း ရုရှားနှင့် အိန္ဒိယ၏ ဆက်ဆံ ရေးသည် ထူးထူးခြားခြား တည်ငြိမ်နေကြောင်း ဂျိုင်းရှန်ကာက ဖေဖော်ဝါရီ ၂၁ ရက်တွင် Reuters ၏ မိတ်ဖက် ANI သတင်းဌာနက ထုတ်လွှင့်သည့် လူတွေ့မေးမြန်းခန်းတစ်ခုတွင် ထည့်သွင်းပြောကြားခဲ့သည်။

အိမ်နီးချင်း တရုတ်နှင့် တင်းမာမှုများကြောင့် အိန္ဒိယသည် အငြင်းပွားနေသော နယ်နိမိတ်တွင် ငြိမ်းချမ်းရေး ကာလအတွင်း အကြီးမားဆုံးတပ်ဖွဲ့များ ဖြန့်ကြက်ခဲ့ရသည်ဟု ဂျိုင်းရှန်ကာက ဆိုသည်။
👏4😁3
ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်
👍4🔥1😁1
ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေပေးအပ်
=====================

ပါခွီး
မဇ္စျိမ။ ။မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီလက်ချက်ဖြင့်ကျဆုံးခဲ့ရသော ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများအတွက် ကူညီထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ထောက်ပံ့မှုဖြင့် ဂန့်ဂေါမြို့နယ်အတွင်းကျဆုံးခဲ့ရသော ရဲဘော်နှင့် ပြည်သူ ၁၂၈ ဦး အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀၀,၀၀၀ စုစုပေါင်း ငွေကျပ် ၁၂၈,၀၀၀,၀၀ ကို ကူညီထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကျဆုံးခဲ့သူများမှာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ၇၈ ဦးနှင့် ပြည်သူ ၅၀ ဦးဖြစ်ပြီး ဂန့်ဂေါ(ပအဖ) ဒုတိယ အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကျေး (ပအဖ) များမှ ကွင်းဆင်း ထောက်ပံ့ခဲ့ခြင်းဟု သိရသည်။

လတ်တလောတွင် ပြင်းထန်သည့် တိုက်ပွဲများမရှိသော်လည်း မြို့နယ်အတွင်းရှိ ကျေးရွာ ၃၀ နီးပါးမှ ပြည်သူ ၅,၀၀၀ နီးပါသည် စစ်ဘေးရှောင်နေရပြီး ခလရ (၅၀) မှ စစ်ကြောင်း ထိုးလျက်ရှိကြောင်း ဂန့်ဂေါ မြို့ ပအဖတာဝန်ရှိသူကဆိုသည်။

ဂန့်ဂေါမြို့နယ်အတွင်း စစ်ဘေးရှောင်နှင့် မီးဘေးသင့်ပြည်သူများအတွက်လည်း ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိရာ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ကုက္ကားကျေးရွာမှ နေရပ်စွန့်ခွာတိမ်းရှောင်နေရသော အိမ်ထောင်စု ၃၂ စုအတွက် တစ်အိမ်ထောင်လျှင် ဆန် ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သား စုစုပေါင်း ဆန် ၁၂ တင်း၊ ဆီ ၁၆ ပိဿာ ကူညီခဲ့ကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်လက်ချက်ဖြင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသော ရဲလှကျေးရွာမှ အိမ်ထောင်စုသုံးစု အတွက် တစ်အိမ်ထောင်လျှင် ကျပ် ၅၀,၀၀၀ စီ ကို ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီ ထောက်ပံ့ခဲ့ကြောင်းဆိုသည်။

ကူညီထောက်ပံ့ရန် ကျန်ရှိနေသောစစ်ဘေးရှောင်နှင့် မီးဘေးသင့် ပြည်သူများအတွက် ဆက်လက် ထောက်ပံ့နိုင်ရန် ကြိုးစားလျက်ရှိပြီး ပြည်တွင်း၊ ပြည်ပမှ အလှူရှင်များအနေဖြင့် ပူပေါင်းပါဝင် ကူညီပေး ကြပါရန် ဂန်ဂေါမြို့ ပအဖ မှ တိုက်တွန်းနှိုးဆော်ထားသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ

#ဂန့်ဂေါမြို့နယ်
#ရဲဘော်
#ပြည်သူ
#စစ်ရှောင်
#ထောက်ပံ့ငွေ
👍4🔥1
​​နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၂ မတ် ၂၀၂၃ )
=====================

· စစ်တပ်က ရွာများကို မီးရှို့ပြည်သူများကို သတ်ဖြတ်နေသော်လည်း မင်းအောင်လှိုင်က ၎င်းစစ်တပ်ကို စည်းကမ်းနှင့်အညီနေထိုင် ကြသူများဖြစ်ခြင်းကြောင့် ပြည်သူကို ရေလိုလ လိုကျင့်ကြံရန် ပြောဆိုနေခြင်း သည် ပြည်သူကို မျက်နှာဗြောင်တိုက်နေခြင်းဖြစ်သည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U
❤6👍1😁1
ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်မတော် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်
🔥2
ကွန်ဟိန်းမြို့နယ်တွင် ရှမ်းတပ်မတော် SSPP နှင့် RCSS တို့ တိုက်ပွဲဖြစ်
===================

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု RCSS ၏ သတင်းဌာနဖြစ်သည့် Tai Freedom က ထုတ်ပြန်ထားသည်။

ယနေ့မနက် ၁၁ နာရီမှာ ကွန်ဟိန်းမြို့နယ် နမ့်တွက်ရွာ၌ရှိသည့် RCSS တပ်စခန်းကို အင်အား ၁၀၀ ခန့်ရှိ SSPP တပ်ဖွဲ့က စတင်ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု RCSS ဘက်ကဆိုသည်။

တိုက်ပွဲသည် သုံးနာရီကြာ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးကြောင်း ဖော်ပြထားသည်။
RCSS အနေနှင့် တွေ့ဆုံဆွေးနွေးခြင်းမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာဖို့ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးဖို့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၀ ရက်မှ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်အထိ ကမ်းလှမ်းခဲ့သည်။

SSPP အနေဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကမ်းလှမ်းချက်ကို တိုက်ပွဲဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့သည်ဟု RCSS က စွပ်စွဲထားသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးဘဲ SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်အား ဖုန်းဖြင့် ဆက်သွယ်ပေမယ့် မရခဲ့ပေ။

ရှမ်းတပ်မတော် SSPP နှင့် RCSS တို့အကြား လွန်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင်လက ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်ထဲ၌ တိုက်ပွဲ နောက်ဆုံးအကြိမ် ဖြစ်ပွားခဲ့သည်။
👍5👏3🔥2😁1